Local Industry



တရုတ်ဈေးကွက်တွင် အရောင်းရဆုံးစာရင်းဝင် BYD F3 အား ကျပ်သိန်း ၂၂၂ ဖြင့် Gold AYA မှစတင်ရောင်းချ

တရုတ်ဈေးကွက်တွင် အရောင်းရဆုံးစာရင်းဝင် BYD F3 အား ကျပ်သိန်း ၂၂၂ ဖြင့် Gold AYA မှစတင်ရောင်းချ google

တရုတ်ဈေးကွက်တွင် အရောင်းရဆုံးစာရင်းဝင် BYD F3 အား ကျပ်သိန်း ၂၂၂ ဖြင့် Gold AYA မှစတင်ရောင်းချ


တရုတ်နိုင်ငံထုတ်ကား Brand များဖြစ်သော Chery, CHANGHE နှင့် BYD ကားများကို မြန်မာပြည်တစ်ဦး တည်းကိုယ်စားလှယ်အဖြစ် SKD စနစ်ဖြင့်ထုတ်လုပ်ရောင်းချနေသော Gold AYA မှ Compact Saloon အမျိုးအစား BYD F3 ကိုစတင်မိတ်ဆက်ခဲ့သည်။ အဆိုပါ BYD F3 သည် တရုတ်ဈေးကွက်တွင် အရောင်းရဆုံးစာရင်းဝင် ကားအမျိုးအစားဖြစ်ပြီး 1.5 L Petrol အင်ဂျင်ကိုသုံးထားကာ 4 Speed Auto Transmission စနစ်ကို သုံးထားသည်။ ၎င်း၏ အမြင့်ဆုံးစွမ်းရည်မှာ 80 kw (107 HP)/5800 rpm နှင့် အမြင့်ဆုံး ရုန်းအားမှာ 145 Nm/4800 rpm ထုတ်လွှတ်ပေးနိုင်သည်ဟု သိရသည်။ Disc ဘရိတ်များကို ကားရှေ့နောက်တွင် အသုံးပြုထားပြီး ရှေ့နောက် Suspension အနေဖြင့် McPherson/Torsion Beam များလည်းထည့်သွင်းထားသည်။


ရှေ့မီးကြီးများကို Halogen များသုံးထားပြီး LED ပေါင်းစပ်နောက်မီးများနှင့် Fog Lamps များလည်းပါရှိသည်။ ၁၅ လက်မအလွိုင်းဘီးများထည့်သွင်းထားကာ နောက်ဖုံးက အလိုအလျောက်ဖွင့်ပေးသည့်စနစ်ပါရှိသည်။ အတွင်းခန်းရှိထိုင်ခုံများမှာ Manual ချိန်ညှိမှုများသာပါရှိပြီး 12 Volt Power Supply နှင့်အတူ AUX, USB Port များ၊All Power Windows စနစ်၊ Cup Holder နှင့် ပစ္စည်းထည့်စရာနေရာများလည်း ပါရှိသည်။ အလိုအလျောက် အဲကွန်းစနစ်ပါရှိကာ Entertainment အနေဖြင့် FM စနစ်ပါရှိပြီး စပီကာ ၆ လုံးထည့် သွင်းပေးထားသည်။ Smart Key စနစ်ဖြစ်ပြီး လုံခြုံရေးစနစ်အနေဖြင့် ရှေ့လေအိတ် ၂ လုံး၊ Driver Seat belt reminder, Child safety lock, ISO-FIX, ABS, EBD, ESP စသည့်စနစ်များထည့်သွင်းပေးထားသည်။


BYD F3 အား ကျပ်သိန်း ၂၂၂ ဖြင့် Gold AYA မှ ရောင်းချပေးနေပြီး ရန်ကုန်လိုင်စင်ရရှိမည်ဖြစ်ကာ အရစ်ကျစနစ်ဖြင့်လည်း ဝယ်ယူရရှိနိုင်ကြောင်းလည်း သိရသည်။

 

Banner.png

 

