Sports Car



V8 အင္ဂ်င္တပ္ Ferrari ၏ ပထမဆံုး ေလးေယာက္စီး ၿပိဳင္ကား 2018 Ferrari GTC4 Lusso T အေၾကာင္း (Zawgyi – Unicode)

V8 အင္ဂ်င္တပ္ Ferrari ၏ ပထမဆံုး ေလးေယာက္စီး ၿပိဳင္ကား 2018 Ferrari GTC4 Lusso T အေၾကာင္း (Zawgyi – Unicode) google

ကမာၻေက်ာ္ၿပိဳင္ကားကုမၸဏီ Ferrari သည္ ၂၀၁၆ ခုႏွစ္တုန္းက Ferrari FF ၿပိဳင္ကား၏ ဆက္ခံသူမိုဒယ္သစ္ GTC4 Lusso ကုိ တံခါးႏွစ္ေပါက္ႏွင့္ ေလးေယာက္စီး

ခရီးေဝးေမာင္းၿပိဳင္ကားအျဖစ္ ပြဲထုတ္ခဲ့ပါသည္။

ထုိေနာက္ပိုင္းတြင္ GTC4 Lusso ၏ ေနာက္ဘီးယက္ဗားရွင္းအျဖစ္ GTC4 Lusso T ကိုထပ္မံပြဲထုတ္ခဲ့ပါသည္။

***သင္စိတ္ဝင္စားႏုိင္ေသာ ကားတြင္ပါဝင္ေသာ TRC system ႏွင့္ CTBA system တို႔၏ အသံုးဝင္ပံု***

စက္စြမ္းရည္ခ်င္း လံုးဝကြဲျပားေသာ GTC4 Lusso T ၿပိဳင္ကားအသစ္ကို ၂၀၁၆ ခုႏွစ္ ပါရီကားျပပြဲတြင္လည္း ပြဲထုတ္ျပသခဲ့ၿပီး ၂၀၁၈ မိုဒယ္အျဖစ္ ေစ်းကြက္တင္ေရာင္းခ်ရန္ စီစဥ္ထားပါသည္။

Ferrari ၏ သမားရိုးက် V12 အင္ဂ်င္တပ္ ေလးေယာက္စီး GT ၿပိဳင္ကားမ်ားႏွင့္ မတူဘဲ V8 အင္ဂ်င္တပ္ ပထမဆံုး ေလးေယာက္စီး Ferrari GT ၿပိဳင္ကားလည္းျဖစ္ပါသည္။

ထို႔ျပင္ Ferrari GTC4 Lusso T ကို ၿပိဳင္ကားဆန္ဆန္ေပါ့ပါးဖ်တ္လတ္ၿပီး အသံုးျပဳရလြယ္ကူေသာ ၿပိဳင္ကာမ်ိဳး၊ သို႔မဟုတ္ ေန႔စဥ္ေမာင္းႏွင္အသံုးျပဳႏုိင္ေသာ ၿပိဳင္ကားမ်ိဳးရွာေဖြေနသူမ်ားအတြက္ အထူးရည္ရြယ္

ဖန္တီးထားပါသည္။

၂၀၁၈ မိုဒယ္ Ferrari GTC4 Lusso T ၏ ေစ်းကို အေျခခံအေနႏွင့္ အေမရိကန္ေဒၚလာ ၂၆၀၀၀၀ ႏွင့္အထက္ သတ္မွတ္ထားပါသည္။

တံခါးႏွစ္ေပါက္ႏွင့္ GT ၿပိဳင္ကားသစ္ေလး GTC4 Lusso T သည္ V12 ဗားရွင္းကဲ့သို႔ ကားေနာက္ပိုင္း ခပ္မတ္မတ္ ခပ္ေလွ်ာေလွ်ာ Shooting Brake Coupe ကုိယ္ထည္မ်ိဳးျဖစ္ၿပီး ဒီဇိုင္းအျပင္အဆင္မ်ားကလည္း

ခပ္ဆင္ဆင္တူျခင္းေၾကာင့္ ကိုယ္ထည္ပံုစံခ်င္း သိပ္မကြာျခားေပ။

ခပ္ဝပ္ဝပ္ကားကုိယ္ထည္ဟန္ကုိ အထင္းသားေပၚလြင္ေစေသာ ျဗက္က်ယ္က်ယ္ ခပ္ေလွ်ာေလွ်ာ ကားေရွ႕မ်က္ႏွာစာသည္ ရိုးရွင္းလွပၿပီး ကားေရွ႕ဘီးခံုထိပ္က ခပ္ေကြးေကြးရွည္ရွည္ ကားေရွ႕မီးမ်ားက

