How To



ေအာ္တုိဂီယာကိုဘယ္လိုေမာင္းမလဲ ????(Zawgyi-Unicode)

ေအာ္တုိဂီယာကိုဘယ္လိုေမာင္းမလဲ ????(Zawgyi-Unicode) Google

?(

(Zawgyi)

ျမန္မာႏိုင္ငံကားေလာကအေျပာင္းအလဲကုိ၀င္ေရာက္လာတာ ခုမွ၃၊၄ ႏွစ္ေလာက္ပဲရွိပါေသးတယ္။


အမ်ားဆံုးေရာက္လာတဲ့ကားမ်ားကေအာ္တုိဂီယာကားမ်ားပါ။
သူတို႔နဲ႔ပတ္သက္တဲ့အေခၚအေ၀ၚေလးမ်ားကိုလည္းတတ္ႏိုင္သေလာက္အတိအက်သိထားေစခ်င္တယ္။
ဂီယာထုိးပံုနည္းစနစ္ကုိလည္းစနစ္တက်သိထားေစခ်င္လုိ႔ပါ။

P = Parking position ကားရပ္နားထားေတာ့မယ္ဆုိရင္
ဒီေနရာကိုဂီယာတံေျပာင္းထားပါ။Pထိုး ၿပီးမွ စက္ရပ္ပါ။
သုိ႔မွသာ ကားေသာ့ကုိျဖဳတ္လို႔ရပါမယ္။
ဒီေနရာမေရာက္မခ်င္း ေသာ့ခြ်တ္လို႔မရပါ။ စတတ္တာဆိုတဲ့စက္ႏိုးလို႔ရႏိုင္မယ့္ေနရာတစ္ခုပါ။
ဟန္းဘရိတ္ဆြဲစရာမလိုေအာင္
ကားဘီးမ်ားကိုလည္းခ်ဳပ္ၿပီးသားျဖစ္ေနပါလိမ့္မယ္။

R = Reverse position ျမန္မာျပည္ကလူတိုင္းနီးပါးေခၚေနၾကတဲ့
Back Gear ပါ။
ကားနည္းပညာမွာေတာ့ဘက္ဂီယာဆုိတာမရွိပါဘူး။ 
လည္ႏိုင္တဲ့အရာတစ္ခုခုကိုေနာက္ျပန္လွည့္ေပးလို႔ Reverse လို႔အတိအက်ေခၚလိုက္ပါတယ္။

(ကားကေနာက္ကိုျပန္လွည့္သြားတာမွမဟုတ္တာဘီးေတြကိိုေျပာင္းျပန္
ျပန္လည္ခိုင္းလိုက္တာေလ)

N = Neutral position ျမန္မာျပည္ကလူတုိင္းနီးပါးေခၚေနၾကတဲ့ဂီယာဖရီးဆုိတာၾကီးေပါ့
တစ္ခ်ိဳ႔ ေတြက
Normal လို႔ေခၚၾကျပန္ေသးတယ္။ 
ဒီေနရာမွာ ဘာဂီယာမွမရွိေတာ့လြတ္လြတ္လပ္လပ္ၾကီးျဖစ္ေနလို႔ ဖရီးျဖစ္ေနတာကို 
ေမြးစား စကားယူသံုးျဖစ္သြားပံုရသည္။
ကားေ၀ါဟာရမွာဖရီးဆုိတာကိုမသံုးပါဘူး။အရွိန္ေျပာင္းGear Position အမ်ိဳးမိ်ဳးရွိေနေပမယ့္
ဒီေနရာမွာဂီယာတံကုိထားလိုက္ရင္
ဘယ္္ေနရာကိုမွမေရာက္ပဲၾကားမွာပဲေနလို႔ Neutralလို႔ေခၚထားပါတယ္။
တစ္နည္းအားျဖင့္ဘက္မလိုက္ဘူးေပါ့။

D = Drive position ဒါကေတာ့ရွင္းပါတယ္
Drive ဆိုတာေမာင္းႏွင္ေတာ့မယ့္အခ်ိန္မွာသံုးပါတယ္။
ဂီယာနံပါတ္အခ်က္ေရရွိသေလာက္
ေနာက္ဆံုးဂီယာအထိ အရွိန္နဲ႔လိုက္ၿပီး အလိုက္သင့့္ေျပာင္းေပးပါလိမ့္မယ္။

2 = 2 speed
အမ်ားဆံုးအရွိန္ေျပာင္း
၂ခုပဲခ်ိန္းေပးပါမယ္တဲ့
ဒီေနရာမွာဂီယာစထိုးၿပီးထြက္လည္းရပါတယ္။ဘာထုိးထိုးစထြက္မွာ1နဲ႔ပဲစထြက္ပါမယ္။
အရွိန္ရလာရင္ေနာက္တစ္ခ်က္ထပ္ခ်ိန္းေပးမယ္။ ေတာင္တက္တဲ့လမ္းမ်ိဳးမွာ သံုးသင့္တယ္။ေျမျပန္႔မွာေမ့ထိုးမိရင္ကားကလည္းေတာ္ေတာ္ေျပးေပမယ့္ မလိုအပ္ပဲဆီစားျခင္းကိုခံရပါမယ္။
(ၾကာလာရင္အင္ဂ်င္ ကိုထိခိုက္ပါတယ္)

