Sports Car



လေလံတင်ရောင်းချသွားမည့် Ferrari 250 GTO

လေလံတင်ရောင်းချသွားမည့် Ferrari 250 GTO google

၁၉၆၂ ခုနှစ်ထုတ် Ferrari 250 GTO ကားကို သြဂုတ်လ ၂၅ ရက်တွင် လေလံတင်ရောင်းချသွားမည်ဖြစ်ကြောင်း သိရပါတယ်။

 

ထိုကဲ့သို့ ရောင်းချခြင်းမှ ဒေါ်လာ ၄၅ သန်းနှင့် သန်း ၆၀ ကြား ဈေးရနိုင်သည်ဟု လေလံကုမ္ပဏီက ခန့်မှန်းထားပါတယ်။

 

အဆိုပါအတိုင်းဖြစ်ခဲ့ပါက လေလံတင်ရောင်းချသည့် ကားများအနက် ယင်းကားသည် ဈေးအကြီးဆုံးကား ဖြစ်လာမည်မှာ ဖြစ်တယ်။

 

ဈေးအကြီးဆုံးလေလံတင်ကားဟု လက်ရှိစံချိန်တင်ထားသည့်ကားမှာလည်း အဆိုပါခုနှစ်ထုတ် အမျိုးအစားတူ ကားဖြစ်ပြီး ၂၀၁၄ ခုနှစ်တွသ် ဒေါ်လာ ၃၈ သန်းဖြင့် ရောင်းထွက်ခဲ့သော ကားဖြစ်ပါတယ်။

 

ကားကုမ္ပဏီက ၁၉၆၂ ခုနှစ်မှ ၁၉၆၄ ခုနှစ်အတွင်း ထိုကားပေါင်း ၃၆ စီးသာ ထုတ်လုပ်ခဲ့ပြီး အဆိုပါကားအားလုံးသည် ယခုထိတိုင် အကောင်းအတိုင်းသာ ရှိနေပါတယ်။

 

Ferrari GTO ကားများသည် ဂန္တ၀င်ကားဖြစ်ပြီး မောင်းရလွယ်ကူသဖြင့် ၎င်းကုမ္ပဏီမှ ထုတ်လုပ်ခဲ့သော ကားများထဲတွင် အအောင်မြင်ဆုံး ကားအမျိုးအစား စာရင်းထဲတွင် ပါဝင်ပါတယ်။

 

၎င်းကားအမျိုးအစားတစ်စီးကို ပိုင်ရှင်တစ်ဦးက အခြားသူတစ်ဦးအား မကြာသေးမီက နှစ်ဦးသဘောတူရောင်းချခဲ့ရာ ဒေါ်လာ သန်း ၇၀ ဖြင့် အရောင်းအ၀ယ် ဖြစ်သွားခဲ့ပါတယ်။

 

Read more: ကားထဲတွင် ကိုယ်ပိုင်သီးသန့်နားထောင်နိင်မည့် Separated Sound Zone နည်းပညာ
Source: Pyimyanmar

Read times
Rate this item
(0 votes)