How To



ကားေလစစ္ကိုယ္တိုင္လဲမည္ဆုိလွ်င္(Zawgyi-Unicode)

ကားေလစစ္ကိုယ္တိုင္လဲမည္ဆုိလွ်င္(Zawgyi-Unicode) google

ကားတစ္စီး၏ ေလစစ္ဆုိတာသည္မွာ ေစ်းလည္း သိပ္ၿပီးမႀကီးသလို ထိန္းသိမ္းျပဳျပင္ ရသည့္အပိုင္း မွာလည္း လြယ္ကူပါသည္။

ဒါေပမယ့္ကားအတြက္ေတာ့ အေရးပါသည့္ အစိတ္အပိုင္း တစ္ခုျဖစ္ပါသည္။

ေလစစ္ မရွိရင္ ကားအတြင္းကို ရိႈက္သြင္းလိုက္သည့္ ေလမ်ားကတဆင့္ အင္ဂ်င္ထဲကို ေလနဲ႔အတူ အမႈိက္မ်ား ၀င္ေရာက္သြား ေစႏုိင္ပါသည္။

ေလစစ္တြင္ ဖုန္မႈန္႔နဲ႔အမိႈက္မ်ား ပိတ္ေနရင္လည္း အင္ဂ်င္ထဲကို ေလ၀င္ေရာက္မႈ နည္းေစၿပီး အင္ဂ်င္အရုန္းအစြဲက် ေစပါသည္။

 

***သင္စိတ္၀င္စားႏိုင္ေသာကားေဆးေရာင္မထိခို္က္ေစရန္ သတိထားသင့္သည့္အခ်က္မ်ား***

 

ထို႕ေၾကာင့္ ကားတစ္စီး၏ ေလစစ္ ေဆးေၾကာ၊ လဲလွယ္တာေတြ လုပ္ရန္အတြက္ ကားဆားဗစ္ မၾကာခဏ သြားစရာမလိုဘဲ ကိုယ္တိုင္ျပဳျပင္ ေဆးေၾကာႏိုင္မည့္ နည္းလမ္းမ်ားကို အဆင့္ဆင့္ ေဖာ္ျပေပးလိုက္ပါသည္။

အဆင့္(၁)
မိမိကားနဲ႔ကိုက္ညီတဲ့ ေလစစ္၊ ကား ထုတ္လုပ္သူက ညႊန္ျပေပးထားတဲ့ ေလစစ္ အသစ္တစ္ခုကို ကားပစၥည္း အေရာင္းဆိုင္ေတြမွာ ေရြးခ်ယ္ ၀ယ္ယူပါ။ အဲဒါဆိုရင္ေတာ့ ကား ေလစစ္ရဲ့မူလ အေနအထားကို ျမင္ေတြ႔ႏိုင္ၿပီျဖစ္ပါ တယ္။

အဆင့္(၂)
ဒုတိယအဆင့္မွာေတာ့ ေျမျပင္ညီေနရာမွာ ကားကို ပါကင္ေနရာမွာ ပါကင္ထိုးၿပီး ေအာ္တိုဂီယာဆို P မွာထားပါ၊ မန္ႏူရယ္ဂီယာဆိုရင္ ပထမဆုံးဂီယာမွာထားပါ။

အဆင့္(၃)
တတိယအဆင့္မွာေတာ့ ကား ေဘာနက္ဖုံး ကိုဖြင့္ၿပီး ေသခ်ာေအာင္ ေဒါက္ေထာက္ပါ။ ေလစစ္ဗူး ကိုရွာပါ။ ေလစစ္ဗူးအဖုံး ကလစ္ ေတြကို ျဖဳတ္ထုတ္ၿပီး အဖုံးကိုဖယ္ထုတ္ပါ။
ေလစစ္ကိုထုတ္ယူပါ။

အဆင့္(၄)
ေလစစ္အသစ္နဲ႔ကားထဲက ေလစစ္ကို ႏႈိင္းယွဥ္ၾကည့္ရင္ ေလစစ္ အေဟာင္း ကပ္ေနသည့္ အမႈိက္မ်ားႏွင့္ နဲ႔ ဖုန္မႈန္႔ေတြ ဘယ္ေလာက္မ်ားေနလဲ သိႏိုင္ပါသည္။

ေဆးေၾကာလို႔ရႏိုင္မလား၊ အသစ္လဲလွယ္လို႔ ရ၊ မရ ဆိုတာေတြကို အျမင္ ျဖင့္ အရင္ဆုံးျဖတ္ပါ။
အသစ္လဲသင့္ရင္ လဲလွယ္ပါ။

