Local Industry



နိုင်ငံ့ဝန်ထမ်းများအတွက်နှစ်သစ်ကူး သင်္ကြန်ရုံးပိတ်ကာလအတွင်း နေပြည်တော်-ရန်ကုန် ခရီးစဉ် ပြေးဆွဲပေးသွားမည်

နိုင်ငံ့ဝန်ထမ်းများအတွက်နှစ်သစ်ကူး သင်္ကြန်ရုံးပိတ်ကာလအတွင်း နေပြည်တော်-ရန်ကုန် ခရီးစဉ် ပြေးဆွဲပေးသွားမည် google

နိုင်ငံ့ဝန်ထမ်းများအတွက်နှစ်သစ်ကူး သင်္ကြန်ရုံးပိတ်ကာလအတွင်း နေပြည်တော်-ရန်ကုန် ခရီးစဉ် ပြေးဆွဲပေးသွားမည်


နေပြည်တော်ရှိ ရုံးဌာနအသီးသီးတွင် တာဝန်ထမ်းဆောင်လျက်ရှိသော နိုင်ငံ့ဝန်ထမ်းများ သင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း သွားလာရေးအဆင်ပြေစေရန်အတွက် နေပြည်တော် ကုန်းလမ်းပို့ဆောင်ရေးဌာန၏ အစီအစဉ်ဖြင့် နေပြည်တော်-ရန်ကုန်ခရီးစဉ်တစ်ခုကို ပြေးဆွဲပေးသွားမည်ဖြစ်သည်။ အဆိုပါခရီးစဉ်တွင် MAN/ Volvo Express Bus အမျိုးအစား ငါးစီး၊ ထိုင်ခုံ ၂၀၀ ဖြင့် နေပြည်တော်-ရန်ကုန် (အသွား/အပြန်) အတွက် ယာဉ်စီးခ ငွေကျပ် ၁၅၀၀၀ ဖြင့်လည်းကောင်း၊ Hyundai City Bus အမျိုးအစား ငါးစီး၊ ထိုင်ခုံ ၂၀၀ ဖြင့် နေပြည်တော်-ရန်ကုန် (အသွား/အပြန်) ခရီးစဉ်အတွက် ယာဉ်စီးခ ၁၁,၀၀၀ ကျပ်ဖြင့်လည်းကောင်း စုစုပေါင်း ယာဉ် ၁၀ စီးဖြင့် ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်းသိရသည်။ နေပြည်တော်မှ ရန်ကုန်သို့ စတင်ထွက်ခွာမည့်နေ့မှာ ၂၀၂၀ ပြည့်နှစ် ဧပရယ်လ ၂ ရက်နေ့မှ ၆ ရက်နေ့အထိ နံနက် ၇ နာရီမှ ညနေ ၆ နာရီ အတွင်းနေပြည်တော် ကုန်းလမ်းပို့ဆောင်ရေး ဂိတ်တွင် ရောင်းချပေးသွားမည်ဖြစ်ပြီး အဆိုပါခရီးစဉ်တွင် လက်မှတ်ရောင်းချပေးနိုင်မည့်အရေအတွက်ထက် ပိုမိုများပြားနေပါက ဝန်ကြီးဌာနအလိုက် အချိုးကျ ကန့်သတ်ရောင်းချပေးသွားမည်ဖြစ်ကြောင်းသိရသည်။


အဆိုပါခရီးစဉ်၏ လမ်းကြောင်းများမှာ ထောက်ကြံ့လမ်းဆုံမှ ပြည်လမ်းအတိုင်းမောင်းနှင်ပြီး ရန်ကုန်ဘူတာကြီးတွင် ခရီးစဉ်ပြီးဆုံးမည်ဖြစ်ပြီး ဒုတိယလမ်းကြောင်းမှာ အမှတ်(၃) လမ်းမကြီးမှ မောင်းနှင်ကာ အောင်မင်္ဂလာအဝေးပြေးဂိတ်၊ မြောက်ဥက္ကလာပအဝိုင်း၊ တံတားလေးလမ်းဆုံ၊ ကမ္ဘာအေးလမ်းမှတစ်ဆင့် ရန်ကုန်ဘူတာကြီးတွင် ခရီးစဉ် အဆုံးသတ်မည်ဖြစ်ကြောင်းသိရသည်။

 

Banner.png

 

