Local Industry



ရန်ကုန်မြို့တွင်း နယ်လိုင်စင်ပိတ်ပင်မှုက ရန်ကုန်-ဧရာဝတီမြို့အချို့ကိုပို့ဆောင်ပေးမယ့် ကားတွေကိုလည်း သက်ရောက်မှုရှိလာမှာလား?

ရန်ကုန်မြို့တွင်း နယ်လိုင်စင်ပိတ်ပင်မှုက ရန်ကုန်-ဧရာဝတီမြို့အချို့ကိုပို့ဆောင်ပေးမယ့် ကားတွေကိုလည်း သက်ရောက်မှုရှိလာမှာလား? google
ရန်ကုန်မြို့တွင်း နယ်လိုင်စင်ပိတ်ပင်မှုက ရန်ကုန်-ဧရာဝတီမြို့အချို့ကိုပို့ဆောင်ပေးမယ့် ကားတွေကိုလည်း သက်ရောက်မှုရှိလာမှာလား?
 
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်ကတော့ ဧရာဝတီတိုင်းသားတို့အတွက် အဓိကလာရောက်လုပ်ကိုင် စားသောက်၊ နေထိုင်စရာတစ်ခုလိုဖြစ်လာခဲ့ပါတယ်။ ဒါကြောင့် ဒဂုံဧရာအဝေးပြေးဆိုတာက ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းတို့ကို အဓိကဆက်သွယ်ပေးနေတဲ့ အဝေးပြေးယာဉ်ရပ်နားစခန်းကြီးတစ်ခုဖြစ်လာခဲ့ပါတယ်။ ဒဂုံ ဧရာအဝေးပြေးလိုပဲ ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းကို ဆက်သွယ်ပေးနေတဲ့ ကားလေးဂိတ်လေးတွေကိုလည်း လှိုင်သာယာမြို့နယ်အတွင်းမှာ မြင်တွေ့နိုင်ပါတယ်။ အဓိကအနေနဲ့ကတော့ ဘီအိုစီမှတ်တိုင်မှာပဲဖြစ်ပါတယ်။ ဒီမှာတော့ ဒေးဒရဲနဲ့ မအူပင်တို့ကိုသွားမယ့် ကားလေးတွေကိုတွေ့နိုင်ပါတယ်။ ဒီထဲကကားတော်တော်များများ ကတော့ AYY လိုင်စင်နဲ့ပဲဖြစ်ပါတယ်။ ဒါကလည်း ရန်ကုန်ုလိုင်စင်နဲ့ နယ်လိုင်စင်ဈေးနှုန်းကွာဟချက်ကြောင့် YGN လိုင်စင်ကားလေးကိုရောင်းပြီး နယ်လိုင်စင်လေးနဲ့လုပ်စားနေကြရတဲ့ ကားသမားတွေရှိလို့ပါ။ 
 