Zawgyi


တ႐ုတ္ေဈးကြက္တြင္ အေရာင္းရဆုံးစာရင္းဝင္ BYD F3 အား က်ပ္သိန္း ၂၂၂ ျဖင့္ Gold AYA မွစတင္ေရာင္းခ်


တ႐ုတ္ႏိုင္ငံထုတ္ကား Brand မ်ားျဖစ္ေသာ Chery, CHANGHE ႏွင့္ BYD ကားမ်ားကို ျမန္မာျပည္တစ္ဦး တည္းကိုယ္စားလွယ္အျဖစ္ SKD စနစ္ျဖင့္ထုတ္လုပ္ေရာင္းခ်ေနေသာ Gold AYA မွ Compact Saloon အမ်ိဳးအစား BYD F3 ကိုစတင္မိတ္ဆက္ခဲ့သည္။ အဆိုပါ BYD F3 သည္ တ႐ုတ္ေဈးကြက္တြင္ အေရာင္းရဆုံးစာရင္းဝင္ ကားအမ်ိဳးအစားျဖစ္ၿပီး 1.5 L Petrol အင္ဂ်င္ကိုသုံးထားကာ 4 Speed Auto Transmission စနစ္ကို သုံးထားသည္။ ၎၏ အျမင့္ဆုံးစြမ္းရည္မွာ 80 kw (107 HP)/5800 rpm ႏွင့္ အျမင့္ဆုံး ႐ုန္းအားမွာ 145 Nm/4800 rpm ထုတ္လႊတ္ေပးႏိုင္သည္ဟု သိရသည္။ Disc ဘရိတ္မ်ားကို ကားေရွ႕ေနာက္တြင္ အသုံးျပဳထားၿပီး ေရွ႕ေနာက္ Suspension အေနျဖင့္ McPherson/Torsion Beam မ်ားလည္းထည့္သြင္းထားသည္။


ေရွ႕မီးႀကီးမ်ားကို Halogen မ်ားသုံးထားၿပီး LED ေပါင္းစပ္ေနာက္မီးမ်ားႏွင့္ Fog Lamps မ်ားလည္းပါရွိသည္။ ၁၅ လက္မအလြိဳင္းဘီးမ်ားထည့္သြင္းထားကာ ေနာက္ဖုံးက အလိုအေလ်ာက္ဖြင့္ေပးသည့္စနစ္ပါရွိသည္။ အတြင္းခန္းရွိထိုင္ခုံမ်ားမွာ Manual ခ်ိန္ညႇိမႈမ်ားသာပါရွိၿပီး 12 Volt Power Supply ႏွင့္အတူ AUX,USB Port မ်ား၊All Power Windows စနစ္၊ Cup Holder ႏွင့္ ပစၥည္းထည့္စရာေနရာမ်ားလည္း ပါရွိသည္။ အလိုအေလ်ာက္ အဲကြန္းစနစ္ပါရွိကာ Entertainment အေနျဖင့္ FM စနစ္ပါရွိၿပီး စပီကာ ၆ လုံးထည့္ သြင္းေပးထားသည္။ Smart Key စနစ္ျဖစ္ၿပီး လုံၿခဳံေရးစနစ္အေနျဖင့္ ေရွ႕ေလအိတ္ ၂ လုံး၊ Driver Seat belt reminder,Child safety lock, ISO-FIX, ABS,EBD,ESP စသည့္စနစ္မ်ားထည့္သြင္းေပးထားသည္။


BYD F3 အား က်ပ္သိန္း ၂၂၂ ျဖင့္ Gold AYA မွ ေရာင္းခ်ေပးေနၿပီး ရန္ကုန္လိုင္စင္ရရွိမည္ျဖစ္ကာ အရစ္က်စနစ္ျဖင့္လည္း ဝယ္ယူရရွိႏိုင္ေၾကာင္းလည္း သိရသည္။

 

FILLING STATIONS (PRIVATE) ႏွင့္ပက္သက္ေသာ လုပ္ငန္း ၃၂၆ ခုကိုရွာေဖြရန္ ဤေနရာကို ႏွိပ္ပါ။


Source; YIMS

Read times
Rate this item
(1 Vote)