S=Snow=2 speed
2 နဲ႔ အတူ တူပါဘဲ။ ႏွင္းက်ခ်ိန္ေတြ ၊မိုးအရမ္းရြာၿပီး လမ္းေခ်ာ တတ္တဲ့ အခ်ိန္ ေတာင္ဆင္း ေတာင္တက္ေတြ မွာ ေျဖး၂မွန္၂ ေလးသြားေနေအာင္ no:2 ထက္ ပိုမခ်ိန္းေပးေတာ့ပါ။

L = Low speed
အနိမ့္ဆံုးဂီယာပါ
No.1ဆိုတဲ့ ဂီယာတစ္ခ်က္ပဲေျပာင္းေပးထားပါတယ္။အရွိန္ဘယ္ေလာက္ေရာက္ေရာက္ ဒါပါပဲ။အမတ္ေစာက္ဆံုးေတာင္တက္တဲ့အခါ ဆင္းတဲ့အခါသံုးေပးရပါတယ္

။ေနာက္ၿပီး ဗြက္နစ္လို႔ရုန္းတဲ့အခါမလုပ္မျဖစ္လုပ္ရပါတယ္။

တစ္ခ်ိဳ႔ကားေလးေတြမွာ
Bလို႔ေျပာင္းသံုးပါတယ္
basic ပဲလို႔နားလည္လိုက္ပါ။

?ေအာ္တုိဂီယာနဲ႔ပတ္သက္လို႔ေတာ့ မသိမျဖစ္သိထားဘို႔ ေနာက္ထပ္ေျပာစရာ ၂ခုမကက်န္ေသးတယ္။

?O/D off ခလုတ္ ကေတာ့ နိပ္လိုက္ရင္ 
O/D off ဆိုတဲ့ မီးဝါေလး လင္းပါမယ္။
Over drive မျဖစ္ေစေအာင္ စ တင္အလုပ္လုပ္ေတာ့မွာပါ။
D နဲ႔ ေမာင္းေန ေသာလည္း D တာဝန္ ကို အျပည့္မလုပ္ဘဲ
ေနာက္ဆံုး ဂီယာ တစ္ခ်က္ မဝင္ဘဲ သြားေနမွာပါ။
လမ္းေခ်ာခ်ိန္၊ေတာင္အတက္ဆင္း ေတြမွာ အရွိန္လြန္ ေမာင္းႏွင္မူမျဖစ္ေတာ့ပါ ။

လမ္းေကာင္း၍ေျမျပန္႔၌သံုးရင္ ဂီယာ တစ္ခ်က္က်န္ေနေသာေၾကာင့္ ဆီစားမယ္၊
ၾကာၾကာေမာင္းရင္
အင္ဂ်င္ကိုလည္း ထိခိုက္ေစပါတယ္။
မလိုအပ္ဘဲ O/D off မီးဝါေလး မလင္းထားပါနဲ႔

အရွိန္အလြန္မ်ားေနခ်ိန္ ဂီယာေဒါင္းတဲ့ ခလုတ္ မဟုတ္ပါ။
O/D အလုပ္ လုပ္ပံု နားလည္သြားရင္ အဆင္ေျပၿပီ။

?ကားေ၀ါဟာရမွာ ဂီယာတံလို႔မေခၚပါဘူး။ကုတ္သေဘာမ်ိဳး အတံျဖစ္ေနလို႔လီဗါလို႔ေခၚပါတယ္။
ဒီမွာေတာ့စက္ကုိအရွိန္ျမွင့္တဲ့ဟာကို လီဗါတဲ့
ေျခေထာက္နဲ႔နင္းမွကားကိုေျပးခိုင္းတဲ့အရာက အမွန္ေတာ့
acceleration pedal လို႔ေခၚပါတယ္။

?ဂီယာတံကေတာ့ အမွန္ ကဂီယာေဘာက္ကိုထိုးထားတဲ့အတံမို႔ေခၚလိုက္တာနဲနဲေတာ့သဘာ၀က်ေပမယ့္အရွိန္အမ်ိဳမ်ိဳးေျပာင္းကာထုတ္လႊတ္ေပးေနတဲ့ 
Transmission ဆိုတဲ့ထုတ္လႊတ္မႈျဖစ္စဥ္အမ်ိဳးမ်ိဳးကိုေျပာင္းေရႊ႔ခုိင္းတဲ့ 
shift ဆုိတဲ့စကားကုိသံုးေပးထားတဲ့ကုတ္ေမာင္းတံၾကီး 
Lever အားလံုးကုိေပါင္းေခၚမွ ပိုမုိျပီးျပည့္စံုလို႔ ဂီယာတံကုိ 
Transmission Shift Lever. 
။ေအာ္တိုဂီယာမ်ားမွာမပါမျဖစ္ပါေနက် ဘုေသးေသးေလးတစ္ခုရွိေသးတယ္။အနီသို႔မဟုတ္အျခားအေရာင္နဲ႔လည္းရွိတတ္တယ္။

(ေနာက္ပိုင္း ေမာ္ဒယ္ေတြေတာ့ မပါေတာ့ပါဘူး ဖြက္ထားလိုက္ပါတယ္)
ဒါေလးကိုေတာ့ အတိအက် Shift Lock လုိ႔ေရးထားတယ္။
ဒါေလးက ေအာ္တိုဂီယာတတ္ကားမ်ား
စက္ႏႈိးလို႔မရပဲျဖစ္ျဖစ္
ဘက္ထရီေဒါင္းေနတဲ့အခါပဲျဖစ္ျဖစ္
ကားကုိတြန္းရေတာ့မယ္၊ေရႊ႕ရေတာ့မယ္ဆုိပါစို႔။