အဆင့္(၅)
ေဆးေၾကာလို႔ရမည့္ အေျခအေန ဆိုရင္ေတာ့ ဖြင့္ထားသည့္ ေလစစ္ ထည့္ ထားသည့္ဗူးကို ျပန္ဖုံးထားၿပီး ေလစစ္ကို ကားႏွင့္ ေ၀းသည့္ေနရာကို ယူသြားပါ။

အဆင့္(၆)
ေလစစ္ကို ေရွ႔ေနာက္ခြဲျခား မွတ္သားၿပီးေနာက္ ေလမႈတ္စက္မွ အားအသင့္တင့္ ရွိသည့္ ေလမႈတ္အားျဖင့္ ေရွ႔၊ ေနာက္ တစ္ဖက္ခ်င္း ကို မႈတ္ထုတ္ပါ။

ေလစစ္က ဖုန္မႈန္ႏွင့္အမိႈက္မ်ား ကင္းစင္သြားရင္ မူလ အေရာင္နီးပါး ျပန္ျဖစ္လာႏိုင္ ပါသည္။

အဆင့္(၇) 
သန္႔စင္ၿပီး ေလစစ္ကို ကားအနီးသို႔ ျပန္ယူလာၿပီး မူလတပ္ဆင္သည့္ ပုံစံအတိုင္း ေလစစ္ကို ျပန္လည္တပ္ဆင္ ေပးပါ။

ေလစစ္ဗူးအဖုံး ကလစ္မ်ားကိုလည္း ေသခ်ာေအာင္ ခ်ိတ္ၿပီးမွ ျပန္ပိတ္လိုက္ပါ။

ေဘာနက္ကိုလည္း ေသခ်ာျပန္ ဖုံး အုပ္ၿပီး ပိတ္ေပးပါ။

ေလစစ္တစ္ခုကို လဲလွယ္တာ၊ ေဆးေၾကာတာေတြ လုပ္ေဆာင္ဖို႔ အတြက္ သတ္မွတ္ထားတဲ့ ခရီးမိုင္ အကြာအေ၀း သတ္မွတ္ခ်က္ေတြ လည္းရွိေနပါသည္။

ကားထုတ္လုပ္သူမ်ားကလည္း ကားအမ်ိဳးအစား အလိုက္သတ္မွတ္ေပး ထားတာေတြလည္း ရွိပါသည္။

 ေယဘူယ်အေနနဲ႔ေတာ့ ကား ေလစစ္ကို စစ္ေဆးၿပီး လဲလွယ္တာ၊ ေဆးေၾကာတာ ေတြလုပ္ေပးသင့္ျခင္းမွာ
အနည္းဆုံး ကီလိုမီတာ ငါးေသာင္း (မိုင္သုံးေသာင္းခန္႔) အသုံးျပဳၿပီးတိုင္း စစ္ေဆး ေပးသင့္ပါသည္။

Source:car lover


(Unicode)

ကားလေစစ်ကိုယ်တိုင်လဲမည်ဆိုလျှင်(Zawgyi-Unicode)

ကားတစ်စီး၏ လေစစ်ဆိုတာသည်မှာ စျေးလည်း သိပ်ပြီးမကြီးသလို ထိန်းသိမ်းပြုပြင် ရသည့်အပိုင်း မှာလည်း လွယ်ကူပါသည်။

ဒါပေမယ့်ကားအတွက်တော့ အရေးပါသည့် အစိတ်အပိုင်း တစ်ခုဖြစ်ပါသည်။

လေစစ် မရှိရင် ကားအတွင်းကို ရှိုက်သွင်းလိုက်သည့် လေများကတဆင့် အင်ဂျင်ထဲကို လေနဲ့အတူ အမှိုက်များ ၀င်ရောက်သွား စေနိုင်ပါသည်။

လေစစ်တွင် ဖုန်မှုန့်နဲ့အမှိုက်များ ပိတ်နေရင်လည်း အင်ဂျင်ထဲကို လေဝင်ရောက်မှု နည်းစေပြီး အင်ဂျင်အရုန်းအစွဲကျ စေပါသည်။

 

***သင်စိတ်ဝင်စားနိုင်သောကားဆေးရောင်မထိခို်က်စေရန် သတိထားသင့်သည့်အချက်များ***

 

ထို့ကြောင့် ကားတစ်စီး၏ လေစစ် ဆေးကြော၊ လဲလှယ်တာတွေ လုပ်ရန်အတွက် ကားဆားဗစ် မကြာခဏ သွားစရာမလိုဘဲ ကိုယ်တိုင်ပြုပြင် ဆေးကြောနိုင်မည့် နည်းလမ်းများကို အဆင့်ဆင့် ဖော်ပြပေးလိုက်ပါသည်။

အဆင့်(၁)

