Used Car



ကျပ်သိန်း နှစ်ရာနဲ့ လေးရာကြား ရွေးချယ်သင့်သည့် ကားအမျိုးအစားများ

ကျပ်သိန်း နှစ်ရာနဲ့ လေးရာကြား ရွေးချယ်သင့်သည့် ကားအမျိုးအစားများ google

ကျပ်သိန်း နှစ်ရာနဲ့ လေးရာကြား Nissan ကားအမျိုးအစားတွေထဲမှာ Nissan Juke ၊ Nissan Note တို့က

ဒီဇိုင်းဆန်းသစ်ပြီး Compact SUV နဲ့ Hatchback အမျိုးအစားတွေဖြစ်တဲ့အတွက် ကားဏ္ဌာန် ကလည်း ခံ့ညားပါတယ်။

 

ဒီကားတွေကို ပြီးခဲ့တဲ့ ၂ဝ၁၅ ၊ ၂ဝ၁၆ ခုနှစ် ဝန်းကျင်က တင်သွင်းမှုများခဲ့ပြီး လူကြိုက်များတဲ့ကားတွေ ဖြစ်တဲ့အတွက်လည်း ယခုအချိန်မှာ အရောင်းအဝယ် အဖြစ်များပါတယ်။

 

Nissan Juke
===========
Subcompact Crossover SUV အမျိုးအစားဖြစ်တဲ့ Nissan Juke ကို Nissan ကုမ္ပဏီကနေ ၂ဝ၁ဝ ခုနှစ်က စတင်ထုတ်လုပ်ခဲ့ပါတယ်။

 

Juke ကို စတင်ထုတ်လုပ်ခဲ့တဲ့နှစ်မှာပဲNew York International Auto Show မှာ မိတ်ဆက်ပြသခဲ့ပါတယ်။

 

Juke ဟာ Crossover အမျိုးအစားဖြစ်ပြီး အင်ဂျင်ပါဝါနည်းသလို ကားအတွင်းပိုင်း၊အပြင်ပိုင်းက ဆန်းသစ်လှပတဲ့အတွက် လူငယ်အကြိုက် ကားအမျိုးအစားလည်း ဖြစ်ပါတယ်။

 

Nissan Motor ကနေ Juke ကို မြောက်အမေရိကဈေးကွက်ကို ထိုးဖောက်ဖို့အတွက် ရည်ရွယ်ထုတ်လုပ်ခဲ့တာဖြစ်ပြီး ထုတ်လုပ်ခဲ့တဲ့ ပထမဆုံးလမှာပဲ အစီးရေ ၁ဝ,၉၄၃ စီး အော်ဒါမှာယူခြင်းခံခဲ့ရသလို

ဥရောပနဲ့ အမေရိက ကား ဈေးကွက်မှာ လူကြိုက်များတဲ့အတွက် နှစ်စဉ်ရောင်းချတဲ့အစီးရေ ပိုမိုများပြားလာပါတယ်။

 

မြန်မာပြည်ကားဈေးကွက်မှာလည်း Nissan Juke ဟာ Mitsubishi RVR ၊ Honda CR-V တို့နဲ့အပြိုင် အရောင်းအဝယ်သွက်တဲ့ ကားအမျိုးအစား ဖြစ်ပါတယ်။


အပြင်ပိုင်းနဲ့ အတွင်းခန်းအပြင်အဆင်
===========================
Nissan Juke ရဲ့ထူးခြားချက်က ရှေ့မီးက အပေါ်မှာ အချွန်၊ အောက် ဘက်မှာ အဝိုင်းပုံစံဖြစ်ပြီး အနောက်တံခါးကလည်း တခြားကားတွေနဲ့ မတူဘဲ ထူးခြားပါတယ်။

 

ရုတ်တရက်ကြည့်လိုက်ရင် နောက်တံခါးက လက်ကိုင်ရဲ့ မှန်ပေါက်နားမှာရှိတဲ့အတွက် တံခါးနှစ်ပေါက်လို့ ထင်ရပေမဲ့ အမှန်က တံခါးလေးပေါက်ကားဖြစ်ပါတယ်။

 

Juke ရဲ့ အင်ဂျင်ပါဝါ ၁၅ဝဝ စီစီမှာ RS Grade နဲ့ RX Grade တို့ရှိပြီး Grade ပိုမြင့်တဲ့ RX က Aircon Digital ဖြစ်သွားပြီး အတွင်းခန်းအနီရောင် ဖြစ်သွားပါတယ်။