(ဥပမာ။ ။ မီးပြိဳင့္ မွာၾကာလို႔ p ထိုး စက္ရပ္။
စိမ္းေတာ့ ႏိုး တယ္မရ ဘက္ထရီ ဝပ္သြားၿပီ။
ဒီခ်ိန္ ကားကို လမ္းေဘး ကပ္ဖို႔ လိုၿပီ။
တြန္းေရႊ႕မယ္ဆို N မွာဘဲ ေရႊ႕တာပါ။
P ကေန N ေရႊ႕မရေတာ့ပါဘူး။
Shift lock ေလးနိပ္ေရႊ႕မွရပါတယ္။)

ဒီအခ်ိန္မွာဂီယာတံကုိ
P ေနရာမွၾကိဳက္ရာတစ္ခုခုကိုေရႊ႔ဘို႔အေရးေပၚလက္နဲ႔ျဖဳတ္ခိုင္းတဲ့ မင္ႏူရယ္ေလာ့ပါပဲ။
အေရးေပၚကားေရႊ႔ဘို႔အတြက္လက္တစ္ဘက္နဲ႔ဘုေလးကုိအရင္ႏွိပ္ ျပီးရင္လည္း က်န္တစ္ဘက္နဲ႔ဘုၾကီးကုိလည္းႏွိပ္ၿပီး
Nေနရာကိုသာေျပာင္းလိုက္ပါ။
ေသာ့ကုိေတာ့ စတတ္မႏိုးခင္ေနရာအထိဖြင့္လိုက္ရတယ္။
ဘရိတ္ကုိလည္းကလပ္လုိသေဘာထားၿပီးနင္းထားအံုး။
ဒါမွလိုအပ္တဲ့ မဂၢနက္ေတြ ကက္ေတာက္ေတြပြင့္သြားမွာဘုၾကီးကReleaseျပန္လုပ္ႏုိင္မွာေလ။

??ရိုးရိုးဂီယာနဲ႔ကြာျခားတာက 
စက္ရပ္ေနတဲ့အခ်ိန္မ်ိဳးမွာေအာ္တိုဂီယာမွာ
Pေနရာတစ္ခုပဲကားကုိခ်ဳပ္ထားပါတယ္။
Pေနရာကေနက်န္ေနရာတစ္ခုခုကိုေျပာင္းထားၿပီးကားကိုတြန္းၾကည့္ရင္ ကားကေရြ႕ပါတယ္။
R ေရာက္ေနလည္း ဖရီး
D ေရာက္ေနလည္း ဖရီး
2 မွာထားလည္းဖရီး 
ဒီသေဘာမ်ိဳးပါ။
စက္ႏိုးမွသက္ဆိုင္ရာအလုပ္ကုိလုပ္ပါတယ္။စက္ေသေနရင္ သူတုိ႔လည္းေသေနတယ္ေပါ့။အသက္မ၀င္ပါ။စက္ႏႈိိးရင္ေတာ့အသက္၀င္မွာပါ။

ဒီေတာ့ ဒီေနရာေတြမွာ ဂီယာတံေရာက္ေနရင္ စက္ႏႈိးမရေအာင္လုပ္ေပးထားပါတယ္။
အဓိက
P ဆိုတဲ့ေနရာရယ္
Nဆုိတဲ့ဖရီးရယ္မွာဂီယာတံရွိမွစတတ္တာခလုပ္ကို ဖြင့္ေပးပါတယ္။

ေမာင္းတတ္ခါစ(proအဆင့္မဟုတ္ဖူးေနာ္)
မွားတတ္သည္မ်ား

?D နဲ႔ေမာင္းလာရင္း လမ္းမွာအခ်စ္နဲ႔ေတြ႔ေတာ့အခ်စ္ေရ
ေနလို႔မွေကာင္းရဲ႕လားဘာညာကြိကြ ရပ္စကားေျပာေတာ့ ဆီကုန္မွာစိုးလုိ႔ ဘရိတ္နင္းလ်က္နဲ႔ ေသာ့ပိတ္စက္ရပ္လိုက္ပါတယ္
ၿပီးမွာစက္ျပန္ႏႈိးၾကည့္ေတာ့
စတတ္တာလိုင္းေအာက္သြားပါၿပီ။
D ဆုိိတဲ့ေနရာမွာရွိေနလ်က္ကုိး
ေစာေစာက ဖြန္ေၾကာင္ေနမိေတာ့ ျပာျပာသလဲျဖစ္ ခုမွစက္ႏႈိးလို႔မရေတာ့ဘူး။
ဘက္ထရီေဒါင္းသြားတာထင္ပါရဲ႕ဆုိၿပီး ဘက္ထရီနဲ႔ေထာက္ႏႈိုးဘုိ႔ထိၾကိဳးစားၾကပါတယ္ဒါေတြကတစ္ကယ္ၾကံဳဘူးတဲ့ျဖစ္ရပ္မ်ားစြာထဲကတစ္ခုပါ။
?တစ္ခိ်ဳ႔ကမီးပြိဳင့္မွာဆီစားမွာစိုးလို႔ဘရိတ္နင္းလ်က္စက္သပ္။
Dမွာေတာ့ထုိးလ်က္ပဲမီးစိမ္းေတာ့ျပန္ႏႈိုးၾကည့္
အထက္ကေျပာတဲ့ျဖစ္စဥ္အတုိင္းပါပဲ။
ေျပာမယံုၾကံဳဘူးမွသိလိမ့္မယ္။
?တစ္ခ်ိဳ႔ကလည္း
ဂီယာကုိ Nမွာဖရီးရိုက္တယ္ဆုိၿပီးထားဟင္းန္ဘရိတ္ကုိဆြဲၿပီးကားရပ္ေသာ့ခြ်တ္လို႔မရေတာ့ပါဘူးရွင့္။
လုပ္ၾကပါအံုးဆုိၿပီး ေသာ့ျပင္ကုလားလည္းသြားေခၚကာေသာ့ခြ်တ္ခိုင္းတဲ့အျဖစ္္လည္းေတြ႔ဘူးတယ္။