မိမိကားနဲ့ကိုက်ညီတဲ့ လေစစ်၊ ကား ထုတ်လုပ်သူက ညွှန်ပြပေးထားတဲ့ လေစစ် အသစ်တစ်ခုကို ကားပစ္စည်း အရောင်းဆိုင်တွေမှာ ရွေးချယ် ၀ယ်ယူပါ။ အဲဒါဆိုရင်တော့ ကား လေစစ်ရဲ့မူလ အနေအထားကို မြင်တွေ့နိုင်ပြီဖြစ်ပါ တယ်။

အဆင့်(၂)

ဒုတိယအဆင့်မှာတော့ မြေပြင်ညီနေရာမှာ ကားကို ပါကင်နေရာမှာ ပါကင်ထိုးပြီး အော်တိုဂီယာဆို P မှာထားပါ၊ မန်နူရယ်ဂီယာဆိုရင် ပထမဆုံးဂီယာမှာထားပါ။

အဆင့်(၃)

တတိယအဆင့်မှာတော့ ကား ဘောနက်ဖုံး ကိုဖွင့်ပြီး သေချာအောင် ဒေါက်ထောက်ပါ။ လေစစ်ဗူး ကိုရှာပါ။ လေစစ်ဗူးအဖုံး ကလစ် တွေကို ဖြုတ်ထုတ်ပြီး အဖုံးကိုဖယ်ထုတ်ပါ။

လေစစ်ကိုထုတ်ယူပါ။

အဆင့်(၄)

လေစစ်အသစ်နဲ့ကားထဲက လေစစ်ကို နှိုင်းယှဉ်ကြည့်ရင် လေစစ် အဟောင်း ကပ်နေသည့် အမှိုက်များနှင့် နဲ့ ဖုန်မှုန့်တွေ ဘယ်လောက်များနေလဲ သိနိုင်ပါသည်။

ဆေးကြောလို့ရနိုင်မလား၊ အသစ်လဲလှယ်လို့ ရ၊ မရ ဆိုတာတွေကို အမြင် ဖြင့် အရင်ဆုံးဖြတ်ပါ။

အသစ်လဲသင့်ရင် လဲလှယ်ပါ။

အဆင့်(၅)

ဆေးကြောလို့ရမည့် အခြေအနေ ဆိုရင်တော့ ဖွင့်ထားသည့် လေစစ် ထည့် ထားသည့်ဗူးကို ပြန်ဖုံးထားပြီး လေစစ်ကို ကားနှင့် ဝေးသည့်နေရာကို ယူသွားပါ။

အဆင့်(၆)

လေစစ်ကို ရှေ့နောက်ခွဲခြား မှတ်သားပြီးနောက် လေမှုတ်စက်မှ အားအသင့်တင့် ရှိသည့် လေမှုတ်အားဖြင့် ရှေ့၊ နောက် တစ်ဖက်ချင်း ကို မှုတ်ထုတ်ပါ။

လေစစ်က ဖုန်မှုန်နှင့်အမှိုက်များ ကင်းစင်သွားရင် မူလ အရောင်နီးပါး ပြန်ဖြစ်လာနိုင် ပါသည်။

အဆင့်(၇)

သန့်စင်ပြီး လေစစ်ကို ကားအနီးသို့ ပြန်ယူလာပြီး မူလတပ်ဆင်သည့် ပုံစံအတိုင်း လေစစ်ကို ပြန်လည်တပ်ဆင် ပေးပါ။

လေစစ်ဗူးအဖုံး ကလစ်များကိုလည်း သေချာအောင် ချိတ်ပြီးမှ ပြန်ပိတ်လိုက်ပါ။

ဘောနက်ကိုလည်း သေချာပြန် ဖုံး အုပ်ပြီး ပိတ်ပေးပါ။

လေစစ်တစ်ခုကို လဲလှယ်တာ၊ ဆေးကြောတာတွေ လုပ်ဆောင်ဖို့ အတွက် သတ်မှတ်ထားတဲ့ ခရီးမိုင် အကွာအဝေး သတ်မှတ်ချက်တွေ လည်းရှိနေပါသည်။

ကားထုတ်လုပ်သူများကလည်း ကားအမျိုးအစား အလိုက်သတ်မှတ်ပေး ထားတာတွေလည်း ရှိပါသည်။

 ယေဘူယျအနေနဲ့တော့ ကား လေစစ်ကို စစ်ဆေးပြီး လဲလှယ်တာ၊ ဆေးကြောတာ တွေလုပ်ပေးသင့်ခြင်းမှာ

အနည်းဆုံး ကီလိုမီတာ ငါးသောင်း (မိုင်သုံးသောင်းခန့်) အသုံးပြုပြီးတိုင်း စစ်ဆေး ပေးသင့်ပါသည်။

Source:car lover

Read times
Rate this item
(0 votes)