Knowledge

တချို့ဆို ချလန်ဖြတ်ခံထားရတာ နှစ်နဲ့ချီနေပြီ ချလန်ကလဲ ဘယ်နားသိမ်းထားလို့သိမ်းထားမှန်းမသိတော့ ၊ ခုမှသတိရလို့ရှာကြည့်တော့မတွေ့တော့ဘူး။
O/D ခလုတ်ဆိုတာ over drive မမောင်းချင်ရင် ပိတ်လို့ရအောင် off ခလုတ် တပ်ဆင်ပေးထားတာပါ။ ကားတိုင်းတော့ မပါပါဘူး။
ဘယ်မောင်းကားတွေထဲမှာ SUV အမျိုးအစားဖြစ်ပြီး ဆီစားလည်းသက်သာတဲ့ Peugeot 2008 က ရွေးချယ်လို့ သင့်တော်တဲ့ ကားအမျိုးအစားဖြစ်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီးတွင် "ခ" ယာဉ်မောင်းလိုင်စင်ဖြေဆိုရာတွင် ယာဉ်မောင်းသင်တန်းဆင်းလက်မှတ် မလိုအပ်တော့ဘဲ ကညနမှ ဖွင့်လှစ်သည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပညာပေးသင်တန်းအား တက်ရောက်ပြီး ဖြေဆိုနိုင်သည့်စနစ်အား ပြောင်းလဲလိုက်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကညနမှ သတင်းရရှိပါသည်။
အော်တိုဂီယာတွေ ရေပန်းစားလာတာဟာ ကားမောင်းသင်တဲ့သူတွေအတွက် အရမ်းကို အဆင်ပြေလာပါတယ်။ မောင်းရတာ လွယ်တယ်ဆိုပေမယ့် မကောင်းတဲ့ အကျင့်တွေကြောင့် ကားအလွယ်တကူ ပျက်စီးနိုင်ပါတယ်။
ယာဉ်မောင်းလိုင်စင်သွားရောက်ဖြေဖို့လိုအပ်ချက်တွေကိုအသေးစိတ်ရှင်းပြထားပေးပါတယ်။အလုပ်တဖက် ကျောင်းတဖက် ကားကပိတ်နေပူဖုန်ထူကြား နှစ်ခါပြန်မဖြစ်ရအောင် ဒီစာလေးကိုဖတ်ပြီး အောင်မြင်နိုင်ကြပါစေ။
ကျွန်တော်တို့အားလုံးလည်း ကြုံဖူးကြမှာပါ။ အရေးတကြီး သွားစရာရှိတဲ့အချိန်မျိုး၊ အလျင်အမြန်သွားမှဖြစ်မယ့် အခါမျိုးမှာ ကားဘက်ထရီပျက်နေတယ်ဆိုတာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ဖြစ်ရပ်တစ်ခုပါပဲ။
ရာသီဥတုကြောင့် အနက်ရောင်စတေကာကပ်ချင်နေတဲ့ ယာဉ်မောင်းတွေရှိကြပါလိမ့်မယ်။ စတေကာအမဲကြီးတွေကပ်လို့ အမြဲတမ်းစည်းကမ်းလိုက်နာခဲ့တဲ့ ယာဉ်မောင်းတွေဖြစ်တဲ့အတွက် စည်းကမ်းဖေါက်ရာကျသွားမှာကို စိုးရိမ်းနေတဲ့ယာဉ်မောင်းကောင်းတွေလည်းရှိနေပါလိမ့်မယ်။
အသက်ကြီးလျှင် ဆင်စီးပါ။ သို့မဟုတ် မြင်းစီးပါဟူ၍ မြန်မာတိုင်းရင်းဆေးဆရာတို့က ဆိုတတ်ကြပါတယ် ။ အမှန်စင်စစ် ဆင်တို့မြင်းတို့ကို တက်စီးရမည်ဟု ဆိုလိုခြင်းမဟုတ်ပေ။ မြန်မာပရဆေးပင်များဖြစ်သော ဆင်တုံးမနွယ်နှင့် မြင်းခွာရွက်တို့ကို မှီဝဲစားသုံးရမည်ဟု ဆေးလောကအထာဖြင့် သတိပေးကြခြင်းသာဖြစ်သည်။ အသက်ကြီးသူများအနေဖြင့် ဆင်ပဲစီးစီး၊ မြင်းပဲစီးစီး စီးလိုရာကိုစီးနိုင်ကြပါ၏ ။
လေတံခါး (throttle body) နဲ့ လေတံခါးအာရုံခံကရိယာ (throttle position sensor -TPS) မကောင်းခြင်းကြောင့် ဖြစ်ပေါ်နိုင်တဲ့ ကားရောဂါတွေကို ဖော်ပြပေးပါမယ်။