Sports Car



KIA Myanmar မွစတင္မိတ္ဆက္ေပးမယ္ ၂ဝ၁၈ မိုဒယ္ Sport Luxury Sorento-GT (Zawgyi – Unicode)

KIA Myanmar မွစတင္မိတ္ဆက္ေပးမယ္ ၂ဝ၁၈ မိုဒယ္ Sport Luxury Sorento-GT (Zawgyi – Unicode) google

KIA Myanmar Showroom မွ ၂ဝ၁၈ မိုဒယ္ Sport Luxury Sorento-GT ကားသစ္ကို ဇန္နဝါ ရီ ၅ ရက္မွစ၍

မိတ္ဆက္ျပသေရာင္းေပးေနေၾကာင္း သိရသည္။

KIA Sorento-GT ကားသစ္သည္ အင္ဂ်င္ပါဝါ ၂၂ဝဝ စီစီ ဒီ ဇယ္အင္ဂ်င္ျဖစ္ၿပီး တစ္ဂါလန္လၽွင္ ၂၁ မိုင္အထိ ေမာင္းႏွင္နိုင္မည္ျဖစ္ သည္။

***သင္စိတ္ဝင္စားနုိင္ေသာ ၂၀၁၈ မူဝါဒအရ ကားတင္သြင္းမႈမ်ားနည္းပါးသြားၿပီး အမည္ေပါက္စလစ္ေစ်း က်ဆင္းသြားေၾကာင္း***

Sorento-GT သည္ Sport ဆန္ဆန္ ဒီဇိုင္းပုံစံႏွင့္ Luxury Function မ်ား စုံလင္စြာ အခ်ိဳး က်က် ေပါင္းစပ္ဖြဲ႕စည္းထားသည့္ ခုနစ္ေယာက္စီး SUV ကားအမ်ိဳးအစား ျဖစ္သည္။

Leather Seat မ်ား တပ္ဆင္ထားသည့္အတြက္ Cloth Seat ထက္ပို၍ သက္ေသာင့္သက္သာ စီးနင္းနိုင္သည့္အျပင္ ကားေပၚတြင္ အရည္တစ္ခုခု ဖိတ္စဥ္ စြန္းထင္းျခင္းမ်ားကိုလည္း အလြယ္တကူ

သန္႔ရွင္းေရး ျပဳလုပ္နိုင္သလို အနံ့ဆိုးမ်ားမွလည္း ကာကြယ္ေပးနိုင္မည္ ျဖစ္သည္။

KIA Sorento-GT ကားသစ္သည္ 8 Speed Auto Transmission ျဖစ္ၿပီး ေသသပ္လွပေသာ အသြင္အျပင္၊ ေရွ႕ျမင္ကြင္းအား ပိုမို ေကာင္းမြန္ေအာင္ ျမင္ေတြ႕နိုင္ေသာ အေနအထား၊ အသုံးဝင္ေသာ

Funtion ခလုတ္မ်ား ႏွင့္အတူ ရွစ္လက္မ အရြယ္အစား LCD Screen ၊ Andriod Auto ၊ Apple Carplay ႏွင့္ Back Camera မ်ဥ္းေကြးမ်ား ပါေသာ ခုနစ္လက္မ TFT-LCD Display ပါဝင္မည္ျဖစ္သည္။

KIA Sorento-GT Line တြင္ Fog Lamp ကို Sporty ပုံစံ ျဖင့္ နည္းပညာျမင့္မားေသာ LED မီးသီးေလးလုံး တပ္ဆင္ထားေသာေၾကာင့္ ျမဴဆိုင္းေနေသာအခါတြင္ ေရွ႕ကို ရွင္းလင္းျပတ္သားစြာ

ျမင္ေတြ႕နိုင္မည္ ျဖစ္သည္။

လုံျခဳံေရးစနစ္မ်ားတြင္ ညအခ်ိန္ေမာင္းႏွင္ရာ၌ အႏၲရာယ္ကင္းေစရန္အတြက္ ေမာင္းႏွင္ေသာအရွိန္အေပၚ မူတည္ၿပီး အလင္းအနီးအေဝးကို အလိုအေလ်ာက္ ခ်ိန္ဆေပးျခင္း၊ စတီယာရင္ ေကြ႕သည့္ဘက္သို႔

