Local Industry



ျမ၀တီနယ္စပ္၀င္ေပါက္မွ ေမာ္ေတာ္ယာဥ္ တရား၀င္တင္သြင္းမႈ လုပ္ငန္းမ်ား ရပ္ဆုိင္းသြားေတာ့မည္ ျဖစ္ေၾကာင္း ကား၀ယ္ေရာင္းမ်ား အခက္ၾကဳံေန(Zawgyi-Unicode)

ျမ၀တီနယ္စပ္၀င္ေပါက္မွ ေမာ္ေတာ္ယာဥ္ တရား၀င္တင္သြင္းမႈ လုပ္ငန္းမ်ား ရပ္ဆုိင္းသြားေတာ့မည္ ျဖစ္ေၾကာင္း ကား၀ယ္ေရာင္းမ်ား အခက္ၾကဳံေန(Zawgyi-Unicode) google

ေမာ္ေတာ္ယာဥ္တင္သြင္းျခင္းႏွင့္ သက္ဆုိင္ေသာ လုပ္ငန္းမ်ားၾကီးၾကပ္ေရး ေကာ္မတီ၏

၂၀၁၈ ခုႏွစ္ ေမာ္ေတာ္ယာဥ္တင္သြင္းမႈ ဆုိင္ရာမူ၀ါဒေျပာင္းလဲ သတ္မွတ္ခ်က္အမိန္႕ေၾကာ္ျငာစာအမွတ္ ၁/၂၀၁၇ အရ ျမ၀တီနယ္စပ္၀င္ေပါက္မွ ေမာ္ေတာ္ယာဥ္ တရား၀င္ကုန္ကူးသန္းေရာင္း၀ယ္တင္သြင္းမႈ လုပ္ငန္းမ်ား ရပ္ဆုိင္းသြားေတာ့မည္ ျဖစ္ၿပီး ကား၀ယ္ေရာင္းလုပ္သည့္ လုပ္ငန္းရွင္မ်ား အခက္ၾကဳံလ်က္ရွိေၾကာင္း နယ္စပ္မွ တရား၀င္ကားတင္သြင္းသည့္ လုပ္ငန္းရွင္မ်ားက ေျပာၾကားသည္။

၂၀၁၇ မူ၀ါဒ အေျပာင္းအလဲမွာ ကုန္တင္ယာဥ္အုပ္စုကို ဘယ္ညာမခြဲ တင္သြင္းခြင့္ရွိခဲ့၍ နယ္စပ္မွ ကားတင္သြင္းမႈ လုပ္ငန္းအသက္ေငြ႕ေငြ႕ ရွင္သန္ခဲ့ေသာ္လည္း အခြန္တုိးျမင့္လုိက္ျခင္း ေၾကညာခ်က္ထြက္ၿပီးေနာက္ တင္သြင္းမႈမရွိသေလာက္ နည္းပါးခဲ့သည္။

 

***သင္စိတ္၀င္စားႏုိင္ေသာ ဂရိတ္သုံးမ်ိဳးပါသည့္ Hilux Surf 2013***

 

ယခုအခါ အမိန္႕ေၾကာ္ျငာစာအမွတ္ ၁/၂၀၁၇ အရ လူစီးေမာ္ေတာ္ယာဥ္မ်ား၊ ကုန္တင္ယာဥ္မ်ား၊ ခရီးသည္တင္ယာဥ္မ်ား(Mini bus, City bus; Express Bus) မ်ားအား ဘယ္ေမာင္းမ်ားသာ တင္သြင္းခြင့္ရရွိေတာ့မည္ျဖစ္၍ နယ္စပ္မွကားတင္သြင္းမႈ လုပ္ငန္းမ်ား လုံး၀ရပ္ဆုိင္းသြားမည္ ဟုဆုိသည္။

ထုိင္းႏိုိင္ငံမွ ဘယ္ကုိင္းမ်ား မထုတ္လုပ္သည့္အတြက္ ပစ္ကပ္မ်ား တင္သြင္းႏုိင္စရာ အေၾကာင္းမရွိေတာ့ပါ။

လုပ္ငန္းသုံးကားမ်ား ဘယ္ကုိင္းသာ သြင္းရမည္ျဖစ္သည့္အတြက္ Delivery van မ်ားတင္သြင္းခြင့္မရွိေတာ့ဘဲ ဂ်ပန္ Truck, ထုိင္း Truck မ်ားလည္းတင္သြင္းႏုိင္မည္မဟုတ္ေတာ့ပါ။

လာအုိ၊ ကေမာၻဒီးယား ဘယ္ကိုင္းကားမ်ားကိုလညး္ ထုိင္းမွ ႏုိင္ငံျဖတ္ေက်ာ္သြင္းခြင့္ မေပးဘူးဟု ၾကားရသည့္အတြက္ ျမ၀တီနယ္စပ္ေပါက္မွ မည္သည့္ကားမွ တင္သြင္းႏိုင္စရာ အခြင့္အေရးမရွိေတာ့ပါ။

အလုပ္အကုိင္အခြင့္အလမ္းေပါင္းမ်ားစြာ Game Over ျဖစ္သြားပါၿပီ။

ကားႏွင့္ ပတ္သက္သည့္တစ္ႏုိ္င္တစ္ပုိင္ လုပ္ကုိင္စားေသာက္ေနသူမ်ား၊ ေအးဂ်င့္မ်ား၊ အလုပ္သမားမ်ားအားလုံးလည္း Game Over ျဖစ္သြားပါၿပီဟု ကား၀ယ္ေရာင္းလုပ္သူက ဆက္လက္ေျပာၾကားသည္။

