How To



အင်ဂျင်ဝိုင် မရှိဘဲ ဘယ်လောက်ကြာကြာ မောင်းနိုင်သလဲ

ကားအင်ဂျင် ကြံ့ခိုင်ရေးအတွက် အင်ဂျင်ဝိုင်ကို ပုံမှန်လဲပေးနေဖို့ လိုတယ်။

ကားတစ်စီးကို အမြင်တင့်တယ်အောင် ရေဆေး ပါလစ်တင်တာကို ပုံမှန် လုပ်ပေးနေတဲ့နည်းတူ ကားအင်ဂျင်ဝိုင်ကိုလည်း ဆီဟောင်းဖောက်ထုတ်ပြီး အသစ်လဲပေးဖို့ လိုတယ်။ 

အင်ဂျင်ထဲမှာ အင်ဂျင်ဝိုင် မရှိရင် အင်ဂျင်က ဘယ်လောက် ကြာကြာခံနိုင်သလဲ။ အင်ဂျင်ထဲ အင်ဂျင်ဝိုင် မရှိတဲ့ ကားကို ဘယ်လောက် ကြာကြာ မောင်းနိုင်သလဲဆိုတာ လက်တွေ့သိဖို့ အိမ်က ကားနဲ့ စမ်းကြည့်ကြမှာ မဟုတ်ဘူး။ အဲဒီမေးခွန်းရဲ့ အဖြေကို သိရဖို့ CarWow က စမ်းသပ်ခဲ့တယ်။
ကားအဟောင်း သုံးမျိုးဖြင့် စမ်းသပ်ခဲ့ကြတယ်။
Ford Focus ၊ Honda Civic နဲ့ Peugeot 206 သုံးမျိုးဖြင့် စမ်းသပ်ခဲ့တာ ဖြစ်ပါတယ်။ ရက်ရက်စက်စက် စမ်းသပ်ခဲ့တာလို့တောင် ဆိုရမယ်။
အင်ဂျင်ထဲမှာ ရှိတဲ့ အင်ဂျင်ဝိုင်တွေကို ဖောက်ချရှင်းထုတ်ပစ်တဲ့အပြင် အင်ဂျင်အေးအောင် လုပ်ပေးတဲ့ ရေကိုပါ ဖောက်ချပစ်လိုက်တယ်။
အင်ဂျင်ကို စက်နှိုးပြီးတဲ့အခါ လီဗာကို နင်းပေးထားပြီး အင်ဂျင်ကို လည်ခိုင်းထားတာ နောက်ဆုံး ထိုးရပ်သွားတဲ့ အထိ ဖြစ်ပါတယ်။

အဲဒီလို မညှာမတာ နှိပ်စက် ညှင်းပန်းမှုမှာ အရင်ဆုံး ကျဆုံးသွားတာ Ford Focus ဖြစ်တာ တွေ့ ရတယ်။ စက္ကန့် ၂၀ အကြာမှာ အလံဖြူ ပြသွားတယ်။
Peugeot က မီးခိုးတွေ အူထွက်လာတယ်။ ၄၇ စက္ကန့်ကြာပြီးချိန်မှာ ကျဆုံးသွားတယ်။
သုံးစီးမှာ နှစ်စီးက လစ်သွားပြီဆိုတော့ တစ်စီးပဲ ကျန်တယ်။
Honda Civic က ဘယ်လောက်ကြာကြာခံမှာလဲ။
တစ်မိနစ်ကြာပြီးချိန်အထိ တောင့်ခံနိုင်နေတယ်။ ဒါပေမဲ့ ပြဿနာတွေ စတက်လာတယ်။ အင်ဂျင် မီးခိုးအူတယ်။ လည်နှုန်း ထိုးကျသွားတာ ၄ ၀၀၀ rpm လောက်ပဲ ရှိတော့တယ်။
အသက်ငင်နေပြီ ဖြစ်ပေမဲ့ မောင်းလို့ ရနေသေးတယ်။ အင်ဂျင်ကတော့ အခြေအနေ ပိုဆိုးလာနေတာ သေချာပါတယ်။ မက္ကင်းနစ်ကို မေးကြည့်ဖို့ မလိုလောက်ဘူး။
၆ မိနစ် ၂၂ စက္ကန့်ကြာပြီးချိန်မှာ အင်ဂျင် အသက်ထွက်သွားခဲ့ပါတယ်။