ဒါေၾကာင့္
ကားရပ္ရင္ 
?ဂီယာတံကို P အမွာအျမဲထားပါ။
?ဟင္းန္ဘရိတ္ ဆြဲထားတဲ့အက်င့္ကိုေတာ့
မေမ့တတ္ရင္ေတာ့လုပ္။
အမွန္ကေနရာတကာဟင္းန္ဘရိတ္
မလုိဘူး။ကုန္းဆင္းကုန္းတက္မွာကားၾကာၾကာရပ္မွလိုတယ္။
ဟင္းန္ဘရိတ္ျပန္ျဖဳတ္ဘို႔ေမ့တတ္တယ္။
တစ္ခ်ိဳ႔ ကားေတြမွာဟင္းန္းဘရိတ္ကလက္နဲ႔မခ်ေတာ့ဘူး။ေျခေထာက္နဲ႔ခ်ဖို႔ဘယ္ဘက္ေျခေထာက္နားကေျခနင္းျပားေသးေသးေလးနဲ႔ထားၾကတယ္။

က်န္တဲ့ရိုးရုိးလက္ကိုင္နဲ႔ထားတ့ဲဟာလည္းထုိင္ခံု၂ခံုၾကားေပမယ့္က်ဳပ္လည္းေမ့တတ္တယ္ခင္ဗ်။

?ဆီကုန္မွာစိုးလို႔ ဆုိၿပီးမီးပြိဳင့္မွာစက္မသတ္္နဲ႔။စက္သတ္ခ်င္ ရင္ေတာင္ P မွာထားလိုက္ပါ။အာရံုမ်ားစြာနဲ႔ျပန္ႏႈိးရင္ခ်က္ခ်င္းႏိုးမယ္။
N မွာထားလည္းရပါတယ္ သို႔ေသာ္ ဘရိတ္နင္းမထားရင္ ကားလိမ့္သြားပါမယ္။

?ကားေပၚတက္တာနဲ႔ ဘရိတ္ကိုအရင္နင္းပါ ။
ၿပီးရင္ေသာ့ထည့္ပါ။
ဒီအတုိင္းႏႈိးပါ။
လီဗါနင္းစရာမလိုပါဘူး။
(Idle Speed ဆုိတဲ့စလုိးအပတ္ေရ ကို ECUက autoလုပ္ေပးသြားပါ လိမ့္မယ္။)

သတိျပဳရန္

ဂီယာ position ေလ့လာပါ ။
ဘယ္ေျခကို လံုးဝ မသံုးပါနဲ႔။
ညာေျခ တစ္ဖက္ တည္းနဲ႔ လီဘာ နဲ႔ ဘရိတ္ ကို အသံုးျပဳပါ။
ဘယ္က ဘရိတ္၊ညာ က လီဘာ လံုးဝ မသံုးပါနဲ႔။(တခ်ိဳ႕ ခုထိ မျပင္ေသးပါ)
APP sensor က လီဘာ လံုးဝ လႊတ္မွ အလုပ္ လုပ္တာပါ။ တင္ထားရင္ မရ ပါဘူး။
ကြန္ျပဴတာ ဦးေႏွာက္ က ေမာင္းေနတယ္ထင္ၿပီး ဆံုးျဖတ္ခ်က္ခ်ရခက္ေနလို႔ပါ။
ညာေျခ ကို လီဘာ ကေန လႊတ္ၿပီး ဘရိတ္ ဘက္ေရႊ႕ နင္း မွသာ ကြန္ျပဴတာ က ဘရိတ္ အုပ္မူ႔ အနည္းအမ်ား ေပၚ မူတည္ ၿပီး ဂီယာ ေဒါင္းသင့္ မသင့္ ဆံုးျဖတ္ေပးပါမယ္။
ဒါေၾကာင့္ ခုေခတ္ autoကားေတြ မွာ အရွိန္နဲ႔ေမာင္းေနစဥ္ ရုတ္တရက္ အတားဆီး ေပၚလာပါ က ဘာဂီယာ မွ မခ်ိန္းပါနဲ႔ ။
တည္ၿငိမ္ ေအာင္ထိန္းၿပီး ဘရိတ္ကိုဘဲနင္းပါ။
ကြန္ျပဴတာက လူထက္ လၽွင္ျမန္စြာ ဂီယာ ေဒါင္းေပးသြားပါလိမ့္မယ္။
(ေအာ္တိုဂီယာကားကို ဘရိတ္တစ္ခုထဲဖမ္းတယ္ထင္ေနလို႔ပါ
ECU,ECM wiring diagram အလုပ္ လုပ္ပံု အေၾကာင္းေတြ သိရင္ေတာ့ ဂီယာေဒါင္း စရာ မလိုေၾကာင္း နားလည္သြားပါလိမ့္မယ္ခဗ်ာ)