အထင္းရွားဆံုးျဖစ္ပါသည္။

ကားေရွ႕စက္ဖံုးႏွင့္ ကားမီးမ်ား၏ ေအာက္နားတြင္ ခရိုမီယမ္ေရာင္ဘားတန္းသံုးတန္းႏွင့္ အလ်ားလိုက္ရွဲလ္ (Grille) ႀကီးပါဝင္ပါသည္။

ရွဲလ္၏ အလည္တည့္တည့္တြင္ Ferrari အမွတ္တံဆိပ္ သေကၤတျမင္းရုပ္ပံုေလးကို အထင္အရွားတပ္ဆင္ေပးထားပါသည္။

ထုိ႔အျပင္ ကားစက္ဖံုးအစြန္းတြင္လည္း Ferrari အမွတ္တံဆိပ္ လုိိုဂို တပ္ဆင္ထားပါသည္။

ရွဲလ္၏ ေအာက္ဘက္ ေထာင့္စြန္းတစ္ဖက္စီတြင္ ေျမဝပ္အားေကာင္းေစမည့္ Front Splitter ကုိ ေပၚလြင္ေအာင္ အရြယ္အစားႀကီးႀကီး ဖန္တီးထားၿပီး ကိုယ္ထည္ေရာင္အတိုင္း ေဆးျခယ္ေပးထားပါသည္။

ကားေဘးဘက္တြင္ ပိုလက္ရာေျမာက္ေသာ အတြန္႔အခ်ိဳး ေကာက္ေၾကာင္းမ်ားကို ပိုျမင္သာၿပီး ကားေရွ႕ဘီးခံုးဧရိယာအစြန္းတြင္ အနက္ေရာင္သတၱဳျပားသံုးခုကို တရုတ္ကတ္သဖြယ္ ထည့္သြင္းေပးထားေသာ

ေလစုပ္ေပါက္ပါဝင္ျခင္းေၾကာင့္ ကားကို ၿပိဳင္ကားဆန္ေသာ ရုပ္ထြက္မ်ိဳး ပိုရေစပါသည္။

ထုိေလစုတ္ေပါက္ အထက္နားတြင္ Ferrari အမွတ္တံဆိပ္လုိဂိုကို ထပ္မံထည့္သြင္းထားၿပီး ကားတံခါးေအာက္ဘက္က Side Skirt ကုိ အနက္ေရာင္ေဆးျခယ္ထားပါသည္။

ကားဘီးခံုမ်ားေအာက္တြင္ ဒီဇုိင္းဆန္းသစ္လွပေသာ လက္မႏွစ္ဆယ္အရြယ္ကားဘီးမ်ား တပ္ဆင္ေပးထားပါသည္။

အရြယ္အစားႀကီးမားေသာ ခပ္ျမင့္ျမင့္ ကားေနာက္ဘီးခံုဧရိယာႏွင့္ ျဗက္က်ယ္ေသာ ကားအေနာက္ဘက္မွာ ၿပိဳင္ကားထက္စာလွ်င္ Hatchback ကားႏွင့္ ပိုၿပီးဆင္တူေနပါသည္။

သို႔ေသာ္ ထုိအခ်က္က ကားကို စြမ္းအားျပည့္ဝဟန္ေပါက္ေစၿပီး တျခားၿပိဳင္ကားမ်ားထက္လည္း တမူထူးျခားေစပါသည္။

ကားအေနာက္ဘက္တြင္ Ferrari ၏ ထံုးစံအတိုင္း ရုိးရွင္းလွပေသာ ကားေနာက္မီးဝိုင္းမ်ားပါဝင္ၿပီး ကားမီးမ်ား၏ အလယ္တြင္ Ferrari အမွတ္တံလုိဂိုပါဝင္ပါသည္။

ႀကီးမားလွပေသာ ေနာက္ဘမ္ပါတြင္ ရိုးရိုးရွင္းရွင္း အိပ္ေဇာပိုက္ဝိုင္းမ်ားႏွင့္အတူ အနက္ေရာင္ Rear Diffuser ဧရိယာကို ခံ့ခံ့ညားညား ေတြ႔ျမင္နုိင္ပါသည္။

