Local Industry



စည်းကမ်းဖောက်ယာဉ်များကို ကင်မရာအလုံး ၆၀ဝ မှ ရိုက်ကူးကာ မှတ်သားဖမ်းဆီးအရေးယူမည်

စည်းကမ်းဖောက်ယာဉ်များကို ကင်မရာအလုံး ၆၀ဝ မှ ရိုက်ကူးကာ မှတ်သားဖမ်းဆီးအရေးယူမည် google

စည်းကမ်းဖောက်ယာဉ်များကို ကင်မရာအလုံး ၆၀ဝ မ ရိုက်ကူးကာ မတ်သားဖမ်းဆီးအရေးယူမည်

 

ရန်ကုန်တိုင်းအတွင်း စည်းကမ်း ဖောက်ဖျက်မော်တော်ယာဉ်များကို မီးပွိုင့်၌တပ်ဆင်ထားသည့် ကင်မရာ အလုံး ၆၀ဝ မတ်သားဖမ်းဆီးအရေးယူခြင်း စတင်တော့မည်ဟု ရန်ကုန် တိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ မူးရုံးမ သိရသည်။

 

အဆိုပါ စည်းကမ်းဖောက်ဖျက် ယာဉ်များကို ယာဉ်အချက်ပြမီးပွိုင့် တွင်တပ်ဆင်ထားသော နည်းပညာမြင့် ကင်မရာ အလုံး ၆၀ဝ မ ရိုက်ကူးကာ ဗဟိုထိန်းချုပ်ရေးစင်တာ (Traffic Control Center) မတ်သားထား ရိမည်ဖြစ်ကြောင်း၊ မျဉ်းဝါဖြတ်ခြင်း၊ ရပ်မျဉ်းတွင် မရပ်ခြင်း၊ မီးနီဖြတ်ခြင်း၊ ပြိုင်မောင်းခြင်းစသည့် စည်းကမ်း လိုက်နာမုမရိသည့် ယာဉ်များကို အရေးယူသွားမည်ဖြစ် ကြောင်း သိရသည်။

 

"မီးပွိုင့်ကတပ်ထားတဲ့ နည်းပညာမြင့် ကင်မရာတွေကို Control Centre ကနေကြည့်ရုမတ်သားပြီး ကညနကိုပေးပို့ကာ စည်းကမ်းဖောက် တဲ့ ပြစ်မုအလိုက် အရေးယူမာပါ။စည်းကမ်းပျက်တဲ့ယာဉ်တွေကြည့်နိုင် ဖို့နည်းပညာမြင့် View Camera တွေ မီးပွိုင့်တွေမာ တပ်ထားပါတယ်။ Control Centre ကနေ စည်းကမ်း ပျက်ကားတွေကို မတ်သားအရေးယူ တာတွေလုပ်တော့မာပါ။ ကားခိုးမု ဖြစ်တာတို့၊ ကားပျောက်တာတွေကို လည်း လုပ်နေပါပြီ"ဟု ရန်ကုန်တိုင်း ဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့မူးရုံး မ တာဝန်ရိသူတစ်ဦးက မြန်မာတိုင်းမ်နေ့စဉ်သို့ ပြောသည်။

 

စည်းကမ်းဖောက်ဖျက် ယာဉ်များကို စောင့်ကြည့်မတ်သား ဖမ်းဆီးနိုင်ရန်အတွက် အဖွဲ့များ စတင်ဖွဲ့စည်း ထားရိပြီး အဆိုပါအဖွဲ့များတွင် ယာဉ်ထိန်းတပ်ဖွဲ့ဝင်၊YRTA၊ ကညန နင့် ရန်ကုန်မြို့တော်စည်ပင်မ တာဝန်ရိသူများ ပါဝင်သည်။ စည်းကမ်းပျက် ယာဉ်များ၏ အချက်အလက်များကို ကညနရုံးသို့ပေးပို့၍ ယာဉ်မတ်ပုံတင် လိုင်စင်သက်တမ်းတိုး လာရောက် ပါက ဒဏ်ငွေသတ်မတ် အရေးယူမည် ဖြစ်သည်။

 