 

ဒီဂရိတ်မှာ Driving Mode ကိုလည်း Eco ၊ Normal ၊ Sport စတဲ့ ယာဉ်မောင်းသူ ကြိုက်နှစ်သက်သလို ပြောင်းလို့ရပါတယ်။ RS Grade က Aircon Manual ဖြစ်တဲ့အတွက်

Aircon ခလုတ်ကို ကြည့်တာနဲ့ Grade အနိမ့်/အမြင့် ခွဲလို့ရပါတယ်။

 

Nissan Juke မှာ Driver Airbag ၊ Front Passenger Airbag ၊ Side Airbag တွေ ပါရှိတဲ့အတွက် ကားပေါ်မှာ စီးနင်းလာတဲ့ လူငါးဦးစလုံးကို လုံခြုံမှုပေးနိုင်ပါတယ်။

 

ဘရိတ်စနစ်ကတော့ Ventilated Disc ဖြစ်ပါတယ်။ Euro 5 Emission ဖြစ်တဲ့ အတွက် ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လုပ်မှု လျော့နည်းပါတယ်။


အင်ဂျင်အမျိုးအစား
==============
Nissan Juke ကို အင်ဂျင်ပါဝါ ၁၅ဝဝ စီစီအပြင် Turbo ပါတဲ့ ၁၆ဝဝ စီစီနဲ့လည်း ထုတ်လုပ်ခဲ့ပါတယ်။

 

၁၆ဝဝ စီစီမှာ GT Grade နဲ့ GT Four Grade ဆိုပြီး ရှိပါတယ်။ GT Grade က 2WD ဖြစ်ပြီး GT Four Grade က 4WD ဖြစ်ပါတယ်။ အင်ဂျင်ပါဝါ ၁၅ဝဝ စီစီနဲ့ ၁၆ဝဝ စီစီမှာ Turbo ပါတာနဲ့ မပါတာ ကွာခြားပါတယ်။

 

နောက်ပြီး အင်ဂျင်ပါဝါ ၁၆ဝဝ စီစီမှာ Semi-Auto ဖြစ်သွားပြီး Auto ၊ Manual နှစ်မျိုး ရွေးလို့ရပါတယ်။

 

မြန်မာပြည် ကားဈေးကွက်မှာတော့ သတ်မှတ်ခဲ့တဲ့ အခွန်နှုန်းထားတွေအရ ၁၅ဝဝ စီစီကိုပဲ အများဆုံးတင်သွင်းခဲ့ကြပါတယ်။


ဈေးနှုန်း
=======
Nissan Juke ရဲ့ ဈေးနှုန်းကတော့ ၂ဝ၁ဝ၊ ၂ဝ၁၁ မိုဒယ်ကို ရန်ကုန်လိုင် စင် နံပါတ်ထွက်ပြီးသား ဝယ်ယူမယ်ဆိုရင် အက္ခရာနဲ့ ကားအခြေအနေ အပေါ်မူတည်ပြီး ကျပ်သိန်း သုံးရာကနေ ၃၈ဝ ကြားမှာ ရှိပါတယ်။


Nissan Note
===========

Nissan Note

Mini Hatchback ကားအမျိုးအစားဖြစ်တဲ့ Nissan Note ကို ၂ဝဝ၄ ခုနှစ်က စတင်ထုတ်လုပ်ခဲ့ပါတယ်။ Nissan Note ကို အမိုးအခုံးသဏ္ဌာန် ဒီဇိုင်းဆင်ထားပါတယ်။

 

နောက်မီးတန်းကို V Shape သဏဥာန် ပုံဖော်ထားပြီး ၁၅ လက်မရှိတဲ့ အလွိုင်းခွေတွေ တပ်ဆင်ထားတဲ့အတွက် ခံ့ညားလှပပါတယ်။

 

Nissan Note ရဲ့ ပထမမျိုးဆက်အဖြစ် ၂ဝဝ၄ ခုနှစ်ကနေ ၂ဝ၁၁ ခုနှစ်အထိ ထုတ်လုပ်ခဲ့ပြီး ၂ဝ၁၂ ခုနှစ်မှာ ပုံပြောင်းကာ ဒုတိယမျိုးဆက် အဖြစ် ထုတ်လုပ်ခဲ့ပါတယ်။

 

