Local Industry




ယာဉ်စီးခပေးချေခြင်းကို ကတ်စနစ်ဖြင့် စတင်နိုင်ရန် စီစဉ်(Zawgyi-Unicode) google






 


 




အဆိုပါကတ်စနစ်ကို စတင်နိုင်ရန်အတွက် တင်ဒါလျှောက်ထားသည့် ကုမ္ပဏီများကို စိစစ်ဆောင်ရွက်မှုများ လုပ်ဆောင်နေပြီး လာမည့် ၂၀၁၈ခုနှစ်၊ ဖေဖော်ဝါရီလတွင် အကောင်အထည်ဖော်နိုင်ရန်စီစဉ်နေကြောင်း သိရသည်။




(Unicode)

ယာဉ်စီးခပေးချေခြင်းကို ကတ်စနစ်ဖြင့် စတင်နိုင်ရန် စီစဉ်(Zawgyi-Unicode)

ကတ်စနစ်ဖြင့် ယာဉ်စီးခပေးချေနိုင်မည့်စနစ်ကို လာမည့်၂၀၁၈ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း စတင်နိုင်ရန် စီစဉ်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင် အဖွဲ့မှ သိရပါသည်။

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် YBS ယာဉ်စီးခများကို ကတ်စနစ်ဖြင့် ပေးချေနိုင်ရန်အတွက် တင်ဒါခေါ်ယူထားပြီး လာမည့် ၂၀၁၈ခုနှစ်၊ ဖေဖော်ရီတွင် စတင်ကျင့်သုံးနိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရပါသည်။

 ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ အတွင်းရေးမှူးမှ ယာဉ်စီးခကို ကတ်ဖြင့် ပေးချေသည့်စနစ်အတွက် တင်ဒါခေါ်ယူပြီးကြောင်း၊ တင်ဒါအောင်သောကုမ္ပဏီကိုလည်း ကြေညာပေးသွားမည်ဖြစ်ကြောင်း ပြောကြားပါသည်။

ထိုစနစ်ကို ၂၀၁ခုနှစ် ဇန်နဝါရီလတွင် မစတင်နိုင်ပါက ဖေဖော်ဝါရီလတွင် စတင်နိုင်ရန် စီစဉ်နေကြောင်း ပြောကြားထားပါသည်။

 

***သင်စိတ်ဝင်စားနိုင်သော ကားကီးရီမုတ်ကို လေးကြိမ်ဆက်တိုက်နှိပ်ရင် ဖြစ်လာမည့်အချက်များ***

 

ကတ်စနစ်မစတင်နိုင်သေးခင် ငွေအကြွေပြဿနာအတွက် YBS ကုမ္ပဏီဝန်ထမ်းများက လူစည်ကားသော မှတ်တိုင်များတွင် အကြွေများလဲလှယ်ပေးနေပြီး ဘဏ်များကိုလည်း အကြွေလဲလှယ်ပေးရန်အတွက် ပြောထားကြောင်း၊ ကတ်စနစ်မစတင်နိုင်သေးခင်တွင် အကြွေပြဿနာများ ရှိနေမည်ဖြစ်ကြောင်းပြောကြားပါသည်။

ထိုပြဿနာများကို ပြေလည်စေရန် ကတ်စနစ်ဖြင့် ယာဉ်စီးခပေးခြင်းကို အမြန်ဆုံးအကောင်အထည်ဖော်နိုင်ရန် ဆောင်ရွက်နေကြောင်း ပြောကြားထားပါသည်။

ယာဉ်စီးခကို ကတ်ဖြင့် ငွေပေးချေသည့်စနစ် ( Yangon Payment Service) အတွက် တင်ဒါခေါ်ယူခြင်းကို ၂၀၁၇ခုနှစ်၊ သြဂုတ်လမှစတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး တာဝန်ယူဆောင်ရွက်နိုင်မည့် ကုမ္ပဏီရွေးချယ်ပြီးပါက ကြေညာသွားမည်ဖြစ်ကြောင်း ပြောကြားထားပါသည်။

အဆိုပါကတ်စနစ်ကို စတင်နို်င်ရန်အတွက် တင်ဒါလျှောက်ထားသည့် ကုမ္ပဏီများကို စိစစ်ဆောင်ရွက်မှုများ လုပ်ဆောင်နေပြီး လာမည့် ၂၀၁၈ခုနှစ်၊ ဖေဖော်ဝါရီလတွင် အကောင်အထည်ဖော်နိုင်ရန်စီစဉ်နေကြောင်း သိရသည်။

ကတ်စနစ်ဖြင့် ယာဉ်စီးခပေးချေပါ ယင်းကတ်ကို ယာဉ်ပေါ်အတက်တွင် တစ်ကြိမ်နှင့် ဆင်းမည့်မှတ်တိုင်အရောက်တွင် တစ်ကြိမ်ဖြတ်ရမည်ဖြစ်ပြီး စီးနင်းသည့်မှတ်တိုင်အကွာအဝေးလိုက်သာ ယာဉ်စီးခကျသင့်မည်ဖြစ်ကြောင်း သိရသည်။

Source: automobile journal

                                                                                                                                   

                                                                                                                                   

Read times
Rate this item
(0 votes)