How To

City Brake Active system or Control Brake Assist (CTBA) ခလုတ်လေးကဘယ်လိုအလုပ်သလဲ

City Brake Active system or Control Brake Assist (CTBA) ခလုတ်လေးကဘယ်လိုအလုပ်သလဲ google

CTBA သည်မော်တော်ယာဉ်အား မြန်နှုန်း နိမ့် မောင်းနှင်နေစဉ် မှာ ယာဉ်မတော်တဆမှု ကို ရှောင်ရှား(သို့မဟုတ်)လျော့ပါးနိုင် စေရန်ကူညီဖို့ အထူးပြုလုပ်ထားခြင်း ဖြစ်ပါတယ်။

CTBA ကို ON(အသုံးပြုထားရင်) သော့ဖွင့်ချိန် ဒိုင်ခွက်မီးများနှင့်အတူ CTBA မီးဝါလေး လင်းလာပါမယ်။

OFF (အသုံးမပြုရင်) ဒိုင်ခွက် ၌ CTBA မီးမလင်းပါ။

CTBA ကို ON ထားပီး စတပ်ဆွဲ စက်နိုးပီးရင်တော့ CTBA မီးဝါလေး ငြိမ်းသွားရပါမယ်။ မငြိမ်းဘဲ ဆက်လင်းနေသေးရင် CTBA မှာ ပြသာနာ ရှိနေပါပြီ။

CTBA ရဲ့လေဆာ ထောက်လှမ်းရေးဆင်ဆာ သည် ရှေ့မှန်ကြီးမှာ တပ်ဆင်ထားတဲ့ နောက်ကြည့်မှန် အနောက် မှာ လုံခြုံစွာ တပ်ဆင်ထားပါတယ်။

အကယ်၍ ရှေ့မှန်ကြီးမှာ ဖုန်မှုန့်များ။ ရေခဲများ ။နှင်းမှုန်များ ကပ်နေလျှင် ဝိုက်ဘာနှင့် ဆေးကြောပါ။ CTBA ဆင်ဆာ သည် ရှေ့မြင်ကွင်းကို ထောက်လှမ်းရသောကြောင့် ရှေ့မှန်ကြီးမှာ ညစ်ပေနေလျင် ဆင်ဆာ ကောင်းစွာ အလုပ် မလုပ်နိုင်တော့ပါ။

ဒါကို CTBA မီးဝါလေးလင်း ပီး ယာဉ်မောင်းသူကို အသိပေးပါတယ်။(ဆင်ဆာမြင်ကွင်း အား သန့်ရှင်းစွာထားပါ)

CTBA သည် ယာဉ်တိုက်မှုဖြစ်နိုင်ချေ ကို အမြန်နှူန်း ၅ ကီလိုမီတာ မှ ၃၀ကီလိုမီတာ အတွင်း မှာ အာရုံခံ ထောက်လှမ်း ထိန်းချုပ်နိုင်စွမ်းရှိပါတယ်။

CTBA သည် ယာဉ်တိုက်မှုဖြစ်နိုင်ချေ ရှိလျှင် အသံဖြင့်အချက်ပေးခြင်း၊ CTBA မီးမှိတ်တုတ်မှိတ်တုတ် လင်း၍ အချက်ပြခြင်း၊ နောက်ဆုံး ဘရိတ်အုပ်ပေးခြင်း ပြုလုပ်ပေးပါတယ်။

ယာဉ်မောင်းသင်ခါစ လီဘာနဲ့ဘရိတ် မှားနင်းခြင်း မရည်ရွယ်ဘဲ လီဘာ ဆောင့်နင်းမိခြင်း(10kmh) ယာဉ်မောင်းသူ မှ ယာဉ်တိုက်မှုဖြစ်နိုင်ချေကို သတိမထားမိခြင်း၊ ဘရိတ်နင်းရန် နှေးကွေးနေခြင်း တို့ဖြစ်လာလျှင် CTBA က အလိုအလျောက် ဘရိတ်အုပ်ပေးပီး ယာဉ်တိုက်မှုမှ ရှောင်ရှား ပေးပါတယ်။

သတိပြုရန်။ ။CTBA သည် ယာဉ်မောင်းသူ၏ ဘရိတ်နင်းခြင်း ကို မပြုလုပ်ဘဲ နေနိုင်ရန် အစားထိုး ထည့်ထားခြင်း မဟုတ်ပါ ။

စာကြွင်း။ ။(ဆင်ဆာ ကို အားကိုးထားပါသဖြင့် ယုံစားပီး ဘရိတ်မနင်းဘဲ နေ၍တိုက်မိလျင်တော့ ကျွန်တော်နှင့် မဆိုင်ပါ ခင်ဗျာ)

Unicode

Credit; Original Writer

Read times
Rate this item
(0 votes)