Local Industry
မန္တလေးမှ အိန္ဒိယနိုင်ငံ အင်ဖာမြို့သို့ တိုက်ရိုက်ဘတ်စ်ကားလိုင်းကို လာမည့် ဧပြီလတွင်စတင်၍ စမ်းသပ်ပြေးဆွဲမည်
မန္တလေးမှ အိန္ဒိယနိုင်ငံ အင်ဖာမြို့သို့ တိုက်ရိုက်ဘတ်စ်ကားလိုင်းကို လာမည့် ဧပြီလတွင်စတင်၍ စမ်းသပ်ပြေးဆွဲမည် google
မန္တလေးမ အိန္ဒိယနိုင်ငံ အင်ဖာမြို့သို့ တိုက်ရိုက်ဘတ်စ်ကားလိုင်းကို လာမည့် ဧပြီလတွင်စတင်၍ စမ်းသပ်ပြေးဆွဲမည်
မြန်မာ-အိန္ဒိယ နစ်နိုင်ငံ ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်လျက် မန္တလေးမြို့မ အိန္ဒိယနိုင်ငံ အင်ဖာမြို့သို့ နစ်နိုင်ငံ ပူးပေါင်း၍ တိုက်ရိုက် ဘတ်စ်ကားလိုင်းကို လာမည့် ဧပြီလအတွင်း ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရပါတယ်။
အဆိုပါ ဘတ်စ်ကားလိုင်း ပြေးဆွဲနိုင်ရေးအတွက် ဖေဖော်ဝါရီ ၁၄ ရက် နံနက် ၁၀ နာရီက မန္တလေးမြို့ရိ အိန္ဒိယနိုင်ငံ ကောင်စစ်ဝန် ချုပ်ရုံးတွင် အိန္ဒိယနိုင်ငံကောင်စစ်ဝန်ချုပ်နင့် မြန်မာနိုင်ငံဘက်မ တာဝန်ရိသူများ၊ operator ကုမ္ပဏီများ တက်ရောက်၍ နားလည်မုစာချွန်လွာ(MoU)လက်မတ် ရေးထိုးခဲ့ကြပြီး အဆိုပါ MoU အချက်ပါ ဆွေးနွေးမုအရ သုံးလအတွင်း လုပ်ငန်းအကောင် အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်သော်လည်း လုပ်ငန်း ဆောလျင်စွာ ဆောင်ရွက်နိုင်ရန်အတွက် ဧပြီလမစတင်၍ စမ်းသပ်ပြေးဆွဲ သွားမည် ဖြစ်ကြောင်း အိန္ဒိယ ကောင်စစ်ဝန်ချုပ် Mr.Nandan Singh Bhaisora က ပြောပြချက်အရ သိရပါတယ်။
"အခုလို ဘတ်စ်ကားလိုင်း တိုက်ရိုက်ပြေးဆွဲခြင်းအားဖြင့် အိန္ဒိယနိုင်ငံ အရေ့မြောက်ပြည်နယ်တွေမာရိတဲ့ ပြည်သူတွေနဲ့ စစ်ကိုင်း၊ မန္တလေးမာရိတဲ့ ပြည်သူတွေအချင်းချင်း နစ်နိုင်ငံ သွားလာဆက်ဆံမုကနေ ချစ်ခင်ရင်းနီးမုတွေ ပိုမိုရရိဖို့ ရည်ရွယ်ပါတယ်။ ကလေးဝနဲ့ တမူးကြားမာ ဒုတိယကမ္ဘာစစ် က တည်ဆောက်ခဲ့တဲ့ ဘေလီတံတား ၆၉ စင်းရိပါတယ်။ ဒီတံတားတွေကို အိန္ဒိယ နိုင်ငံ ဘက်က တာဝန်ယူပြီး ပြင်ဆင်နေပါတယ်။ နစ်နိုင်ငံ ဘတ်စ်ကား လိုင်းပူးပေါင်းကာ တိုက်ရိုက် ပြေးဆွဲနိုင်ဖို့ ၂၀၁၈ ခုနစ်ကတည်းက ကြိုးစားဆောင်ရွက်ခဲ့တာပါ။ အခုတော့ ကျွန်တော်တို့ရဲ့ အိပ်မက်တွေ အမန်တကယ် အကောင်အထည်ပေါ် လာပြီ ဟု ၎င်းကထပ်မံ ပြောခဲ့ပါတယ်။
ပူးပေါင်းပြေးဆွဲပေးသွားမည်
အဆိုပါ နစ်နိုင်ငံပူးပေါင်း ဘတ်စ် ကားလိုင်းပြေးဆွဲမုတွင် မြန်မာနိုင်ငံ မ ရွေမန္တလာ Express ကုမ္ပဏီ ဖြင့် မန္တလေး-မုံရွာ -ဂန့်ဂေါ-ကလေး -တမူးအထိ လည်းကောင်း၊ အိန္ဒိယနိုင်ငံ 7 Sisters ကုမ္ပဏီက တမူး နယ်စပ်မ အိန္ဒိယနိုင်ငံ အင်ဖာအထိ လည်းကောင်း ပူးပေါင်းပြေးဆွဲပေး သွားမည်ဖြစ်ပါတယ်။