ရန်ကုန် - ဒေးဒရဲလိုင်းမှာတော့ ကားလေးတွေကို အတွေ့များရပြီး အများစုကလည်း အများအခေါ် ဖင်ကောက် (Toyota Corolla) နဲ့ Probox ‌တွေပဲဖြစ်ကြပါတယ်။ ခိုင်းကောင်းတဲ့ Probox ကတော့ ကျွန်တော်တို့ မြန်မာအကြိုက်ကားတစ်စီးဖြစ်ပြီး ဖင်ကောက်ကလည်း လေးအမျိုးအစားဖြစ်လို့ မညှာတမ်းခိုင်းလို့ရပါတယ်။ ဒါ့အပြင်နောက်ဖုံးပါတော့ အနည်းဆုံး လူ ၃ ယောက်လောက်ခေါ်သွားလို့ရပါတယ်။ “ အဓိကအနေနဲ့ကတော့ ခေါင်းခန်း ၁ ယောက်၊ အလယ်ခန်း ၄ ယောက်နဲ့ နောက်ဖုံးမှာ ၃ ယောက်ဆိုပြီး တင်ပါတယ်။ ခေါင်းခန်းက ၆၀၀၀၊ အလယ်ခန်းက ၃၀၀၀ နဲ့ နောက်ဖုံးက ၂၀၀၀ ဆိုပြီး ယာဉ်စီးခသက်မှတ်ထားပါတယ်” ဆိုပြီး ရန်ကုန်- ဒေးဒရဲမောင်းနှင်သူယာဉ်မောင်းတစ်ဦးဖြစ်တဲ့ ကိုသန့်ဇင်ဦး (အမည်လွှဲ)ကပြောပါတယ်။ ဒါကြောင့် တစ်ခေါက် ကို ၂သောင်းခွဲလောက်ရပြီး ဆီးဖိုးနှုတ်ရင် ကျန်တာကယာဉ်မောင်းအတွက်ပဲဖြစ်ပါတယ်။ ဒီလိုလူများများနဲ့ တိုက်ရိုက်ဆွဲရတဲ့အပိုင်းကိုတော့ ယာဉ်မောင်းတွေအနေနဲ့ အကြောင်းကြီးလို့သက်မှတ်ထားပါတယ်။ အကြောင်းတိုဆိုတာကတော့ ဟိုနား၊ဒီနားသွားရတာနဲ့ အကြောင်းကြီးဆိုတာကတော့ ဝေးဝေးမောင်းရတာ ဖြစ်တယ်လို့အငှားယာဉ်မောင်းလောကမှာ ခေါ်ဆိုသမုတ်ထားပါတယ်။ ဒီလိုမျိုးအကြောင်း ကြီး ၂ခေါက်လောက်ရရင်တော့ တော်တော်လေးနေ့တွက်ကိုက်ပါတယ်လို့ ကိုသန့်ဇင်ဦးက ဖြည့်စွက်ပြောဆိုခဲ့ ပါတယ်။
 
အဆိုပါကားလေးတွေက အဝေးပြေးယာဉ်လိုင်းကားကြီးတွေထက်စာရင် စောင့်ဆိုင်းချိန်သိပ်မလိုသလို သီးသန့် သွားချင်သူတွေအဆင်ပြေတဲ့နေရာလေးတွေဖြစ်လာခဲ့ပါတယ်။ ဒါကြောင့် အသုံးပြုသူအတော်အသင့်ရှိပြီး အခါ ကြီးရက်ကြီးတွေလိုမျိုး အဝေးပြေးကားလက်မှတ်အခက်အခဲဖြစ်တဲ့အခါ ဒါလေးကိုအသုံးရင်းကနေ ဆက်လက် စီးဖြစ်သွားကြတာတွေလည်းရှိပါတယ်။ “ ကျွန်တော်စစီးတုန်းကတော့ အထုပ်နဲ့အပိုးနဲ့ဆိုတော့ နည်းနည်းအခက် အခဲဖြစ်တာပေါ့။ ဒါပေမယ့် အလယ်ခန်းကို ၄ ယောက်စာပေးပြီး တစ်ယောက်တည်းနဲ့ အထုပ်ဖြစ်ဖြစ်၊ နှစ်ယောက်နဲ့အထုပ်ဖြစ်ဖြစ် စီးလို့ရပါတယ်။ မဟုတ်ရင်တော့ ကိုယ့်အထုပ်ကိုယ့်ပေါင်ပေါ် တင်ရုံပဲရှိပါတယ် “ လို့ ယာဉ်လိုင်းအသုံးပြုသူတစ်ဦးဖြစ်တဲ့ ကိုရဲနိုင် (အမည်လွဲှ)က ဆိုပါတယ်။ နောက်ထပ်အားသာချက်တစ်ခု တော့ ကိုယ်ကလည်းလှိုင်သာယာအနီးတဝိုက်မှာနေမယ်၊ ယာဉ်မောင်းနဲ့လည်းရင်းနှီးမယ်ဆိုရင် လာကြိုခိုင်းလို့ တောင်ရပါတယ် ဆိုပြီးသူ့ရဲ့အတွေ့အကြုံကို ဖြည့်စွက်ပြောကြားခဲ့ပါတယ်။ 
 