မှတ်တမ်းတင် ဗီဒီယိုက အဲဒီမှာ အဆုံးသတ် မသွားဘူး။ အချိုရည်တွေ အင်ဂျင်ထဲ လောင်းထည့် ပေးပြီး စက်ပြန်နှိုးကြည့်တဲ့အခါ စက်နိုးတယ်။ ပြီးမှ နောက်ဆုံးထွက်သက် ထုတ်လုပ်ပြီး ငြိမ်ကျသွားတယ်။

အခုစမ်းသပ်ချက်ကို တင်ပြရခြင်း ရည်ရွယ်ချက်ဟာ ကားအင်ဂျင်မှာ ဆီ ရှိမရှိ စစ်ဆေးဖို့ကို သတိရစေလိုတယ်။ ဆီယိုတာ ရှိမရှိ ဆိုတာကိုလည်း ကားအောက်ဘက် ကြမ်းပြင်ကို တစ်ချက်ကြည့်ပြီး စစ်ဆေးသင့်တယ်။ စက်နှိုးပြီးချိန်မှာ အင်ဂျင်ဝိုင်ပန့်မှာ ပြဿနာ ရှိနေလို့ မီးလင်းပြီး အချက်ပြနေတာ ဒိုင်ခွက်မှာ တွေ့ရင် အမြန်ဆုံး ပြုပြင်ပေးဖို့ လုပ်ပါ။ စက္ကန့်ပိုင်း အတွင်းမှာ အကြီးအကျယ် ပျက်စီးတတ်တဲ့ကိစ္စ ဖြစ်တယ်ဆိုတာ သတိမူမိစေဖို့ ဖြစ်ပါတယ်။

 

အင္ဂ်င္၀ိုင္ မရွိဘဲ ဘယ္ေလာက္ၾကာၾကာ ေမာင္းႏိုင္သလဲ

ကားအင္ဂ်င္ ႀကံ့ခိုင္ေရးအတြက္ အင္ဂ်င္ဝိုင္ကို ပုံမွန္လဲေပးေနဖို႔ လိုတယ္။ ကားတစ္စီးကို အျမင္တင့္တယ္ေအာင္ ေရေဆး ပါလစ္တင္တာကို ပုံမွန္ လုပ္ေပးေနတဲ့နည္းတူ ကားအင္ဂ်င္ဝိုင္ကိုလည္း ဆီေဟာင္းေဖာက္ထုတ္ၿပီး အသစ္လဲေပးဖို႔ လိုတယ္။
အင္ဂ်င္ထဲမွာ အင္ဂ်င္ဝိုင္ မရွိရင္ အင္ဂ်င္က ဘယ္ေလာက္ ၾကာၾကာခံႏိုင္သလဲ။ အင္ဂ်င္ထဲ အင္ဂ်င္ဝိုင္ မရွိတဲ့ ကားကို ဘယ္ေလာက္ ၾကာၾကာ ေမာင္းႏိုင္သလဲဆိုတာ လက္ေတြ႕သိဖို႔ အိမ္က ကားနဲ႔ စမ္းၾကည့္ၾကမွာ မဟုတ္ဘူး။ အဲဒီေမးခြန္းရဲ႕ အေျဖကို သိရဖို႔ CarWow က စမ္းသပ္ခဲ့တယ္။
ကားအေဟာင္း သုံးမ်ိဳးျဖင့္ စမ္းသပ္ခဲ့ၾကတယ္။
Ford Focus ၊ Honda Civic နဲ႔ Peugeot 206 သုံးမ်ိဳးျဖင့္ စမ္းသပ္ခဲ့တာ ျဖစ္ပါတယ္။ ရက္ရက္စက္စက္ စမ္းသပ္ခဲ့တာလို႔ေတာင္ ဆိုရမယ္။
အင္ဂ်င္ထဲမွာ ရွိတဲ့ အင္ဂ်င္ဝိုင္ေတြကို ေဖာက္ခ်ရွင္းထုတ္ပစ္တဲ့အျပင္ အင္ဂ်င္ေအးေအာင္ လုပ္ေပးတဲ့ ေရကိုပါ ေဖာက္ခ်ပစ္လိုက္တယ္။
အင္ဂ်င္ကို စက္ႏႈိးၿပီးတဲ့အခါ လီဗာကို နင္းေပးထားၿပီး အင္ဂ်င္ကို လည္ခိုင္းထားတာ ေနာက္ဆုံး ထိုးရပ္သြားတဲ့ အထိ ျဖစ္ပါတယ္။

