Motocycle



နည်းပညာအသစ်များပေါင်းစပ်ထားသော 2018 Harley Davidson Softail Deluxe

နည်းပညာအသစ်များပေါင်းစပ်ထားသော 2018 Harley Davidson Softail Deluxe google

အမေရိကန်ဈေးကွက်မှာ အောင်မြင်မှုနဲ့ အတူ ဥရောပ အနေအထားထိအောင်ပါ ဈေးကွက်ကို လွှမ်းမိုးဖို့ ကြိုးစားနေတဲ့

Harley က နောက်ပိုင်းမှာ ဈေးကွက်မှာ အောင်မြင်ဖို့ နည်းလမ်းဖြစ်တဲ့ ရွေးချယ်နိုင်စရာ မော်ဒယ်ခွဲ များပြားအောင် ထုတ်လုပ်မှုကို ကောင်းကောင်း သိလာသလို အခုလည်း နောက်ထပ် Cruiser တန်းဝင်ထဲက လမ်းကြောင်းစုံ မောင်းနှင်နိုင်မယ့် Softail Deluxe ကို ထုတ်လုပ်ရောင်းချလာနေတာ တွေ့ရပါတယ်။

 

မော်ဒယ်ရဲ့ အစိတ်အပိုင်း အများစုက သံမဏိ ဦးစားပေး အစိတ်အပိုင်းတွေနဲ့ ဖန်တီးထားပါတယ်၊ သံချေးကိုက်မှု သက်သာဖို့ထက် ရုပ်ထွက်ကို ပိုမို ပေါ်လွင်အောင် စတီးတွေ ဖုံးအုပ်ထားလို့ တစ်စီးလုံးက အဝေးက မြင်လိုက်တာနဲ့ ပြောင်လက် တောက်ပနေတာလည်း တွေ့ရပါမယ်။

 

နောက်ပြီး ဘီးတွေရဲ့ တာယာမှာ ထူးခြားချက်က အများစုသော ဆိုင်ကယ်၊ ကားတွေရဲ့ တာယာတွေ အားလုံး အနက်ရောင် တမျိုးတည်း ဖြစ်ပေမယ့် Softail Deluxeရဲ့ တာယာတွေက အဖြူရောင် အနားသတ်တွေ ထည့်ထားတယ်၊ ဒါက ဘီးတွေ အနေနဲ့ပါ Oriလား ပြန်ထည့်ထားတာလား၊ အတုလား၊ အစစ်လား သိစေနိုင်လောက်အောင် ဖန်တီးထားသလိုပါ။


ရှေ့မီးကြီးတွေက LEDစနစ်နဲ့ ဖြစ်လာပြီး ဘေးမီးတွေနဲ့ ရှေ့မီးကြီးက တစ်အိမ်တည်း မဟုတ်တော့ပဲ သီးသန့်စီ ထုတ်ထားပါတယ်။ ကိုယ်ထည် အထိုင်ဘောင်က ပေါ့ပါးမှုထက် တည်ငြိမ်မှု ဦးစားပေး ဟန်နဲ့ ဖြစ်ပါတယ်။

 

အင်ဂျင်စနစ်ကို စွမ်းအင်ထုတ်လုပ်မှု ကောင်းမွန်အောင်လည်း အဆင့်မြှင့်ထားတာ တွေ့ရပါတယ်။ မော်ဒယ်မှာ မြင်းကောင်ရေ ၁၀၇ကောင်အားထိအောင် ထွက်ရှိမယ့် Milwaukee-Eight အင်ဂျင်စနစ်ကို တပ်ဆင်ထားပြီးသူက အမြန်နှုန်း မြှင့်တင်မောင်းနှင်နိုင်မှုမှာ ဈေးကွက်ထဲက လူကြိုက်များ အင်ဂျင်စနစ် High Output Twin Cam ထက် ၁၀ရာခိုင်နှုန်း ပိုမို မြန်ဆန်စွာ ရောက်အောင် မောင်းနှင်နိုင်မယ်လို့ ဆိုပါတယ်။

 

