Local Industry



Toyota ကဘာကြောင့် ရင်းနှီးမြှုပ်နှံတာလဲ ဘာအခွင့်အလမ်းတွေရမှာလဲ

Toyota ကဘာကြောင့် ရင်းနှီးမြှုပ်နှံတာလဲ ဘာအခွင့်အလမ်းတွေရမှာလဲ google

Toyota ကဘာကြောင့် ရင်းနှီးမြှုပ်နှံတာလဲ ဘာအခွင့်အလမ်းတွေရမှာလဲ


ကမ္ဘာ့ကားဈေးကွက်တွင် အကြီးဆုံးကားကုမ္ပဏီတစ်ခုဖြစ်တဲ့ ဂျပန်အခြေစိုက် Toyota ကုမ္ပဏီသည် မြန်မာနိုင်ငံရင်းနှီမြှုပ်နှံမှုကော်မရှင်မှ ရင်းနှီးမြှုပ်နှံခွင့်ပြုထားသော ကားထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုဖြစ်သည်။ Toyota Motor Corporation သည် တိုယိုတာမြန်မာ (TMY) ကုမ္ပဏီကို ဖွဲ့စည်းတည်ထောင်ကာ သီလဝါ အထူးစီးပွားရေးဇုန်၌ ဇွန်လမှစတင်၍ စက်ရုံတည်လျက်ရှိကြောင်း တိုယိုတာမော်တာကော်ပိုရေးရှင်း (ရန်ကုန်ရုံးခွဲ)က မေလ ၃၀ ရက်နေ့ သတင်းထုတ်ပြန်ခဲ့သည်။


အဆိုပါစက်ရုံကို အမေရိကန်ဒေါ်လာ ၅၂.၆ သန်း ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ပြီး လုပ်သားအင်အား ၁၃၀ ခန့်ဖြင့် စတင်ဆောင်ရွက်သွားမည်ဖြစ်ရာ မြန်မာနိုင်ငံအတွက် ရင်းနှီးမြှုပ်နှံမှုနှင့် အလုပ်အကိုင် အခွင့်အလမ်းရရှိနိုင်မည် ဖြစ်သည်။ ယင်းစက်ရုံမှ ၂၀၂၁ ခုနှစ်မှစတင်ကာ တစ်နှစ်လျှင် Toyota Hilux စီးရေ ၂,၅၀၀ အား Semi Knocked-Down စနစ်ဖြင့် ထုတ်လုပ်သွားမည်ဖြစ်သည့်အတွက် မြန်မာပြည် တွင်းကားဈေးကွက် လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ပြီး အရည်အသွေးမြင့်သည့် တိုယိုတာ မော်တော်ကားများကို မြန်မာပြည်သူများ စိတ်ကြိုက်ဝယ်ယူ အသုံးပြုနိုင်မည်ဖြစ်သည်။


Toyota ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် ရင်းနီးမြှုပ်နှံရန် ၂၀၁၃ ခုနှစ်ကတည်းက လာရောက် ကွင်းဆင်းလေ့လာခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ထိုစဉ်က CBU စနစ်ဖြင့် ကားများကိုတင်သွင်းရောင်းချခြင်းသည် ကားထုတ်လုပ်ရောင်းချခြင်းထက် ကုန်ကျစရိတ်ပို၍သက်သာခြင်း၊ မြန်မာနိုင်ငံတွင် Supporting Industry များဖွံ့ဖြိုးမှု မရှိသေးခြင်းတို့ကြောင့် Spare parts များကိုသာထုတ်လုပ်နိုင်ကြောင်း သုံးသပ်ခဲ့ကြသည်။ မြန်မာနိုင်ငံ၏ အစိုးရသစ်လက်ထက်တွင် ရင်းနှီမြှုပ်နှံမှုကော်မရှင်မှ မော်တော်ယာဉ်ထုတ်လုပ်ခြင်းလုပ်ငန်းများကို Semi Knocked-Down (SKD) စနစ်ဖြင့် ထုတ်လုပ်ခွင့်ပြုပြီးနောက်ပိုင်း ယခုကဲ့သို့ လာရောက်ရင်းနှီးမြှုပ်နှံခြင်းဖြစ်သည်။


