Local Industry



သင်္ကြန်ကာလအတွင်း နယ်ပြန်ကြမယ့် သူများအတွက် ရန်ကုန်မှ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့ကြီး ၅ မြို့သို့ YBS အထူးယာဉ်များဖြင့် တိုက်ရိုက်ပို့ဆောင်ပေးမည်

သင်္ကြန်ကာလအတွင်း နယ်ပြန်ကြမယ့် သူများအတွက် ရန်ကုန်မှ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့ကြီး ၅ မြို့သို့ YBS အထူးယာဉ်များဖြင့် တိုက်ရိုက်ပို့ဆောင်ပေးမည် google

သင်္ကြန်ကာလအတွင်း နယ်ပြန်ကြမယ့် သူများအတွက် ရန်ကုန်မှ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့ကြီး ၅ မြို့သို့ YBS အထူးယာဉ်များဖြင့် တိုက်ရိုက်ပို့ဆောင်ပေးမည်


သင်္ကြန်ကာလအတွင်း ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မြို့ကြီး ၅ မြို့သို့ပြန်မည့် ပြည်သူများကို YBS အထူးယာဉ်များဖြင့် ပို့ဆောင်ပေးရန် စီစဉ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကျပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့မှ သိရသည်။


ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာ ရှိသည့် ပုသိမ်၊ ဘိုကလေး၊ ဓနုဖြူ၊ ဝါးခယ်မ၊ မြောင်းမြ စသည့်မြို့များမှ ရန်ကုန်မြို့တွင် လာရောက်ပြီး အလုပ်လုပ်ကိုင်နေကြသည့် ပြည်သူများ သင်္ကြန်ကာလအတွင်း နေရပ်ပြန်ကြသည့်အခါ အဆင်ပြေစေရန်အတွက် YBS အထူးယာဉ်များနှင့်ပို့ဆောင်ပေးမည် ဖြစ်သည်။ ထို့အတွက် စတင် စီမံလုပ်ဆောင်နေပြီ ဖြစ်ကြောင်း သိရသည်။


“အရင်နှစ်ကလည်း ဧရာဝတီတိုင်း မြို့၅မြို့ကိုပို့ဆောင်ပေးတယ်၊ ဒီနှစ်လဲ ပို့ဆောင်ပေးဖို့ အစီအစဉ်ဆွဲနေပါပြီ၊ ဒါ့ပြင် တခြားနယ်ကိုပြန်မယ့် ပြည်သူတွေအတွက်ကိုလည်း အွန်လိုင်းကနေ လက်မှတ်ရောင်းပြီး YRTA ကကားတွေနဲ့ အစားထိုးပြေးဆွဲပေးခဲ့တယ်။ အဲဒီမှာ အောင်မင်္ဂလာအဝေးပြေးဝင်းကနေ ပြန်တဲ့ခရီးသည် တစ်သိန်း ခုနှစ်သောင်းကျော်နဲ့ ဒဂုန်အဝေးပြေးကနေ ပြန်တဲ့ ခရီးသည် ခုနှစ်သောင်းဝန်းကျင်ကို ပို့ဆောင်ပေးခဲ့ပါတယ်။ အဘက်ဘက်ကနေ အဆင်ပြေအောင် လုပ်ဆောင်ပေးခဲ့ပေမယ့် အဆင်မပြေတာတွေလည်းရှိခဲ့ပါတယ်။ ပြန်ခါနီးမှ လက်မှတ်မရလို့ဆိုပြီး ပြဿနာတာတွေလည်း ရှိခဲ့ပါတယ်။ ဒါပေမယ့် အခုနှစ်မျာ ဒီထက်အဆင်ပြေမှုရှိအောင် စီမံလုပ်ဆောင်နေပါတယ်” ဟု YRTA တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောသည်။


သင်္ကြန်ကာလ ရုံးပတ်ရက်များအတွင်း ယာဉ်လိုင်းအလိုက်ရပ်နားသည့် ယာဉ်လိုင်းများရှိသလိုပြေးဆွဲပေးသည့် ယာဉ်လိုင်းများလည်း ရှိကြသည်။ ထို့ကြောင့် ယခုနှစ်သင်္ကြန်ကာလအတွင်း ပြေးဆွဲပေးမည့်အဝေးပြေးယာဉ်လိုင်း စီမံချက်များကိုတောင်းခံထားပြီး ယင်းစာရင်းပေါ်မူတည်၍ YRAT က အစာထိုးပြေးဆွဲသွားမည်ဖြစ်သည်။

 

Banner.png

 

Zawgyi


သၾကၤန္ကာလအတြင္း နယ္ျပန္ၾကမယ့္ သူမ်ားအတြက္ ရန္ကုန္မွ ဧရာ၀တီတိုင္းေဒသႀကီးအတြင္းရွိ ၿမိဳ႕ႀကီး ၅ ၿမိဳ႕သို႔ YBS အထူးယာဥ္မ်ားျဖင့္ တိုက္ရိုက္ပို႔ေဆာင္ေပးမည္