ကိုယ်ထည်ရဲ့ အထိုင် ၆၅ရာခိုင်နှုန်းကလည်း တခြား Cruiser တွေနဲ့ မတူအောင် ဒီဇိုင်းဆွဲထားတယ်လို့ သိရပါတယ်။ Uni(ပင်မအထိုင်ဘောင်)စနစ် လူကြိုက်များ ကောင်းမွန်လာမှုမှာ အခု Softail Deluxeရဲ့ ပင်မ အထိုင်ဘောင်က အခြား ပြိုင်ဖက် မော်ဒယ်တွေရဲ့ အထိုင်ဘောင်ထက် အစိတ်အပိုင်း ၅၀ရာခိုင်နှုန်း ပိုမို နည်းပါးသွားတယ်။

 

ဆိုင်ကယ် တစ်စီးလုံးရဲ့ ၃၄ရာခိုင်နှုန်းထိအောင် ပိုမို ကျစ်လစ်လာတယ်လို့လည်း သိရပါတယ်။ အရင်နှစ်ကထွက်တဲ့ Softail Deluxeမော်ဒယ်ထက်လည်း အလေးချိန် ၃၃ပေါင် ပိုမို ပေါ့ပါးလာတာလည်း တွေ့ရပါတယ်။

 

ယခုလို အလေးချိန် ပေါ့ပါးအောင် ဖန်တီးလာနိုင်မှု အပိုင်းမှာ နောက်ဖက် Shock Absorberကိုလည်း အရင် နှစ်ချောင်း ထိုင်ပုံစံကနေ အခု တစ်ချောင်းထိုင် ပုံစံ ပြောင်းလဲလိုက်တယ်၊ အင်ဂျင်က စွမ်းအင် ထုတ်လုပ်မှု ကောင်းလာပြီး အင်ဂျင်အရွယ်ကိုလည်း အနည်းငယ် လျော့ချလာနိုင်ခဲ့တာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

 

မီးသီးတွေမှာလည်း LEDပြောင်းလိုက်လို့ အလေးချိန် ကျသွားတယ်လို့ ဆိုပါတယ်။ မော်ဒယ်ကို အနက်ရောင် အနေနဲ့ဆိုရင် ဒေါ်လာ ၁၇၉၉၉၊ အခြား အရောင်အနေနဲ့ လိုချင်ရင် ၁၈၃၉၉၊ နှစ်ရောင်စပ် ပုံစံနဲ့ လိုချင်ရင် ၁၈၇၄၉နဲ့ ရနိုင်မှာ ဖြစ်ပါတယ်။

 

ယခုနှစ် မော်ဒယ်မှာ Keylessအနေနဲ့ စက်နှိုးနိုင်မှု၊ H-Dလုံခြုံရေးစနစ် (၀ယ်ယူထားသူရဲ့ ကိုယ်ပိုင် အချက်အလက်တွေကို ကုမဏီ မှတ်သားထားပြီး မော်ဒယ်ကို လိုအပ်ပါက ရှာဖွေ တိုက်ဆိုင်စစ်ဆေးပြီး ကိုယ်ရှင်အမှန်ဖော်ပေးမယ့်စနစ်)နဲ့ ကားတွေမှာ သုံးတဲ့ ABS ဆိုတဲ့ ဖိအားပေးဘရိတ်စနစ်တွေကိုပါ ထည့်သွင်းတပ်ဆင်ထားတယ်လို့ ဆိုပါတယ်။

 

အမြန်နှုန်း မြှင့်တင်နိုင်မှုမှာ တစ်နာရီ မိုင် ၆၀နှုန်းကို အချိန် ၄စက္ကန့် ၀န်းကျင်နဲ့ ရောက်နိုင်မယ်၊ ဆီတစ်ဂါလံကို မိုင် ၃၀ခန့် စီးနင်းနိုင်မယ်လို့ သိရပါတယ်။

 

Read more: စံချိန်တင်ရောင်းချခဲ့ရသော Royal Enfield ဆိုင်ကယ်
Source: MUNA

Read times
Rate this item
(0 votes)