ေနာက္ဘီးယက္စနစ္သံုး ၿပိဳင္ကားသစ္ေလး GTC4 Lusso T တြင္ ဆင့္ကဲ မြမ္းမံထားေသာ ျမင္းေကာင္ေရ ေျခာက္ရာအား 3.9 Liter Twin-turbo V8 အင္ဂ်င္ကို Dual-Clutch Auto ဂီယာခုႏွစ္ခ်က္ႏွင့္

တြဲဖက္တပ္ဆင္ထားပါသည္။

ကား၏ အျမန္ႏႈန္းက တစ္နာရီကုိ ၁၉၉ မုိင္ႏႈန္းျဖစ္ၿပီး အခ်ိန္ သံုးစကၠန္႔ခြဲအတြင္းတြင္ သုညမိုင္မွ တစ္နာရီ ၆၂ မုိင္ႏႈန္းေရာက္ေအာင္ အရွိန္ျမႇင့္တင္ႏုိင္ပါသည္။

စြမ္းအင္ျပည့္ဝၿပီး စြမ္းေဆာင္ရည္လည္းေကာင္းမြန္ေသာ GTC4 Lusso T သည္ ကိုယ္ထည္အေလးခ်ိန္ သိသိသာသာေပါ့ပါးျခငး္ေၾကာင့္ သြက္လက္ဖ်တ္လတ္ၿပီး တံု႕ျပန္မႈျမန္ဆန္သကဲ့သို႔ ခရီးေဝး ေမာင္းႏွင္ႏုိင္ရန္

အတြက္ ဆီစားႏႈန္းကလည္း အရင္ကထက္ပိုသက္သာပါသည္။

ကား၏ ဆီစားႏႈန္းသည္ ၿမိဳ႕တြင္းတြင္ တစ္ဂါလန္ ၁၅ မုိင္ႏႈန္းျဖစ္ၿပီး အေဝးေျပးလမ္းတြင္ တစ္ဂါလန္ ၂၁ မုိင္ႏႈန္းအထိ အသံုးျပဳေမာင္းႏွင္ႏုိင္ပါသည္။

GTC4 Lusso T ၏ ေလးေယာက္စီး အတြင္းခန္းတြင္ ကားေမာင္းသူေရာ လုိက္ပါစီးနင္းေသာ ခရီးသည္မ်ားပါ အလန္းစား ကားေမာင္းႏွင္မႈ အေတြ႕အႀကံဳကို ခံစားရရွိေစရန္ အထူးဒီဇုိင္းထြင္ထားေသာ Dual Cockpit

တည္ေဆာက္ပံုကို အသံုးျပဳထားပါသည္။

Source:automobile


(Unicode)

V8 အင်ဂျင်တပ် Ferrari ၏ ပထမဆုံး လေးယောက်စီး ပြိုင်ကား 2018 Ferrari GTC4 Lusso T အကြောင်း (Zawgyi – Unicode)

ကမ္ဘာကျော်ပြိုင်ကားကုမ္ပဏီ Ferrari သည် ၂၀၁၆ ခုနှစ်တုန်းက Ferrari FF ပြိုင်ကား၏ ဆက်ခံသူမိုဒယ်သစ် GTC4 Lusso ကို တံခါးနှစ်ပေါက်နှင့် လေးယောက်စီး ခရီးဝေးမောင်းပြိုင်ကားအဖြစ် ပွဲထုတ်ခဲ့ပါသည်။

ထိုနောက်ပိုင်းတွင် GTC4 Lusso ၏ နောက်ဘီးယက်ဗားရှင်းအဖြစ် GTC4 Lusso T ကိုထပ်မံပွဲထုတ်ခဲ့ပါသည်။

***သင်စိတ်ဝင်စားနိုင်သော ကားတွင်ပါဝင်သော TRC system နှင့် CTBA system တို့၏ အသုံးဝင်ပုံ***

စက်စွမ်းရည်ချင်း လုံးဝကွဲပြားသော GTC4 Lusso T ပြိုင်ကားအသစ်ကို ၂၀၁၆ ခုနှစ် ပါရီကားပြပွဲတွင်လည်း ပွဲထုတ်ပြသခဲ့ပြီး ၂၀၁၈ မိုဒယ်အဖြစ် စျေးကွက်တင်ရောင်းချရန် စီစဉ်ထားပါသည်။