အလင္းျဖာေပးသည့္ Dynamic Bending Light System ပါရွိျခင္း၊ 2WD/4WD ထက္ သာလြန္ေသာ All Wheel Drive အသုံးျပဳထားေသာေၾကာင့္ Driving Performance ပိုမို ေကာင္းမြန္ျခင္း၊

လမ္းၾကမ္းမ်ားတြင္ ၿငိမ္သက္စြာ ေမာင္းႏွင္နိုင္ျခင္း၊ လမ္းေပၚ၌ ဘီးေခ်ာ္ျခင္း၊ စလစ္ျဖစ္ျခင္းတို႔ကို ကာကြယ္ေပးျခင္း၊ Heated Steering Wheel ျဖစ္ေသာေၾကာင့္ စတီယာရင္မေခ်ာ္ဘဲ သက္ေသာင့္သက္သာ

ေမာင္းႏွင္နိုင္ျခင္း၊ Bluetooth Hands-free System ပါဝင္ေသာေၾကာင့္ ကားေမာင္းႏွင္ခ်ိန္ အႏၲရာယ္ကင္းစြာ ဖုန္းေျပာနိုင္မည့္ စနစ္တို႔ ပါဝင္မည္ ျဖစ္ေၾကာင္း သိရသည္။

KIA Sorento-GT သည္ Sport ဆန္ဆန္ဒီဇိုင္းႏွင့္ Luxury Function မ်ားအခ်ိဳးက်က် ေပါင္းစပ္ထားေသာေၾကာင့္ ကားတစ္စီးကို ရသႏွစ္မ်ိဳး ေပးစြမ္းနိုင္မည္ ျဖစ္သည္။

KIA Myanmar Sorento-GT Line Luxury Grade ကို အေမရိကန္ေဒၚလာ ေျခာက္ေသာင္းခြဲဝန္းက်င္ျဖင့္ ေရာင္းခ်ေပးမည္ျဖစ္ၿပီး ျမန္မာနိုင္ငံတြင္ ပထမဦးဆုံးအျဖစ္ ခုနစ္ ႏွစ္အာမခံႏွင့္အတူ ငါးႏွစ္

အရစ္က်စနစ္ျဖင့္ ေရာင္းခ်ေပး မည္ဟု သိရသည္။

Source:automobile


(Unicode)

KIA Myanmar မှစတင်မိတ်ဆက်ပေးမယ် ၂ဝ၁၈ မိုဒယ် Sport Luxury Sorento-GT (Zawgyi – Unicode)

KIA Myanmar Showroom မှ ၂ဝ၁၈ မိုဒယ် Sport Luxury Sorento-GT ကားသစ်ကို ဇန်နဝါ ရီ ၅ ရက်မှစ၍ မိတ်ဆက်ပြသရောင်းပေးနေကြောင်း သိရသည်။

KIA Sorento-GT ကားသစ်သည် အင်ဂျင်ပါဝါ ၂၂ဝဝ စီစီ ဒီ ဇယ်အင်ဂျင်ဖြစ်ပြီး တစ်ဂါလန်လျှင် ၂၁ မိုင်အထိ မောင်းနှင်နိုင်မည်ဖြစ် သည်။

***သင်စိတ်ဝင်စားနိုင်သော ၂၀၁၈ မူဝါဒအရ ကားတင်သွင်းမှုများနည်းပါးသွားပြီး အမည်ပေါက်စလစ်စျေး ကျဆင်းသွားကြောင်း***

Sorento-GT သည် Sport ဆန်ဆန် ဒီဇိုင်းပုံစံနှင့် Luxury Function များ စုံလင်စွာ အချိုး ကျကျ ပေါင်းစပ်ဖွဲ့စည်းထားသည့် ခုနစ်ယောက်စီး SUV ကားအမျိုးအစား ဖြစ်သည်။