နယ္စပ္စီးပြားေရးအေနျဖင့္ ကား၀ယ္ေရာင္းလုပ္ငန္း၊ ဆုိင္ကယ္၀ယ္ေရာင္း လုပ္ငန္း၊ စားေသာက္ကုန္၊ လူသုံးကုန္ပစၥည္း၀ယ္ေရာင္း လုပ္ငန္းျဖင့္ နယ္စပ္ကုန္သြယ္မႈကို လႈပ္ခတ္လွ်က္ရွိရာ ယခုအခါ ကား၀ယ္ေရာင္းတင္သြင္းမႈလုပ္ငန္းမွာ ရပ္ဆို္င္းသြားၿပီဟု ဆုိသည္။

Source:Daily Eleven


(Unicode)

မြဝတီနယ်စပ်ဝင်ပေါက်မှ မော်တော်ယာဉ် တရားဝင်တင်သွင်းမှု လုပ်ငန်းများ ရပ်ဆိုင်းသွားတော့မည် ဖြစ်ကြောင်း ကားဝယ်ရောင်းများ အခက်ကြုံနေ

မော်တော်ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သော လုပ်ငန်းများကြီးကြပ်ရေး ကော်မတီ၏ ၂၀၁၈ ခုနှစ် မော်တော်ယာဉ်တင်သွင်းမှု ဆိုင်ရာမူဝါဒပြောင်းလဲ သတ်မှတ်ချက်အမိန့်ကြော်ငြာစာအမှတ် ၁/၂၀၁၇ အရ မြဝတီနယ်စပ်ဝင်ပေါက်မှ မော်တော်ယာဉ် တရားဝင်ကုန်ကူးသန်းရောင်းဝယ်တင်သွင်းမှု လုပ်ငန်းများ ရပ်ဆိုင်းသွားတော့မည် ဖြစ်ပြီး ကားဝယ်ရောင်းလုပ်သည့် လုပ်ငန်းရှင်များ အခက်ကြုံလျက်ရှိကြောင်း နယ်စပ်မှ တရားဝင်ကားတင်သွင်းသည့် လုပ်ငန်းရှင်များက ပြောကြားသည်။

 

***သင်စိတ်ဝင်စားနိုင်သော ဂရိတ်သုံးမျိုးပါသည့် Hilux Surf 2013***

 

၂၀၁၇ မူဝါဒ အပြောင်းအလဲမှာ ကုန်တင်ယာဉ်အုပ်စုကို ဘယ်ညာမခွဲ တင်သွင်းခွင့်ရှိခဲ့၍ နယ်စပ်မှ ကားတင်သွင်းမှု လုပ်ငန်းအသက်ငွေ့ငွေ့ ရှင်သန်ခဲ့သော်လည်း အခွန်တိုးမြင့်လိုက်ခြင်း ကြေညာချက်ထွက်ပြီးနောက် တင်သွင်းမှုမရှိသလောက် နည်းပါးခဲ့သည်။

ယခုအခါ အမိန့်ကြော်ငြာစာအမှတ် ၁/၂၀၁၇ အရ လူစီးမော်တော်ယာဉ်များ၊ ကုန်တင်ယာဉ်များ၊ ခရီးသည်တင်ယာဉ်များ(Mini bus, City bus; Express Bus) များအား ဘယ်မောင်းများသာ တင်သွင်းခွင့်ရရှိတော့မည်ဖြစ်၍ နယ်စပ်မှကားတင်သွင်းမှု လုပ်ငန်းများ လုံးဝရပ်ဆိုင်းသွားမည် ဟုဆိုသည်။

ထိုင်းနိိုင်ငံမှ ဘယ်ကိုင်းများ မထုတ်လုပ်သည့်အတွက် ပစ်ကပ်များ တင်သွင်းနိုင်စရာ အကြောင်းမရှိတော့ပါ။

လုပ်ငန်းသုံးကားများ ဘယ်ကိုင်းသာ သွင်းရမည်ဖြစ်သည့်အတွက် Delivery van များတင်သွင်းခွင့်မရှိတော့ဘဲ ဂျပန် Truck, ထိုင်း Truck များလည်းတင်သွင်းနိုင်မည်မဟုတ်တော့ပါ။

လာအို၊ ကမ္ဘောဒီးယား ဘယ်ကိုင်းကားများကိုလညး် ထိုင်းမှ နိုင်ငံဖြတ်ကျော်သွင်းခွင့် မပေးဘူးဟု ကြားရသည့်အတွက် မြဝတီနယ်စပ်ပေါက်မှ မည်သည့်ကားမှ တင်သွင်းနိုင်စရာ အခွင့်အရေးမရှိတော့ပါ။

အလုပ်အကိုင်အခွင့်အလမ်းပေါင်းများစွာ Game Over ဖြစ်သွားပါပြီ။

ကားနှင့် ပတ်သက်သည့်တစ်နို်င်တစ်ပိုင် လုပ်ကိုင်စားသောက်နေသူများ၊ အေးဂျင့်များ၊ အလုပ်သမားများအားလုံးလည်း Game Over ဖြစ်သွားပါပြီဟု ကားဝယ်ရောင်းလုပ်သူက ဆက်လက်ပြောကြားသည်။

နယ်စပ်စီးပွားရေးအနေဖြင့် ကားဝယ်ရောင်းလုပ်ငန်း၊ ဆိုင်ကယ်ဝယ်ရောင်း လုပ်ငန်း၊ စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းဝယ်ရောင်း လုပ်ငန်းဖြင့် နယ်စပ်ကုန်သွယ်မှုကို လှုပ်ခတ်လျှက်ရှိရာ ယခုအခါ ကားဝယ်ရောင်းတင်သွင်းမှုလုပ်ငန်းမှာ ရပ်ဆို်င်းသွားပြီဟု ဆိုသည်။

Source:Daily Eleven

Read times
Rate this item
(0 votes)