Nissan Note ဟာ Nissan B Platform ဖြစ်လို့ Nissan Livina ၊ Nissan AD Van ၊ Nissan Wingroad ၊Nissan Tiida တို့နဲ့လည်း မျိုးဆက်တစ်ခုတည်း ဖြစ်ပါတယ်။

 

မြန်မာပြည် ကားဈေးကွက်ထဲမှာတော့ Nissan Note ကို ၂ဝဝ၉/၂ဝ၁ဝ မိုဒယ်တွေပဲ တင်သွင်းမှုများပါတယ်။


အင်ဂျင်အမျိုးအစား
==============
Nissan Note ကို ၂ဝဝ၄ ခုနှစ်ကနေ ၂ဝ၁၁ ခုနှစ်အထိ အင်ဂျင်ပါဝါ ၁၅ဝဝ စီစီနဲ့ ထုတ်လုပ်ခဲ့ပြီး ၂ဝ၁၂ ခုနှစ်ကနေစလို့ ၁၂ဝဝ စီစီကို ပြောင်းလဲထုတ်လုပ်ခဲ့ပါတယ်။

 

Nissan Note ၂ဝဝ၉ မိုဒယ်မှာ Driver Airbag ၊ Passenger Airbag တွေပါရှိပြီး ABS ဘရိတ်စနစ် ဖြစ်ပါတယ်။

 

Anti Theft Device ပါရှိပြီး တခြား Black Box ၊ Car Carmea စတာတွေကိုလည်း လိုအပ်သလို တပ်ဆင်နိုင်ပါတယ်။

 

အပြင်ပိုင်းနဲ့ အတွင်းခန်းအပြင်အဆင်
============================
Nissan Note 15X နဲ့ 15RS တို့ရဲ့ အရှေ့ရှဲလ်တွေကို ခရိုမီယမ်သတ္တုနဲ့ ပြုလုပ်ထားပါတယ်။ ရှေ့မီးတွေကို Halogen မီးသီးတွေ တပ်ဆင်ထားတဲ့အတွက် လင်းအားကောင်းသလို

နောက်မီးတွေကလည်း V ပုံသဏဥာန်ရှိတဲ့အတွက် ဆန်းသစ်လှပပါတယ်။

 

ခြေနင်းတွေကို အလူမီနီယံနဲ့ ပြုလုပ်ထားတဲ့အတွက် အကြမ်းခံမှုရှိပါတယ်။

 

၂ဝဝ၉၊ ၂ဝ၁ဝ မိုဒယ်မှာ 15X ၊ 15X F Package ၊ 15G ၊ 15RS ၊ 15RX ၊ 15X Four စတဲ့ ဂရိတ်တွေအပြင် Rider ဂရိတ်လည်း ရှိပါတယ်။ Rider ဂရိတ်တွေက ရှေ့ရှဲလ်ပုံစံ ကွာခြားသွားပြီး တင်သွင်းမှုလည်း နည်းပါတယ်။

 

ဂရိတ်တွေအားလုံးမှာလည်း များသောအားဖြင့် Smart Key ၊ Manual Aircon နဲ့လာပြီး Option အပေါ်မူတည်လို့ နှင်းခွဲမီး ပါ/မပါ ကွဲပြားသွားပါတယ်။

 

Nissan Note ရဲ့ နောက်ခန်းက ကျယ်ဝန်းပြီး ပစ္စည်းထည့်စရာ အံခွက်တွေလည်း များစွာပါဝင်ပါတယ်။

 

ဈေးနှုန်း
=========
Nissan Note ၂ဝဝ၉ ၊ ၂ဝ၁ဝ မိုဒယ် ရန်ကုန်လိုင်စင် နံပါတ်ထွက်ပြီးသား ဝယ်ယူမယ်ဆိုရင် ကျပ်သိန်း ၁၆ဝ နဲ့ နှစ်ရာကြားမှာရှိပြီး ၂ဝ၁၂ ၊ ၂ဝ၁၃ မိုဒယ် နံပါတ်မြင့်ကားကို ဝယ်ယူမယ်ဆိုရင်

ရန်ကုန်လိုင်စင်နဲ့ နယ်လိုင်စင်ကွာခြားပြီး ကျပ်သိန်း ၂၂ဝ ကနေ ၂၅ဝ ကြား ရှိပါတယ်။

 

Read more: လေလံတင်ရောင်းချသွားမည့် Ferrari 250 GTO

Source: Automobile

Read times
Rate this item
(1 Vote)