???ဘာမဆိုကြ်မ္းက်င္မႈဟူသည္ၾကိမ္ဖန္မ်ားစြာေလ့က်င့္ျခင္းမွရရွိလာသည္ဆုိတဲ့ စကားေလးကိုႏွလံုးသြင္းကာၾကိဳတင္ခါအခ်ိန္ရသေလာက္
ဇာတ္တိုက္ခါေလ့က်င့္ျခင္းအားျဖင့္မိမိတို႔ရဲ႕
Driving Skillေလးမ်ားကုိတုိးတက္ေအာင္ေလ့က်င့္ထားဘို႔တိုက္တြန္းႏိႈးေဆာ္အပ္ပါေၾကာင္း တင္ျပလိုက္ရပါတယ္ခင္ဗ်ား။.

 

(Unicode)

?မြန်မာနိုင်ငံကားလောကအပြောင်းအလဲကို၀င်ရောက်လာတာ ခုမှ
၃၊၄ နှစ်လောက်ပဲရှိပါသေးတယ်။
အများဆုံးရောက်လာတဲ့ကားများကအော်တိုဂီယာကားများပါ။
သူတို့နဲ့ပတ်သက်တဲ့အခေါ်အဝေါ်လေးများကိုလည်းတတ်နိုင်သလောက်အတိအကျသိထားစေချင်တယ်။
ဂီယာထိုးပုံနည်းစနစ်ကိုလည်းစနစ်တကျသိထားစေချင်လို့ပါ။
♎P = Parking position ကားရပ်နားထားတော့မယ်ဆိုရင်
ဒီနေရာကိုဂီယာတံပြောင်းထားပါ။
Pထိုး ပြီးမှ စက်ရပ်ပါ။
သို့မှသာ ကားသော့ကိုဖြုတ်လို့ရပါမယ်။
ဒီနေရာမရောက်မချင်း သော့ချွတ်လို့မရပါ။ စတတ်တာဆိုတဲ့စက်နိုးလို့ရနိုင်မယ့်နေရာတစ်ခုပါ။
ဟန်းဘရိတ်ဆွဲစရာမလိုအောင်
ကားဘီးများကိုလည်းချုပ်ပြီးသားဖြစ်နေပါလိမ့်မယ်။
♎R = Reverse position မြန်မာပြည်ကလူတိုင်းနီးပါးခေါ်နေကြတဲ့
Back Gear ပါ။
ကားနည်းပညာမှာတော့ဘက်ဂီယာဆိုတာမရှိပါဘူး။
လည်နိုင်တဲ့အရာတစ်ခုခုကိုနောက်ပြန်လှည့်ပေးလို့ Reverse လို့အတိအကျခေါ်လိုက်ပါတယ်။ (ကားကနောက်ကိုပြန်လှည့်သွားတာမှမဟုတ်တာဘီးတွေကိိုပြောင်းပြန်
ပြန်လည်ခိုင်းလိုက်တာလေ)
♎N = Neutral position မြန်မာပြည်ကလူတိုင်းနီးပါးခေါ်နေကြတဲ့ဂီယာဖရီးဆိုတာကြီးပေါ့
တစ်ချို့ တွေက
Normal လို့ခေါ်ကြပြန်သေးတယ်။
ဒီနေရာမှာ ဘာဂီယာမှမရှိတော့လွတ်လွတ်လပ်လပ်ကြီးဖြစ်နေလို့ ဖရီးဖြစ်နေတာကို
မွေးစား စကားယူသုံးဖြစ်သွားပုံရသည်။
ကားဝေါဟာရမှာဖရီးဆိုတာကိုမသုံးပါဘူး။အရှိန်ပြောင်းGear Position အမျိုးမျိုးရှိနေပေမယ့်
ဒီနေရာမှာဂီယာတံကိုထားလိုက်ရင်
ဘယ််နေရာကိုမှမရောက်ပဲကြားမှာပဲနေလို့ Neutralလို့ခေါ်ထားပါတယ်။
တစ်နည်းအားဖြင့်ဘက်မလိုက်ဘူးပေါ့။
♎D = Drive position ဒါကတော့ရှင်းပါတယ်
Drive ဆိုတာမောင်းနှင်တော့မယ့်အချိန်မှာသုံးပါတယ်။
ဂီယာနံပါတ်အချက်ရေရှိသလောက်
နောက်ဆုံးဂီယာအထိ အရှိန်နဲ့လိုက်ပြီး အလိုက်သင့့်ပြောင်းပေးပါလိမ့်မယ်။
♎2 = 2 speed
အများဆုံးအရှိန်ပြောင်း
၂ခုပဲချိန်းပေးပါမယ်တဲ့
ဒီနေရာမှာဂီယာစထိုးပြီးထွက်လည်းရပါတယ်။ဘာထိုးထိုးစထွက်မှာ1နဲ့ပဲစထွက်ပါမယ်။
အရှိန်ရလာရင်နောက်တစ်ချက်ထပ်ချိန်းပေးမယ်။ တောင်တက်တဲ့လမ်းမျိုးမှာ သုံးသင့်တယ်။မြေပြန့်မှာမေ့ထိုးမိရင်ကားကလည်းတော်တော်ပြေးပေမယ့် မလိုအပ်ပဲဆီစားခြင်းကိုခံရပါမယ်။
