Used Car



Hino ကားကုမ္ပဏီမှ ကုန်တင်ယာဉ်အသစ်များ ပြည်တွင်းမှာ စတင်ရောင်းချ

Hino ကားကုမ္ပဏီမှ ကုန်တင်ယာဉ်အသစ်များ   ပြည်တွင်းမှာ စတင်ရောင်းချ google

ဂျပန်အခြေစိုက် Hino ကားကုမ္ပဏီက ထုတ်လုပ်တဲ့ အလယ်အလတ်သုံးယာဉ်အမျိုးအစား Hino 500 Series FMZP ကို စတင်မိတ်ဆက်လိုက်ပါတယ်။

 

ပြည်တွင်းမှာ သီးသန့်အသုံးပြုဖို့အတွက် ဂျပန်နိုင်ငံမှာ ထုတ်လုပ်ထားတဲ့ Brand New ဘယ်မောင်းကားအသစ်စက်စက် လုပ်ငန်းသုံးကား ဖြစ်ပါတယ်။

 

FMZP မှာ P11C အင်ဂျင်ကို တပ်ဆင်အသုံးပြုထားပြီး အင်ဂျင်ပါဝါ ၁၁,၀၀၀ စီစီ ရှိပါတယ်။ မြင်းကောင်းရေ ၃၄၀ hp အထိ ထုတ်ပေးနိုင်ပါတယ်။

 

Hino 500 Series ဟာ မောင်းနှင်ရသက်သာငြိမ့်ညောင်းစေပြီး ဆီစားသက်သာမှုနဲ့အတူ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုကိုလည်း လျှော့ချပေးနိုင်ပါတယ်။

 

၎င်းကုန်တင်ယာဉ်တွေကို Hino Myanmar မှာ ၂ နှစ်ထုတ်လုပ်သူ အာမခံ၊ အရစ်ကျစနစ်တွေနဲ့ ၀ယ်ယူနိုင်ပါတယ်။

 

Hino 700 Series Heavy Duty Truck ကိုလည်း ၅ နှစ်အထိ အရစ်ကျစနစ်နဲ့ ၀ယ်ယူနိုင်ပါတယ်။

 

Hino Myanmar ရဲ့ special offer အစီအစဉ်မှာ 700 series SSZP ကို ၀ယ်ယူမယ်ဆိုရင် ကနဦး အနေနဲ့ ယာဉ်တန်ဖိုးရဲ့ ၁၀ ရာခိုင်နှုန်းဖြစ်တဲ့ အမေရိကန်ဒေါ်လာ ၇၅၁၅ ဒေါ်လာကို စတင်ပေးသွင်းရပါမယ်။

 

လစဉ် ၁၅၅၉ ဒေါ်လာ ပေးသွင်းတဲ့ ၅ နှစ် အရစ်ကျစနစ်နဲ့ ပိုင်ဆိုင်နိုင်ပါတယ်။

 

ပြည်တွင်းမှာ အသုံးပြုဖို့အတွက် သီးသန့်ထုတ်လုပ်ထားပြီး မြင်းကောင်ရေ ၃၅၀ အားရှိတဲ့ P11C အင်ဂျင်ကို တပ်ဆင်ထားပါတယ်။

 

စွမ်းဆောင်ရည်ကောင်းမွန်ပြီး ဆီစားနှုန်းသက်သာစေပါတယ်။

 

ကားရှေ့ခန်းမှာ cab sir suspension စနစ်ကို အသုံးပြုထားလို့ သက်သောင့်သက်သာ စီးနင်းနိုင်ပါတယ်။

 

ဂီယာ ၁၂ ချက်အထိ ပြောင်းလဲအသုံးပြုနိုင်ပြီး တန် ၆၀ အထိ သယ်ဆောင်နိုင်ပါတယ်။

 

700 series ကို လက်ငင်းဝယ်ယူမယ်ဆိုရင် အမေရိကန်ဒေါ်လာ ၇၅,၀၀၀ ၀န်းကျင်ရှိပါတယ်။

 

Hino Myanmar ဟာ အောက်တိုဘာလအတွင်းမှာ ဘယ်လိုချက်မီးလင်းတဲ့ ပြဿနာမျိုးမဆို DXII နဲ့ အခမဲ့စစ်ဆေးပေးသွားမှာ ဖြစ်ပါတယ်။

 

ဒါပြင် ကားအောက်ပိုင်းဆပ်စပင်းရှင်းအခြေအနေတွေကိုလည်း အခမဲ့မျက်မြင်စစ်ဆေးပေးသွားမှာ ဖြစ်ပါတယ်။

 

Hino Myanmar ကနေ ကုန်တင်ယာဉ်တွေအတွက် အခမဲ့ဂီယာဝိုင်စစ်ပေးပြီး လိုအပ်ရင် သင့်တင့်တဲ့ဈေးနှုန်းနဲ့ ဂီယာဝိုင် လဲလှယ်ပေးပါတယ်။

 

Hino Myanmar ကုန်ကားအရောင်းပြခန်းကို အကွက် ၅၊ အမှတ် ၃ လမ်းမကြီး၊ လှည်းကူးမြို့နယ်မှာ ဖွင့်လှစ်ထားပြီး ဖုန်း- ၇၉၅၉၀၉၁၈၅ ကို ဆက်သွယ်နိုင်ပါတယ်။

 

Read more: မြန်မာပြည်ထုတ် Suzuki Swift များ စတင်ရောင်းချ
Source: kumudra

Read times
Rate this item
(0 votes)