How To



ကိုယ်နဲ့ အသင့်တော်ဆုံးကားကို ဘယ်လိုရွေးချယ်မလဲ..????

ကိုယ်နဲ့ အသင့်တော်ဆုံးကားကို ဘယ်လိုရွေးချယ်မလဲ..????ွGoogle

ကားဝယ်ဖို့ စဉ်းစားတဲ့အခါ ငွေကြေးဘယ်လောက်သုံးစွဲမှာ လဲ၊ ကျောင်းသွား၊ ရုံးသွားတခြား သွားစရာလာစရာအတွက်

အဆင်ပြေဖို့ဘယ်လိုကားဝယ်မှာလဲဆိုတာခက်ခက်ခဲခဲဆုံးဖြတ်ရလေ့ရှိ ပါတယ်။ ပထမဆုံးကားဝယ်တာ ပဲဖြစ်ဖြစ်၊ အသစ်ကျပ်ချွတ်ကား ၀ယ်ရင်ပဲဖြစ်ဖြစ် ဘယ်ကားက ကိုယ့်အတွက် အသင့်တော်ဆုံး ဖြစ်မလဲ စဉ်းစားနိုင်ဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်။

ပုံမှန်အိမ်စီးကား - ကားတွေက ပုံမှန်အားဖြင့် တံခါးနှစ်ပေါက်၊ တံခါးလေးပေါက်ပုံစံထုတ်လုပ် ကြပြီး ပုံမှန်အိမ်စီးကားတွေက တော့ လမ်းအတွက်ရော၊ သွား စရာလာစရာခရီးအတိုအရှည်မ ရွေးပါ အဆင်ပြေလေ့ရှိပါတယ်။

ပြိုင်ကား - ပြိုင်ကားတွေကတော့ တံခါးနှစ်ပေါက်ပုံစံမျိုးတွေဖြစ်ပြီး ကားမြန်မြန်မောင်းရတာကို သ ဘောကျသူတွေက အများဆုံးရွေး လေ့ရှိပါတယ်။ စုံတွဲတွေနဲ့ ကလေးနည်းတဲ့ မိသားစုတွေအတွက်ပဲ အဆင်ပြေမှာပါ။

ဗင်ကား - ဗင်ကားတွေမှာ နှစ်မျိုးနှစ်စားရှိပြီး ပုံမှန်ဗင်ကားကတော့ စီးပွားရေးလုပ်ငန်းတွေအတွက် သုံးလေ့ရှိပါတယ်။ မီနီဗင်တွေက တော့ ကလေးတွေကြိုပို့ဖို့ အဆင် ပြေတဲ့အတွက် လူကြိုက်များပါ တယ်။ မီနီဗင်က လူ ခုနစ်ယောက် လောက်စီးနိုင်တဲ့အပြင် ပစ္စည်း တင်ဖို့လည်း နေရာကျယ်ကျယ်ပါ ကာ ကိုယ့်စိတ်ကြိုက်ပြုပြင်ပြောင်းလဲနိုင်ပါသေးတယ်။

SUV - မြို့တွင်းမြို့ပြင်သွားလာလို့ အဆင်ပြေအောင်ထုတ်ထားတဲ့ SUV ကားတွေကတော့ ဒီနေ့ခေတ်မှာ လူကြိုက်များပါတယ်။ Four Wheel Drive ဖြစ်ပြီး ကားမော်ဒယ်အလိုက် မီနီဗင်တွေလိုမျိုးပဲ လူ ငါးယောက်ကနေ ကိုးယောက် အထိ ဆံ့ပါတယ်။ ဆီစားတဲ့အ တွက် အိမ်နဲ့ ရုံးလောက်ပဲ အသွား အပြန်လုပ်သူတွေအတွက်တော့ သိပ်အဆင်မပြေပါဘူး။

ထရပ်ကား - ထရပ်ကားတွေက တော့ အလေးအပင်တွေ၊ ပစ္စည်း တွေကို နေ့စဉ်သယ်ယူသွားလာ သူတွေအကြိုက်ပါ။ မော်ဒယ်မြင့် ထရပ်ကားတွေမှာ ပစ္စည်းလည်း တင်၊ လူ ငါးယောက်လောက် လည်း စီးနိုင်တဲ့အတွက် မိသားစု တွေ ရွေးချယ်လေ့ရှိပါတယ်။ နောက်ပြီး လမ်းခရီးမှာ စခန်းချနေနိုင်ဖို့အတွက်လည်း အဆင်ပြေပါ တယ်။  

Ref: 7 Day Car

Read times
Rate this item
(0 votes)