Sports Car



ျပည္တြင္းေပါက္ေစ်း က်ပ္သိန္း ၁၅၀ နွင့္ ၂၅၀ ၾကားၿပိဳင္ကား Mazda Roadster(Zawgyi-Unicode)

ျပည္တြင္းေပါက္ေစ်း က်ပ္သိန္း ၁၅၀ နွင့္ ၂၅၀ ၾကားၿပိဳင္ကား Mazda Roadster(Zawgyi-Unicode) google

Mazda ကထုတ္လုပ္သည့္ ၿပိဳင္ကားမ်ားထဲမွ လူၾကိဳက္အမ်ားဆုံးႏွင့္

ႏုိင္ငံတကာဆုတံဆိပ္မ်ား အမ်ားအျပားရရွိခဲ့သည့္ Roadster ကုိ Mazda MX-5 ဟူ၍ လူသိမ်ားပါသည္။

Mazda Roadster သည္ Mazda RX7, Mazda RX8တုိ႕ထက္ အင္ဂ်င္ပါ၀ါပိုၾကီးၿပီး Safety ပုိင္းတြင္လည္း ပိုေကာင္းသည့္အတြက္ Sport Car ၾကိဳက္သူမ်ား သင့္ေတာ္သည့္ ကားအမ်ိဳးအစားျဖစ္ပါသည္။

ေစ်းႏႈန္းမွာလည္း က်ပ္သိန္းႏွစ္ရာ ၀န္းက်င္တြင္ရွိသည့္အတြက္ ေစ်းအသင့္အတင့္ႏွင့္ sport car  ပုိင္ဆုိင္ခ်င္သည့္သူမ်ား ေရြးခ်ယ္သင့္သည့္ကားျဖစ္ပါသည္။

 

***သင္စိတ္၀င္စားႏုိင္ေသာဘရိတ္စနစ္ခ်ိဳ႕ယြင္းပါကျဖစ္တတ္သည့္ျပႆနာမ်ား***

 

Mazda Roadster ကို ၁၉၈၉ ခုႏွစ္တည္းကစတင္ထုတ္လုပ္ခဲ့ၿပီး ေျမာက္အေမရိကမွာ MX-5 Miata ၊ ဂ်ပန္တြင္ Eunos Roadster ဟူ၍ သိၾကပါသည္။

ထုိကားကုိ ဟီရိုရွိးမားၿမိဳ႕တြင္ရွိသည့္ Mazda ကားစက္ရုံတြင္ ထုတ္လုပ္ခဲ့ျခင္းျဖစ္ၿပီး ၁၉၈၉ ေမာ္ဒယ္မွ ၁၉၉၈ မုိဒယ္အထိကို ပထမမ်ိဳးဆက္၊ ၁၉၉၉ မိုဒယ္ေနာက္ပုိင္းကို ဒုတိယမ်ိဳးဆက္၊ ၂၀၀၅ မုိဒယ္ေနာက္ပိုင္းကို တတိယမ်ိဳးဆက္နွင့္ ၂၀၁၅ မုိဒယ္ေနာက္ပိုင္းကို စတုထၱမ်ိဳးဆက္အေနျဖင့္ သတ္မွတ္ထားပါသည္။

ထုိကားကုိ ထုတ္လုပ္သည့္ သက္တမ္းတစ္ေလွ်ာက္တြင္ Wheels Magazine ကေပးသည့္ Car of the Year ဆု၊ Sports Car International ကခ်ီးျမွင့္သည့္ Beat Sport Car of the Year, Car and Driver Magazine ကေပးသည့္ Ten Best List ဆု၊ car of the Year Japan ဆုႏွင့္ Australian Car of the Year စသည့္ ဆုမ်ားရရွိခဲ့ပါသည္။

Mazda RX8 က အင္ဂ်င္ပါ၀ါ ၁၃၀၀ စီစီသာရွိေသာ္လည္း Roadster မွာ အင္ဂ်င္ပါ၀ါ ၂၀၀၀ စီစီအထိထုတ္လုပ္ထားပါသည္။

စတုတၳမ်ိဳးဆက္ျဖစ္သည့္ 2015 မုိဒယ္ေနာက္ပိုင္းတြင္  ၁၅၀၀ စီစီႏွင့္သာ ထုတ္လုပ္ထားပါသည္။

Front Engine Wheel Drive အမ်ိဳးအစားျဖစ္ၿပီး manual gear ေျခာက္ခ်က္ႏွင့္ auto gear ေျခာက္ခ်က္ ထုတ္လုပ္ထားပါသည္။

ႏွစ္ေယာက္စီးအမိုးဖြင့္ကားျဖစ္သည့္ Roadster ကိုေပ့ါပါးၿပီး ေလခြင္းအားေကာင္းေအာင္ဒီဇိုင္းေရးဆြဲ ထုတ္လုပ္ထားျခင္း ျဖစ္ပါသည္။

Roadster သည္အတြင္းဂရိတ္ျမင့္ေသာေၾကာင့္ Digital Aircon, Leather Steering Wheel, Steering Volume Control ႏွင့္ Leather Seat တုိ႕ပါ၀င္ပါသည္။

အသံစနစ္ကိုလည္း အေကာင္းမြန္ဆုံးျဖစ္ေအာင္ ဖန္တီးထားၿပီး CD ေျခာက္ခ်ပ္ထည့္ႏုိင္သည့္ CD Changer ႏွင့္ MP3, Aux, WMA Player စသည္တုိ႕ကို ထည့္သြင္းထားၿပီး sound system အတြက္ speaker ခုႏွစ္လုံးကိုလည္း ထည့္သြင္းထားပါသည္။