Leather Seat များ တပ်ဆင်ထားသည့်အတွက် Cloth Seat ထက်ပို၍ သက်သောင့်သက်သာ စီးနင်းနိုင်သည့်အပြင် ကားပေါ်တွင် အရည်တစ်ခုခု ဖိတ်စဉ် စွန်းထင်းခြင်းများကိုလည်း အလွယ်တကူ သန့်ရှင်းရေး

ပြုလုပ်နိုင်သလို အနံ့ဆိုးများမှလည်း ကာကွယ်ပေးနိုင်မည် ဖြစ်သည်။

KIA Sorento-GT ကားသစ်သည် 8 Speed Auto Transmission ဖြစ်ပြီး သေသပ်လှပသော အသွင်အပြင်၊ ရှေ့မြင်ကွင်းအား ပိုမို ကောင်းမွန်အောင် မြင်တွေ့နိုင်သော အနေအထား၊ အသုံးဝင်သော Funtion

ခလုတ်များ နှင့်အတူ ရှစ်လက်မ အရွယ်အစား LCD Screen ၊ Andriod Auto ၊ Apple Carplay နှင့် Back Camera မျဉ်းကွေးများ ပါသော ခုနစ်လက်မ TFT-LCD Display ပါဝင်မည်ဖြစ်သည်။

KIA Sorento-GT Line တွင် Fog Lamp ကို Sporty ပုံစံ ဖြင့် နည်းပညာမြင့်မားသော LED မီးသီးလေးလုံး တပ်ဆင်ထားသောကြောင့် မြူဆိုင်းနေသောအခါတွင် ရှေ့ကို ရှင်းလင်းပြတ်သားစွာ မြင်တွေ့နိုင်မည် ဖြစ်သည်။

လုံခြုံရေးစနစ်များတွင် ညအချိန်မောင်းနှင်ရာ၌ အန္တရာယ်ကင်းစေရန်အတွက် မောင်းနှင်သောအရှိန်အပေါ် မူတည်ပြီး အလင်းအနီးအဝေးကို အလိုအလျောက် ချိန်ဆပေးခြင်း၊ စတီယာရင် ကွေ့သည့်ဘက်သို့

အလင်းဖြာပေးသည့် Dynamic Bending Light System ပါရှိခြင်း၊ 2WD/4WD ထက် သာလွန်သော All Wheel Drive အသုံးပြုထားသောကြောင့် Driving Performance ပိုမို ကောင်းမွန်ခြင်း၊ လမ်းကြမ်းများတွင်

ငြိမ်သက်စွာ မောင်းနှင်နိုင်ခြင်း၊ လမ်းပေါ်၌ ဘီးချော်ခြင်း၊ စလစ်ဖြစ်ခြင်းတို့ကို ကာကွယ်ပေးခြင်း၊ Heated Steering Wheel ဖြစ်သောကြောင့် စတီယာရင်မချော်ဘဲ သက်သောင့်သက်သာ မောင်းနှင်နိုင်ခြင်း၊

Bluetooth Hands-free System ပါဝင်သောကြောင့် ကားမောင်းနှင်ချိန် အန္တရာယ်ကင်းစွာ ဖုန်းပြောနိုင်မည့် စနစ်တို့ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

KIA Sorento-GT သည် Sport ဆန်ဆန်ဒီဇိုင်းနှင့် Luxury Function များအချိုးကျကျ ပေါင်းစပ်ထားသောကြောင့် ကားတစ်စီးကို ရသနှစ်မျိုး ပေးစွမ်းနိုင်မည် ဖြစ်သည်။

KIA Myanmar Sorento-GT Line Luxury Grade ကို အမေရိကန်ဒေါ်လာ ခြောက်သောင်းခွဲဝန်းကျင်ဖြင့် ရောင်းချပေးမည်ဖြစ်ပြီး မြန်မာနိုင်ငံတွင် ပထမဦးဆုံးအဖြစ် ခုနစ် နှစ်အာမခံနှင့်အတူ ငါးနှစ် အရစ်ကျစနစ်ဖြင့်

ရောင်းချပေး မည်ဟု သိရသည်။

Source:automobile

Read times
Rate this item
(1 Vote)