(ကြာလာရင်အင်ဂျင် ကိုထိခိုက်ပါတယ်)
♎S=Snow=2 speed
2 နဲ့ အတူ တူပါဘဲ။ နှင်းကျချိန်တွေ ၊မိုးအရမ်းရွာပြီး လမ်းချော တတ်တဲ့ အချိန် တောင်ဆင်း တောင်တက်တွေ မှာ ဖြေး၂မှန်၂ လေးသွားနေအောင် no:2 ထက် ပိုမချိန်းပေးတော့ပါ။
♎L = Low speed
အနိမ့်ဆုံးဂီယာပါ
No.1ဆိုတဲ့ ဂီယာတစ်ချက်ပဲပြောင်းပေးထားပါတယ်။အရှိန်ဘယ်လောက်ရောက်ရောက် ဒါပါပဲ။အမတ်စောက်ဆုံးတောင်တက်တဲ့အခါ ဆင်းတဲ့အခါသုံးပေးရပါတယ်။နောက်ပြီး ဗွက်နစ်လို့ရုန်းတဲ့အခါမလုပ်မဖြစ်လုပ်ရပါတယ်။
တစ်ချို့ကားလေးတွေမှာ
Bလို့ပြောင်းသုံးပါတယ်
basic ပဲလို့နားလည်လိုက်ပါ။
?အော်တိုဂီယာနဲ့ပတ်သက်လို့တော့ မသိမဖြစ်သိထားဘို့ နောက်ထပ်ပြောစရာ ၂ခုမကကျန်သေးတယ်။
?O/D off ခလုတ် ကတော့ နိပ်လိုက်ရင်
O/D off ဆိုတဲ့ မီးဝါလေး လင်းပါမယ်။
Over drive မဖြစ်စေအောင် စ တင်အလုပ်လုပ်တော့မှာပါ။
D နဲ့ မောင်းနေ သောလည်း D တာဝန် ကို အပြည့်မလုပ်ဘဲ
နောက်ဆုံး ဂီယာ တစ်ချက် မဝင်ဘဲ သွားနေမှာပါ။
♡ လမ်းချောချိန်၊တောင်အတက်ဆင်း တွေမှာ အရှိန်လွန် မောင်းနှင်မူမဖြစ်တော့ပါ ။
♡ လမ်းကောင်း၍မြေပြန့်၌သုံးရင် ဂီယာ တစ်ချက်ကျန်နေသောကြောင့် ဆီစားမယ်၊
♡ ကြာကြာမောင်းရင်
အင်ဂျင်ကိုလည်း ထိခိုက်စေပါတယ်။
မလိုအပ်ဘဲ O/D off မီးဝါလေး မလင်းထားပါနဲ့
❌အရှိန်အလွန်များနေချိန် ဂီယာဒေါင်းတဲ့ ခလုတ် မဟုတ်ပါ။
O/D အလုပ် လုပ်ပုံ နားလည်သွားရင် အဆင်ပြေပြီ။
?ကားဝေါဟာရမှာ ဂီယာတံလို့မခေါ်ပါဘူး။ကုတ်သဘောမျိုး အတံဖြစ်နေလို့လီဗါလို့ခေါ်ပါတယ်။
ဒီမှာတော့စက်ကိုအရှိန်မြှင့်တဲ့ဟာကို လီဗါတဲ့
ခြေထောက်နဲ့နင်းမှကားကိုပြေးခိုင်းတဲ့အရာက အမှန်တော့
acceleration pedal လို့ခေါ်ပါတယ်။
?ဂီယာတံကတော့ အမှန် ကဂီယာဘောက်ကိုထိုးထားတဲ့အတံမို့ခေါ်လိုက်တာနဲနဲတော့သဘာဝကျပေမယ့်အရှိန်အမျိုမျိုးပြောင်းကာထုတ်လွှတ်ပေးနေတဲ့
Transmission ဆိုတဲ့ထုတ်လွှတ်မှုဖြစ်စဉ်အမျိုးမျိုးကိုပြောင်းရွှေ့ခိုင်းတဲ့
shift ဆိုတဲ့စကားကိုသုံးပေးထားတဲ့ကုတ်မောင်းတံကြီး
Lever အားလုံးကိုပေါင်းခေါ်မှ ပိုမိုပြီးပြည့်စုံလို့ ဂီယာတံကို
Transmission Shift Lever.
☆။အော်တိုဂီယာများမှာမပါမဖြစ်ပါနေကျ ဘုသေးသေးလေးတစ်ခုရှိသေးတယ်။အနီသို့မဟုတ်အခြားအရောင်နဲ့လည်းရှိတတ်တယ်။(နောက်ပိုင်း မော်ဒယ်တွေတော့ မပါတော့ပါဘူး ဖွက်ထားလိုက်ပါတယ်)
ဒါလေးကိုတော့ အတိအကျ Shift Lock လို့ရေးထားတယ်။
ဒါလေးက အော်တိုဂီယာတတ်ကားများ
စက်နှိုးလို့မရပဲဖြစ်ဖြစ်
ဘက်ထရီဒေါင်းနေတဲ့အခါပဲဖြစ်ဖြစ်