အဆိုပါကားလေးတွေအနေနဲ့ ရန်ကုန်ကနေ ဒေးဒရဲကို အချိန် ၁ နာရီ ၄၅ မိနစ်၊ ၂ နာရီဝန်းကျင်အတွင်းရောက် ရှိနိုင်ပြီး အဝေးပြေးယာဉ်လိုင်းနဲ့သွားမယ်ဆိုရင်တော့ ၂ နာရီခွဲဝန်းကျင်လောက်ကြာနိုင်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကိုသန့်ဇင်ဦးက “ ကျွန်တော်တို့လောကမှာတော့ ဂိတ်စီနီယာလုဖို့အတွက် နည်းနည်းလေးလုမောင်းကျတာလည်းရှိပါတယ်။ ဂိတ်ဆိုတာနဲ့ပတ်သက်ပြီး ဆက်ပြောရရင်တော့ ဂိတ်ကြေး ၅သိန်းပေးရပါတယ်။ ရန်ကုန်ဂိတ်ဘက်ကိုပါ။ ဂိတ်ထုတ်ခံရရင်တော့ အဆုံးပေါ့။ ဒါကြောင့် သတိထားပြီးလည်း မောင်းကြရပါတယ်။ အဝေးပြေးယာဉ်လိုင်းတွေကတော့ ဟိုနေရာလူတင်၊ ဒီနေရာလူချရှိလို့ ကြာတတ်သလို လူပြည့်သွားပြန်ရင်လည်း မြန်မြန်လေးမောင်းကြပါတယ် ” လို့ဆိုပြန်ပါတယ်။ 
 
လက်ရှိတွင် နယ်လိုင်စင်များဖြင့် ရန်ကုန်မြို့တွင်းပြေးဆွဲနေမှုအတွက် အရေးယူရန်ရှိကြောင်း ရန်ကုန်တိုင်းဒေ သကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုအာဏာပိုင်အဖွဲ့က မတ်လ ၁၁ ရက်နေ့ မီဒီယာတွေ့ဆုံပွဲတွင် ပြောဆို သွားခဲ့သော်လည်း မော်တော်ယာဉ်ဆိုတာ တစ်နိုင်ငံလုံးမောင်းနှင်ခွင့်ရှိပြီး ၂၀၁၅ မော်တော်ယာဉ်အရအရေးယူ ရန်မရှိကြောင်း ယာဉ်ထိန်းရဲအရာရှိတစ်ဦးက ပြောကြားသွားခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ ကိုသန့်ဇင်ဦးက “ရန်ကုန်မြို့တွင်းဆိုတဲ့အတွက် ကျွန်တော်တို့နဲ့သိပ်တော့ မသက်ဆိုင်ပါဘူး။ ဆိုင်တယ်ဆိုရင်လည်း ရက်စွဲတိတိကျကျထွက်မလာသေးပဲကြေညာထားတဲ့ အဆင့်မှာပဲရှိသေးလို့ အရမ်းကြီးတော့ပူပန်စရာမရှိပါဘူး။ နောက်ပြီးနယ်လိုင်စင်ဆိုတာကလည်း ရန်ကုန်လိုင်စင်ထက်သက်သာလို့ လုပ်ကိုင်ရအဆင်ပြေလွယ်ကူတာ ကြောင့်ကျွန်တော်တို့လို ကားသမားတွေအတွက် ပိုကောင်းပါတယ်။ ပိတ်တယ်ဆိုတော့လည်း ပိတ်တယ်ပေါ့ ” လို့သူ့ရဲ့အမြင်ကို ပြောဆိုပေးသွားခဲ့ပါတယ်။ 
 
Home_page.png
 
Zawgyi
 
ရန္ကုန္ၿမိဳ႕တြင္း နယ္လိုင္စင္ပိတ္ပင္မႈက ရန္ကုန္-ဧရာ၀တီၿမိဳ႕အခ်ိဳ႕ကိုပို႔ေဆာင္ေပးမယ့္ ကားေတြကိုလညး္ သက္ေရာက္မႈရွိလာမွာလား?
 