ကုမ္ပဏီက 7Sisters ကုမ္ပဏီနဲ့ ပူးပေါင်းပြီး နစ်နိုင်ငံ ခရီးသွားမြင့်တင်မုတွေ ဆောင်ရွက်မာပါ။ လောလောဆယ် တော့ ကျွန်တော်တို့ဘက်က တမူးနယ်စပ် ဂိတ်အထိကိုပဲ ပြေးဆွဲပေးနိုင်ပြီး နောက်ပိုင်းမာ အင်ဖာမြို့အထိ တိုက်ရိုက်ပြေးဆွဲနိုင်ဖို့ ဆောင်ရွက်သွားမယ်။ အိန္ဒိယကုမ္ပဏီဘက်ကလည်း 7 Sisters ဆိုတဲ့အတိုင်း ပြည်နယ်ခုနစ်ခုနဲ့ ချိတ်ဆက်ထားတာ ဖြစ်လို့ လည်ပတ်စရာနေရာတွေ သွားနိုင်ဖို့ စီစဉ်ဆောင်ရွက်ထားပါတယ် ဟု ရွေမန္တလာ Express ကုမ္ပဏီမ မန်နေဂျင်းဒါရိုက်တာ ဦးနေလင်းဦးက ပြောခဲ့ပါတယ်။
ခရီးသွားဝင်ရောက်ဖို့ အဓိကထား
ထို့အပြင် အိန္ဒိယနိုင်ငံ 7 sisters ကုမ္ပဏီမ Managing Partner H. Radhakrishna Sharma ကလည်း “မြန်မာနိုင်ငံက လက်ရိမာ ပွင့်လင်းလာတဲ့ နိုင်ငံဖြစ်တဲ့အတွက် လည်ပတ်စရာတွေ အများကြီးရိတယ်။ အခုလို ပူးပေါင်းတိုက်ရိုက်ပြေးဆွဲမုမာ မြန်မာ နိုင်ငံဘက်ကို ခရီးသွားတွေ ပိုမို ဝင်ရောက်ဖို့ အဓိကထားပြီး အိန္ဒိယ နိုင်ငံဘက်ကို ဗုဒ္ဓဂယာဘုရားဖူး ခရီးစဉ်နဲ့ ဆေးဝါးကုသမုတွေ အတွက် အဓိကမျော်မန်းထားပါတယ် ဟု ပြောခဲ့ပါတယ်။
စမ်းသပ်ပြေးဆွဲသွားမည်
မန္တလေး-အင်ဖာ ပူးပေါင်းဘတ်စ် ကားလိုင်းဖြင့် မန္တလေးမတမူးအထိ ၁၁ နာရီကြာမြင့်မည်ဖြစ်ပြီး တမူးမ အင်ဖာမြို့သို့ သုံးနာရီ ကြာမြင့်မည် ဖြစ်ကာ အဆိုပါဘတ်စ်ကားလိုင်းပြေးဆွဲမုကို မန္တလေးမြို့မ ဧပြီ ၇ ရက်နေ့ တွင် လည်းကောင်း၊ အင်ဖာမြို့မ ဧပြီ ၈ ရက်နေ့တွင်လည်းကောင်း စတင်စမ်းသပ် ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိခဲ့ရပါတယ်။
Home_page.png
Zawgyi
မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်လျက် မန္တလေးမြို့မှ အိန္ဒိယနိုင်ငံ အင်ဖာမြို့သို့ နှစ်နိုင်ငံ ပူးပေါင်း၍ တိုက်ရိုက် ဘတ်စ်ကားလိုင်းကို လာမည့် ဧပြီလအတွင်း ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရပါတယ်။
အဆိုပါ ဘတ်စ်ကားလိုင်း ပြေးဆွဲနိုင်ရေးအတွက် ဖေဖော်ဝါရီ ၁၄ ရက် နံနက် ၁၀ နာရီက မန္တလေးမြို့ရှိ အိန္ဒိယနိုင်ငံ ကောင်စစ်ဝန် ချုပ်ရုံးတွင် အိန္ဒိယနိုင်ငံကောင်စစ်ဝန်ချုပ်နှင့် မြန်မာနိုင်ငံဘက်မှ တာဝန်ရှိသူများ၊ operator ကုမ္ပဏီများ တက်ရောက်၍ နားလည်မှုစာချွန်လွှာ(MoU)လက်မှတ် ရေးထိုးခဲ့ကြပြီး အဆိုပါ MoU အချက်ပါ ဆွေးနွေးမှုအရ သုံးလအတွင်း လုပ်ငန်းအကောင် အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်သော်လည်း လုပ်ငန်း ဆောလျင်စွာ ဆောင်ရွက်နိုင်ရန်အတွက် ဧပြီလမှစတင်၍ စမ်းသပ်ပြေးဆွဲ သွားမည် ဖြစ်ကြောင်း အိန္ဒိယ ကောင်စစ်ဝန်ချုပ် Mr.Nandan Singh Bhaisora က ပြောပြချက်အရ သိရပါတယ်။
