Local Industry



စက်တင်ဘာလမှာ ပြီးစီးတော့မယ့် ပုသိမ်တံတားအမှတ်(၂)

စက်တင်ဘာလမှာ ပြီးစီးတော့မယ့် ပုသိမ်တံတားအမှတ်(၂) google

စက်တင်ဘာလမာ ပြီးစီးတော့မယ့် ပုသိမ်တံတားအမတ်(၂)

 

ဆောက်လုပ်ရေးဝန်ကြီးဌာနမ ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းသည် ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ပုသိမ်တံတားအမတ်(၂) တည်ဆောက်ရေး စီမံကိန်းသို့ ရောက်ရိခဲ့ရာ တံတားရင်းလင်းဆောင်တွင် တံတားတည်ဆောက်ရေး တာဝန်ခံ ညွန်ကြားရေးမူး (မြို့ပြ) ဒေါ်သစ်သစ်အောင် က တံတားလုပ်ငန်းစီမံချက်နင့် ပြီးစီးမုများအား ရင်းလင်းတင်ပြခဲ့ပြီး ဒုတိယဝန်ကြီးက သံပေါင် တပ်ဆင်ခြင်းတွင် နည်းပညာဆိုင်ရာ Erection နည်းစနစ်နင့် ပတ်သက်၍ ဆုံးဖြတ်အတည်ပြုသည်။

 

ယင်းနောက် ဒုတိယဝန်ကြီးနင့် အဖွဲ့သည် ချဉ်းကပ်တံတားပေါ်မ သံပေါင်တပ်ဆင်နေမုအား ကြည့်ရု စစ်ဆေးခဲ့ပြီး သံဘောင် တပ်ဆင်နေသော ကျွမ်းကျင်လုပ်သားများနင့် တွေ့ဆုံကာ အားပေးစကားများ ပြောကြားခဲ့သည်။

 

ပုသိမ်တံတားအမတ်(၂)သည် အရည်ပေ (၂၃၈၀) ရိပြီး (၂၈) ပေအကျယ် (၂)လမ်းသွား တံတားဖြစ်ကာ တံတားအုတ်မြစ်မာ Bored Pile အုတ်မြစ်နင့် ကိုယ်ထည်မာ သံကူကွန်ကရစ်ဖြစ်ပြီးအပေါ် ထည်မာ သံမဏိသံပေါင်တံတား အမျိုးအစား ဖြစ်သည်။ အဆိုပါ တံတားမာ ၆၉ ရာခိုင်နုန်း ပြီးစီးနေပြီး ၂၀၂၀ ခုနစ်၊ စက်တင်ဘာလတွင် ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။

 

Myanmar Automobile Equipment Directory

 

Aircondition အတွက် ဆိုင်ပေါင်း ၂၃၇ ဆိုင်ကိုရှာဖွေရန်ဤနေရာကိုနှိပ်ပါ။

 

Zawgyi

 


 

ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းသည် ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ပုသိမ်တံတားအမှတ်(၂) တည်ဆောက်ရေး စီမံကိန်းသို့ ရောက်ရှိခဲ့ရာ တံတားရှင်းလင်းဆောင်တွင် တံတားတည်ဆောက်ရေး တာဝန်ခံ ညွှန်ကြားရေးမှူး (မြို့ပြ) ဒေါ်သစ်သစ်အောင် က တံတားလုပ်ငန်းစီမံချက်နှင့် ပြီးစီးမှုများအား ရှင်းလင်းတင်ပြခဲ့ပြီး ဒုတိယဝန်ကြီးက သံပေါင် တပ်ဆင်ခြင်းတွင် နည်းပညာဆိုင်ရာ Erection နည်းစနစ်နှင့် ပတ်သက်၍ ဆုံးဖြတ်အတည်ပြုသည်။

 

ယင်းနောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ချဉ်းကပ်တံတားပေါ်မှ သံပေါင်တပ်ဆင်နေမှုအား ကြည့်ရှု စစ်ဆေးခဲ့ပြီး သံဘောင် တပ်ဆင်နေသော ကျွမ်းကျင်လုပ်သားများနှင့် တွေ့ဆုံကာ အားပေးစကားများ ပြောကြားခဲ့သည်။

 

ပုသိမ်တံတားအမှတ်(၂)သည် အရှည်ပေ (၂၃၈၀) ရှိပြီး (၂၈) ပေအကျယ် (၂)လမ်းသွား တံတားဖြစ်ကာ တံတားအုတ်မြစ်မှာ Bored Pile အုတ်မြစ်နှင့် ကိုယ်ထည်မှာ သံကူကွန်ကရစ်ဖြစ်ပြီးအပေါ် ထည်မှာ သံမဏိသံပေါင်တံတား အမျိုးအစား ဖြစ်သည်။ အဆိုပါ တံတားမှာ ၆၉ ရာခိုင်နှုန်း ပြီးစီးနေပြီး ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလတွင် ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။

 


Read times
Rate this item
(1 Vote)