Local Industry



YPS ကဒ်စနစ်ဖြင့်ငွေပေးချေမှုတွင် လမ်းကြောင်းဖြတ်ပိုင်းမှုသာမက ပုံသေနှုန်းအနေဖြင့်ပါ ပေးချေနိုင်ရန် စီစဉ်ထား

ရန္ကုန္ၿမိဳ႕တြင္ ေျပးဆြဲလွ်က္ရွိေသာ YBS ကားမ်ား၏ေငြေပးေခ်မႈကို E-Payment (YPS) ကဒ္စနစ္ျဖင့္ ေပးေခ်ႏိုင္ရန္အတြက္ စက္မ်ားတပ္ဆင္လွ်က္ရွိသည္။

ယင္း YPS ကဒ္စနစ္ႏွင့္ပတ္သက္ၿပီး ၁၈.၁၂.၁၉ ယေန႔တြင္ျပဳလုပ္ခဲ့ေသာ YRTA ၏ ၁၅ ႀကိမ္ေျမာက္ မီဒီယာေတြ႕ဆုံပြဲတြင္ YRTA ၏ တြဲဖက္အတြင္းေရးမႈး ဦးလွေအာင္က “ယခုလက္ရွိမွာ ကြၽန္ေတာ္တို႔ အေနနဲ႔ YPS ကဒ္စနစ္ကို Asia Starmar Transport Intelligent ကုမၸဏီ ၊ ကြၽန္ေတာ္တို႔ YRTA နဲ႔ YBS ကုမၸဏီ (၄) ခု တို႔ ပူးေပါင္းလုပ္ေဆာင္ေနပါတယ္။ ဒီကဒ္စနစ္ကို ယာဥ္အစီးေရ ၁၅၀၀ တြင္ ကနဦးတပ္ဆင္ အသုံးျပဳသြားမွာပါ။ လက္ရွိတြင္ စက္အလုံးေရ ၅၅၄ ခု အထိ တပ္ဆင္ၿပီးေနပါၿပီ။ စက္မ်ားတပ္ဆင္ရာမွာ ကားအမ်ိဳးအစားကြဲျပားမႈေၾကာင့္ အခ်ိန္ေပးတပ္ဆင္ေနရၿပီး ခရီးသည္မ်ားအခက္အခဲ မျဖစ္ေစဖို႔ ညဘက္ေတြမွာတပ္ဆင္ေနပါတယ္။ Foton နဲ႔ Scania ကားေတြအတြက္လည္း စက္အလုံးေရ ၁၀၃၉ လုံး ေရာက္ရွိေနပါၿပီ။ ၂၇ ရက္ေန႔မွာ ကားအစီး ၁၅၀၀ ကို အၿပီးတပ္ဆင္သြားမွာပါ” ဟု ေျပာၾကားသြားခဲ့ပါတယ္။

 

ယင္းကဒ္စနစ္ကို စမ္းသပ္ကာလအေနျဖင့္ ကုမၸဏီမ်ားက စမ္းသပ္အသုံးျပဳသြားမွာျဖစ္ပါတယ္။ ေငြးေပးေခ်မႈကိုေတာ့ လမ္းေၾကာင္းေပၚမူတည္ၿပီး ေပးလို႔ရႏိုင္ဖို႔အျပင္ ပုံေသႏႈန္းႏွင့္ပါ ႏွစ္မ်ိဳးလုံးအသုံးျပဳႏိုင္ေအာင္ လုပ္ေဆာင္ထားျခင္းျဖစ္ပါတယ္။ ဘယ္လိုႏႈန္းနဲ႔ ေကာက္ခံမယ္ဆိုတာေတာ့ ေသခ်ာမသတ္မွတ္ရေသးပါဘူး။ ေငြေၾကးမွန္မွန္ကန္ကန္ရရွိဖို႔နဲ႔ သတ္မွတ္တဲ့အခ်ိန္အတြင္း အသုံးျပဳဖို႔ ကိုေတာ့ ဘဏ္ေတြနဲ႔ခ်ိတ္ဆက္လုပ္ေဆာင္ရပါတယ္။ စက္ေတြတစ္ကယ္ အလုပ္လုပ္၊ မလုပ္ စမ္းသပ္ၿပီး အားလုံး အဆင္ေျပမွသာစီးႏွင္းသူမ်ား အသုံးျပဳႏိုင္မွာပါ။ အခက္အခဲနဲ႔ အမွားအယြင္း အနည္းဆုံးျဖစ္ေအာင္ လုပ္ေဆာင္ေနပါတယ္ ဆိုၿပီး ထပ္မံျဖည့္စြက္ ေျပာၾကားသြားခဲ့ပါတယ္။

