Local Industry



YBS ဘတ်စ်ကားများတိုင်းတွင် GPS တပ်ဆင်ကာ ခရီးစဉ်စဆုံးပြေးဆွဲခြင်းရှိမရှိစောင့်ကြည့်မည်

YBS ဘတ်စ်ကားများတိုင်းတွင် GPS တပ်ဆင်ကာ ခရီးစဉ်စဆုံးပြေးဆွဲခြင်းရှိမရှိစောင့်ကြည့်မည် google

YBS ဘတ်စ်ကားများ ခရီးစဉ်အစအဆုံးပြေးဆွဲခြင်းမရှိပါက ယာဉ်မောင်းများအား အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။

ထို့သို့ပြေးဆွဲခြင်းရှိမရှိသိရှိစေရန် ဘတ်စ်ကားအားလုံးတွင် GPS များတပ်ဆင်သွားမည်ဖြစ်ပြီး Bus Operator Team အဖွဲ့ဖွဲ့စည်းပြီး စောင့်ကြည်သွားမည်ဖြစ်ကြောင်းသိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း အများပြည်သူသွားလာရေး နိုင်ငံတကာအဆင့်မီ အဆင်ပြေချောမွေ့ စေရန် ရည်ရွယ်ပြီး ၂၀၁၇ ခုနှစ်ဇန်န၀ါရီလ ၁၆ ရက်နေ့မှ စတင်ကာ ပုဂ္ဂလိကတစ်ဦးချင်းပိုင် ခရီးသည်တင် ဘတ်စ်ကားဝန်ဆောင်မှုမှ အများပိုင်ယာဉ်လိုင်းစနစ်ပြောင်းလဲဆောင်ရွက် သော်လည်း တိုင်းဒေသကြီး အစိုးရချမှတ်ထားသည့် စည်းကမ်းချက်များအားပြည့်ဝစွာလိုက်နာမှု အားနည်းနေသေးကြောင်းသိရသည်။

အဓိကအနေဖြင့် YBS ယာဉ်လိုင်းတချို့ခရီးစဉ်အစအဆုံးပြေးဆွဲခြင်းမရှိသောကြောင့် ပြည်သူများ သွားလာရေး အခက်အခဲကြုံတွေ့နေရကြောင်းသိရသည်။

ခရီးစဉ်အစဆုံးပြေးဆွဲမှုရှိမရှိ၊ သတ်မှတ်လမ်းကြောင်းတိုင်းမောင်းနှင်မှုများရှိမရှိသိရအောင် ယခုလပိုင်းအတွင်း YBS ကားအားလုံးကို GPS တပ်သွားရန်စီစဉ်နေကြောင်းသိရသည်။

ယခုတွင် ကားသစ်များလဲရန်အတွက်ပါစီစဉ်နေသောကြောင့် တစ်ခါတည်း GPS တပ်ဆင်သွားမည် ဖြစ်ကြောင်း သိရသည်။

ထိုပြင် Bus Operator Team ဆောင်ရွက်သွားမည်ဖြစ်သကဲ့သို့ ကွန်ထရိုးဆင်တာနှင့်လည်း ချိတ်ဆက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း YRTA မှတာဝန်ရှိသူတစ်ဦးပြောကြားချက်အရသိရသည်။

YBS ပြောင်းလဲလိုက်သော်လည်း စပယ်ယာများ၏ အကျင့်စရိုက်နှင့် အပြုအမူများ စကားပြောရိုင်းပြခြင်းများ ပြောင်းလဲမှုမရှိသေးပဲ ယခင်ပုံစံအတိုင်း ပြောဆိုဆက်ဆံမှု များရှိနေကြောင်း တွေ့ရသည်။

ယင်းမှာ အများပိုင်ယာဉ်လိုင်းစနစ်အားပြည့်ဝစွာ ဖော်ဆောင်နိုင်ခြင်းမရှိဘဲ ယခင်ပိုင်မောင်းရောင်းစနစ်ဖြင့်သာ မော်တော်ယာဉ်တစ်ချို့ ပြေးဆွဲနေကြခြင်းကြောင့်ဖြစ်သည်ဟု သုံးသပ်ထားကြောင်းသိရသည်။

Source: Pyimyanmar journal

Read times
Rate this item
(0 votes)