အဲဒီလို မညႇာမတာ ႏွိပ္စက္ ညႇင္းပန္းမႈမွာ အရင္ဆုံး က်ဆုံးသြားတာ Ford Focus ျဖစ္တာ ေတြ႕ ရတယ္။ စကၠန႔္ ၂၀ အၾကာမွာ အလံျဖဴ ျပသြားတယ္။
Peugeot က မီးခိုးေတြ အူထြက္လာတယ္။ ၄၇ စကၠန႔္ၾကာၿပီးခ်ိန္မွာ က်ဆုံးသြားတယ္။
သုံးစီးမွာ ႏွစ္စီးက လစ္သြားၿပီဆိုေတာ့ တစ္စီးပဲ က်န္တယ္။
Honda Civic က ဘယ္ေလာက္ၾကာၾကာခံမွာလဲ။
တစ္မိနစ္ၾကာၿပီးခ်ိန္အထိ ေတာင့္ခံႏိုင္ေနတယ္။ ဒါေပမဲ့ ျပႆနာေတြ စတက္လာတယ္။ အင္ဂ်င္ မီးခိုးအူတယ္။ လည္ႏႈန္း ထိုးက်သြားတာ ၄ ၀၀၀ rpm ေလာက္ပဲ ရွိေတာ့တယ္။
အသက္ငင္ေနၿပီ ျဖစ္ေပမဲ့ ေမာင္းလို႔ ရေနေသးတယ္။ အင္ဂ်င္ကေတာ့ အေျခအေန ပိုဆိုးလာေနတာ ေသခ်ာပါတယ္။ မကၠင္းနစ္ကို ေမးၾကည့္ဖို႔ မလိုေလာက္ဘူး။
၆ မိနစ္ ၂၂ စကၠန႔္ၾကာၿပီးခ်ိန္မွာ အင္ဂ်င္ အသက္ထြက္သြားခဲ့ပါတယ္။

မွတ္တမ္းတင္ ဗီဒီယိုက အဲဒီမွာ အဆုံးသတ္ မသြားဘူး။ အခ်ိဳရည္ေတြ အင္ဂ်င္ထဲ ေလာင္းထည့္ ေပးၿပီး စက္ျပန္ႏႈိးၾကည့္တဲ့အခါ စက္ႏိုးတယ္။ ၿပီးမွ ေနာက္ဆုံးထြက္သက္ ထုတ္လုပ္ၿပီး ၿငိမ္က်သြားတယ္။

အခုစမ္းသပ္ခ်က္ကို တင္ျပရျခင္း ရည္႐ြယ္ခ်က္ဟာ ကားအင္ဂ်င္မွာ ဆီ ရွိမရွိ စစ္ေဆးဖို႔ကို သတိရေစလိုတယ္။ ဆီယိုတာ ရွိမရွိ ဆိုတာကိုလည္း ကားေအာက္ဘက္ ၾကမ္းျပင္ကို တစ္ခ်က္ၾကည့္ၿပီး စစ္ေဆးသင့္တယ္။ စက္ႏႈိးၿပီးခ်ိန္မွာ အင္ဂ်င္ဝိုင္ပန႔္မွာ ျပႆနာ ရွိေနလို႔ မီးလင္းၿပီး အခ်က္ျပေနတာ ဒိုင္ခြက္မွာ ေတြ႕ရင္ အျမန္ဆုံး ျပဳျပင္ေပးဖို႔ လုပ္ပါ။ စကၠန႔္ပိုင္း အတြင္းမွာ အႀကီးအက်ယ္ ပ်က္စီးတတ္တဲ့ကိစၥ ျဖစ္တယ္ဆိုတာ သတိမူမိေစဖို႔ ျဖစ္ပါတယ္။

Read times
Rate this item
(4 votes)