How To
Hybrid ကားတစ်စီးကိုဘယ်လိုပြုပြင်စစ်ဆေးသင့်သလဲ
Hybrid ကားတစ်စီးကိုဘယ်လိုပြုပြင်စစ်ဆေးသင့်သလဲ google
Hybrid ကားတွေ ရန်ကုန်မာ ခုဆို အတော်လေးများနေပြီလို့ထင်ပါတယ်။ ပြင်ဆင်မုတွေ၊ ပုံမန်ပြုပြင်ထိန်းသိမ်းမုတွေလည်း အတေ်ာအသင့်လုပ်လေ့ရိပြီပေါ့။ ဒီပို့စ်မာတော့ Hybrid ကားတစ်စီးကို ဘယ်လိုပြုပြင်စစ်ဆေးသင့်တယ်ဆိုတဲ့ အချက်တချို့ကို ဖော်ပြပေးချင်ပါတယ်။
Precautions
Hybrid ကားတွေ ပြုပြင်တဲ့အခါ သာမန်ကားတွေနဲ့ မတူပါဘူး။ သတိထားစရာတွေအများကြီးရိပါတယ်။ Hybrid စနစ်မာ အသုံးပြုတဲ့ လျပ်စစ်ပမာဏဟာ 201 Direct Current Volt တွေများပါတယ်။ ဒီဗို့အားဟာ လူတစ်ယောက်ရဲ့ နလုံးကို ၁ စက္ကန့်အတွင်းလုံးဝရပ်တန့်သွားစေနိုင်ပါတယ်။ ဆိုလိုတာက Hybrid ကားပြင်ရင်းဓာတ်လိုက်ရင် တခါတည်း ပွဲချင်းပြီး သေတတ်တယ်ပေါ့နော်။
ဒါကြောင့် မပေါ့ဖို့တော့လိုပါတယ်။ ဗို့အားမြင့်ကြိုးတွေကို လိမ္မော်ရောင် (သို့) ထင်ရားတဲ့ အရောင်တစ်ခုခုသုတ်ထားတတ်တယ်။ ဒီကြိုးတွေကို တတ်နိုင်သမျ မထိမိစေနဲ့ပေါ့။ ဘာမ မဖြုတ်ခင် မတပ်ခင်မာ ကားပေါ်မာ လူအများမြင်နိုင်ဖို့ “သတိ ဓာတ်လိုက်တတ်သည် ဆိုတာမျိုး တင်ထားပေးသင့်ပါတယ်။
Hybrid ကားကိုပြုပြင်တော့မယ်ဆိုရင် လိုအပ်တဲ့ အကာအကွယ်ပစ္စည်းတွေဆောင်ထားသင့်တယ်။ လက်အိတ်၊ Safety Shoe ၊ Insulated လုပ်ထားတဲ့ ဂွင်းဂွ စတဲ့ ပစ္စည်းတွေလိုအပ်တယ်။
တကယ်လို့ Insulated ဂွင်းဂွ ရာမရရင် သုံးနေကျ ဂွင်းဂွကို တိပ်ပတ်ပြီး သုံးလည်း ရပါတယ်။ Hybrid ကားထုတ်လုပ်တဲ့ ကားကုမ္ပဏီတွေရဲ့ လမ်းညွန်ချက်အရ လက်အိတ်ကတော့ မရိမဖြစ်လိုအပ်တယ်။
အကာအကွယ်ပစ္စည်းတွေကို ဝတ်ဆင်ပြီးရင် ပထမဆုံးလုပ်ရမာက Service Plug Grip ကိုဖြုတ်ဖို့ပါ။ Hybrid Battery မာပါတဲ့ Service Plug Grip ကိုဖြုတ်လိုက်ရင် Hybrid စနစ်က လျပ်စစ်ဗို့အားကို ဖြတ်တောက်လိုက်တဲ့သဘောပါပဲ။
Service Plug Grip ဖြုတ်ပြီး ၁၀ မိနစ်လောက်စောင့်ပါ။ ပြီးရင် ကားစက်ခန်းထဲက High Voltage Capacitor ကို Multimeter နဲ့တိုင်းကြည့်ပါ။ Zero Volt မပြမချင်းစောင့်ပါ။ Zero ဖြစ်သွားမသာ Hybrid စနစ်ကို ဆက်လက်ပြုပြင်သင့်ပါတယ်။
