How To



ကားဘက္ထရီအားမရွိပါက ကားႏွစ္စီးဘက္ထရီခ်ိတ္ဆက္၍ စက္ႏိႈးျခင္း(Zawgyi-Unicode)

ကားဘက္ထရီအားမရွိပါက ကားႏွစ္စီးဘက္ထရီခ်ိတ္ဆက္၍ စက္ႏိႈးျခင္း(Zawgyi-Unicode) google

၁။ ကားႏွစ္စီး၏ ဘက္ထရီရွိရာဘက္သို႔ အဓိကထား၍ ေခါင္းခ်င္းဆိုင္ရပ္ပါ။

၂။ ဘက္ထရီအိုးမွ အဖိုငုတ္ဆိုလွ်င္ အေပါင္းလကၡဏာ(+)ႏွင့္ အနီေရာင္ျဖစ္ပါသည္။

အမငုတ္ျဖစ္ခဲ့ပါက အႏႈတ္လကၡဏာ(-)ႏွင့္ အနက္ေရာင္ျဖစ္ပါသည္။

၃။ ဘက္ထရီေထာက္ႀကိဳး (Jumper Cable) အဖိုႀကိဳးအနီကို အားကုန္ေနေသာ ဘက္ထရီအိုး၏ အဖိုငုတ္တြင္ ပထမဦးစြာ တပ္ဆင္ရပါသည္။

၄။ အဖိုႀကိဳးအနီ၏ ေနာက္တစ္ဖက္ကို အားျပည့္ေနေသာဘက္ထရီ၏ အဖိုငုတ္(+) တြင္ ခ်ိတ္ဆက္ရပါမည္။

၅။ အမႀကိဳးအနက္ကို အားျပည့္ေနေသာဘက္ထရီ၏ အမငုတ္တြင္ တပ္ဆင္ရပါမည္။

၆။ အမႀကိဳအနက္၏ ေနာက္တစ္ဖက္ကို ကားအင္ဂ်င္သို႔မဟုတ္ ေဘာ္ဒီကို ခ်ိတ္ဆက္ရပါမည္။

၇။ ဘက္ထရီအားရွိေသာကားကို ပထမဦးစြာ စက္ႏိႈးထားၿပီးမွ ဘက္ထရီအားမရွိေသာကားကို စက္ႏႈိးရမည္ျဖစ္သည္။

၈။ အကယ္၍ စက္ႏိုးခဲ့ပါက ေထာက္ႀကိဳးျဖဳတ္လွ်င္ ယခင္ခ်ိတ္ဆက္ထားသည့္ပံုစံကို ေျပာင္းျပန္ ျပန္ျဖဳတ္ရမည္ျဖစ္သည္။

အားမရွိေသာကားမွ အနက္ႀကိဳးကို အရင္ျပန္ျဖဳတ္ရမည္။

ထို႕ေနာက္ အားရွိေသာ ကား၏ အနက္ေရာင္ႀကိဳးကို ျဖဳတ္ရမည္။

အားရွိေသာကားမွ အနီႀကိဳးကုိအရင္ျဖဳတ္၍ အားမရွိေသာကား၏ အနီႀကိဳးကို ျဖဳတ္ရပါမည္။

သတိျပဳရန္မည္မွာ ကားတစ္စီးဘက္မွ (+) (-) ႀကိဳးႏွစ္ခုစလံုးကို အရင္မျဖဳတ္ရျခင္းမွာ ေရွာ့ရိုက္သကဲ့သို႔ ျဖစ္တက္၍ အဆင့္ဆင့္ ျဖဳတ္ပါက ပို၍အႏၱရာယ္ကင္းႏိုင္ပါသည္။

Source:carlover


(Unicode)

ကားဘက်ထရီအားမရှိပါက ကားနှစ်စီးဘက်ထရီချိတ်ဆက်၍ စက်နှိုးခြင်း(Zawgyi-Unicode)

၁။ ကားနှစ်စီး၏ ဘက်ထရီရှိရာဘက်သို့ အဓိကထား၍ ခေါင်းချင်းဆိုင်ရပ်ပါ။

၂။ ဘက်ထရီအိုးမှ အဖိုငုတ်ဆိုလျှင် အပေါင်းလက္ခဏာ(+)နှင့် အနီရောင်ဖြစ်ပါသည်။

အမငုတ်ဖြစ်ခဲ့ပါက အနှုတ်လက္ခဏာ(-)နှင့် အနက်ရောင်ဖြစ်ပါသည်။

၃။ ဘက်ထရီထောက်ကြိုး (Jumper Cable) အဖိုကြိုးအနီကို အားကုန်နေသော ဘက်ထရီအိုး၏ အဖိုငုတ်တွင် ပထမဦးစွာ တပ်ဆင်ရပါသည်။

၄။ အဖိုကြိုးအနီ၏ နောက်တစ်ဖက်ကို အားပြည့်နေသောဘက်ထရီ၏ အဖိုငုတ်(+) တွင် ချိတ်ဆက်ရပါမည်။

၅။ အမကြိုးအနက်ကို အားပြည့်နေသောဘက်ထရီ၏ အမငုတ်တွင် တပ်ဆင်ရပါမည်။

၆။ အမကြိုအနက်၏ နောက်တစ်ဖက်ကို ကားအင်ဂျင်သို့မဟုတ် ဘော်ဒီကို ချိတ်ဆက်ရပါမည်။

၇။ ဘက်ထရီအားရှိသောကားကို ပထမဦးစွာ စက်နှိုးထားပြီးမှ ဘက်ထရီအားမရှိသောကားကို စက်နှိုးရမည်ဖြစ်သည်။

၈။ အကယ်၍ စက်နိုးခဲ့ပါက ထောက်ကြိုးဖြုတ်လျှင် ယခင်ချိတ်ဆက်ထားသည့်ပုံစံကို ပြောင်းပြန် ပြန်ဖြုတ်ရမည်ဖြစ်သည်။

အားမရှိသောကားမှ အနက်ကြိုးကို အရင်ပြန်ဖြုတ်ရမည်။

ထို့နောက် အားရှိသော ကား၏ အနက်ရောင်ကြိုးကို ဖြုတ်ရမည်။

အားရှိသောကားမှ အနီကြိုးကိုအရင်ဖြုတ်၍ အားမရှိသောကား၏ အနီကြိုးကို ဖြုတ်ရပါမည်။

သတိပြုရန်မည်မှာ ကားတစ်စီးဘက်မှ (+) (-) ကြိုးနှစ်ခုစလုံးကို အရင်မဖြုတ်ရခြင်းမှာ ရှော့ရိုက်သကဲ့သို့ ဖြစ်တက်၍ အဆင့်ဆင့် ဖြုတ်ပါက ပို၍အန္တရာယ်ကင်းနိုင်ပါသည်။

Source:carlover

Read times
Rate this item
(1 Vote)