ယင်းရင်းနီးမြှုပ်နှံမှုအတွက် Toyota Tsusho Myanmar ကုမ္ပဏီသည် ၁၅.၂.၂၀၁၉ တွင် မှတ်ပုံတင်ခဲ့ပြီး မှတ်ပုံတင်နံပါတ် 118738438 အရ Private ကုမ္ပဏီအမျိုးအစားဖြစ်သည်။ ယခုကဲ့သို့ လာရောက်ရင်းနီးမြှုပ်နှံမှုကြောင့် ပြည်တွင်းဖြစ် နိုင်ငံတကာအဆင့်မီ မော်တော်ကားများကို ယခုထက် ပိုမိုအသုံးပြုနိုင်မည်ဖြစ်သည်။ ဒါ့အပြင် SKD စနစ်ဖြင့်ထုတ်လုပ်မှုကြောင့် အင်ဂျင်အသစ်၊ ကားအသစ်ကို ပိုင်ဆိုင်နိုင်မှာဖြစ်သလို ကာဗွန်ထုတ်လွှတ်မှုကိုလည်း လျှော့ချနိုင်မည်ဖြစ်သည်။ နိုင်ငံသားများအတွက် အချိန်တိုအတွင်း ဈေးနှုန်းသက်သာစွာ ဝယ်ယူသုံးစွဲနိုင်မှာဖြစ်သလို အလုပ်အကိုင်အခွင့်အလမ်းများလည်း များစွာပေါ်ပေါက်လာမည်ဖြစ်သည်။ ယင်းအကျိုးဆက်များကြောင့် Toyota ၏ ရင်းနှီးမြှုပ်နှံမှုသည် မြန်မာနိုင်ငံအတွက် ဝမ်းမြောက်ဝမ်းသာ ကြိုဆိုစရာပင် ဖြစ်သည်။


Toyota Myanmar ၏ ထုတ်ပြန်ချက်အရ ၂၀၁၈ ခုနှစ်အတွင်း ပြည်တွင်းဈေးကွက်ဝယ်လိုအားမှာ ကားစီးရေ ၁၈,၀၀၀ ရှိခဲ့ပြီး ယခင်နှစ်များထက် ၂ ဆ ကျော် တိုးတက်လာကြောင်း သိရသည်။ ယခုတည်ဆောက်လျက်ရှိသော စက်ရုံမှ ၂၀၂၁ ခုမှစတင်ကာ Toyota Hilux, Viosနှင့် Rush တို့ကို SKD စနစ်ဖြင့် ထုတ်လုပ်ရောင်းချသွားမည်ဖြစ်သည်။ အစိုးရသစ်လက်ထက်၌ ပြည်တွင်း၊ ပြည်ပမှ အဆင့်မြင့်ပြီး အရည်အသွေးပြည့်ဝသည့် ရင်းနှီးမြှုပ်နှံမှုများ(Quality Investment) ဖိတ်ခေါ်ဆောင်ရွက်လျက်ရှိရာ မကြာမီကာလအတွင်း Complete Knocked-Down (CKD) စနစ်ဖြင့်ထုတ်လုပ်မည့် ရင်းနှီးမြှုပ်များလည်း ထပ်မံဝင်ရောက်လာတော့မည်ဖြစ်သည်။

 

Banner.png

Zawgyi


Toyota ကဘာေၾကာင့္ ရင္းႏွီးႁမွဳပ္ႏွံတာလဲ ဘာအခြင့္အလမ္းေတြရမွာလဲ


ကမာၻ႕ကားေစ်းကြက္တြင္ အႀကီးဆံုးကားကုမၸဏီတစ္ခုျဖစ္တဲ့ ဂ်ပန္အေျခစိုက္ Toyota ကုမၸဏီသည္ ျမန္မာႏိုင္ငံရင္းႏွီျမႇဳပ္ႏွံမႈေကာ္မရွင္မွ ရင္းႏွီးျမႈပ္ႏွံခြင့္ျပဳထားေသာ ကားထုတ္လုပ္ေရး ကုမၸဏီတစ္ခုျဖစ္သည္။ Toyota Motor Corporation သည္ တိုယိုတာျမန္မာ (TMY) ကုမၸဏီကို ဖြဲ႕စည္းတည္ေထာင္ကာ သီလဝါ အထူးစီးပြားေရးဇုန္၌ ဇြန္လမွစတင္၍ စက္႐ုံတည္လ်က္ရွိေၾကာင္း တိုယိုတာေမာ္တာေကာ္ပိုေရးရွင္း (ရန္ကုန္႐ုံးခြဲ)က ေမလ ၃၀ ရက္ေန႔ သတင္းထုတ္ျပန္ခဲ့သည္။


အဆိုပါစက္ရံုကို အေမရိကန္ေဒၚလာ ၅၂.၆ သန္း ရင္းႏွီးျမႇဳပ္ႏွံသြားမည္ျဖစ္ၿပီး လုပ္သားအင္အား ၁၃၀ ခန႔္ျဖင့္ စတင္ေဆာင္႐ြက္သြားမည္ျဖစ္ရာ ျမန္မာႏိုင္ငံအတြက္ ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ အလုပ္အကိုင္ အခြင့္အလမ္းရရွိႏိုင္မည္ ျဖစ္သည္။ ယင္းစက္ရံုမွ ၂၀၂၁ ခုႏွစ္မွစတင္ကာ တစ္ႏွစ္လွ်င္ Toyota Hilux စီးေရ ၂,၅၀၀ အား Semi Knocked-Down စနစ္ျဖင့္ ထုတ္လုပ္သြားမည္ျဖစ္သည့္အတြက္ ျမန္မာျပည္ တြင္းကားေစ်းကြက္ လိုအပ္ခ်က္ကို ျဖည့္ဆည္းႏိုင္ၿပီး အရည္အေသြးျမင့္သည့္ တိုယိုတာ ေမာ္ေတာ္ကားမ်ားကို ျမန္မာျပည္သူမ်ား စိတ္ႀကိဳက္ဝယ္ယူ အသုံးျပဳႏိုင္မည္ျဖစ္သည္။


Toyota ကုမၸဏီသည္ ျမန္မာႏိုင္ငံတြင္ ရင္းနီးျမႈပ္ႏွံရန္ ၂၀၁၃ ခုႏွစ္ကတည္းက လာေရာက္ ကြင္းဆင္းေလ့လာခဲ့ျခင္းျဖစ္သည္။ သို႔ေသာ္လည္း ထိုစဥ္က CBU စနစ္ျဖင့္ ကားမ်ားကိုတင္သြင္းေရာင္းခ်ျခင္းသည္ ကားထုတ္လုပ္ေရာင္းခ်ျခင္းထက္ ကုန္က်စရိတ္ပို၍သက္သာျခင္း၊ ျမန္မာႏိုင္ငံတြင္ Supporting Industry မ်ားဖြံ႕ၿဖိဳးမႈ မရွိေသးျခင္းတို႔ေၾကာင့္ Spare parts မ်ားကိုသာထုတ္လုပ္ႏိုင္ေၾကာင္း သံုးသပ္ခဲ့ၾကသည္။ ျမန္မာႏိုင္ငံ၏ အစိုးရသစ္လက္ထက္တြင္ ရင္းႏွီျမႇဳပ္ႏွံမႈေကာ္မရွင္မွ ေမာ္ေတာ္ယာဥ္ထုတ္လုပ္ျခင္းလုပ္ငန္းမ်ားကို Semi Knocked-Down (SKD) စနစ္ျဖင့္ ထုတ္လုပ္ခြင့္ျပဳၿပီးေနာက္ပိုင္း ယခုကဲ့သို႔ လာေရာက္ရင္းႏွီးျမႈပ္ႏွံျခင္းျဖစ္သည္။


ယင္းရင္းနီးျမႈပ္ႏွံမႈအတြက္ Toyota Tsusho Myanmar ကုမၸဏီသည္ ၁၅.၂.၂၀၁၉ တြင္ မွတ္ပံုတင္ခဲ့ၿပီး မွတ္ပံုတင္နံပါတ္ 118738438 အရ Private ကုမၸဏီအမ်ိဳးအစားျဖစ္သည္။ ယခုကဲ့သို႔ လာေရာက္ရင္းနီးျမႈပ္ႏွံမႈေၾကာင့္ ျပည္တြင္းျဖစ္ ႏိုင္ငံတကာအဆင့္မီ ေမာ္ေတာ္ကားမ်ားကို ယခုထက္ ပိုမိုအသုံးျပဳႏိုင္မည္ျဖစ္သည္။ ဒါ့အျပင္ SKD စနစ္ျဖင့္ထုတ္လုပ္မႈေၾကာင့္ အင္ဂ်င္အသစ္၊ ကားအသစ္ကို ပိုင္ဆိုင္ႏိုင္မွာျဖစ္သလို ကာဗြန္ထုတ္လႊတ္မႈကိုလည္း ေလွ်ာ့ခ်ႏိုင္မည္ျဖစ္သည္။ ႏိုင္ငံသားမ်ားအတြက္ အခ်ိန္တိုအတြင္း ေစ်းႏႈန္းသက္သာစြာ ဝယ္ယူသုံးစြဲႏိုင္မွာျဖစ္သလို အလုပ္အကိုင္အခြင့္အလမ္းမ်ားလည္း မ်ားစြာေပၚေပါက္လာမည္ျဖစ္သည္။ ယင္းအက်ိဳးဆက္မ်ားေၾကာင့္ Toyota ၏ ရင္းႏွီးျမႈပ္ႏွံမႈသည္ ျမန္မာႏိုင္ငံအတြက္ ဝမ္းေျမာက္ဝမ္းသာ ႀကိဳဆိုစရာပင္ ျဖစ္သည္။


Toyota Myanmar ၏ ထုတ္ျပန္ခ်က္အရ ၂၀၁၈ ခုႏွစ္အတြင္း ျပည္တြင္းေစ်းကြက္ဝယ္လိုအားမွာ ကားစီးေရ ၁၈,၀၀၀ ရွိခဲ့ၿပီး ယခင္ႏွစ္မ်ားထက္ ၂ ဆ ေက်ာ္ တိုးတက္လာေၾကာင္း သိရသည္။ ယခုတည္ေဆာက္လ်က္ရွိေသာ စက္ရံုမွ ၂၀၂၁ ခုမွစတင္ကာ Toyota Hilux, Viosႏွင့္ Rush တို႔ကို SKD စနစ္ျဖင့္ ထုတ္လုပ္ေရာင္းခ်သြားမည္ျဖစ္သည္။ အစိုးရသစ္လက္ထက္၌ ျပည္တြင္း၊ ျပည္ပမွ အဆင့္ျမင့္ၿပီး အရည္အေသြးျပည့္ဝသည့္ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ား(Quality Investment) ဖိတ္ေခၚေဆာင္႐ြက္လ်က္ရွိရာ မၾကာမီကာလအတြင္း Complete Knocked-Down (CKD) စနစ္ျဖင့္ထုတ္လုပ္မည့္ ရင္းႏွီးျမႈပ္မ်ားလည္း ထပ္မံဝင္ေရာက္လာေတာ့မည္ျဖစ္သည္။

 

TRANSPORTATION SERVICES ႏွင့္ဆိုင္ေသာ လုပ္ငန္း ၆၀၉ ခုကိုရွာေဖြရန္ ဤေနရာကိုႏွိပ္ပါ။

 

Myanmar Automobile Equipment Directory

Read times
Rate this item
(1 Vote)