ရန်ကုန်တိုင်းဒေသကြီးတွင် ပြစ်မု ကျူးလွန်ထားသည့် ယာဉ်များနင့် လိုင်စင်မဲ့ယာဉ်တို့၏သွားလာမုများကို control centre မ တစ်ဆင့် စောင့် ကြည့်ဖမ်းဆီးနိုင်ရန် လုပ်ဆောင်မည် ဟု ဇန်နဝါရီ ၁၆ ရက်YBS တစ် နစ်ပြည့်နစ်ပတ်လည်အခမ်းအနားတွင် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

 

Home_page.png

 

Zawgyi

 


 

ရန်ကုန်တိုင်းအတွင်း စည်းကမ်း ဖောက်ဖျက်မော်တော်ယာဉ်များကို မီးပွိုင့်၌တပ်ဆင်ထားသည့် ကင်မရာ အလုံး ၆၀ဝ မှ မှတ်သားဖမ်းဆီးအရေးယူခြင်း စတင်တော့မည်ဟု ရန်ကုန် တိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ မှူးရုံးမှ သိရသည်။

 

အဆိုပါ စည်းကမ်းဖောက်ဖျက် ယာဉ်များကို ယာဉ်အချက်ပြမီးပွိုင့် တွင်တပ်ဆင်ထားသော နည်းပညာမြင့် ကင်မရာ အလုံး ၆၀ဝ မှ ရိုက်ကူးကာ ဗဟိုထိန်းချုပ်ရေးစင်တာ (Traffic Control Center) မှ မှတ်သားထား ရှိမည်ဖြစ်ကြောင်း၊ မျဉ်းဝါဖြတ်ခြင်း၊ ရပ်မျဉ်းတွင် မရပ်ခြင်း၊ မီးနီဖြတ်ခြင်း၊ ပြိုင်မောင်းခြင်းစသည့် စည်းကမ်း လိုက်နာမှုမရှိသည့် ယာဉ်များကို အရေးယူသွားမည်ဖြစ် ကြောင်း သိရသည်။

 

"မီးပွိုင့်ကတပ်ထားတဲ့ နည်းပညာမြင့် ကင်မရာတွေကို Control Centre ကနေကြည့်ရှုမှတ်သားပြီး ကညနကိုပေးပို့ကာ စည်းကမ်းဖောက် တဲ့ ပြစ်မှုအလိုက် အရေးယူမှာပါ။စည်းကမ်းပျက်တဲ့ယာဉ်တွေကြည့်နိုင် ဖို့နည်းပညာမြင့် View Camera တွေ မီးပွိုင့်တွေမှာ တပ်ထားပါတယ်။ Control Centre ကနေ စည်းကမ်း ပျက်ကားတွေကို မှတ်သားအရေးယူ တာတွေလုပ်တော့မှာပါ။ ကားခိုးမှု ဖြစ်တာတို့၊ ကားပျောက်တာတွေကို လည်း လုပ်နေပါပြီ"ဟု ရန်ကုန်တိုင်း ဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံး မှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

 

စည်းကမ်းဖောက်ဖျက် ယာဉ်များကို စောင့်ကြည့်မှတ်သား ဖမ်းဆီးနိုင်ရန်အတွက် အဖွဲ့များ စတင်ဖွဲ့စည်း ထားရှိပြီး အဆိုပါအဖွဲ့များတွင် ယာဉ်ထိန်းတပ်ဖွဲ့ဝင်၊YRTA၊ ကညန နှင့် ရန်ကုန်မြို့တော်စည်ပင်မှ တာဝန်ရှိသူများ ပါဝင်ကြောင်း သိရသည်။

 

စည်းကမ်းပျက် ယာဉ်များ၏ အချက်အလက်များကို ကညနရုံးသို့ပေးပို့၍ ယာဉ်မှတ်ပုံတင် လိုင်စင်သက်တမ်းတိုး လာရောက် ပါက ဒဏ်ငွေသတ်မှတ် အရေးယူမည် ဖြစ်ကြောင်းသိရသည်။

 

DYNAMOS နှင့် MOTORS  လုပ်ငန်း ၃၄၂ ခုကိုရှာဖွေရန်ဤနေရာကိုနှိပ်ပါ။

 

Credit; KZY

Read times
Rate this item
(1 Vote)