How To



လမ်းများ အခိုင်အမာ ပိတ်ဆို့ခြင်းနှင့် စပ်လျဉ်း၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထုတ်ပြန်ကြေညာ

လမ်းများ အခိုင်အမာ ပိတ်ဆို့ခြင်းနှင့် စပ်လျဉ်း၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထုတ်ပြန်ကြေညာ Facebook

လမ်းများ အခိုင်အမာ ပိတ်ဆို့ခြင်းနှင့် စပ်လျဉ်း၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထုတ်ပြန်ကြေညာထားပါသည်။

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

တိုင်းဒေသကြီးအစိုးရအဖွဲ့

ရန်ကုန်တိုင်းဒေသကြီး 

ရန်ကုန်တိုင်းဒေသကြီး  Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် 

အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီ

စာအမှတ်၊ ၄ / ၈ -၂ (COVID-19) / ကော်မတီ 

ရက်စွဲ၊ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁ ရက်

သို့

ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(အရှေ့ပိုင်း၊ အနောက်ပိုင်း၊ မြောက်ပိုင်း) 

 

အကြောင်းအရာ ။ သိရှိလိုက်နာဆောင်ရွက်သွားရန်ကိစ္စ 

 

၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ အမိန့်အမှတ်(၁၀၀/၂၀၂၀)၊ (၁၀၂/၂၀၂၀) တို့ဖြင့် နေအိမ်တွင် နေထိုင်ရေး(Stay at Home) အစီအစဉ်တွင်အကျုံးဝင်ကြောင်း ထုတ်ပြန်ကြေညာထား သည့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၈)မြို့နယ်တွင် ရပ်ကွက်အလိုက် လမ်းများအား အခိုင်အမာပိတ်ဆို့ထားရှိကြောင်း စိစစ်တွေ့ရှိရပါသည်။ 

 

 ၂။ သို့ဖြစ်ပါ၍ stay at Home အစီအစဉ်တွင် အကျုံးဝင်သည့် မြို့နယ်များရှိ ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Stay at Home စည်းကမ်းချက်များ အတိုင်း တိကျစွာလိုက်နာဆောင်ရွက်သွားကြရန်နှင့် ကြားလမ်းများအား ဝင်/ထွက်သွားလာမှု အဆင်ပြေအောင်သာပိတ်ပြီး အခိုင်အမာပိတ်ဆို့ထားခြင်းမပြုရန်၊ သစ်ပင်များခုတ်လှဲချ၍ပိတ်ခြင်း၊ သစ်သား) သံပြား/သွပ်ပြားများဖြင့် အပြည့်ကာရံပိတ်ထားခြင်းများ မဖြစ်စေရေး စစ်ဆေးကြပ်မတ်ဆောင်ရွက် သွားရန် အကြောင်းကြားပါသည်။

ဥက္ကဋ္ဌ(ကိုယ်စား)

 ( မိုးဟိန်း၊ တွဲဖက်အတွင်းရေးမှူး )

မိတ္တုကို

ရန်ကုန်တိုင်းဒေသကြီးလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး

ရန်ကုန်တိုင်းဒေသကြီးလူမှုရေးဝန်ကြီး

ရန်ကုန်တောင်ပိုင်းခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန

ရုံးလက်ခံ/ မျှောစာတွဲ

notice.jpg

 

Read times
Rate this item
(1 Vote)