Used Car



DFM Myanmar မှ ကားအမျိုးအစားလေးမျိုးကို အထူးလျော့ဈေးဖြင့်ရောင်းမည်

DFM Myanmar မှ ကားအမျိုးအစားလေးမျိုးကို အထူးလျော့ဈေးဖြင့်ရောင်းမည် google

DFM Myanmar မှ ကားအမျိုးအစားလေးမျိုးကို ၂ ရာခိုင်နှုန်း အထူးလျှော့ဈေးဖြင့် ရောင်းချမည်ဖြစ်ကြောင်း သိရပါတယ်။

 

DFM Myanmar မှ အထူးလျှော့ဈေးဖြင့် ရောင်းချပေးမည့် DFN AX7 သည် SUV ကားအမျိုးအစားဖြစ်ပြီး ၂၀၀၀ စီစီ ဓာတ်ဆီအင်ဂျင်နှင့် Electronic Parking Brake တပ်ဆင်ထားသော ငါးယောက်စီး ကားအမျိုးအစားဖြစ်ပါတယ်။

 

H30 Cross သည် Hatchback ကားအမျိုးအစားဖြစ်ပြီး ၁၆၀၀ စီစီ ဓာတ်ဆီအင်ဂျင်သုံးပြုထားသော ငါးယောက်စီးကားအမျိုးအစားဖြစ်ပါတယ်။

 

New S30 သည် Sedan ကားအမျိုးအစားဖြစ်ပြီး ၁၆၀၀ စီစီ ဓာတ်ဆီအင်ဂျင်အသုံးပြုထားသော လေးယောက်စီး ကားအမျိုးအစားဖြစ်ပါတယ်။

 

C37 သည် MPV ကားအမျိုးအစားဖြစ်ပြီး ၁၅၀၀ စီစီ ဓာတ်ဆီအင်ဂျင်ကို အသုံးပြုထားသော ၁၁ ယောက်စီးကားအမျိုးအစားဖြစ်ပါတယ်။

 

အဆိုပါကားအမျိုးအစား လေးမျိုးကို DFM Myanmar မှ အောက်တိုဘာ ၅ ရက်မှ ၇ ရက်အတွင်း ၀ယ်ယူပါက ၂ ရာခိုင်နှုန်းလျှော့၍ ရောင်းချပေးမည်ဖြစ်ကြောင်း သိရပါတယ်။

 

DFM Myanmar မှ AX7 ကို ကျပ်သိန်း ၄၉၀၊ H30 Cross Elegant ကို အမေရိကန်ဒေါ်လာ ၁၆၄၀၀၊ H30 Cross Noble ကို အမေရိကန်ဒေါ်လာ ၁၇၄၀၀၊ New S30 Elegant ကို အမေရိကန်ဒေါ်လာ ၁၃၄၀၀၊ New S30 Nobal ကို အမေရိကန်ဒေါ်လာ ၁၄၄၀၀၊ C37 ကို အမေရိကန်ဒေါ်လာ ၁၁၃၀၀ တို့ဖြင့် ရောင်းချပေးမည်ဖြစ်ပြီး Promotion သုံးရက်တာအတွင်း ၀ယ်ယူပါက ကားတန်ဖိုး၏ ၂ ရာခိုင်နှုန်း အထူးလျှော့ဈေးဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း သိရပါတယ်။

 

Read more: ယခုနှစ်အတွင်း ရန်ကုန်လိုင်စင်လျှောက်ထားသည့် Brand New ကားများ အခြေအနေ
Source: automobile

Read times
Rate this item
(0 votes)