ပြုပြင်ခြင်း
Hybrid စနစ်ပြုပြင်ခြင်းဟာ ကားရဲ့ တခြားစနစ်တွေဖြစ်တဲ့ အင်ဂျင်၊ အောက်ပိုင်း၊ ဘရိတ် စတာတွေကို ပြုပြင်တာနဲ့ သိပ်တော့ ပိုပြီးထူးခြားမနေပါဘူး။ ထုံးစံအတိုင်းပဲ Diagnostic Tester (Scan Tool) တစ်ခုခုကို သုံးပြီး DTC ကုတ်တွေဖတ်မယ်၊ သင့်တော်တဲ့ Repair Manual (သို့) Trouble Shooting တွေအားကိုးပြီး အဆင့်ဆင့် ပြုပြင်မယ်ဆိုရင် ပြုပြင်လို့ရပါတယ်။
Hybrid စနစ်မာ ပုံမန်အားဖြင့် DTC ၃ မျိုးရိတယ်။ ၁ Hybrid ECU ရဲ့ ပြနာ ၊ ၂ ဆင်ဆာ၊ ဝါယာကြိုး၊ Actuator စတာတွေရဲ့ ပြနာ ၊ ၃ Hybrid စနစ်ရဲ့ အဓိကပြနာတွေဖြစ်တဲ့ ဗို့အားအလွန်နည်းခြင်း၊ ဗို့အားအလွန်များခြင်း၊ ပုံစံမမန်တဲ့ လျပ်စီး စီးဆင်းမု၊ Motor Generator တွေရဲ့ အလုပ်လုပ်ပုံမားယွင်းမု စတဲ့ ပြနာတွေပဲဖြစ်ပါတယ်။ တခြား စနစ်တွေနဲ့ မတူတဲ့ အချက်က Hybrid ကားတွေမာ တစ်ခုခုပြနာတက်ရင် DTC ကုဒ်တွေ အများကြီးပေါ်လာခြင်းပဲဖြစ်ပါတယ်။ ကုဒ်တွေများလွန်းလို့ ဘယ်ကစကိုင်ရမန်းမသိဖြစ်တတ်ပါတယ်။ ပြနာဇစ်မြစ်ကို သိဖို့ ကုဒ်တွေအားလုံးကို တဆင့်ပြီးတဆင့် ခွဲထုတ်ဖို့လိုအပ်တယ်။
ဥပမာ - P0A78-279 Motor inverter overvoltage signal detection (overvoltage (inverter malfunction)) ရယ်၊ P0A94-548: Boost converter overvoltage signal detection (overvoltage due to an inverter assembly malfunction) ရယ် ၊ P0ADC-226: Open or short to +B in the SMRB circuit ရယ် ဆိုပြီး ကုဒ် ၃ ခုပေါ်တယ်ဆိုပါတော့။
ဒါတောင် တခြား အင်ဂျင်ကုဒ်တွေ၊ ဘရိတ်၊ အောက်ပိုင်း DTC ကုဒ်တွေ ပေါ်တာရိသေးတယ်။ ချန်ထားခဲ့တာ။ ဒီ ကုဒ် ၃ ခုထဲက ဘယ်ဟာက အဓိက ကျသလဲ အဖြေရာတတ်ဖို့လိုပါတယ်။ ဒီ ၃ ခုထဲမာ Overvoltage ဖြစ်တာ ၂ ခုပါတယ်။ Motor inverter နဲ့ Boost converter ၂ခုမာ ဗို့အားများနေတာ။ နောက်တစ်ခုကတော့ SMRB ဆားကစ်မာ +B ငုတ်က ပြတ်နေတာလည်းဖြစ်နိုင်သလို၊ ရော့ကျနေတာလည်း ဖြစ်နိုင်တယ်။