Mazda Roadster 2012,2013 မုိဒယ္ကို ၀ယ္ယူမည္ဆုိပါက ကားဒီဇုိင္း၊ ၾကံ့ခိုင္မႈအေနအထားႏွင့္ အကၡရာေပၚမူတည္ၿပီး က်ပ္သိန္း ႏွစ္ရာမွ ၂၅၀ ၾကားတြင္ရွိပါသည္။

Source:Automobile journal


(Unicode)

ပြည်တွင်းပေါက်စျေး ကျပ်သိန်း ၁၅၀ နှင့် ၂၅၀ ကြားပြိုင်ကား Mazda Roadster(Zawgyi-Unicode)

Mazda ကထုတ်လုပ်သည့် ပြိုင်ကားများထဲမှ လူကြိုက်အများဆုံးနှင့် နိုင်ငံတကာဆုတံဆိပ်များ အများအပြားရရှိခဲ့သည့် Roadster ကို Mazda MX-5 ဟူ၍ လူသိများပါသည်။

Mazda Roadster သည် Mazda RX7, Mazda RX8တို့ထက် အင်ဂျင်ပါ၀ါပိုကြီးပြီး Safety ပိုင်းတွင်လည်း ပိုကောင်းသည့်အတွက် Sport Car ကြိုက်သူများ သင့်တော်သည့် ကားအမျိုးအစားဖြစ်ပါသည်။

 

***သင်စိတ်ဝင်စားနိုင်သောဘရိတ်စနစ်ချို့ယွင်းပါကဖြစ်တတ်သည့်ပြဿနာများ***

 

စျေးနှုန်းမှာလည်း ကျပ်သိန်းနှစ်ရာ ၀န်းကျင်တွင်ရှိသည့်အတွက် စျေးအသင့်အတင့်နှင့် sport car  ပိုင်ဆိုင်ချင်သည့်သူများ ရွေးချယ်သင့်သည့်ကားဖြစ်ပါသည်။

Mazda Roadster ကို ၁၉၈၉ ခုနှစ်တည်းကစတင်ထုတ်လုပ်ခဲ့ပြီး မြောက်အမေရိကမှာ MX-5 Miata ၊ ဂျပန်တွင် Eunos Roadster ဟူ၍ သိကြပါသည်။

ထိုကားကို ဟီရိုရှိးမားမြို့တွင်ရှိသည့် Mazda ကားစက်ရုံတွင် ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး ၁၉၈၉ မော်ဒယ်မှ ၁၉၉၈ မိုဒယ်အထိကို ပထမမျိုးဆက်၊ ၁၉၉၉ မိုဒယ်နောက်ပိုင်းကို ဒုတိယမျိုးဆက်၊ ၂၀၀၅ မိုဒယ်နောက်ပိုင်းကို တတိယမျိုးဆက်နှင့် ၂၀၁၅ မိုဒယ်နောက်ပိုင်းကို စတုထ္တမျိုးဆက်အနေဖြင့် သတ်မှတ်ထားပါသည်။

ထိုကားကို ထုတ်လုပ်သည့် သက်တမ်းတစ်လျှောက်တွင် Wheels Magazine ကပေးသည့် Car of the Year ဆု၊ Sports Car International ကချီးမြှင့်သည့် Beat Sport Car of the Year, Car and Driver Magazine ကပေးသည့် Ten Best List ဆု၊ car of the Year Japan ဆုနှင့် Australian Car of the Year စသည့် ဆုများရရှိခဲ့ပါသည်။

Mazda RX8 က အင်ဂျင်ပါ၀ါ ၁၃၀၀ စီစီသာရှိသော်လည်း Roadster မှာ အင်ဂျင်ပါ၀ါ ၂၀၀၀ စီစီအထိထုတ်လုပ်ထားပါသည်။

စတုတ္ထမျိုးဆက်ဖြစ်သည့် 2015 မိုဒယ်နောက်ပိုင်းတွင်  ၁၅၀၀ စီစီနှင့်သာ ထုတ်လုပ်ထားပါသည်။

Front Engine Wheel Drive အမျိုးအစားဖြစ်ပြီး manual gear ခြောက်ချက်နှင့် auto gear ခြောက်ချက် ထုတ်လုပ်ထားပါသည်။

နှစ်ယောက်စီးအမိုးဖွင့်ကားဖြစ်သည့် Roadster ကိုပေ့ါပါးပြီး လေခွင်းအားကောင်းအောင်ဒီဇိုင်းရေးဆွဲ ထုတ်လုပ်ထားခြင်း ဖြစ်ပါသည်။

Roadster သည်အတွင်းဂရိတ်မြင့်သောကြောင့် Digital Aircon, Leather Steering Wheel, Steering Volume Control နှင့် Leather Seat တို့ပါ၀င်ပါသည်။

အသံစနစ်ကိုလည်း အကောင်းမွန်ဆုံးဖြစ်အောင် ဖန်တီးထားပြီး CD ခြောက်ချပ်ထည့်နိုင်သည့် CD Changer နှင့် MP3, Aux, WMA Player စသည်တို့ကို ထည့်သွင်းထားပြီး sound system အတွက် speaker ခုနှစ်လုံးကိုလည်း ထည့်သွင်းထားပါသည်။

Mazda Roadster 2012,2013 မိုဒယ်ကို ၀ယ်ယူမည်ဆိုပါက ကားဒီဇိုင်း၊ ကြံ့ခိုင်မှုအနေအထားနှင့် အက္ခရာပေါ်မူတည်ပြီး ကျပ်သိန်း နှစ်ရာမှ ၂၅၀ ကြားတွင်ရှိပါသည်။

Source:Automobile journal

Read times
Rate this item
(0 votes)