Local Industry



အမည်ပေါက်ပြောင်းလဲခြင်းအတွက် ဈေးနှုန်းသတ်မှတ်မှု မကျေနပ်ပါက ပြည်တွင်းအခွန်ရုံးချုပ်ထိ တင်ပြနိုင်ဟု စက်မှု ဒုဝန်ကြီးပြော

အမည်ပေါက်ပြောင်းလဲခြင်းအတွက် ဈေးနှုန်းသတ်မှတ်မှု မကျေနပ်ပါက ပြည်တွင်းအခွန်ရုံးချုပ်ထိ တင်ပြနိုင်ဟု စက်မှု ဒုဝန်ကြီးပြော google

အမည်ပေါက်ပြောင်းလဲခြင်းအတွက် ဈေးနုန်းသတ်မတ်မု မကျေနပ်ပါက ပြည်တွင်းအခွန်ရုံးချုပ်ထိ တင်ပြနိုင်ဟု စက်မု ဒုဝန်ကြီးပြော

 

ဖေဖော်ဝါရီ ၇ ရက်က ကျင်းပခဲ့သည့် ပြည်သူ့လွတ်တော် အစည်းအဝေးတွင် ဇမ္ဗူသီရိပြည်သူ့ လွတ်တော်ကိုယ်စားလယ် ဦးဖြိုး ဇေယျာသော်က ယာဉ်ပိုင်ရင် အမည်ပြောင်းလဲရာတွင် အခွန်ရာဖြတ်ဌာနက ယာဉ်တန်ဖိုးများကို မည်ကဲ့သို့ သတ်မတ်ကြောင်းနင့် ကာလပေါက်ဈေးနင့် ကွာခြား လျက်ရိသည့် မော်တော်ယာဉ် ဈေးနုန်းများကို မော်တော်ယာဉ် ရောင်းဝယ်ရေး အသင်းများနင့် ပေါင်းစပ်ညိနိုင်း ပြင်ဆင်သတ် မတ်ပေးရန် ရိ၊ မရိ မေးခွန်းအပေါ် ဒုဝန်ကြီးက အောက်ပါအတိုင်းဖြေကြားခဲ့သည်။

 

မော်တော်ယာဉ် အမည်ပေါက် ပြောင်းလဲရန် ယာဉ်ဈေးနုန်းသတ်မတ်မုနင့် ပတ်သက်ပြီး မြို့နယ်၊ တိုင်းနင့် ပြည်နယ် အခွန်ဦးစီးဌာန၏ စည်းကြပ်မု အပေါ် မကျေနပ်ပါက ပြည်တွင်းအခွန်ဦးစီးဌာန ရုံးချုပ်အထိ တင်ပြနိုင်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနင့် စက်မုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က ဖြေကြားခဲ့သည်။

 

ဒုဝန်ကြီး ဦးမောင်မောင်ဝင်းက ယင်းသို့ စံနုန်းသတ်မတ်ချက်ထက် လျော့နည်းနေသည့်ကိစ္စကို   သက်ဆိုင်ရာ စည်းကြပ်သည့် မြို့နယ်မ ပြည်နယ်၊ တိုင်းအခွန်ဦးစီး ဌာနရုံးသို့ တင်ပြနိုင်ကြောင်း၊ ပြည်နယ်နင့်တိုင်း အခွန်ဦးစီးဌာန မူးရုံးအနေဖြင့် စံတန်ဖိုးထက် လျော့သင့်သည်ဟု ယူဆပါက လျော့ချပြီး အခွန်စည်းကြပ်ပေး နိုင်ရန် လုပ်ပိုင်ခွင့်ပေးထားကြောင်း ပြောသည်။

 

‘‘တိုင်း၊ ပြည်နယ်အနေနဲ့ လုပ်တဲ့ကိုင်တဲ့ဟာကို ထပ်ပြီး ကျေနပ်မုမရိရင် ပြည်တွင်းအခွန် များဦးစီးဌာနရုံးချုပ်ကို ဆက်ပြီး တော့ တင်ပြနိုင်ပါတယ်။ တင်ပြ တဲ့အခါ ရုံးချုပ်အနေနဲ့ လိုအပ်သလို သုံးသပ်ပြီးတော့ အမန်နဲ့နီးစပ်တဲ့ တန်ဖိုးကို စည်းကြပ်မာဖြစ်တဲ့အကြောင်း ပြန်လည်ရင်းလင်းဖြေကြားအပ်ပါတယ်’’ဟု ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောသည်။

 

