Motocycle



ဘီးကြီးဆိုင်ကယ်ချစ်သူများအတွက် Bajaj Dominar 400

ဘီးကြီးဆိုင်ကယ်ချစ်သူများအတွက် Bajaj Dominar 400 google

မြန်မာပြည်ကို ၀င်ရောက်လာတဲ့ ဘီးကြီးဆိုင်ကယ်တွေများစွာရှိတဲ့အထဲမှာ မကြာသေးခင်က မြန်မာပြည်ဈေးကွက်ထဲ စတင်ရောက်ရှိလာတဲ့ ကမ္ဘာကျော်ဆိုင်ကယ် တစ်စီးရှိပါတယ်။

 

အဲဒါကတော့ ကမ္ဘာကျော် Transformer ဇာတ်ကားထဲက စက်ရုပ်ခေါင်းပုံစံအတိုင်း LED ရှေ့မီးကို ပုံရိပ်ဖော်နည်းပညာသုံးထားသလို Highway သွားရာမှာလည်း ကားတွေလို ငြိမ့်ညောင်းမှုရှိစေမဲ့ Bajaj Dominar 400 ဆိုင်ကယ်ပဲ ဖြစ်ပါတယ်။

 

ဒါကြောင့် အိန္ဒိယနိုင်ငံထုတ် ၂၀၁၈ မော်ဒယ် Bajaj Dominar 400 ဆိုင်ကယ်အကြောင်း ဖော်ပြပေးလိုက်ပါတယ်။

 


Bajaj ကုမ္ပဏီက Kawasaki ကုမ္ပဏီနဲ့ နည်းပညာမိတ်ဖက်ကုမ္ပဏီဖြစ်တာကြောင့် Kawasaki ဆိုင်ကယ်တွေမှာသုံးထားတဲ့ ပုံရိပ်ဖော်နည်းပညာအတိုင်း Bajaj Dominar 400 ဆိုင်ကယ်မှာဆိုရင်လည်း LED ကို ဖန်ချောင်လေးတွေ ပုံစံဖြစ်အောင် ပြုလုပ်ထားပါတယ်။

 

အဲဒီလိုပြုလုပ်ပေးထားသလို ရှေ့မီးကြီးဟာ နှင်းခွဲမီးလို အလင်းရောင်ပေးစွမ်းနိုင်မှာဖြစ်သလို ရှေ့မီးရဲ့ အလင်းရောင်ဟာလည်း Transformer ဇာတ်ကားထဲက စက်ရုပ်ပုံစံလို မျက်လုံးနဲ့ သွားအစွယ်တွေသဏ္ဍာန် ပုံရိပ်ပေါ်နေတာ တွေ့ရမှာ ဖြစ်ပါတယ်။

 

အဲဒီလို ပုံသဏ္ဍာန်ပေါ်အောင် ပုံရိပ်ဖော်နည်းပညာ သုံးထားသလို ပါရာမီတာ Frame သုံးထားခြင်းနဲ့ Supsension စနစ် ပိုကောင်းလာခြင်းက ဆိုင်ကယ်မောင်းနှင်သူရော လိုက်ပါစီးနင်းသူကိုပါ ငြိမ့်ညောင်းစေမှာ ဖြစ်ပါတယ်။

 

ယခု ၂၀၁၈ မော်ဒယ်မှာ ၂၀၁၇ မော်ဒယ်ဒီဇိုင်းနဲ့ စတစ်ကာတူပေမဲ့ အင်ဂျင်ကို အရင်ရွှေရောင်ကနေ ယခု အနက်ရောင် ပြောင်းထားသလို Bajaj ရဲ့ မူပိုင် DTS နည်းပညာကိုလည်း Upgrade လုပ်ပေးထားပါတယ်။

 

Dominar ကို မထုတ်ခင်မှာ ပညာရှင်ပေါင်းများစွာဖြင့် Research လုပ်ပြီး ခရီးအဝေးကြီးကို ငြိမ့်ငြိမ့်ညောင်းညောင်းစီးလို့ရအောင် ရည်ရွယ်ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။