ကားကိုတွန်းရတော့မယ်၊ရွှေ့ရတော့မယ်ဆိုပါစို့။
(ဥပမာ။ ။ မီးပွိုင့် မှာကြာလို့ p ထိုး စက်ရပ်။
စိမ်းတော့ နိုး တယ်မရ ဘက်ထရီ ဝပ်သွားပြီ။
ဒီချိန် ကားကို လမ်းဘေး ကပ်ဖို့ လိုပြီ။
တွန်းရွှေ့မယ်ဆို N မှာဘဲ ရွှေ့တာပါ။
P ကနေ N ရွှေ့မရတော့ပါဘူး။
Shift lock လေးနိပ်ရွှေ့မှရပါတယ်။)
⚓ဒီအချိန်မှာဂီယာတံကို
P နေရာမှကြိုက်ရာတစ်ခုခုကိုရွှေ့ဘို့အရေးပေါ်လက်နဲ့ဖြုတ်ခိုင်းတဲ့ မင်နူရယ်လော့ပါပဲ။
အရေးပေါ်ကားရွှေ့ဘို့အတွက်လက်တစ်ဘက်နဲ့ဘုလေးကိုအရင်နှိပ် ပြီးရင်လည်း ကျန်တစ်ဘက်နဲ့ဘုကြီးကိုလည်းနှိပ်ပြီး
Nနေရာကိုသာပြောင်းလိုက်ပါ။
သော့ကိုတော့ စတတ်မနိုးခင်နေရာအထိဖွင့်လိုက်ရတယ်။
ဘရိတ်ကိုလည်းကလပ်လိုသဘောထားပြီးနင်းထားအုံး။
ဒါမှလိုအပ်တဲ့ မဂ္ဂနက်တွေ ကက်တောက်တွေပွင့်သွားမှာဘုကြီးကReleaseပြန်လုပ်နိုင်မှာလေ။
??ရိုးရိုးဂီယာနဲ့ကွာခြားတာက
စက်ရပ်နေတဲ့အချိန်မျိုးမှာအော်တိုဂီယာမှာ
Pနေရာတစ်ခုပဲကားကိုချုပ်ထားပါတယ်။
Pနေရာကနေကျန်နေရာတစ်ခုခုကိုပြောင်းထားပြီးကားကိုတွန်းကြည့်ရင် ကားကရွေ့ပါတယ်။
R ရောက်နေလည်း ဖရီး
D ရောက်နေလည်း ဖရီး
2 မှာထားလည်းဖရီး
ဒီသဘောမျိုးပါ။
စက်နိုးမှသက်ဆိုင်ရာအလုပ်ကိုလုပ်ပါတယ်။စက်သေနေရင် သူတို့လည်းသေနေတယ်ပေါ့။အသက်မဝင်ပါ။စက်နှိုိးရင်တော့အသက်ဝင်မှာပါ။ဒီတော့ ဒီနေရာတွေမှာ ဂီယာတံရောက်နေရင် စက်နှိုးမရအောင်လုပ်ပေးထားပါတယ်။
အဓိက
P ဆိုတဲ့နေရာရယ်
Nဆိုတဲ့ဖရီးရယ်မှာဂီယာတံရှိမှစတတ်တာခလုပ်ကို ဖွင့်ပေးပါတယ်။
❎❎❎မောင်းတတ်ခါစ(proအဆင့်မဟုတ်ဖူးနော်)
မှားတတ်သည်များ
?D နဲ့မောင်းလာရင်း လမ်းမှာအချစ်နဲ့တွေ့တော့အချစ်ရေ
နေလို့မှကောင်းရဲ့လားဘာညာကွိကွ ရပ်စကားပြောတော့ ဆီကုန်မှာစိုးလို့ ဘရိတ်နင်းလျက်နဲ့ သော့ပိတ်စက်ရပ်လိုက်ပါတယ်
ပြီးမှာစက်ပြန်နှိုးကြည့်တော့
စတတ်တာလိုင်းအောက်သွားပါပြီ။
D ဆိုိတဲ့နေရာမှာရှိနေလျက်ကိုး
စောစောက ဖွန်ကြောင်နေမိတော့ ပြာပြာသလဲဖြစ် ခုမှစက်နှိုးလို့မရတော့ဘူး။
ဘက်ထရီဒေါင်းသွားတာထင်ပါရဲ့ဆိုပြီး ဘက်ထရီနဲ့ထောက်နှိုုးဘို့ထိကြိုးစားကြပါတယ်ဒါတွေကတစ်ကယ်ကြုံဘူးတဲ့ဖြစ်ရပ်များစွာထဲကတစ်ခုပါ။
?တစ်ချို့ကမီးပွိုင့်မှာဆီစားမှာစိုးလို့ဘရိတ်နင်းလျက်စက်သပ်။
Dမှာတော့ထိုးလျက်ပဲမီးစိမ်းတော့ပြန်နှိုုးကြည့်
အထက်ကပြောတဲ့ဖြစ်စဉ်အတိုင်းပါပဲ။
ပြောမယုံကြံုဘူးမှသိလိမ့်မယ်။
?တစ်ချို့ကလည်း
ဂီယာကို Nမှာဖရီးရိုက်တယ်ဆိုပြီးထားဟင်းန်ဘရိတ်ကိုဆွဲပြီးကားရပ်သော့ချွတ်လို့မရတော့ပါဘူးရှင့်။
