Used Car



အဆင့်မြင့်နည်းပညာတွေနဲ့ စတိုင်ကျလှပတဲ့ Peugeot 508

အဆင့်မြင့်နည်းပညာတွေနဲ့ စတိုင်ကျလှပတဲ့ Peugeot 508 google

ပြင်သစ်နိုင်ငံ အခြေစိုက် Peugeot ကားကုမ္ဗဏီကထုတ်လုပ်တဲ့ Peugeot 508 ဟာ ရိုးရှင်းတဲ့ဒီဇိုင်းနဲ့ ငြိမ့်ညောင်းတဲ့ဇိမ်ကျမှုတွေကို အပြည့်အဝပေးနိုင်တယ်။

Peugeot ရဲ့အဆင့်မြင့်နည်း ပညာတွေထည့်သွင်းပေးထားသလို စတိုင်ကျလှပတဲ့ဒီဇိုင်းတွေကြောင့် လူကြိုက်များပါတယ်။ ၂၀၁၇ မော် ဒယ်လ် Peugeot 508 ရဲ့ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၆၇,၉ဝဝ ရှိပါတယ်။

ဝယ်ယူသူတွေအနေနဲ့ သုံးနှစ် ဒါမှမဟုတ် ကီလိုတစ်သိန်း အာမခံရရှိပါမှာ ဖြစ်ပါတယ်။ အမှတ် ၄၊ ရတနာလမ်း၊ ကျိုက္ကဆံအနောက်ရပ်ကွက်၊ သင်္ဃန်း ကျွန်းမြို့နယ်မှာ ဖွင့်လှစ်ထားတဲ့ Peugeot Myanmar ကားအရောင်း ပြခန်းက တင်သွင်းတာဖြစ်ပြီး ဖုန်း- ဝ၉၉၇၇၄၄၂၂၄၈ နဲ့ ဝ၉၉၇၇၈၉၅၉ ၃၇ တို့ကို ဆက်သွယ်နိုင်ပါတယ်။

 

အင်ဂျင်
======

- 1.6L ဓာတ်ဆီအင်ဂျင်ကို အသုံးပြုထားပါတယ်။

- အော်တိုဂီယာခြောက်ချက် ပြောင်းလဲအသုံးပြုနိုင်ပါတယ်။


အပြင်ပိုင်း၊အတွင်းပိုင်း
=================

- ရှဲလ်ကို ခရိုမီယမ်အနားကွပ်ထားပြီး ရှေ့မီးလုံးတွေကို တစ်ဆက်တစ်စပ်တည်းတပ်ဆင်ထားပါတယ်။

- အလျားလိုက်ရှဲလ်သုံးတန်းရဲ့အလယ်မှာ Peugeot ရဲ့လိုဂိုတံဆိပ် တပ်ဆင်ထားပါတယ်။

- နောက်မီးလုံးတွေရဲ့ဒီဇိုင်းဟာ Peugeot ရဲ့နာမည်ကျော်ခြင်္သေ့လက်သည်းခြစ်ရာ အယ်လ်အီးဒီ ဒီဇိုင်းနဲ့ဖန်တီးထားပါတယ်။

- ပတ်ဝန်းကျင်သဘာဝအလှအပရသပေါင်းစုံကို ဆန်းရု(ဖ်)ကတစ်ဆင့် အပြည့်အဝခံစားနိုင်တဲ့အပြင် ဆန်း ရု(ဖ်)ရဲ့အောက်မှာ ဆန်းရှိတ်ပါရှိပါတယ်။

- နောက်ကြည့်ကင်မရာတွေ တပ်ဆင်ထားတဲ့အတွက် ကားနောက်ဆုတ်တဲ့အခါ ကားပါကင်ထိုးတဲ့အခါလွယ်ကူအဆင်ပြေစေတယ်။ Parking assist လည်းပါရှိတယ်။

- ဆီဒင်ကားအမျိုးအစားဖြစ်ပြီး ယာဉ်မောင်းသူနေရာကို ဂျက်ဖိုက်တာကွန်ဆက်ပုံစံနဲ့ ဖွဲ့စည်းတည်ဆောက်ပေးထားတဲ့အတွက် ယာဉ်မောင်းသူအနေနဲ့ လေယာဉ်တစ်စီးကို မောင်းနှင်ရတဲ့ခံစားမှုမျိုးကို ရရှိနိုင်ပါတယ်။

- ကျန်ထိုင်ခုံတွေကလည်း စိတ်ကြိုက်အနေအထားပြောင်းလဲနိုင်ပြီး သက်သောင့်သက်သာဖြစ်စေပါတယ်။

- ဒက်ရှ်ဘုတ်မှာ color head-up display ပါရှိတယ်။ ခေတ်မီလှပပြီး ကြည်လင်ပြတ်သားတဲ့မြင်ကွင်းကျယ် premium vision cluster ပါရှိပါတယ်။

- Head-up display ပါရှိတဲ့အတွက် ကားရဲ့အမြန်နှုန်း ဒါမှမဟုတ် cruiseနဲ့မောင်းနှင်နေတဲ့သတ်မှတ်အမြန်နှုန်း (speed limit) တွေကို ဒက်ရှ် ဘုတ်ပေါ်မှာ စခရင်သီးခြားနဲ့ဖော်ပြ ပေးနိုင်တဲ့အတွက် မောင်းနှင်သူဟာ ဒိုင်ခွက်ကို ငုံ့ကြည့်စရာမလိုဘဲမြင်နိုင်ပါတယ်။

- ကားစက်နှိုးတဲ့အခါ သော့တံမလိုတဲ့ push-start စနစ်နဲ့ ခလုတ်နှိပ်ပြီး အလွယ်တကူစက်နှိုးနိုင်တယ်။

- မန်နျူရယ်ဂီယာအဖြစ် ပြောင်းလဲမောင်းနှင်တဲ့အခါ စတီယာရင်ကနေလက်ရွှေ့ပြီး အသုံးပြုဖို့မလိုဘဲ ဂီယာကို မန်နျူရယ်ကိုပြောင်းပြီးရင် puddle shifter gear ကို အတိုးအလျှော့ ပြုလုပ်ရုံနဲ့ ပြောင်းလဲမောင်းနှင်နိုင်ပါတယ်။

- မမြင်နိုင်တဲ့နေရာတွေက ထွက်ပေါ်လာတဲ့အရာတွေကို အာရုံခံပေးနိုင်တဲ့စနစ် blind spot detection ပါရှိတဲ့အတွက်လည်း ယာဉ်တိုက်မှုတွေ မဖြစ်အောင် ကြိုတင်ကာကွယ်ပေးထားပါတယ်။

- Peugeot ရဲ့အဆင့်မြင့်နည်းစနစ်တွေ အမြောက်အများပါရှိပြီး အသက်ကယ်လေအိတ် ခြောက်လုံးအထိပါရှိ တဲ့အတွက် လုံခြုံစိတ်ချစွာနဲ့ မောင်းနှင်နိုင်ပါတယ်။

 

Read more: Peugeot Myanmar‎ မှကျင်းပမည့် Most Amazing Sales Promotion
Source: automobile

Read times
Rate this item
(0 votes)