ဒီတော့ Overvoltage တွေဖြစ်လို့ ငုတ်မာ ရော့ဖြစ်တာလား (သို့) ကြိုးပြတ်တာလား၊ ငုတ်ရော့ဖြစ်လို့ (သို့) ကြိုးပြတ်လို့ Overvoltage ဖြစ်တာလား စဉ်းစားရတော့မယ်။ (မတ်ချက်။ လျပ်စစ်အကြောင်းကိုသေချာနားလည်မသာ အဖြေရာနိုင်မာဖြစ်တယ်နော်)
SMRB ဆိုတာ Hybrid ဘက်ထရီကို အားသွင်းတဲ့ ဆားကစ်ပါ။ ဒီဆားကစ်ကို ထိန်းချုပ်တဲ့ ကွိုင်ပြတ်သွားလို့ လျပ်စစ်က ဘက်ထရီဆီမရောက်တော့ပဲ Inverter ဆီပြန်ရောက်လာတယ်။ ဒီတော့ Inverter ထဲမာရိတဲ့ Capacitor မာ ဗို့အားတွေများလာပြီး Overvoltage ကုဒ်တွေထွက်လာရော။ ဒါကြောင့် အဓိကပြနာက SMRB Circuit မာပဲဖြစ်ပါတယ်။
Hybrid ကုဒ်တွေမာ P0ADC-226 ဆိုပြီး နောက်ဆက်တွဲနံပါတ်တွေရေးထားတတ်တယ်။ ဒါကတော့ P0ADC ကုဒ်မာကိုပဲ ကုဒ်အခွဲတွေအများကြီးထပ်ရိသေးတယ်ဆိုတဲ့ သဘောပါ။ P0ADC ကိုပဲသိလို့မရဘူး။ သူ့နောက်က ဂဏန်း ၃ လုံးကိုပါသိမ တိတိကျကျပြုပြင်လို့ရမာပါ။
များပြားလတဲ့ ကုဒ်တွေကို စစ်ဆေးဖို့ Freeze Frame Data ဟာ သိပ်ကို အရေးကြီးလပါတယ်။ Hybrid ကားတွေကို ပြုပြင်တော့မယ်ဆိုရင် Hybrid စနစ်ကို ပြုပြင်တော့မယ်ဆိုရင် FFD တွေသိမ်းထားဖို့ မမေ့ပါနဲ့။
နောက်ဆုံးအနေနဲ့ ဖော်ပြချင်တာကတော့ Hybrid စနစ်ရဲ့ ဗို့အားမြင့် စနစ်ကို ပြုပြင်မယ်ဆိုရင် ဖြုတ်ပြီးတဲ့ နပ်တွေကို အသစ်လဲလယ်ပေးရပါမယ်။ ဒါကြောင့် အသစ်လဲလယ်ဖို့ နပ်အပို အသစ် မရိဘူးဆိုရင် အရင်ဆုံးကြိုဝယ်ထားပါ။ Hybrid စနစ်မာသုံးထားတဲ့ နပ်တွေကို ဖြုတ်ပြီးခါမ ပြန်တပ်ရင် အန္တရာယ်အလွန်ကြီးပါတယ်။
Zawgyi
Hybrid ကားတွေ ရန်ကုန်မှာ ခုဆို အတော်လေးများနေပြီလို့ထင်ပါတယ်။ ပြင်ဆင်မှုတွေ၊ ပုံမှန်ပြုပြင်ထိန်းသိမ်းမှုတွေလည်း အတော်အသင့်လုပ်လေ့ရှိပြီပေါ့။ ဒီပို့စ်မှာတော့ Hybrid ကားတစ်စီးကို ဘယ်လိုပြုပြင်စစ်ဆေးသင့်တယ်ဆိုတဲ့ အချက်တချို့ကို ဖော်ပြပေးချင်ပါတယ်။
Precautions
တကယ်လို့ Insulated ဂွင်းဂွ ရှာမရရင် သုံးနေကျ ဂွင်းဂွကို တိပ်ပတ်ပြီး သုံးလည်း ရပါတယ်။ Hybrid ကားထုတ်လုပ်တဲ့ ကားကုမ္ပဏီတွေရဲ့ လမ်းညွှန်ချက်အရ လက်အိတ်ကတော့ မရှိမဖြစ်လိုအပ်တယ်။