Ferrari ၏ သမားရိုးကျ V12 အင်ဂျင်တပ် လေးယောက်စီး GT ပြိုင်ကားများနှင့် မတူဘဲ V8 အင်ဂျင်တပ် ပထမဆုံး လေးယောက်စီး Ferrari GT ပြိုင်ကားလည်းဖြစ်ပါသည်။

ထို့ပြင် Ferrari GTC4 Lusso T ကို ပြိုင်ကားဆန်ဆန်ပေါ့ပါးဖျတ်လတ်ပြီး အသုံးပြုရလွယ်ကူသော ပြိုင်ကာမျိုး၊ သို့မဟုတ် နေ့စဉ်မောင်းနှင်အသုံးပြုနိုင်သော ပြိုင်ကားမျိုးရှာဖွေနေသူများအတွက် အထူးရည်ရွယ်ဖန်တီး

ထားပါသည်။

၂၀၁၈ မိုဒယ် Ferrari GTC4 Lusso T ၏ စျေးကို အခြေခံအနေနှင့် အမေရိကန်ဒေါ်လာ ၂၆၀၀၀၀ နှင့်အထက် သတ်မှတ်ထားပါသည်။

တံခါးနှစ်ပေါက်နှင့် GT ပြိုင်ကားသစ်လေး GTC4 Lusso T သည် V12 ဗားရှင်းကဲ့သို့ ကားနောက်ပိုင်း ခပ်မတ်မတ် ခပ်လျှောလျှော Shooting Brake Coupe ကိုယ်ထည်မျိုးဖြစ်ပြီး ဒီဇိုင်းအပြင်အဆင်များကလည်း

ခပ်ဆင်ဆင်တူခြင်းကြောင့် ကိုယ်ထည်ပုံစံချင်း သိပ်မကွာခြားပေ။

ခပ်ဝပ်ဝပ်ကားကိုယ်ထည်ဟန်ကို အထင်းသားပေါ်လွင်စေသော ဗြက်ကျယ်ကျယ် ခပ်လျှောလျှော ကားရှေ့မျက်နှာစာသည် ရိုးရှင်းလှပပြီး ကားရှေ့ဘီးခုံထိပ်က ခပ်ကွေးကွေးရှည်ရှည် ကားရှေ့မီးများက အထင်းရှားဆုံး

ဖြစ်ပါသည်။

ကားရှေ့စက်ဖုံးနှင့် ကားမီးများ၏ အောက်နားတွင် ခရိုမီယမ်ရောင်ဘားတန်းသုံးတန်းနှင့် အလျားလိုက်ရှဲလ် (Grille) ကြီးပါဝင်ပါသည်။

ရှဲလ်၏ အလည်တည့်တည့်တွင် Ferrari အမှတ်တံဆိပ် သင်္ကေတမြင်းရုပ်ပုံလေးကို အထင်အရှားတပ်ဆင်ပေးထားပါသည်။

ထို့အပြင် ကားစက်ဖုံးအစွန်းတွင်လည်း Ferrari အမှတ်တံဆိပ် လိုိုဂို တပ်ဆင်ထားပါသည်။

ရှဲလ်၏ အောက်ဘက် ထောင့်စွန်းတစ်ဖက်စီတွင် မြေဝပ်အားကောင်းစေမည့် Front Splitter ကို ပေါ်လွင်အောင် အရွယ်အစားကြီးကြီး ဖန်တီးထားပြီး ကိုယ်ထည်ရောင်အတိုင်း ဆေးခြယ်ပေးထားပါသည်။

ကားဘေးဘက်တွင် ပိုလက်ရာမြောက်သော အတွန့်အချိုး ကောက်ကြောင်းများကို ပိုမြင်သာပြီး ကားရှေ့ဘီးခုံးဧရိယာအစွန်းတွင် အနက်ရောင်သတ္တုပြားသုံးခုကို တရုတ်ကတ်သဖွယ် ထည့်သွင်းပေးထားသော