ရန္ကုန္တိုင္းေဒသႀကီး လိႈင္သာယာၿမိဳ႕နယ္ကေတာ့ ဧရာ၀တီတိုင္းသားတို႔အတြက္ အဓိကလာေရာက္လုပ္ကိုင္ စားေသာက္၊ ေနထိုင္စရာတစ္ခုလိုျဖစ္လာခဲ့ပါတယ္။ ဒါေၾကာင့္ ဒဂံုဧရာအေ၀းေျပးဆိုတာက ရန္ကုန္တိုင္းနဲ႔ ဧရာ၀တီတိုင္းတို႔ကို အဓိကဆက္သြယ္ေပးေနတဲ့ အေ၀းေျပးယာဥ္ရပ္နားစခန္းႀကီးတစ္ခုျဖစ္လာခဲ့ပါတယ္။ ဒဂံု ဧရာအေ၀းေျပးလိုပဲ ရန္ကုန္တိုင္းနဲ႔ ဧရာ၀တီတိုင္းကို ဆက္သြယ္ေပးေနတဲ့ ကားေလးဂိတ္ေလးေတြကိုလည္း လိႈင္သာယာၿမိဳ႕နယ္အတြင္းမွာ ျမင္ေတြ႕ႏိုင္ပါတယ္။ အဓိကအေနနဲ႔ကေတာ့ ဘီအိုစီမွတ္တိုင္မွာပဲျဖစ္ပါတယ္။ ဒီမွာေတာ့ ေဒးဒရဲနဲ႔ မအူပင္တို႔ကိုသြားမယ့္ ကားေလးေတြကိုေတြ႕ႏိုင္ပါတယ္။ ဒီထဲကကားေတာ္ေတာ္မ်ားမ်ား ကေတာ့ AYY လိုင္စင္နဲ႔ပဲျဖစ္ပါတယ္။ ဒါကလည္း ရန္ကုႏ္ုလိုင္စင္နဲ႔ နယ္လိုင္စင္ေစ်းႏႈန္းကြာဟခ်က္ေၾကာင့္ YGN လိုင္စင္ကားေလးကိုေရာင္းၿပီး နယ္လိုင္စင္ေလးနဲ႔လုပ္စားေနၾကရတဲ့ ကားသမားေတြရွိလို႔ပါ။ 
 
ရန္ကုန္ - ေဒးဒရဲလိုင္းမွာေတာ့ ကားေလးေတြကို အေတြ႕မ်ားရၿပီး အမ်ားစုကလည္း အမ်ားအေခၚ ဖင္ေကာက္ (Toyota Corolla) နဲ႔ Probox ‌ေတြပဲျဖစ္ၾကပါတယ္။ ခိုင္းေကာင္းတဲ့ Probox ကေတာ့ ကၽြန္ေတာ္တို႔ ျမန္မာအႀကိဳက္ကားတစ္စီးျဖစ္ၿပီး ဖင္ေကာက္ကလည္း ေလးအမ်ိဳးအစားျဖစ္လို႔ မၫွာတမ္းခိုင္းလို႔ရပါတယ္။ ဒါ့အျပင္ေနာက္ဖံုးပါေတာ့ အနည္းဆံုး လူ ၃ ေယာက္ေလာက္ေခၚသြားလို႔ရပါတယ္။ “ အဓိကအေနနဲ႔ကေတာ့ ေခါင္းခန္း ၁ ေယာက္၊ အလယ္ခန္း ၄ ေယာက္နဲ႔ ေနာက္ဖံုးမွာ ၃ ေယာက္ဆိုၿပီး တင္ပါတယ္။ ေခါင္းခန္းက ၆၀၀၀၊ အလယ္ခန္းက ၃၀၀၀ နဲ႔ ေနာက္ဖံုးက ၂၀၀၀ ဆိုၿပီး ယာဥ္စီးခသက္မွတ္ထားပါတယ္” ဆိုၿပီး ရန္ကုန္- ေဒးဒရဲေမာင္းႏွင္သူယာဥ္ေမာင္းတစ္ဦးျဖစ္တဲ့ ကိုသန္႔ဇင္ဦး (အမည္လႊဲ)ကေျပာပါတယ္။ ဒါေၾကာင့္ တစ္ေခါက္ ကို ၂ေသာင္းခဲြေလာက္ရၿပီး ဆီးဖိုးႏႈတ္ရင္ က်န္တာကယာဥ္ေမာင္းအတြက္ပဲျဖစ္ပါတယ္။ ဒီလိုလူမ်ားမ်ားနဲ႔ တိုက္႐ိုက္ဆဲြရတဲ့အပိုင္းကိုေတာ့ ယာဥ္ေမာင္းေတြအေနနဲ႔ အေၾကာင္းႀကီးလို႔သက္မွတ္ထားပါတယ္။ အေၾကာင္းတိုဆိုတာကေတာ့ ဟိုနား၊ဒီနားသြားရတာနဲ႔ အေၾကာင္းႀကီးဆိုတာကေတာ့ ေ၀းေ၀းေမာင္းရတာ ျဖစ္တယ္လို႔အငွားယာဥ္ေမာင္းေလာကမွာ ေခၚဆိုသမုတ္ထားပါတယ္။ ဒီလိုမ်ိဳးအေၾကာင္း ႀကီး ၂ေခါက္ေလာက္ရရင္ေတာ့ ေတာ္ေတာ္ေလးေန႔တြက္ကိုက္ပါတယ္လို႔ ကိုသန္႔ဇင္ဦးက ျဖည့္စြက္ေျပာဆိုခဲ့ ပါတယ္။
 
