How To



ဆိုင်ကယ်အသစ် စီးနင်းတဲ့အခါ အင်ဂျင်ကို ဘယ်လို ထိန်းသိမ်းမလဲ ?

ဆိုင်ကယ်အသစ် စီးနင်းတဲ့အခါ အင်ဂျင်ကို ဘယ်လို ထိန်းသိမ်းမလဲ ? google

ဆိုင်ကယ်တစ်စီးရဲ့ အရည်အသွေးဆိုတာ အဓိကအနေဖြင့် ဆိုင်ကယ်အင်ဂျင်ရဲ့ ရုန်းအား/ဆွဲအားနဲ့ ကြာရှည်အသုံးခံမှုကို ဦးစွာကြည့်ရှုပြီး

တည်ဆောက်မှုမှာပါဝင်တဲ့ သံဖရိမ်နဲ့ ကာဗာတွေ ကြံ့ခိုင်မှုရှိမရှိကိုတော့ ဒုတိယအနေနဲ့ ကြည့်ရှုလေ့ရှိတယ်ဆိုတာ ဆိုင်ကယ်ချစ်သူတိုင်း သိရှိပြီးသားဖြစ်ပါတယ်။

 

လက်ရှိ မြန်မာနိုင်ငံရဲ့ဈေးကွက်မှာ ရောင်းချနေတဲ့ ဆိုင်ကယ်တွေကိုကြည့်လျှင် Haojue ၊ Lifan ၊ အိန္ဒိယ DT ၊ Baja ၊ Hero ၊ Ducati စတဲ့ ဆိုင်ကယ်တွေက ၂ နှစ်အာခံပေးပြီး တခြားနာမည်ရ Honda ၊ YAMAHA ၊ Zong Shen ၊ Kenbo သတဲ့ Brand တွေကတော့ အင်ဂျင်အာမခံ ၁ နှစ်ပဲပေးကြတာ တွေ့ရပါတယ်။

 

အထူးသဖြင့် တရုတ်တံဆိပ်သစ် ဆိုင်ကယ်တွေမှာ အင်ဂျင် ၅ လ အာမခံ၊ ၃ လ အာမခံ ပေးကြသလို အများစုကတော့ အင်ဂျင် Warranty မပေးကြပါဘူး။

 

အင်ဂျင် Warranty မပေးတဲ့ တရုတ်တံဆိပ်သစ်ဆိုင်ကယ်တွေကို လေ့လာကြည့်လျှင် Spare Part ရရှိမှု ခက်ခဲနေတတ်တာ တွေ့ရှိရပါတယ်။

 

အကောင်းဆုံးကတော့ ရုန်းအား/ ဆွဲအားကောင်းတဲ့ အင်ဂျင်ရရှိချင်တယ်၊ ကိုယ့်ဆိုင်ကယ်ကို ကြာရှည်အသုံးခံချင်တယ်ဆိုရင်တော့ ဈေးနှုန်းထက် အရည်အသွေးကောင်းမွန်တဲ့ နာမည်ရ Brand တွေ ၀ယ်စီးရုံနဲ့မပြီးဘဲ ပုံမှန်ထိန်းသိမ်းတတ်ဖို့ပါ လိုအပ်တာကြောင့် ဆိုင်ကယ်ချစ်သူတွေအတွက် အင်ဂျင်သက်တမ်း ကြာရှည်ခံစေရန် လိုက်နာကျင့်သုံးရမည့် အချက်များကို ဖော်ပြပေးလိုက်ပါတယ်။

 

Brand New ဆိုင်ကယ်တိုင်း အင်ဂျင်ကျင့်ပေးရမယ်
=======================================

စတင်ဝယ်ယူခါစ Brand New ဆိုင်ကယ်ရဲ့ အင်ဂျင်သက်တမ်းကြာရှည်ခံချင်တယ်ဆိုရင် စတင်မောင်းချိန်ကတည်းက လအနည်းငယ်ကြာတဲ့အထိ အရှိန်ပြင်းပြင်းမောင်းတာထက် သာမန် အရှိန်နှုန်းသာရှိတဲ့ ကီလိုအနည်းငယ်ပဲ မောင်းနှင်ဖို့လိုပါတယ်။

 

နာမည်ရ Brand တွေရဲ့ ပညာရှင်တွေ သတ်မှတ်ထားတာကတော့ စတင်ဝယ်ယူခါစမှာ ကီလိုမီတာ သုညပဲရှိတာကြောင့် ကီလို ၀ ကနေ ၁၆၀ မီတာအတွင်းဆိုရင် တစ်နာရီကို ၃၅ ကီလိုမီတာအမြန်နှုန်းနဲ့သာ အသုံးပြုမောင်းနှင်သင့်ပြီး ကီလို ၁၆၀ မှ ရှစ်ရာအတွင်းဆိုရင်တော့ တစ်နာရီ ၄၅ ကီလိုမီတာအမြန်နှုန်းနဲ့သာ မောင်းနှင်သင့်တယ်လို့ အကြံပြုထားပါတယ်။

 

ထိုကဲ့သို့ ဒိုင်ခွက်မှာ ပြသပေးနေတဲ့ ကီလို ၈၀၀ အတွင်းကနေ ၁၆၀၀ အတွင်းဆိုရင် တစ်နာရီ ၅၅ ကီလိုမီတာအမြန်နှုန်းနဲ့သာ မောင်းနှင်သင့်သလို ကီလို ၁၆၀၀ အတွင်းကာလအထိ Highway ထွက်တာမျိုးတွေ မလုပ်သင့်ပါဘူး။