 

တစ်ခါတုန်းကလည်း အိန္ဒိယနိုင်ငံက အမျိုးသမီးလေးယောက် အာဆီယံနိုင်ငံ ခုနှစ်နိုင်ငံကိုဖြတ်ပြီး အသွားအပြန် ကီလိုမီတာ ၁၇,၀၀၀ ကို ၅၂ ရက်ကြာ စီးနင်းပြီးခဲ့တဲ့အချိန်မှာတော့ လမ်းမှာ အင်ဂျင်ဝိုင် လဲလှယ်ရတာကလွဲရင် တခြားပြဿနာမရှိခဲ့ဘူးလို့ Easy Rider Motorbike ကုမ္ပဏီက ပြောပါတယ်။

 

နောက်တစ်ချက်က အင်ဂျင်ပါဝါ ၄၀၀ စီစီနဲ့ ထုတ်လုပ်ထားသလို တစ်နာရီ ၁၅၆ ကီလိုမီတာကျော်အထိ အရှိန်မြှင့်တင်နိုင်မှာ ဖြစ်ပါတယ်။

 

အချိန် ၈.၂၃ စက္ကန့်အတွင်းမှာ သုညကနေ ကီလိုတစ်ရာအရှိန်နှုန်း ရရှိစေမှာဖြစ်ပြီး အရှိန်များလွန်းတဲ့အခါမှာလည်း သတိပေးတဲ့စနစ်တွေ ပါဝင်ပါတယ်လို့ သိရပါတယ်။

 

ထို့ပြင် ဂီယာခြောက်ချက်ထိုး စနစ်နဲ့ တည်ဆောင်ထားပြီး ၁၃ မီတာဆံ့ ဆီတိုင်ကီ၊ အင်ဂျင်မပူစေဖို့ ရေတိုင်ကီနဲ့ ရှေ့ရော နောက်ပါ ABS ဘရိတ်တွေကို အဆင့်မြင့်မြင့် ထည့်သွင်းထားတာကြောင့် ခရီးဝေးသွားတဲ့အခါ အန္တရာယ်ကင်းကင်းနဲ့ အရှိန်ကောင်းကောင်း ဖြတ်ကျော်နိုင်မှာလည်း ဖြစ်ပါတယ်။

 

ဘီးကြီးဆိုင်ကယ် Sport Type တွေ များစွာရှိပေမဲ့ ခရီးဝေးသွားဖို့အကောင်းဆုံးကိုမှ အရည်အသွေးမြင့်မြင့်နဲ့ ဈေးနှုန်းအထူးသက်သာအောင် ထုတ်လုပ်ပေးထားတဲ့ ဆိုင်ကယ်တွေထဲမှာတော့ Bajaj Dominar 400 ဆိုင်ကယ်က ထိပ်ဆုံးမှာရှိနေလိမ့်မယ်လို့ Bajaj ကုမ္ပဏီက ထုတ်ပြန်ထားပါတယ်။

 

မကြာသေးခင်ကမှ မြန်မာပြည်ဈေးကွက်ထဲ စတင်ရောက်ရှိလာတဲ့ အိန္ဒိယနိုင်ငံထုတ် Bajaj Dominar 400 ဆိုင်ကယ်ကို လက်ရှိမှာ အနီ၊ အပြာ၊ အနက်၊ အဖြူ စတဲ့ အရောင်လေးရောင်နဲ့ ထုတ်လုပ်ပေးထားပြီး ဈေးနှုန်းအနေဖြင့် ကျပ် ၄,၃၅၀,၀၀၀ သတ်မှတ်ထားသလို အင်ဂျင်နဲ့ဖရိမ်ကို ၂ နှစ် Warranty ပေးထားပါတယ်။

 

Read more: အဆင့်မြင့်နည်းပညာများနှင့် KTM 390 Duke

Source: automobile

Read times
Rate this item
(0 votes)