အကာအကွယ်ပစ္စည်းတွေကို ၀တ်ဆင်ပြီးရင် ပထမဆုံးလုပ်ရမှာက Service Plug Grip ကိုဖြုတ်ဖို့ပါ။ Hybrid Battery မှာပါတဲ့ Service Plug Grip ကိုဖြုတ်လိုက်ရင် Hybrid စနစ်က လျှပ်စစ်ဗို့အားကို ဖြတ်တောက်လိုက်တဲ့သဘောပါပဲ။
ပြုပြင်ခြင်း
Hybrid စနစ်မှာ ပုံမှန်အားဖြင့် DTC ၃ မျိုးရှိတယ်။ ၁ Hybrid ECU ရဲ့ ပြဿနာ ၊ ၂ ဆင်ဆာ၊ ၀ါယာကြိုး၊ Actuator စတာတွေရဲ့ ပြဿနာ ၊ ၃ Hybrid စနစ်ရဲ့ အဓိကပြဿနာတွေဖြစ်တဲ့ ဗို့အားအလွန်နည်းခြင်း၊ ဗို့အားအလွန်များခြင်း၊ ပုံစံမမှန်တဲ့ လျှပ်စီး စီးဆင်းမှု၊ Motor Generator တွေရဲ့ အလုပ်လုပ်ပုံမှားယွင်းမှု စတဲ့ ပြဿနာတွေပဲဖြစ်ပါတယ်။ တခြား စနစ်တွေနဲ့ မတူတဲ့ အချက်က Hybrid ကားတွေမှာ တစ်ခုခုပြဿနာတက်ရင် DTC ကုဒ်တွေ အများကြီးပေါ်လာခြင်းပဲဖြစ်ပါတယ်။ ကုဒ်တွေများလွန်းလို့ ဘယ်ကစကိုင်ရမှန်းမသိဖြစ်တတ်ပါတယ်။ ပြဿနာဇစ်မြစ်ကို သိဖို့ ကုဒ်တွေအားလုံးကို တဆင့်ပြီးတဆင့် ခွဲထုတ်ဖို့လိုအပ်တယ်။
ဒါတောင် တခြား အင်ဂျင်ကုဒ်တွေ၊ ဘရိတ်၊ အောက်ပိုင်း DTC ကုဒ်တွေ ပေါ်တာရှိသေးတယ်။ ချန်ထားခဲ့တာ။ ဒီ ကုဒ် ၃ ခုထဲက ဘယ်ဟာက အဓိက ကျသလဲ အဖြေရှာတတ်ဖို့လိုပါတယ်။ ဒီ ၃ ခုထဲမှာ Overvoltage ဖြစ်တာ ၂ ခုပါတယ်။ Motor inverter နဲ့ Boost converter ၂ခုမှာ ဗို့အားများနေတာ။ နောက်တစ်ခုကတော့ SMRB ဆားကစ်မှာ +B ငုတ်က ပြတ်နေတာလည်းဖြစ်နိုင်သလို၊ ရှော့ကျနေတာလည်း ဖြစ်နိုင်တယ်။
ဒီတော့ Overvoltage တွေဖြစ်လို့ ငုတ်မှာ ရှော့ဖြစ်တာလား (သို့) ကြိုးပြတ်တာလား၊ ငုတ်ရှော့ဖြစ်လို့ (သို့) ကြိုးပြတ်လို့ Overvoltage ဖြစ်တာလား စဉ်းစားရတော့မယ်။ (မှတ်ချက်။ လျှပ်စစ်အကြောင်းကိုသေချာနားလည်မှသာ အဖြေရှာနိုင်မှာဖြစ်တယ်နော်)
နောက်ဆုံးအနေနဲ့ ဖော်ပြချင်တာကတော့ Hybrid စနစ်ရဲ့ ဗို့အားမြင့် စနစ်ကို ပြုပြင်မယ်ဆိုရင် ဖြုတ်ပြီးတဲ့ နပ်တွေကို အသစ်လဲလှယ်ပေးရပါမယ်။ ဒါကြောင့် အသစ်လဲလှယ်ဖို့ နပ်အပို အသစ် မရှိဘူးဆိုရင် အရင်ဆုံးကြိုဝယ်ထားပါ။ Hybrid စနစ်မှာသုံးထားတဲ့ နပ်တွေကို ဖြုတ်ပြီးခါမှ ပြန်တပ်ရင် အန္တရာယ်အလွန်ကြီးပါတယ်။
Credit; CG GPS Myanmar
Read times
Rate this item
(1 Vote)