How To



Engine Head Gasket မပျက်အောင် ဘာတွေ ပြုပြင်ထိန်းသိမ်းသင့်သလဲ?

Engine Head Gasket မပျက်အောင် ဘာတွေ ပြုပြင်ထိန်းသိမ်းသင့်သလဲ? google

Engine Head Gasket ပျက်ရတဲ့ အကြောင်းရင်းတွေထဲကအဖြစ်များဆုံးကတော့ အင်ဂျင် Heat တက်တာပါ။ အင်ဂျင်အအေးပေးစနစ်မှာရှိတဲ့ Fan Motor ၊ Water Pump ၊ Radiator ၊ Coolant ၊ Thermostat အစရှိတဲ့ ပစ္စည်းအစိတ်အပိုင်းတွေချို့ယွင်းတာကိုသတိမပြုမိဘဲ မောင်းနှင်မိတာကြောင့် Heat တက် Gasket ပျက်တာများပါတယ်။

 

ဒါကြောင့် ကားမောင်းတယ်ဆို အရင်ဆုံး ဆီ၊ ရေ၊ လေ၊ ဝိုင် သတိထားရမှာဖြစ်သလို ကားဒိုင်ခွက်ထဲက အင်ဂျင်ဝိုင်မီး လင်းလာသလား၊ Heat Gauge ပုံမှန်ရှိရဲ့လားဆိုတာ အမြဲသတိထားပြီးမောင်းနှင်ရမှာဖြစ်ပါတယ်။

 

နောက် Gasket ပျက်စေတဲ့အကြောင်းက Combustion Chamber နဲ့ချိတ်ဆက်နေတဲ့ Pistons တွေထိပ်မှာ ကာဗွန်ဂျိုးများပြီး မီးသံခေါက်တာမျိုးတွေကြောင့် Head Gasket နာတာဖြစ်နိုင်ပါတယ်။ နောက်တစ်ချက်က အင်ဂျင် Overhaul (အင်ဂျင်ကိုင်တာ) လုပ်တဲ့အချိန် Head Bolt တွေဆွဲတဲ့အခါမျိုးမှာ လိုအပ်တဲ့ Bolt Nut Tight တဲ့စံသတ်မှတ်ချက်တွေ မမီတာတွေကြောင့်လည်း Gasket ပျက်တာမျိုးတွေဖြစ်နိုင်ပါတယ်။

 

အားလုံးကိုခြုံငုံပြောရမယ်ဆိုရင် Head Gasket ပျက်တယ်ဆိုတာ အင်ဂျင်တစ်လုံးပျက်စီးဖို့အတွက် လမ်းစဖြစ်လို့ အင်မတန်အန္တရာယ်ကြီးပါတယ်။ ဒါကြောင့် မိတ်ဆွေတို့ရဲ့ကားတွေမှာ ဖော်ပြထားတဲ့ Gasket ပျက်တယ်လို့ယူဆနိုင်တဲ့ ရောဂါလက္ခဏာ တစ်ခုခုဖြစ်စေ၊ နှစ်မျိုးသုံးမျိုးစုပေါင်းပြီးဖြစ်စေ တွေ့တယ်ဆိုရင် ကျွမ်းကျင်ဝပ်ရှော့တွေမှာပြသပြီး Engine Head Gasket ပျက်တာ ဟုတ်/မဟုတ် စစ်ဆေးပြုပြင်ရမှာဖြစ်ပါတယ်။

 

Head Gasket ပျက်တဲ့ရောဂါလက္ခဏာတွေ တွေ့ရဲ့သားနဲ့ အလျင်အမြန် ပြုပြင်ထိန်းသိမ်းတာတွေမလုပ်တာကြောင့် အင်ဂျင်ဝိုင်နဲ့ရေရောပြီး အင်ဂျင်အစိတ်အပိုင်းတစ်ခုလုံးပျက်စီးတာ၊ Bearing တွေဖမ်းတာ၊ အရည်ပျော်သွားတာတွေဖြစ်ပြီး အင်ဂျင်တစ်ခုလုံးလဲလှယ်ရတာမျိုးတွေထိ ကြုံတွေရဖူးပါတယ်။ ဒါကြောင့် မိတ်ဆွေတို့ကားလေးတွေရဲ့ Engine ကျန်းမာရေးအတွက် Engine Head Gasket မပျက်အောင ဘာတွေ ပြုပြင်ထိန်းသိမ်းသင့်သလဲဆိုတာကို သတိထားဆင်ခြင်နိုင်အောင် တင်ပြပေးလိုက်ရပါတယ်။

 

 

 

Credit; Lynn Za Nee(PTU)

Read times
Rate this item
(2 votes)