Zawgyi


ႏိုင္ငံ့ဝန္ထမ္းမ်ားအတြက္ႏွစ္သစ္ကူး သၾကၤန္႐ုံးပိတ္ကာလအတြင္း ေနျပည္ေတာ္-ရန္ကုန္ ခရီးစဥ္ ေျပးဆြဲေပးသြားမည္


ေနျပည္ေတာ္ရွိ ႐ုံးဌာနအသီးသီးတြင္ တာဝန္ထမ္းေဆာင္လ်က္ရွိေသာ ႏိုင္ငံ့ဝန္ထမ္းမ်ား သၾကၤန္႐ုံးပိတ္ရက္ကာလအတြင္း သြားလာေရးအဆင္ေျပေစရန္အတြက္ ေနျပည္ေတာ္ ကုန္းလမ္းပို႔ေဆာင္ေရးဌာန၏ အစီအစဥ္ျဖင့္ ေနျပည္ေတာ္-ရန္ကုန္ခရီးစဥ္တစ္ခုကို ေျပးဆြဲေပးသြားမည္ျဖစ္သည္။ အဆိုပါခရီးစဥ္တြင္ MAN/ Volvo Express Bus အမ်ိဳးအစား ငါးစီး၊ ထိုင္ခုံ ၂၀၀ ျဖင့္ ေနျပည္ေတာ္-ရန္ကုန္ (အသြား/အျပန္) အတြက္ ယာဥ္စီးခ ေငြက်ပ္ ၁၅၀၀၀ ျဖင့္လည္းေကာင္း၊ Hyundai City Bus အမ်ိဳးအစား ငါးစီး၊ ထိုင္ခုံ ၂၀၀ ျဖင့္ ေနျပည္ေတာ္-ရန္ကုန္ (အသြား/အျပန္) ခရီးစဥ္အတြက္ ယာဥ္စီးခ ၁၁,၀၀၀ က်ပ္ျဖင့္လည္းေကာင္း စုစုေပါင္း ယာဥ္ ၁၀ စီးျဖင့္ ေျပးဆြဲေပးသြားမည္ျဖစ္ေၾကာင္းသိရသည္။ ေနျပည္ေတာ္မွ ရန္ကုန္သို႔ စတင္ထြက္ခြာမည့္ေန႔မွာ ၂၀၂၀ ျပည့္ႏွစ္ ဧပရယ္လ ၂ ရက္ေန႔မွ ၆ ရက္ေန႔အထိ နံနက္ ၇ နာရီမွ ညေန ၆ နာရီ အတြင္းေနျပည္ေတာ္ ကုန္းလမ္းပို႔ေဆာင္ေရး ဂိတ္တြင္ ေရာင္းခ်ေပးသြားမည္ျဖစ္ၿပီး အဆိုပါခရီးစဥ္တြင္ လက္မွတ္ေရာင္းခ်ေပးႏိုင္မည့္အေရအတြက္ထက္ ပိုမိုမ်ားျပားေနပါက ဝန္ႀကီးဌာနအလိုက္ အခ်ိဳးက် ကန႔္သတ္ေရာင္းခ်ေပးသြားမည္ျဖစ္ေၾကာင္းသိရသည္။


အဆိုပါခရီးစဥ္၏ လမ္းေၾကာင္းမ်ားမွာ ေထာက္ႀကံ့လမ္းဆုံမွ ျပည္လမ္းအတိုင္းေမာင္းႏွင္ၿပီး ရန္ကုန္ဘူတာႀကီးတြင္ ခရီးစဥ္ၿပီးဆုံးမည္ျဖစ္ၿပီး ဒုတိယလမ္းေၾကာင္းမွာ အမွတ္(၃) လမ္းမႀကီးမွ ေမာင္းႏွင္ကာ ေအာင္မဂၤလာအေဝးေျပးဂိတ္၊ ေျမာက္ဥကၠလာပအဝိုင္း၊ တံတားေလးလမ္းဆုံ၊ ကမာၻေအးလမ္းမွတစ္ဆင့္ ရန္ကုန္ဘူတာႀကီးတြင္ ခရီးစဥ္ အဆုံးသတ္မည္ျဖစ္ေၾကာင္းသိရသည္။

 

FILLING STATIONS (GOVMT) ႏွင့္ဆိုင္သော လုပ္ငန္း ၂၁၁ ခုကိုရွာေဖြရန္ ဤေနရာကိုႏွိပ္ပါ။

 

90251442_832926683874316_4730726126572273664_n.png

 

Myanmar Automobile Equipment Directory

Read times
Rate this item
(0 votes)