Motocycle



မှတ်ပုံတင်မဲ့ သုံးဘီးဆိုင်ကယ်နှင့် လျှပ်စစ်သုံးဘီးဆိုင်ကယ်များကို One-Stop Service စီမံချက်ဖြင့် မှတ်ပုံတင်ဆောင်ရွက်ပေးမည်

မှတ်ပုံတင်မဲ့ သုံးဘီးဆိုင်ကယ်နှင့် လျှပ်စစ်သုံးဘီးဆိုင်ကယ်များကို One-Stop Service စီမံချက်ဖြင့် မှတ်ပုံတင်ဆောင်ရွက်ပေးမည် google

မှတ်ပုံတင်မဲ့ သုံးဘီးဆိုင်ကယ်နှင့် လျှပ်စစ်သုံးဘီးဆိုင်ကယ်များကို One-Stop Service စီမံချက်ဖြင့် မှတ်ပုံတင်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။

 

ပြီးခဲ့သည့် ၂၀၁၀၊ ၂၀၁၂၊ ၂၀၁၄ ခုနှစ်များက မှတ်ပုံတင်မဲ့သုံးဘီးဆိုင်ကယ်များကို One-Stop Service စီမံချက်ဖြင့် မှတ်ပုံတင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရပါတယ်။

 

ယခုအခါတွင်လည်း လိုင်စင်မဲ့သုံးဘီးဆိုင်ကယ်နှင့် လျှပ်စစ်သုံးဘီးဆိုင်ကယ်များကို စီးနင်းအသုံးပြုနေကြောင်း စစ်ဆေးတွေရှိရသဖြင့် တရားဝင် မှတ်ပုံတင်ပြုလုပ်ရန် One-Stop Service စီမံချက်ဖြင့် ပြုလုပ်ပေးမည်ဟု သိရပါတယ်။

 

စီမံချက်ကာလကို နိုဝင်ဘာ ၁ ရက်မှ ၂၃ ရက်အထိ သတ်မှတ်ထားပြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ၄၉ ရုံးတွင် ဆောင်ရွက်ပေးမည်ဖြစ်သလို ရုံးပိတ်ရက်ဖြစ်သည့် စနေနေ့တွင်လည်း Mobile Team အဖွဲ့များဖြင့် အချက်အချာကျသော မြို့နယ် ၃၉ မြို့တွင် နယ်လှည့်ဆောင်ရွက်ပေးမည်ဟု သိရပါတယ်။

 

လိုင်စင်မဲ့ သုံးဘီးဆိုင်ကယ်နှင့် လျှပ်စစ်သုံးဘီးဆိုင်ကယ်များကို မှတ်ပုံတင်ဆောင်ရွက်ပေးရာတွင် အကောက်အခွန်နှုန်းထားများ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ကောက်ခံမည့်နှုန်းထားများ၊ မြန်မာ့အာမခံလုပ်ငန်းနှင့် မြန်မာ့စီးပွားရေးဘဏ်တို့တွင် အသိပေးကြေညာသွားမှာ ဖြစ်ပါတယ်။

 

One-Stop Service စီမံချက် ၂၀၁၈ မော်ဒယ်နှင့်အထက် လိုင်စင်မဲ့ သုံးဘီးဆိုင်ကယ်နှင့် လျှပ်စစ်သုံးဘီးဆိုင်ကယ်များကိုသာ မှတ်ပုံတင်ပြုလုပ်ပေးမည်ဖြစ်ပြီး အိုဟောင်း၍ Road Safety မဖြစ်သော လိုင်စင်မဲ့သုံးဘီးဆိုင်ကယ်များ၊ လျှပ်စစ်ဆိုင်ကယ်များ၊ ဒေသအစီအစဉ်ဖြင့် တပ်ဆင်ထားသော ဆိုင်ကယ်ဘေးတွဲများ၊ တောတွင်းနှင့် ကမ်းစပ်များတွင် အသုံးပြုသော လေးဘီးပါဆိုင်ကယ်များနှင့် သက်တမ်း ငါးနှစ်ကျော် နှစ်ပျက်နေသော သုံးဘီးဆိုင်ကယ်များကိုမူ မှတ်ပုံတင်ဆောင်ရွက်ပေးမည်မဟုတ်ကြောင်း သိရပါတယ်။

 

နောင်တွင် မှတ်ပုံတင်မဲ့ယာဉ်များကို ယခုကဲ့သို့ One-Stop Service စနစ်ဖြင့် မှတ်ပုံတင်ပြုလုပ်ပေးတော့မည်မဟုတ်ဘဲ ဥပဒေအရ ယာဉ်ကို နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းအရေးယူမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။

 

Source: automobile

Read times
Rate this item
(0 votes)