Motocycle



လူကြိုက်များရေပန်းစားလာတဲ့ Honda Wave Alpha

လူကြိုက်များရေပန်းစားလာတဲ့ Honda Wave Alpha google

Honda ဆိုင်ကယ်ဟာ နိုင်ငံတကာမှာ နာမည်ရနေတဲ့ Brand တစ်မျိုးဖြစ်တာကြောင့် အထူးတလည်ပြောပြနေစရာ မလိုတော့ပါဘူး။

ယခုမိတ်ဆက်ပေးမှာတော့ Honda Wave Alpha ဟာ မန္တလေးဈေးကွက်မှာသာမက မြန်မာနိုင်ငံအတွင်းက မြို့တော်တော်များများမှာပါ ရေပန်းစားလာသောကြောင့် ဆိုင်ကယ်ချစ်သူတွေအတွက် မိတ်ဆက်ဖော်ပြပေးလိုက်ပါတယ်။

Honda Wave Alpha ဆိုင်ကယ်ရဲ့အင်ဂျင်ဟာ ၁၁၀ CC ကို ပါဝါအပြည့်နဲ့ထုတ်လုပ်ထားပြီး ကာပရိုက်တာ Type နဲ့ ထုတ်လုပ်ပေးထားပြီး Honda ရဲ့ သတ်မှတ်အင်ဂျင်ဒီဇိုင်းအတိုင်း ထုတ်လုပ်ထားခြင်းဖြစ်ပါတယ်။

Manual ဂီယာလေးချက်နဲ့ အသုံးပြုနိုင်မှာဖြစ်ပြီး Honda Wave Alpha ရဲ့အားသာချက်ကတော့ ဂီယာထိုးရာမှာ တခြား Manual ဂီယာတွေနဲ့မတူဘဲ အလွန်ပေါ့ပါးညက်ညောတာ တွေ့ရပါတယ်။

နောက်ထပ်ထူးခြားမှုက အိပ်ဇောအတွင်းမှာ အသံလုံအောင်ပြုလုပ်ထားသောကြောင့် စက်ဆူညံမှုနည်းပါးသွားသလို Start ခလုတ်နှိပ်ပြီး Start ဆွဲတဲ့အခါမှာလည်း မိုတာသံရဲ့ ဆူညံမှုဟာ အလွန်နည်းပါးလှပါတယ်။

Start ခလုပ်နှိပ်လိုက်ရုံဖြင့် စက်သံ မသိမသာမြည်ပြီး အင်ဂျင်ကို အလုပ်လုပ်စေတာဟာလည်း Honda Wave Alpha ရဲ့ အားသာချက်တစ်ခုဖြစ်ပါတယ်။

ထို့အပြင် ဆီတိုင်ကီနှင့်အတူ ဆီတိုင်ကီအငွေ့ပြန်ပိုက် ပါရှိလာသောကြောင့် ဆီတိုင်ကီအတွင်း လေခိုတာအမျိုး မဖြစ်ပေါ်စေသလို အေးမြတဲ့ဆောင်းရာသီမနက်ခင်းမျိုးမှာလည်း စက်နှိုးရင်လည်း လွယ်ကူစေမှာဖြစ်ပါတယ်။

ဆီတိုင်ကီကတော့ တစ်ဂါလန်နီးပါးဆန့်ပြီး ကာပရိုက်တာနဲ့ဆက်သွယ်ပေးထားတဲ့လေစစ်ကတော့ Air Cleaner Viscous Type သုံးထားသောကြောင့် သတ်မှတ်ကီလိုနှုန်းရောက်လို့ လေစက်ကို ဖြုတ်စစ်တဲ့အခါမျိုးမှာတော့ လေမှုတ်လို့ရမှာ မဟုတ်ပါဘူး။

လေမှုတ်ရမယ့်အသား လေစစ်ကိုခါပြီး အမှုန်အမွှားတွေ သန့်စင်ခြင်းလောက်သာရမည်ဟု မန္တလေးမြို့ Honda ဆိုင်ကယ်အရောင်းပြခန်းက ပြောပါတယ်။

ဒါ့အပြင် နောက်ဖောက်ရဲ့ရှပ်ကို ရှပ်အကြီးသုံးထားသောကြောင့် အလေးချိန်ပိုတင်နိုင်သလို ဆီယိုစိမ့်တာမျိုးတွေလည်း မရှိတော့ပေ။

City Fashion Mover လို့ တင်စားကြတဲ့ Honda Wave Alpha ဆိုင်ကယ်ကတော့ ယခု ၂၀၁၈ မော်ဒယ်မှာ အနက်၊ ခဲရောင်၊ နို့စိမ်းရောင်စတဲ့ အရောင်တွေထွက်ရှိပြီး အင်ဂျင်တစ်နှစ်အာမခံပေးထားသလို မန္တလေးမြို့မှာတော့ တစ်စီးကို ၁,၃၈၀,၀၀၀ နဲ့ရောင်းချလျက်ရှိပါတယ်။

Read more: ဆိုင်ကယ်လုံခြုံမှုစနစ်သစ် တီထွင်နိုင်ခဲ့သော မလေးရှား တက္ကသိုလ်ကျောင်းသားနှစ်ဦး

Source: automobile

Read times
Rate this item
(1 Vote)