ကုန်းလမ်းပို့ဆောင်မုညွန်ကြားမုဦးစီးဌာနက ထပ်မံထုတ်ပြန်သည့် ညွန်ကြားချက်အရ ယာဉ်ပိုင်ရင်များသည် မိမိ၏ ယာဉ်များကို အမည်ပေါက် ပြောင်းလဲမသာ ယာဉ်သက်တမ်း တိုးခွင့်ရိမည်ဖြစ်သည်။

 

‘‘ယာဉ်တွေကို အမည်ပေါက် ပြောင်းလဲတဲ့အခါ ဘာပြနာ သွားတွေ့လဲဆို တော့ အမည်ပေါက်ပြောင်းလဲနိုင်ဖို့ အရောင်းအဝယ်စာချုပ်ကို ကိုင်ပြီးသွားတော့ အခွန်ရုံးကို သွားရတယ်။ အခွန်ရုံးကို သွားရ တဲ့အချိန်မာ အခွန်ရာဖြတ်ဌာနက သတ်မတ်ပေးထားသော မော် တော်ယာဉ်ရဲ့ စံဈေးနုန်းသည် တစ်မျိုး၊ ကိုယ့်လက်ထဲမာ ကိုင် ထားသော မော်တော်ယာဉ်ကို အမန်တကယ် ဝယ်ယူထားတဲ့ ဈေးနုန်းသည် တစ်မျိုး ဒါမျိုးဖြစ် လာပြီဆိုတဲ့အခါ ဘယ်ဈေးနုန်းကို အတည်ယူမာလဲဆိုတဲ့ ပြနာ က မော်တော်ယာဉ်အမည်ပေါက် ပြောင်းလဲသူတွေရဲ့ အခက်အခဲ   တစ်ခုအနေနဲ့ စတွေ့ရပါတယ်’’ ဟု ဦးဖြိုးဇေယျာသော်က ပြော သည်။

 

အခြားနိုင်ငံများတွင် မော် တော်ယာဉ်နင့် ပတ်သက်သည့် အခွန်များကို ကောက်ခံရာ၌ ထုတ် လုပ်သည့် ကုမ္ပဏီ၊ မော်ဒယ်၊မော်တော်ယာဉ် အမျိုးအစားအပေါ်မူတည်ပြီး အခွန်ကောက်ခံ ခြင်းကို တွေ့ရကြောင်း ၎င်းကဆိုသည်။

 

မြန်မာနိုင်ငံတွင်မူ ရန်ကုန်လိုင်စင်နင့် နယ်လိုင်စင်မော်တော်ယာဉ်များ၏   ဈေးနုန်းကွာခြားခြင်း၊ မော်တော်ယာဉ်အက္ခရာ နံပါတ်အပေါ်မူတည်ပြီး ဈေးနုန်းကွာခြားခြင်း၊ အင်ဂျင်မိုင်းလစ် အနည်း၊ အများကွာခြားမုအပေါ် ဈေးနုန်းကွာခြားခြင်း၊ အင်ဂျင်ပါဝါအနည်း၊ အများအပေါ် မူတည်ပြီး ဈေးနုန်းကွာခြားခြင်း စသည့် အခြားသော နိုင်ငံများနင့်မတူညီသည့် ဈေးနုန်းစံသတ်မုများ ပါ လာကြောင်း၊ ထို့ကြောင့် ရာဖြတ် ဌာနက စံနုန်းအဖြစ် သတ်မတ် ပေးသည့်ဈေးများနင့် ပြင်ပကာလပေါက်ဈေးများ ကွာခြားနေသည်ဟု ၎င်းက ဆွေးနွေးခဲ့သည်။

 

Myanamr Automobile Equipment Directory

 

Zawgyi

 


 

ဖေဖော်ဝါရီ ၇ ရက်က ကျင်းပခဲ့သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဇမ္ဗူသီရိပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုး ဇေယျာသော်က ယာဉ်ပိုင်ရှင် အမည်ပြောင်းလဲရာတွင် အခွန်ရာဖြတ်ဌာနက ယာဉ်တန်ဖိုးများကို မည်ကဲ့သို့ သတ်မှတ်ကြောင်းနှင့် ကာလပေါက်ဈေးနှင့် ကွာခြား လျက်ရှိသည့် မော်တော်ယာဉ် ဈေးနှုန်းများကို မော်တော်ယာဉ် ရောင်းဝယ်ရေး အသင်းများနှင့် ပေါင်းစပ်ညှိနှိုင်း ပြင်ဆင်သတ် မှတ်ပေးရန် ရှိ၊ မရှိ မေးခွန်းအပေါ် ဒုဝန်ကြီးက အောက်ပါအတိုင်းