Local Industry



၂၀၁၈ ခုနှစ် ရောင်းအားအကောင်းဆုံး Suzuki ရဲ့ ရင်းနှီးမြှုပ်နှံမှု

၂၀၁၈ ခုနှစ် ရောင်းအားအကောင်းဆုံး Suzuki ရဲ့ ရင်းနှီးမြှုပ်နှံမှု google
၂၀၁၈ ခုနှစ် ရောင်းအားအကောင်းဆုံး Suzuki ရဲ့ ရင်းနှီးမြှုပ်နှံမှု
 
ဂျပန်အခြေစိုက် ကားကုမ္ပဏီတစ်ခုဖြစ်တဲ့ Suzuki ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် ကားနှင့် ဆိုင်ကယ် တို့ကို ပထမဦးဆုံး ထုတ်လုပ်ရောင်းချခဲ့သော ကုမ္ပဏီများထဲမှတစ်ခုဖြစ်သည်။ ၁၉၉၈ နိုဝင်ဘာလက အစိုးရနှင့် ၁၀ နှစ် သက်တမ်းရှိ လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် သဘောတူညီမှုရယူပြီး ၁၉၉၉ ခုနှစ်မှစတင်ကာ ရန်ကုန်မြို့ တောင်ဒဂုံ စက်မှုဇုံတွင် Carry Truck နှင့် Viva မော်တော်ဆိုင်တို့ကို စတင်ထုတ်လုပ်ခဲ့သည်။ နောက်လေးလအကြာတွင် Wagon R+ ကိုဆက်လက်ထုတ်လုပ်နိုင်ခဲ့သည်။
 
ထို့သို့စတင်ထုတ်လုပ်ခဲ့ချိန်၌ မော်တော်ယာဉ် ၆,၀၃၁ စီးနှင့် မော်တော်ဆိုင်ကယ် ၁၀,၈၄၀ စီးကို ထုတ်လုပ်ရောင်းချနိုင်ခဲ့သည်။ သို့သော်လည်း နည်းပညာအားနည်းမှုနှင့် ရင်းနီးမြှုပ်နှံမှုငွေကြေးပမာဏ နည်းပါးခြင်းတို့ကြောင့် ဆယ်စုနှစ်တစ်ခုသာတောင့်ခံနိုင်ခဲ့ပြီး ၂၀၁၀ ခုနှစ်တွင် ရပ်တန့်သွားခဲ့သည်။
 
၂၀၁၃ ခုနှစ်တွင် ရင်းနီးမြှုပ်နှံမှုကော်မရှင်၏ မှတ်ပုံတင်နံပါတ် 193260039 အရ လုပ်ငန်းလုပ်ကိုင်ခွင့်ပြန်လည်လျောက်ထားခဲ့ပြီး Carry Truck များကို ပြန်လည်ထုတ်လုပ်နိုင်ခဲ့သည်။ ထို့နောက် Ertiga နှင့် Ciaz တို့ကိုပါ ဆက်လက်ထုတ်လုပ်ခဲ့သည်။ ၂၀၁၈ ခုနှစ် အရောက်တွင် သီလဝါအထူးစီးပွားရေးဇုံတွင် စက်ရုံအသစ်ထပ်မံတည်ဆောက်ကာ SKD စနစ်ဖြင့် Ertiga ၊ Ciaz တို့အပြင် Swift ကိုပါ ထုတ်လုပ်ခဲ့သည်။ 
 
Suzuki သည်တစ်နှစ်လျှင် မော်တော်ယာဉ် ၁၀,၀၀၀ ကျော်ထုတ်လုပ်လျှက်ရှိပြီး ၂၀၁၈ ဧပြီလ မှ ၂၀၁၉ မတ်လ အထိ သီလဝါအထူးစီးပွားရေးဇုန်မှ မော်တော်ယာဉ်  ၁၀,၄၉၅ စီးနှင့် တောင်ဒဂုံစက်ရုံမှ ၁,၈၀၀ စီး ထုတ်လုပ်ရောင်းချနိုင်ခဲ့သည်။ ၂၀၁၈ ခုနှစ်အတွင်းမှာလည်း မြန်မာနိုင်ငံ၏ အရောင်းရဆုံး ကားအမှတ်တံဆိပ် အနေဖြင့်ရပ်တည်နိုင်ခဲ့သည်။ 
 
ယင်းကဲ့သို့ ပြည်တွင်းထုတ် ကားလုပ်ငန်းများတိုးတက်လာမှုကြောင့် ဂျပန်တစ်ပတ်ရစ်ကားဟောင်းများ နေရာတွင်လည်း အစားထိုးနိုင်နေပြီဖြစ်သည်။ ထို့အပြင် ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်းများစွာ ပေါ်ပေါက်လာသလို ပြည်သူပြည်သားများအနေဖြင့် ရန်ကုန်လိုင်စင်ကားအသစ်ကို စီးနှင်းနိုင်နေပြီဖြစ်သည်။
 
ယခုကဲ့သို့ SKD စနစ်ဖြင့် ထုတ်လုပ်ရောင်းချမှုမှ CKD စနစ်သို့ ပြောင်းလဲ ထုတ်လုပ်နိုင်ပါက Car Industry အတွက်လိုအပ်သော အပိုပစ္စည်းများ ထုတ်လုပ်သည့် အခြားလုပ်ငန်းများလည်း ပေါ်ပေါက်လာမှာဖြစ်သလို အလုပ်အကိုင်အခွင့်အလမ်းများလည်း ယခုထက်ပိုမို များပြားလာမည်ဖြစ်သည်။
 
Suzuki.JPG
 
suzuki1.JPG
 
suzuki2.JPG
 
suzuki3.JPG
 
Zawgyi
 
၂၀၁၈ ခုႏွစ္ ေရာင္းအားအေကာင္းဆံုး Suzuki ရဲ႕ ရင္းႏွီးျမွဳပ္ႏွံမႈ
 
ဂ်ပန္အေျခစိုက္ ကားကုမၸဏီတစ္ခုျဖစ္တဲ့ Suzuki ကုမၸဏီသည္ ျမန္မာႏိုင္ငံတြင္ ကားႏွင့္ ဆိုင္ကယ္ တို႔ကို ပထမဦးဆံုး ထုတ္လုပ္ေရာင္းခ်ခဲ့ေသာ ကုမၸဏီမ်ားထဲမွတစ္ခုျဖစ္သည္။ ၁၉၉၈ ႏိုဝင္ဘာလက အစိုးရႏွင့္ ၁၀ ႏွစ္ သက္တမ္းရွိ လုပ္ငန္းလုပ္ကိုင္ခြင့္လိုင္စင္ သေဘာတူညီမႈရယူၿပီး ၁၉၉၉ ခုႏွစ္မွစတင္ကာ ရန္ကုန္ၿမိဳ႕ ေတာင္ဒဂံု စက္မႈဇံုတြင္ Carry Truck ႏွင့္ Viva ေမာ္ေတာ္ဆိုင္တို႔ကို စတင္ထုတ္လုပ္ခဲ့သည္။ ေနာက္ေလးလအၾကာတြင္ Wagon R+ ကိုဆက္လက္ထုတ္လုပ္ႏိုင္ခဲ့သည္။
ထို႔သို႔စတင္ထုတ္လုပ္ခဲ့ခ်ိန္၌ ေမာ္ေတာ္ယာဥ္ ၆,၀၃၁ စီးႏွင့္ ေမာ္ေတာ္ဆိုင္ကယ္ ၁၀,၈၄၀ စီးကို ထုတ္လုပ္ေရာင္းခ်ႏိုင္ခဲ့သည္။ သို႔ေသာ္လည္း နည္းပညာအားနည္းမႈႏွင့္ ရင္းနီးျမွဳပ္ႏွံမႈေငြေၾကးပမာဏ နည္းပါးျခင္းတို႔ေၾကာင့္ ဆယ္စုႏွစ္တစ္ခုသာေတာင့္ခံႏိုင္ခဲ့ၿပီး ၂၀၁၀ ခုႏွစ္တြင္ ရပ္တန္႔သြားခဲ့သည္။
 
၂၀၁၃ ခုႏွစ္တြင္ ရင္းနီးျမွဳပ္ႏွံမႈေကာ္မရွင္၏ မွတ္ပံုတင္နံပါတ္ 193260039 အရ လုပ္ငန္းလုပ္ကိုင္ခြင့္ျပန္လည္ေလ်ာက္ထားခဲ့ၿပီး Carry Truck မ်ားကို ျပန္လည္ထုတ္လုပ္ႏိုင္ခဲ့သည္။ ထို႔ေနာက္ Ertiga ႏွင့္ Ciaz တို႔ကိုပါ ဆက္လက္ထုတ္လုပ္ခဲ့သည္။ ၂၀၁၈ ခုႏွစ္ အေရာက္တြင္ သီလဝါအထူးစီးပြားေရးဇံုတြင္ စက္ရံုအသစ္ထပ္မံတည္ေဆာက္ကာ SKD စနစ္ျဖင့္ Ertiga ၊ Ciaz တို႔အျပင္ Swift ကိုပါ ထုတ္လုပ္ခဲ့သည္။ 
 
Suzuki သည္တစ္ႏွစ္လွ်င္ ေမာ္ေတာ္ယာဥ္ ၁၀,၀၀၀ ေက်ာ္ထုတ္လုပ္လွ်က္ရွိၿပီး ၂၀၁၈ ဧၿပီလ မွ ၂၀၁၉ မတ္လ အထိ သီလဝါအထူးစီးပြားေရးဇုန္မွ ေမာ္ေတာ္ယာဥ္  ၁၀,၄၉၅ စီးႏွင့္ ေတာင္ဒဂံုစက္ရံုမွ ၁,၈၀၀ စီး ထုတ္လုပ္ေရာင္းခ်ႏိုင္ခဲ့သည္။ ၂၀၁၈ ခုႏွစ္အတြင္းမွာလည္း ျမန္မာႏိုင္ငံ၏ အေရာင္းရဆံုး ကားအမွတ္တံဆိပ္ အေနျဖင့္ရပ္တည္ႏိုင္ခဲ့သည္။ 
 
ယင္းကဲ့သို႔ ျပည္တြင္းထုတ္ ကားလုပ္ငန္းမ်ားတိုးတက္လာမႈေၾကာင့္ ဂ်ပန္တစ္ပတ္ရစ္ကားေဟာင္းမ်ား ေနရာတြင္လည္း အစားထိုးႏိုင္ေနၿပီျဖစ္သည္။ ထို႔အျပင္ ျပည္တြင္းလုပ္သားမ်ားအတြက္ အလုပ္အကိုင္ အခြင့္အလမ္းမ်ားစြာ ေပၚေပါက္လာသလို ျပည္သူျပည္သားမ်ားအေနျဖင့္ ရန္ကုန္လိုင္စင္ကားအသစ္ကို စီးႏွင္းႏိုင္ေနၿပီျဖစ္သည္။
 
ယခုကဲ့သို႔ SKD စနစ္ျဖင့္ ထုတ္လုပ္ေရာင္းခ်မႈမွ CKD စနစ္သုိ႔ ေျပာင္းလဲ ထုတ္လုပ္ႏိုင္ပါက Car Industry အတြက္လိုအပ္ေသာ အပိုပစၥည္းမ်ား ထုတ္လုပ္သည့္ အျခားလုပ္ငန္းမ်ားလည္း ေပၚေပါက္လာမွာျဖစ္သလို အလုပ္အကိုင္အခြင့္အလမ္းမ်ားလည္း ယခုထက္ပိုမို မ်ားျပားလာမည္ျဖစ္သည္။
 
Home_page.png
Read times
Rate this item
(1 Vote)