အဆိုပါကားေလးေတြက အေ၀းေျပးယာဥ္လိုင္းကားႀကီးေတြထက္စာရင္ ေစာင့္ဆိုင္းခ်ိန္သိပ္မလိုသလို သီးသန္႔ သြားခ်င္သူေတြအဆင္ေျပတဲ့ေနရာေလးေတြျဖစ္လာခဲ့ပါတယ္။ ဒါေၾကာင့္ အသံုးျပဳသူအေတာ္အသင့္ရွိၿပီး အခါ ႀကီးရက္ႀကီးေတြလိုမ်ိဳး အေ၀းေျပးကားလက္မွတ္အခက္အခဲျဖစ္တဲ့အခါ ဒါေလးကိုအသံုးရင္းကေန ဆက္လက္ စီးျဖစ္သြားၾကတာေတြလည္းရွိပါတယ္။ “ ကၽြန္ေတာ္စစီးတုန္းကေတာ့ အထုပ္နဲ႔အပိုးနဲ႔ဆိုေတာ့ နည္းနည္းအခက္ အခဲျဖစ္တာေပါ့။ ဒါေပမယ့္ အလယ္ခန္းကို ၄ ေယာက္စာေပးၿပီး တစ္ေယာက္တည္းနဲ႔ အထုပ္ျဖစ္ျဖစ္၊ ႏွစ္ေယာက္နဲ႔အထုပ္ျဖစ္ျဖစ္ စီးလို႔ရပါတယ္။ မဟုတ္ရင္ေတာ့ ကိုယ့္အထုပ္ကိုယ့္ေပါင္ေပၚ တင္ရံုပဲရွိပါတယ္ “ လို႔ ယာဥ္လိုင္းအသံုးျပဳသူတစ္ဦးျဖစ္တဲ့ ကိုရဲႏိုင္ (အမည္လဲႊ)က ဆိုပါတယ္။ ေနာက္ထပ္အားသာခ်က္တစ္ခု ေတာ့ ကိုယ္ကလည္းလိႈင္သာယာအနီးတဝိုက္မွာေနမယ္၊ ယာဥ္ေမာင္းနဲ႔လည္းရင္းႏွီးမယ္ဆိုရင္ လာႀကိဳခိုင္းလို႔ ေတာင္ရပါတယ္ ဆိုၿပီးသူ႕ရဲ႕အေတြ႕အၾကံဳကို ျဖည့္စြက္ေျပာၾကားခဲ့ပါတယ္။ 
 