 

ဘာကြောင့်လဲဆိုတော့ Highway သွားပြီဆိုကတည်းက ဘယ်သူမဆို အမြန်ရောက်ချင်ကြတာမို့ ဒိုက်ခွက်မှာပြတဲ့ ကီလိုမီတာအမြန်နှုန်းကို သတိမပြုတော့ဘဲ လမ်းကောင်းရင် ကောင်းလို၊ ယာဉ်ကြောရှင်းရင် ရှင်းသလို အမြန်မောင်းနှင်တတ်ကြတာကြောင့် Service ကျွမ်းကျင်ပညာရှင်တွေက ယခုလို သတိပေးထားတာပဲ ဖြစ်ပါတယ်။

 

အင်ဂျင်ကျင့်ရမည့် ကီလို ၁၆၀၀ ကာလအတွင်းမှာ တကယ်လို့ ကီလိုအလိုက် သတ်မှတ်အမြန်နှုန်းထက် ကျော်လွန်မောင်းနှင်ခဲ့မယ်ဆိုရင် လပိုင်းအနည်းငယ်အတွင်းမှာပဲ အင်ဂျင်စက်သံနဲ့ အိပ်ဇောကနေ ထွက်လာတဲ့အသံဟာ ဆူဆူညံညံတွေ ထွက်ပေါ်လာတတ်ပါတယ်။

 

Honda အပါအ၀င် နာမည်ရဆိုင်ကယ်တစ်ချို့ရဲ့ Brand New ဘီးတွေ ၀ယ်စီးခါစ လအနည်းငယ်အတွင်းမှာပဲ စက်သံဆူညံနေလို့ဆိုတဲ့ ပြဿနာရဲ့အရင်းအမြစ်က အင်ဂျင်ကျင့်ရမယ့်ကာလမှာ မြန်နှုန်းမြင့်မောင်းမိတာကြောင့်ပဲ ဖြစ်ပါတယ်။

 

ဒါကြောင့် ဆိုင်ကယ်ချစ်သူတွေအနေဖြင့် အင်ဂျင်ကျင့်ရမယ့်ကာလ ကီလို ၁၆၀၀ အတွင်းမှာ Highway ထွက်တာမျိုးမလုပ်ဘဲ သူ့သတ်မှတ်ကီလိုအလိုက် အမြန်နှုန်းကို အတိုင်းအတာတစ်ခုအထိပဲ မောင်းနှင်ကြဖို့ သတိပြုစေချင်ပါတယ်။

 

အရည်အသွေးမီ အင်ဂျင်ဝိုင်ကို ရွေးချယ်ပါ
================================

ဆိုင်ကယ် Brand New စ၀ယ်ပြီဆိုတာနဲ့ တစ်ချို့က ဆိုင်ကယ်အင်ဂျင်မှာပါရှိပြီးသား အင်ဂျင်ကျင့်ဆီကို ၅ ရက် သို့မဟုတ် ၇ ရက်ခန့် စီးနင်းခိုင်းတာလည်းရှိသလို တစ်ချို့ဝပ်ရှော့ဆရာတွေကလည်း အင်ဂျင်ဝိုင် အသစ်တစ်ဘူးကို ချက်ချင်းလဲပေးလိုက်တာလည်း ရှိပါတယ်။

 

အကောင်းဆုံးကတော့ အင်ဂျင်မှာ Original ပါရှိတဲ့ အင်ဂျင်ဆီဟာ ကျင့်ဆီလို့သတ်မှတ်တာကြောင့် Highway သွားတာမျိုးမဟုတ်ခဲ့လျှင် တစ်ပတ်လောက်စီးနင်ပြီးမှ အင်ဂျင်ဝိုင်အသစ်တစ်ဘူး လဲလှယ်သင့်ပါတယ်။

 

အင်ဂျင်ဝိုင် အသစ်တစ်ဘူး လဲလှယ်တဲ့အခါမှာလည်း ဈေးနှုန်းချိုသာတာထက် အရည်အသွေးကောင်းတဲ့ ကုမ္ပဏီတွေကနေ တိုက်ရိုက်ရောင်းချတဲ့ဆိုင်၊ ဒါမှမဟုတ် ကုမ္ပဏီတွေရဲ့ အရောင်းကိုယ်စားလှယ်ဆိုင်တွေမှာပဲ ၀ယ်ယူသင့်ပါတယ်။

 

ဘာကြောင့်လဲဆိုတော့ လက်ရှိမြန်မာပြည်မှာ အင်ဂျင်ဝိုင် အမျိုးအစားပေါင်း မရေမတွက်နိုင်အောင် ထွက်ရှိနေသလို နာမည်ရ Brand တွေအတိုင်း နာမည်တူနဲ့ တံဆိပ်အတုတွေ ထွက်ရှိနေတာကြောင့် ကုမ္ပဏီရဲ့အရောင်းကိုယ်စားလှယ်တွေနဲ့ ယုံကြည်စိတ်ချရတဲ့ဆိုင်တွေမှာပဲ အရည်အသွေးမီ အင်ဂျင်ဝိုင်ကို ရွေးချယ်ဝယ်ယူသင့်ပါတယ်။

 

Read more: ဘီးကြီးဆိုင်ကယ်ချစ်သူများအတွက် Bajaj Dominar 400
Source: automobile

Read times
Rate this item
(0 votes)