လုပ်ကြပါအုံးဆိုပြီး သော့ပြင်ကုလားလည်းသွားခေါ်ကာသော့ချွတ်ခိုင်းတဲ့အဖြစ််လည်းတွေ့ဘူးတယ်။
✔✔✔ဒါကြောင့်
ကားရပ်ရင်
?ဂီယာတံကို P အမှာအမြဲထားပါ။
?ဟင်းန်ဘရိတ် ဆွဲထားတဲ့အကျင့်ကိုတော့
မမေ့တတ်ရင်တော့လုပ်။
အမှန်ကနေရာတကာဟင်းန်ဘရိတ်
မလိုဘူး။ကုန်းဆင်းကုန်းတက်မှာကားကြာကြာရပ်မှလိုတယ်။
ဟင်းန်ဘရိတ်ပြန်ဖြုတ်ဘို့မေ့တတ်တယ်။
တစ်ချို့ ကားတွေမှာဟင်းန်းဘရိတ်ကလက်နဲ့မချတော့ဘူး။ခြေထောက်နဲ့ချဖို့ဘယ်ဘက်ခြေထောက်နားကခြေနင်းပြားသေးသေးလေးနဲ့ထားကြတယ်။ကျန်တဲ့ရိုးရိုးလက်ကိုင်နဲ့ထားတဲ့ဟာလည်းထိုင်ခုံ၂ခုံကြားပေမယ့်ကျုပ်လည်းမေ့တတ်တယ်ခင်ဗျ။
?ဆီကုန်မှာစိုးလို့ ဆိုပြီးမီးပွိုင့်မှာစက်မသတ််နဲ့။စက်သတ်ချင် ရင်တောင် P မှာထားလိုက်ပါ။အာရုံများစွာနဲ့ပြန်နှိုးရင်ချက်ချင်းနိုးမယ်။
N မှာထားလည်းရပါတယ် သို့သော် ဘရိတ်နင်းမထားရင် ကားလိမ့်သွားပါမယ်။
?ကားပေါ်တက်တာနဲ့ ဘရိတ်ကိုအရင်နင်းပါ ။
ပြီးရင်သော့ထည့်ပါ။
ဒီအတိုင်းနှိုးပါ။
လီဗါနင်းစရာမလိုပါဘူး။
(Idle Speed ဆိုတဲ့စလိုးအပတ်ရေ ကို ECUက autoလုပ်ပေးသွားပါ လိမ့်မယ်။)
သတိပြုရန်
ဂီယာ position လေ့လာပါ ။
❌ဘယ်ခြေကို လုံးဝ မသုံးပါနဲ့။
✔ညာခြေ တစ်ဖက် တည်းနဲ့ လီဘာ နဲ့ ဘရိတ် ကို အသုံးပြုပါ။
❌ဘယ်က ဘရိတ်၊ညာ က လီဘာ လုံးဝ မသုံးပါနဲ့။(တချို့ ခုထိ မပြင်သေးပါ)
APP sensor က လီဘာ လုံးဝ လွှတ်မှ အလုပ် လုပ်တာပါ။ တင်ထားရင် မရ ပါဘူး။
☆ ကွန်ပြူတာ ဦးနှောက် က မောင်းနေတယ်ထင်ပြီး ဆုံးဖြတ်ချက်ချရခက်နေလို့ပါ။
☆ ညာခြေ ကို လီဘာ ကနေ လွှတ်ပြီး ဘရိတ် ဘက်ရွှေ့ နင်း မှသာ ကွန်ပြူတာ က ဘရိတ် အုပ်မူ့ အနည်းအများ ပေါ် မူတည် ပြီး ဂီယာ ဒေါင်းသင့် မသင့် ဆုံးဖြတ်ပေးပါမယ်။
✳ဒါကြောင့် ခုခေတ် autoကားတွေ မှာ အရှိန်နဲ့မောင်းနေစဉ် ရုတ်တရက် အတားဆီး ပေါ်လာပါ က ဘာဂီယာ မှ မချိန်းပါနဲ့ ။
☆ တည်ငြိမ် အောင်ထိန်းပြီး ဘရိတ်ကိုဘဲနင်းပါ။
☆ ကွန်ပြူတာက လူထက် လျှင်မြန်စွာ ဂီယာ ဒေါင်းပေးသွားပါလိမ့်မယ်။
(အော်တိုဂီယာကားကို ဘရိတ်တစ်ခုထဲဖမ်းတယ်ထင်နေလို့ပါ
ECU,ECM wiring diagram အလုပ် လုပ်ပုံ အကြောင်းတွေ သိရင်တော့ ဂီယာဒေါင်း စရာ မလိုကြောင်း နားလည်သွားပါလိမ့်မယ်ခဗျာ)
???ဘာမဆိုကျွမ်းကျင်မှုဟူသည်ကြိမ်ဖန်များစွာလေ့ကျင့်ခြင်းမှရရှိလာသည်ဆိုတဲ့ စကားလေးကိုနှလုံးသွင်းကာကြိုတင်ခါအချိန်ရသလောက်
ဇာတ်တိုက်ခါလေ့ကျင့်ခြင်းအားဖြင့်မိမိတို့ရဲ့
Driving Skillလေးများကိုတိုးတက်အောင်လေ့ကျင့်ထားဘို့တိုက်တွန်းနှိုးဆော်အပ်ပါကြောင်း တင်ပြလိုက်ရပါတယ်ခင်ဗျား။

Read times
Rate this item
(1 Vote)