လေစုပ်ပေါက်ပါဝင်ခြင်းကြောင့် ကားကို ပြိုင်ကားဆန်သော ရုပ်ထွက်မျိုး ပိုရစေပါသည်။

ထိုလေစုတ်ပေါက် အထက်နားတွင် Ferrari အမှတ်တံဆိပ်လိုဂိုကို ထပ်မံထည့်သွင်းထားပြီး ကားတံခါးအောက်ဘက်က Side Skirt ကို အနက်ရောင်ဆေးခြယ်ထားပါသည်။

ကားဘီးခုံများအောက်တွင် ဒီဇိုင်းဆန်းသစ်လှပသော လက်မနှစ်ဆယ်အရွယ်ကားဘီးများ တပ်ဆင်ပေးထားပါသည်။

အရွယ်အစားကြီးမားသော ခပ်မြင့်မြင့် ကားနောက်ဘီးခုံဧရိယာနှင့် ဗြက်ကျယ်သော ကားအနောက်ဘက်မှာ ပြိုင်ကားထက်စာလျှင် Hatchback ကားနှင့် ပိုပြီးဆင်တူနေပါသည်။

သို့သော် ထိုအချက်က ကားကို စွမ်းအားပြည့်ဝဟန်ပေါက်စေပြီး တခြားပြိုင်ကားများထက်လည်း တမူထူးခြားစေပါသည်။

ကားအနောက်ဘက်တွင် Ferrari ၏ ထုံးစံအတိုင်း ရိုးရှင်းလှပသော ကားနောက်မီးဝိုင်းများပါဝင်ပြီး ကားမီးများ၏ အလယ်တွင် Ferrari အမှတ်တံလိုဂိုပါဝင်ပါသည်။

ကြီးမားလှပသော နောက်ဘမ်ပါတွင် ရိုးရိုးရှင်းရှင်း အိပ်ဇောပိုက်ဝိုင်းများနှင့်အတူ အနက်ရောင် Rear Diffuser ဧရိယာကို ခံ့ခံ့ညားညား တွေ့မြင်နိုင်ပါသည်။

နောက်ဘီးယက်စနစ်သုံး ပြိုင်ကားသစ်လေး GTC4 Lusso T တွင် ဆင့်ကဲ မွမ်းမံထားသော မြင်းကောင်ရေ ခြောက်ရာအား 3.9 Liter Twin-turbo V8 အင်ဂျင်ကို Dual-Clutch Auto ဂီယာခုနှစ်ချက်နှင့် တွဲဖက်တပ်ဆင်

ထားပါသည်။

ကား၏ အမြန်နှုန်းက တစ်နာရီကို ၁၉၉ မိုင်နှုန်းဖြစ်ပြီး အချိန် သုံးစက္ကန့်ခွဲအတွင်းတွင် သုညမိုင်မှ တစ်နာရီ ၆၂ မိုင်နှုန်းရောက်အောင် အရှိန်မြှင့်တင်နိုင်ပါသည်။

စွမ်းအင်ပြည့်ဝပြီး စွမ်းဆောင်ရည်လည်းကောင်းမွန်သော GTC4 Lusso T သည် ကိုယ်ထည်အလေးချိန် သိသိသာသာပေါ့ပါးခြငး်ကြောင့် သွက်လက်ဖျတ်လတ်ပြီး တုံ့ပြန်မှုမြန်ဆန်သကဲ့သို့ ခရီးဝေး မောင်းနှင်နိုင်ရန်အတွက်

ဆီစားနှုန်းကလည်း အရင်ကထက်ပိုသက်သာပါသည်။

ကား၏ ဆီစားနှုန်းသည် မြို့တွင်းတွင် တစ်ဂါလန် ၁၅ မိုင်နှုန်းဖြစ်ပြီး အဝေးပြေးလမ်းတွင် တစ်ဂါလန် ၂၁ မိုင်နှုန်းအထိ အသုံးပြုမောင်းနှင်နိုင်ပါသည်။

GTC4 Lusso T ၏ လေးယောက်စီး အတွင်းခန်းတွင် ကားမောင်းသူရော လိုက်ပါစီးနင်းသော ခရီးသည်များပါ အလန်းစား ကားမောင်းနှင်မှု အတွေ့အကြုံကို ခံစားရရှိစေရန် အထူးဒီဇိုင်းထွင်ထားသော Dual Cockpit

တည်ဆောက်ပုံကို အသုံးပြုထားပါသည်။

Source:automobile

Read times
Rate this item
(0 votes)