အဆိုပါ နှစ်နိုင်ငံပူးပေါင်း ဘတ်စ် ကားလိုင်းပြေးဆွဲမှုတွင် မြန်မာနိုင်ငံ မှ ရွှေမန္တလာ Express ကုမ္ပဏီ ဖြင့် မန္တလေး-မုံရွာ -ဂန့်ဂေါ-ကလေး -တမူးအထိ လည်းကောင်း၊ အိန္ဒိယနိုင်ငံ 7 Sisters ကုမ္ပဏီက တမူး နယ်စပ်မှ အိန္ဒိယနိုင်ငံ အင်ဖာအထိ လည်းကောင်း ပူးပေါင်းပြေးဆွဲပေး သွားမည်ဖြစ်ပါတယ်။
ကုမ္ပဏီက 7Sisters ကုမ္ပဏီနဲ့ ပူးပေါင်းပြီး နှစ်နိုင်ငံ ခရီးသွားမြှင့်တင်မှုတွေ ဆောင်ရွက်မှာပါ။ လောလောဆယ် တော့ ကျွန်တော်တို့ဘက်က တမူးနယ်စပ် ဂိတ်အထိကိုပဲ ပြေးဆွဲပေးနိုင်ပြီး နောက်ပိုင်းမှာ အင်ဖာမြို့အထိ တိုက်ရိုက်ပြေးဆွဲနိုင်ဖို့ ဆောင်ရွက်သွားမယ်။ အိန္ဒိယကုမ္ပဏီဘက်ကလည်း 7 Sisters ဆိုတဲ့အတိုင်း ပြည်နယ်ခုနစ်ခုနဲ့ ချိတ်ဆက်ထားတာ ဖြစ်လို့ လည်ပတ်စရာနေရာတွေ သွားနိုင်ဖို့ စီစဉ်ဆောင်ရွက်ထားပါတယ် ဟု ရွှေမန္တလာ Express ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးနေလင်းဦးက ပြောခဲ့ပါတယ်။
ထို့အပြင် အိန္ဒိယနိုင်ငံ 7 sisters ကုမ္ပဏီမှ Managing Partner H. Radhakrishna Sharma ကလည်း “မြန်မာနိုင်ငံက လက်ရှိမှာ ပွင့်လင်းလာတဲ့ နိုင်ငံဖြစ်တဲ့အတွက် လည်ပတ်စရာတွေ အများကြီးရှိတယ်။ အခုလို ပူးပေါင်းတိုက်ရိုက်ပြေးဆွဲမှုမှာ မြန်မာ နိုင်ငံဘက်ကို ခရီးသွားတွေ ပိုမို ဝင်ရောက်ဖို့ အဓိကထားပြီး အိန္ဒိယ နိုင်ငံဘက်ကို ဗုဒ္ဓဂယာဘုရားဖူး ခရီးစဉ်နဲ့ ဆေးဝါးကုသမှုတွေ အတွက် အဓိကမျှော်မှန်းထားပါတယ် ဟု ပြောခဲ့ပါတယ်။
မန္တလေး-အင်ဖာ ပူးပေါင်းဘတ်စ် ကားလိုင်းဖြင့် မန္တလေးမှတမူးအထိ ၁၁ နာရီကြာမြင့်မည်ဖြစ်ပြီး တမူးမှ အင်ဖာမြို့သို့ သုံးနာရီ ကြာမြင့်မည် ဖြစ်ကာ အဆိုပါဘတ်စ်ကားလိုင်းပြေးဆွဲမှုကို မန္တလေးမြို့မှ ဧပြီ ၇ ရက်နေ့ တွင် လည်းကောင်း၊ အင်ဖာမြို့မှ ဧပြီ ၈ ရက်နေ့တွင်လည်းကောင်း စတင်စမ်းသပ် ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိခဲ့ရပါတယ်။
သယ်ယူပို့ဆောင်ရေးလုပ်ငန်းပေါင်း ၆၀၈ ခုကိုရှာဖွေရန်ဤနေရာကိုနှိပ်ပါ။
shwe_mandalay.jpg
Myanmar Automobile Equipment Directory
Read times
Rate this item
(1 Vote)