Local Industry



ကျပ်သိန်း ၁၃၀ အထိမြင့်တက်လာသည့် အမည်ပေါက်စလစ်ဈေး(Zawgyi-Unicode)

ကျပ်သိန်း ၁၃၀ အထိမြင့်တက်လာသည့် အမည်ပေါက်စလစ်ဈေး(Zawgyi-Unicode) google


ယခုနှစ်အတွင်းမှာ ဂျပန်ညာမောင်းကားများတင်သွင်းမှုများလာပြီး သက်တမ်းနှစ်၂၀စလစ်တစ်စောင်၏ ဈေးနှုန်းသည် ကျပ်သိန်း၁၃၀ အထိမြင့်တက်လာပါသည်။

 

***သင်စိတ်ဝင်စားနိုင်သော ကားတင်သွင်းမှုဆိုင်ရာမူဝါဒအသစ်ကြောင့် ကားဈေး အတက်ဘက်တွင်ရှိ ***



၁၉၉၈မော်ဒယ်နှင့်အောက် ယာဉ်အိုယာဉ်ဟောင်း ဘတ်စ်များကို အိမ်စီးကားနှင့်အပ်နှံလဲလှယ်ခွင့်ပြုထားသော်လည်း ဝင်ရောက်လာမည့် စလစ်အရေအတွက်နည်းပါးသည့်အတွက် စလစ်ဈေးများ ကျဆင်းသွားခြင်းမရှိပါ။



ထို့ကြောင့် သက်တမ်းနှစ် ၂၀အမည်ပေါက်စလစ်တစ်စောင်၏ဈေးနှုန်း သည် ကျပ်သိန်း၁၅၀ဝန်းကျင်အထိ မြင့်တတ်လာနိုင်ပါသည်။

လာမည့်၂၀၁၈ရောက်လာပါက ဘယ်မောင်းကားများသာတင်သွင်းခွင့်ရှိသည့်အတွက် ကားတင်သွင်းခြင်း လျော့နည်းသွားပြီး စလစ်ဈေးလည်း ပြန်လည်ကျဆင်းနိုင်ဖွယ်ရှိသည်ဟု ကားတင်သွင်းရောင်းချသူများက သုံးသပ်ပါသည်။



(Unicode)

ကျပ်သိန်း ၁၃၀ အထိမြင့်တက်လာသည့် အမည်ပေါက်စလစ်စျေး(Zawgyi-Unicode)

လာမည့်၂၀၁၈မှာ ဘယ်မောင်း ကားမောင်းအမျိုးအစားများသာ တင်သွင်းခွင့်ပြုသည့်အတွက် ယခုနှစ်အတွင်းမှာ ဂျပန်ညာမောင်းကားများတင်သွင်းမှုများလာပြီး သက်တမ်းနှစ်၂၀စလစ်တစ်စောင်၏ စျေးနှုန်းသည် ကျပ်သိန်း၁၃၀ အထိမြင့်တက်လာပါသည်။

၂၀၁၈ကားတင်သွင်းမှု မူဝါဒအရ ဘယ်မောင်းကားများကိုသာတင်သွင်းခွင့်ပြုမည်ဟု သတင်းများစတင်ထွက်ရှိချိန်မှစ၍ ဂျပန်ညာမောင်းကားများ အဝယ်လိုက်လာပြီး ကားတင်သွင်းမှုများ ပိုမိုများပြားလာကြောင်းတွေ့ရပါသည်။

 

***သင်စိတ်ဝင်စားနိုင်သော ကားတင်သွင်းမှုဆိုင်ရာမူဝါဒအသစ်ကြောင့် ကားစျေးအတက်ဘက်တွင်ရျိ***

 

တစ်ဖက်တွင်လည်း သက်တမ်း၂၀စလစ်အပ်ကား ရှားပါးလာသလို ဂျပန်ညာမောင်းကားတင်သွင်းနိုင်ရန် စလစ်လိုအပ်ချက် မြင့်တတ်လာကြောင်းသိရပါသည်။

၁၉၉၈မော်ဒယ်နှင့်အောက် ယာဉ်အိုယာဉ်ဟောင်း ဘတ်စ်များကို အိမ်စီးကားနှင့်အပ်နှံလဲလှယ်ခွင့်ပြုထားသော်လည်း ဝင်ရောက်လာမည့် စလစ်အရေအတွက်နည်းပါးသည့်အတွက် စလစ်စျေးများ ကျဆင်းသွားခြင်းမရှိပါ။

ယခုထွက်ရှိလာမည့် ၂၀၁၈ကားတင်သွင်းခွင့်မူဝါဒအရ လာမည့်နှစ်တွင် ၂၀၁၄မော်ဒယ်နှင့်အထက် ဘယ်မောင်းကားအမျိုးအစားများကိုသာ တင်သွင်းခွင့်ရှိမည်ဖြစ်ပါသည်။

ထို့အတွက်လာမည့် နိုင်ဝင်ဘာလအတွင်းအထိ ဂျပန်ညာမောင်းကားတင်သွင်းခြင်း ပိုမိုမြင့်တတ်လာနိုင်ပြီး စလစ်လိုအပ်ချက်မြင့်တက်လာနိုင်သည်ဟု သိရပါသည်။

ထို့ကြောင့် သက်တမ်းနှစ် ၂၀အမည်ပေါက်စလစ်တစ်စောင်၏စျေးနှုန်း သည် ကျပ်သိန်း၁၅၀ဝန်းကျင်အထိ မြင့်တတ်လာနိုင်ပါသည်။

လာမည့်၂၀၁၈ရောက်လာပါက ဘယ်မောင်းကားများသာတင်သွင်းခွင့်ရှိသည့်အတွက် ကားတင်သွင်းခြင်း လျော့နည်းသွားပြီး စလစ်စျေးလည်း ပြန်လည်ကျဆင်းနိုင်ဖွယ်ရှိသည်ဟု ကားတင်သွင်းရောင်းချသူများက သုံးသပ်ပါသည်။

Source:kumudra journal

Read times
Rate this item
(1 Vote)