 

Unicode

 

ရန်ကုန်မြို့တွင် ပြေးဆွဲလျှက်ရှိသော YBS ကားများ၏ငွေပေးချေမှုကို E-Payment (YPS) ကဒ်စနစ်ဖြင့် ပေးချေနိုင်ရန်အတွက် စက်များတပ်ဆင်လျှက်ရှိသည်။
 
ယင်း YPS ကဒ်စနစ်နှင့်ပတ်သက်ပြီး ၁၈.၁၂.၁၉ ယနေ့တွင်ပြုလုပ်ခဲ့သော YRTA ၏ ၁၅ ကြိမ်မြောက် မီဒီယာတွေ့ဆုံပွဲတွင် YRTA ၏ တွဲဖက်အတွင်းရေးမှုး ဦးလှအောင်က “ယခုလက်ရှိမှာ ကျွန်တော်တို့ အနေနဲ့ YPS ကဒ်စနစ်ကို Asia Starmar Transport Intelligent ကုမ္ပဏီ ၊ ကျွန်တော်တို့ YRTA နဲ့ YBS ကုမ္ပဏီ (၄) ခု တို့ ပူးပေါင်းလုပ်ဆောင်နေပါတယ်။ ဒီကဒ်စနစ်ကို ယာဉ်အစီးရေ ၁၅၀၀ တွင် ကနဦးတပ်ဆင် အသုံးပြုသွားမှာပါ။ လက်ရှိတွင် စက်အလုံးရေ ၅၅၄ ခု အထိ တပ်ဆင်ပြီးနေပါပြီ။ စက်များတပ်ဆင်ရာမှာ ကားအမျိုးအစားကွဲပြားမှုကြောင့် အချိန်ပေးတပ်ဆင်နေရပြီး ခရီးသည်များအခက်အခဲ မဖြစ်စေဖို့ ညဘက်တွေမှာတပ်ဆင်နေပါတယ်။ Foton နဲ့ Scania ကားတွေအတွက်လည်း စက်အလုံးရေ ၁၀၃၉ လုံး ရောက်ရှိနေပါပြီ။ ၂၇ ရက်နေ့မှာ ကားအစီး ၁၅၀၀ ကို အပြီးတပ်ဆင်သွားမှာပါ” ဟု ပြောကြားသွားခဲ့ပါတယ်။
 
ယင်းကဒ်စနစ်ကို စမ်းသပ်ကာလအနေဖြင့် ကုမ္ပဏီများက စမ်းသပ်အသုံးပြုသွားမှာဖြစ်ပါတယ်။ ငွေးပေးချေမှုကိုတော့ လမ်းကြောင်းပေါ်မူတည်ပြီး ပေးလို့ရနိုင်ဖို့အပြင် ပုံသေနှုန်းနှင့်ပါ နှစ်မျိုးလုံးအသုံးပြုနိုင်အောင် လုပ်ဆောင်ထားခြင်းဖြစ်ပါတယ်။ ဘယ်လိုနှုန်းနဲ့ ကောက်ခံမယ်ဆိုတာတော့ သေချာမသတ်မှတ်ရသေးပါဘူး။ ငွေကြေးမှန်မှန်ကန်ကန်ရရှိဖို့နဲ့ သတ်မှတ်တဲ့အချိန်အတွင်း အသုံးပြုဖို့ ကိုတော့ ဘဏ်တွေနဲ့ချိတ်ဆက်လုပ်ဆောင်ရပါတယ်။ စက်တွေတစ်ကယ် အလုပ်လုပ်၊ မလုပ် စမ်းသပ်ပြီး အားလုံး အဆင်ပြေမှသာစီးနှင်းသူများ အသုံးပြုနိုင်မှာပါ။ အခက်အခဲနဲ့ အမှားအယွင်း အနည်းဆုံးဖြစ်အောင် လုပ်ဆောင်နေပါတယ် ဆိုပြီး ထပ်မံဖြည့်စွက် ပြောကြားသွားခဲ့ပါတယ်။
 
 

Myanmar Automobile Equipment Directory

Read times
Rate this item
(1 Vote)