Motocycle



မန္တလေးမှာစတင်မိတ်ဆက်ခဲ့တဲ့ Harley-Davidson ရဲ့ 2018 model FXBB Softail Street Bob 107 ဆိုင်ကယ်

မန္တလေးမှာစတင်မိတ်ဆက်ခဲ့တဲ့ Harley-Davidson ရဲ့ 2018 model FXBB Softail Street Bob 107 ဆိုင်ကယ် google

ကမ္ဘာကျော် ဆိုင်ကယ်အမှတ်တံဆိပ်အများစု အဓိကပစ်မှတ်ထားပြီး ၀င်ရောက်လာတဲ့အထဲမှာ

ဆိုင်ကယ်မြို့တော်လို့ တင်စားခေါ်ဝေါ်ကြတဲ့ မန္တလေးမြို့က ထိပ်ဆုံးမှ ပါဝင်နေပါတယ်။

 

ယခုနှစ် မတ်လအတွင်း မြန်မာနိုင်ငံရဲ့ ပထမဆုံးအရောင်းပြခန်းအဖြစ် မန္တလေးမြို့တွင် ဖွင့်လှစ်ထားသော Harley-Davidson Showroom တွင် ယခုရက်ပိုင်းအတွင်း 2018 model FXBB Softail Street Bob 107 ဆိုင်ကယ်ကို

ဆိုင်ကယ်ချစ်သူတွေနဲ့ စိတ်ဝင်စားသူတွေကို ကိုယ်တိုင်စမ်းသပ်မောင်းနှင်စေပြီး မိတ်ဆက်ပြသခဲ့ပါတယ်။

 

အဲ့ဒါကြောင့် ဆိုင်ကယ်ချစ်သူတွေအတွက် ကမ္ဘာကျော် Brand ဖြစ်တဲ့ 2018 model FXBB Softail Street Bob 107 ဆိုင်ကယ်အကြောင်း ဖော်ပြပေးလိုက်ပါတယ်။

 

Harley-Davidson ရဲ့ 2018 model တစ်မျိုးဖြစ်တဲ့ FXBB Softail Street Bob 107 ဆိုင်ကယ်မှာ အသုံးပြုထားသော Milwaukee-Eight-Engine ဟာ Harley-Davidson Big-Twin Engine တွေရဲ့ ကိုးဆက်မြောက် အင်ဂျင်လည်း ဖြစ်ပါတယ်။

 

၎င်းအင်ဂျင်ကို ၂၀၁၇ ခုနှစ်တွင် Touring နဲ့ Trike အမျိုးအစား ဆိုင်ကယ်တွေမှာသာ စတင်တပ်ဆင်အသုံးပြုခဲ့ပေမဲ့ ယခု ၂၀၁၈ ခုနှစ်မှာတော့ Softail Family ဆိုင်ကယ်တွေမှာပါ ထပ်တိုးတပ်ဆင်အသုံးပြုလာတာကို တွေ့ရပါတယ်။

 

၎င်းရဲ့ အင်ဂျင်ပါဝါက Milwaukee-Eight 107 Cu.ln ကို 1746 CC အသုံးပြုထားပြီး Street Bob 107 ကတော့ Dyna Family ကနေ ၂၀၁၈ ခုနှစ်တွင် Softail Family ဘက်သို့ ကူးပြောင်းလာခဲ့သလို

ထူးခြားတဲ့ အသွင်အပြင်တွေနဲ့ Harley-Davidson ချစ်သူတွေအရှေ့ကို ထွက်ပေါ်လာခြင်း ဖြစ်တယ်။

 

Milwaukee-Eight Engine တွင် Power ၊ Heat ၊ Vibration တွေကအစ အရင်ထုတ်လုပ်ခဲ့သော အင်ဂျင်တွေထက် ပိုမိုကောင်းမွန်အောင်၊ ပိုပြီးသာလွန်အောင် ထုတ်လုပ်ပေးထားပါတယ်။

 

နောက်တစ်ချက်ကတော့ နိုင်ငံအသီးသီးမှ Harley-Davidson ဆိုင်ကယ်ချစ်သူတွေရဲ့ တောင်းဆိုမှုကြောင့် ယခု ၂၀၁၈ မော်ဒယ်မှာတော့ အရင် Twin Cam Engine ထက် ဗားလေးခု ပိုလာသလို Torque 10 ရာခိုင်နှုန်း ပိုလာပါတယ်။

 

အိပ်ဇောနဲ့ Intake Flow Capacity ကလည်း 50 ရာခိုင်နှုန်း ပိုလာ၍ Fuel Economy လည်း သိသိသာသာ ပိုလာတာကို တွေ့ရပါတယ်။

 

နောက်ထပ်အားသာချက်ကတော့ Heat အတွက် Engine Idle Temperature Management System (EITMS) လို့ခေါ်သော စနစ် ပါဝင်လာပါတယ်။

 

EITMS ကို ၂၀၁၄ ခုနှစ်နောက်ပိုင်းမှာ စတင်အသုံးပြုခဲ့ပြီး အပူချိန်လွန်ကဲနေတဲ့အချိန် ၎င်းကိုဖွင့်ထားလိုက်ပါက အနောက်ဆလင်ဒါက ဗားလေးခုစလုံးကို ပိတ်လိုက်ပြီူ အပူချိန်ကို 37.778 C လျှော့ချပေးမှာ ဖြစ်ပါတယ်၊

 

၎င်းစနစ်ပါဝင်လာခြင်းကြောင့် မီးပွိုင့်နှင့် ကားလမ်းပိတ်တဲ့နေရာတွေမှာ အသုံးဝင်စေမှာဖြစ်ပြီး အင်ဂျင်ရဲ့တုန်ခါမှုကို 75 ရာခိုင်နှုန်း လျော့နည်းစေမှာ ဖြစ်ပါတယ်။

 

ယခု သြဂုတ်လဆန်းပိုင်းတွင် ဈေးကွက်ထဲ စတင်ရောက်ရှိလာသော 2018 Model FXBB Softail Street Bob 107 ဆိုင်ကယ်ကို ၂ နှစ် အာမခံပေးထားပြီး မန္တလေးမြို့ Harley-Davidson Mandalay Showroom တွင်

တစ်စီးကို ကျပ် ၃၁၅ သိန်းဖြင့် ရောင်းချပေးသွားမှာဖြစ်သဖြင့် Harley-Davidson ကို ချစ်မြတ်နိုးသူတွေအပြင် New Generation ဖြစ်တဲ့ လူငယ်တွေအတွက်လည်း သင့်တော်စေမဲ့ ဆိုင်ကယ်အမျိုးအစား ဖြစ်ပါတယ်။

 

Read more: နည်းပညာအသစ်များပေါင်းစပ်ထားသော 2018 Harley Davidson Softail Deluxe
Source: Automobile

Read times
Rate this item
(0 votes)