Motocycle



ဆိုင်ကယ်လုံခြုံမှုစနစ်သစ် တီထွင်နိုင်ခဲ့သော မလေးရှား တက္ကသိုလ်ကျောင်းသားနှစ်ဦး

ဆိုင်ကယ်လုံခြုံမှုစနစ်သစ် တီထွင်နိုင်ခဲ့သော မလေးရှား တက္ကသိုလ်ကျောင်းသားနှစ်ဦး google

မလေးရှားနိုင်ငံ၊ Jasin ပြည်နယ်ရှိ Marlimau Melaka Polytechnic (PMM) တက္ကသိုလ်တွင် တက်ရောက်နေသည့် ကျောင်းသားလေးနှစ်ဦးသည်

လက်ဗွေနှိပ်၍ ဆိုင်ကယ်အင်ဂျင်နှိုးသည့်စနစ်ကို တီထွင်ခဲ့သောကြောင့် ဂုဏ်ပြုခံခဲ့ရကြောင်း သိရပါတယ်။

PMM တက္ကသိုလ်တွင် Electrical Engineering ဒီပလိုမာတက်နေသည့် Mohammed Khairul Jalaludin နှင့် Nur Hamdee Ramli တို့နှစ်ဦးသည် ချိုးဖောက်ဝင်ရောက်ရန် ခက်ခဲသော လက်ဗွေဖြင့် ဆိုင်ကယ်အင်ဂျင်နှိုးသည့်စနစ်ကို ခြောက်လကြာအချိန်ယူကာ တီထွင်ခဲ့ရပြီး ၎င်းအတွက် မလေးရှားရင်းဂစ်ငွေ ခုနှစ်ရာခန့် သုံးစွဲခဲ့ရပါတယ်။

ယခုလိုတီထွင်နိုင်ရန် စိတ်ကူးကို လွန်ခဲ့သောနှစ်အနည်းငယ်က အကိုဖြစ်သူ၏ဆိုင်ကယ်အခိုးခံရပြီးနောက် ရရှိခဲ့တာဖြစ်ပါတယ်။

လက်ဗွေနှိပ်စက်တွင် ကုတ်ထည့်သွင်းခြင်း၊ ပရိုဂရမ်ရေးဆွဲခြင်းတို့တွင် စိန်ခေါ်မှုတစ်ချို့ ကြုံခဲ့ရကြောင်း Jalaludin က ရှင်းလင်းပြောကြားခဲ့ပါတယ်။

Ramli ကလည်း မိမိတို့ဖန်တီးခဲ့သည့်စနစ်တွင် လုံခြုံရေးပိုမိုကောင်းမွန်ရန် Global Positioning System (GPS) သို့မဟုတ် Detectors တို့ ထပ်မံထည့်သွင်းသွားကာ ဖြန့်ဖြူးရောင်းချသွားရန် မျှော်လင့်ထားကြောင်း သိရပါတယ်။

PMM တက္ကသိုလ်က Physical Science ဘာသာရပ်၏ Best Project Director ဆုကို ၎င်းတို့နှစ်ယောက်ကို ဂုဏ်ပြုချီးမြှင့်ခဲ့ပါတယ်။

Read more: ရှုံးနိမ့်မှုတိုင်းကို လှေခါးသဖွယ် အသုံးချခဲ့သည့် Honda ၏ သမိုင်း

Source: Automobile

Read times
Rate this item
(0 votes)