Rules and Regulations

မြို့ပြင်လမ်းကြောင်းများတွင် ပြေးဆွဲလျှက်ရှိသော ဒိုင်နာနှင့် ဘီအမ်ခရီးသည်တင်ယာဉ်များကို ဧပြီလ ၁၆ ရက်အထိသာပြေးဆွဲခွင့်ရမည်ဖြစ်ကြောင်းသိရသည်။
ဇန်န၀ါရီ ၁ ရက်နေ့မှစ၍ ဘီးခွန်ပေးဆောင်ခြင်းကို ကညန သက်တမ်းအတိုင်းပြောင်းလဲလိုက်သောကြောင့် ဘီးခွန်သက်တမ်းပြုလုပ်ချိန်တွင် ယာဉ်သက်သေခံကတ်ပြား(အ၀ိုင်း)နှင့် ကမ-၃ စာအုပ်တို့ပြသနိုင်မှသာ ဘီးခွန်ပြုလုပ်ပေးမည်ဖြစ်ကြောင်း သိရသည်။
၁၉၉၅ မိုဒယ်အောက် City Bus နှင့် BM ၃၇၄ စီးကို အပ်နှံခွင့်ပြုထားပြီး တစ်ပတ်အတွင်း အစီးရေ ၄၈ စီးလာရောက်အပ်နှံခဲ့ကြောင်းသိရသည်။
ရန်ကုန်မြို့တွင် ယနေ့ပြောင်းလဲပြေးဆွဲနေသည့် အများပိုင်ဘတ်စ်ကားစနစ်သစ်မှာ စီမံအုပ်ချုပ်မှုနှင့် ယာဉ်လိုင်းတံဆိပ်သာအပြောင်းအလဲဖြစ်ကြောင်းသိရသည်။