How To
ဘယ်လိုပုံစံနဲ့ လုပ်သက် ၂၅ နှစ်အထက် ဝန်ထမ်းတွေကို ကားတင်သွင်းခွင့်ပေးမှာလဲ
ဘယ်လိုပုံစံနဲ့ လုပ်သက် ၂၅ နှစ်အထက် ဝန်ထမ်းတွေကို ကားတင်သွင်းခွင့်ပေးမှာလဲ google
Brand New              - ၂၀၁၈ - ၂၀၂၀
ညာမောင်းပေးမယ်
                                       ၂။ အထူးကုန်စည်ခွန်
                                       ၃။ ကုန်သွယ်ခွန်
                                       ၄။ ကညန မှတ်ပုံတင်ခ
Unicode
လုပ်သက် ၂၅ နှစ်အထက်ရှိတဲ့ ဝန်ထမ်းတွေကို ကားတင်သွင်းခွင့်ပေးရန် စီစဉ်နေဆိုပြီး သတင်းတွေတက်လာတာနဲ့ ပက်သတ်ပြီး ဘာပဲဖြစ်ဖြစ်ဝမ်းသာပါတယ်။ ဒါပေမယ့် ဘယ်လိုတွေပေးသွင်းမှာလဲ ….
၂၀၂၀မော်ဒယ်ရီးယားသတ်မှတ်ချက်က -
စလစ်ကပ်အတွက်       - ၂၀၁၇ - ၂၀၂၀ (YGN Liscense)
Brand New              - ၂၀၁၈ - ၂၀၂၀
အားလုံးဘယ်မောင်းချည်းပါပဲ။ အနိမ့်ဆုံးမော်ဒယ်ဖြစ်တဲ့ ၂၀၁၇မော်ဒယ်ဆိုရင်တောင် သိန်း ၅၀၀ အောက်မဆင်းချင် ပါဘူး။ ဒီတော့ တင်သွင်းခွင့်ရလာပြီပဲထားဦး။ ငွေမလိုက်နိုင်မှာတော့ ဘာလုပ်မှာလဲ ….။ ရောင်းစားရမှာလားပေါ့။
ညာမောင်းပေးမယ်
ညာမောင်းပေးမယ်ဆိုတာကလည်း ကောလဟာလသာသာပဲရှိပါတယ်။ ဒါကြောင့် ယုံလို့မရပါဘူး။ နောက်ပြီးမူဝါဒကို ချိုးဖောက်သလိုဖြစ်နေလို့ မဖြစ်နိုင်ပါဘူး။
ကားပါမစ်ကအရေးပါတုန်းလား
၂၀၁၀-၂၀၁၁ မတိုင်ခင်တုန်းကတော့ ဟုတ်တယ်လို့ဆိုနိုင်ပါတယ်။ ဒါပေမယ့် အဲ့နောက်ပိုင်း အသက်ကန့်သတ်ချက် ပြည့်သူ၊ မည်သူမဆိုဖြစ်လာလို့ မှတ်ပုံတင်ငှားခတွေတောင် ပေါ်လာခဲ့တာမှတ်မိကြမယ်ထင်ပါတယ်။ ဒါကြောင့် ကား တင်သွင်းခွင့်ပါမစ်ပေးမယ်ဆိုတာကတော့ မဖြစ်နိုင်ဆုံးပါ။
အခွန်တွေလျှော့မယ်ဆိုရင်
ကားတစ်စီးတင်သွင်းမယ်ဆိုရင် ၁။ အကောက်ခွန်
                                       ၂။ အထူးကုန်စည်ခွန်
                                       ၃။ ကုန်သွယ်ခွန်
                                       ၄။ ကညန မှတ်ပုံတင်ခ
                                       ၅။ ဝင်ငွေခွန် ဆိုတာတွေကို ပေးဆောင်ရမှာဖြစ်ပါတယ်။
ဝင်ငွေခွန်တော့ မဖြစ်နိုင်ဘူးဆိုပြီး အများကသုံးသပ်ပြောဆိုထားပါတယ်။ ဒါဆိုရင် ကျန်တာ ၄ ခုပဲရှိပါတော့တယ်။ ကျန်တာတော်တော်များများကလည်း အင်ဂျင်ပါဝါနဲ့ အမှန်တကယ်ဝယ်ယူတဲ့ဈေးနှုန်းကို မူတည်ပြီးကောက်ခံတာ ဖြစ်လို့ အင်ဂျင်ပါဝါကြီးကြီးဝယ်မှ အခွန်လျှော့တာကိုများများစားစားခံစားရမှာလားဆိုတာပါ။
Myanmar Automobile Equipment Directory
Read times
Rate this item
(2 votes)