အဆိုပါကားေလးေတြအေနနဲ႔ ရန္ကုန္ကေန ေဒးဒရဲကို အခ်ိန္ ၁ နာရီ ၄၅ မိနစ္၊ ၂ နာရီ၀န္းက်င္အတြင္းေရာက္ ရွိႏိုင္ၿပီး အေ၀းေျပးယာဥ္လိုင္းနဲ႔သြားမယ္ဆိုရင္ေတာ့ ၂ နာရီခဲြ၀န္းက်င္ေလာက္ၾကာႏိုင္ပါတယ္။ ဒါနဲ႔ပတ္သက္ၿပီး ကိုသန္႔ဇင္ဦးက “ ကၽြန္ေတာ္တို႔ေလာကမွာေတာ့ ဂိတ္စီနီယာလုဖို႔အတြက္ နည္းနည္းေလးလုေမာင္းက်တာလည္းရွိပါတယ္။ ဂိတ္ဆိုတာနဲ႔ပတ္သက္ၿပီး ဆက္ေျပာရရင္ေတာ့ ဂိတ္ေၾကး ၅သိန္းေပးရပါတယ္။ ရန္ကုန္ဂိတ္ဘက္ကိုပါ။ ဂိတ္ထုတ္ခံရရင္ေတာ့ အဆံုးေပါ့။ ဒါေၾကာင့္ သတိထားၿပီးလည္း ေမာင္းၾကရပါတယ္။ အေ၀းေျပးယာဥ္လိုင္းေတြကေတာ့ ဟိုေနရာလူတင္၊ ဒီေနရာလူခ်ရွိလို႔ ၾကာတတ္သလို လူျပည့္သြားျပန္ရင္လည္း ျမန္ျမန္ေလးေမာင္းၾကပါတယ္ ” လို႔ဆိုျပန္ပါတယ္။ 
 
လက္ရွိတြင္ နယ္လိုင္စင္မ်ားျဖင့္ ရန္ကုန္ၿမိဳ႕တြင္းေျပးဆဲြေနမႈအတြက္ အေရးယူရန္ရွိေၾကာင္း ရန္ကုန္တိုင္းေဒ သႀကီးသယ္ယူပို႔ေဆာင္ေရးႀကီးၾကပ္မႈအာဏာပိုင္အဖဲြ႕က မတ္လ ၁၁ ရက္ေန႔ မီဒီယာေတြ႕ဆံုပဲြတြင္ ေျပာဆို သြားခဲ့ေသာ္လည္း ေမာ္ေတာ္ယာဥ္ဆိုတာ တစ္ႏိုင္ငံလံုးေမာင္းႏွင္ခြင့္ရွိၿပီး ၂၀၁၅ ေမာ္ေတာ္ယာဥ္အရအေရးယူ ရန္မရွိေၾကာင္း ယာဥ္ထိန္းရဲအရာရွိတစ္ဦးက ေျပာၾကားသြားခဲ့ပါတယ္။ ဒါနဲ႔ပတ္သက္ၿပီးေတာ့ ကိုသန္႔ဇင္ဦးက “ရန္ကုန္ၿမိဳ႕တြင္းဆိုတဲ့အတြက္ ကၽြန္ေတာ္တို႔နဲ႔သိပ္ေတာ့ မသက္ဆိုင္ပါဘူး။ ဆိုင္တယ္ဆိုရင္လည္း ရက္စဲြတိတိက်က်ထြက္မလာေသးပဲေၾကညာထားတဲ့ အဆင့္မွာပဲရွိေသးလို႔ အရမ္းႀကီးေတာ့ပူပန္စရာမရွိပါဘူး။ ေနာက္ၿပီးနယ္လိုင္စင္ဆိုတာကလည္း ရန္ကုန္လိုင္စင္ထက္သက္သာလို႔ လုပ္ကိုင္ရအဆင္ေျပလြယ္ကူတာ ေၾကာင့္ကၽြန္ေတာ္တို႔လို ကားသမားေတြအတြက္ ပိုေကာင္းပါတယ္။ ပိတ္တယ္ဆိုေတာ့လည္း ပိတ္တယ္ေပါ့ ” လို႔သူ႕ရဲ႕အျမင္ကို ေျပာဆိုေပးသြားခဲ့ပါတယ္။
 
Read times
Rate this item
(0 votes)