သႀကၤန္ကာလအတြင္း ဧရာ၀တီတိုင္းေဒသႀကီး အတြင္းရွိ ၿမိဳ႕ႀကီး ၅ ၿမိဳ႕သို႔ျပန္မည့္ ျပည္သူမ်ားကို YBS အထူးယာဥ္မ်ားျဖင့္ ပို႔ေဆာင္ေပးရန္ စီစဥ္ေနေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး သယ္ယူပို႔ေဆာင္ေရး ႀကီးက်ပ္ကြပ္ကဲမႈအာဏာပိုင္အဖြဲ႕မွ သိရသည္။


ဧရာ၀တီတိုင္းေဒသႀကီးအတြင္းမွာ ရွိသည့္ ပုသိမ္၊ ဘိုကေလး၊ ဓႏုျဖဴ၊ ၀ါးခယ္မ၊ ေျမာင္းျမ စသည့္ၿမိဳ႕မ်ားမွ ရန္ကုန္ၿမိဳ႕တြင္ လာေရာက္ၿပီး အလုပ္လုပ္ကိုင္ေနၾကသည့္ ျပည္သူမ်ား သႀကၤန္ကာလအတြင္း ေနရပ္ျပန္ၾကသည့္အခါ အဆင္ေျပေစရန္အတြက္ YBS အထူးယာဥ္မ်ားႏွင့္ပို႔ေဆာင္ေပးမည္ ျဖစ္သည္။ ထို႔အတြက္ စတင္ စီမံလုပ္ေဆာင္ေနၿပီ ျဖစ္ေၾကာင္း သိရသည္။


“အရင္ႏွစ္ကလည္း ဧရာ၀တီတိုင္း ၿမိဳ႕၅ၿမိဳ႕ကိုပို႔ေဆာင္ေပးတယ္၊ ဒီႏွစ္လဲ ပို႔ေဆာင္ေပးဖို႔ အစီအစဥ္ဆြဲေနပါၿပီ၊ ဒါ့ျပင္ တျခားနယ္ကိုျပန္မယ့္ ျပည္သူေတြအတြက္ကိုလည္း အြန္လိုင္းကေန လက္မွတ္ေရာင္းၿပီး YRTA ကကားေတြနဲ႔ အစားထိုးေျပးဆြဲေပးခဲ့တယ္။ အဲဒီမွာ ေအာင္မဂၤလာအေ၀းေျပး၀င္းကေန ျပန္တဲ့ခရီးသည္ တစ္သိန္း ခုႏွစ္ေသာင္းေက်ာ္နဲ႔ ဒဂုန္အေ၀းေျပးကေန ျပန္တဲ့ ခရီးသည္ ခုႏွစ္ေသာင္း၀န္းက်င္ကို ပို႔ေဆာင္ေပးခဲ့ပါတယ္။ အဘက္ဘက္ကေန အဆင္ေျပေအာင္ လုပ္ေဆာင္ေပးခဲ့ေပမယ့္ အဆင္မေျပတာေတြလည္းရွိခဲ့ပါတယ္။ ျပန္ခါနီးမွ လက္မွတ္မရလို႔ဆိုၿပီး ျပႆနာတာေတြလည္း ရွိခဲ့ပါတယ္။ ဒါေပမယ့္ အခုႏွစ္မ်ာ ဒီထက္အဆင္ေျပမႈရွိေအာင္ စီမံလုပ္ေဆာင္ေနပါတယ္” ဟု YRTA တြဲဖက္အတြင္းေရးမွဴး ဦးလွေအာင္က ေျပာသည္။


သႀကၤန္ကာလ ရံုးပတ္ရက္မ်ားအတြင္း ယာဥ္လိုင္းအလိုက္ရပ္နားသည့္ ယာဥ္လိုင္းမ်ားရွိသလိုေျပးဆြဲေပးသည့္ ယာဥ္လိုင္းမ်ားလည္း ရွိၾကသည္။ ထို႔ေၾကာင့္ ယခုႏွစ္သႀကၤန္ကာလအတြင္း ေျပးဆြဲေပးမည့္အေ၀းေျပးယာဥ္လိုင္း စီမံခ်က္မ်ားကိုေတာင္းခံထားၿပီး ယင္းစာရင္းေပၚမူတည္၍ YRAT က အစာထိုးေျပးဆြဲသြားမည္ျဖစ္သည္။

 

BUS SERVICE COMPANIES ႏွင့္ဆိုင္ေသာလုပ္ငန္း ၂၅ ခုကိုရွာေဖြရန္ ဤေနရာကိုႏွိပ္ပါ။

 

Credit: Auto Mobile Journal

Read times
Rate this item
(1 Vote)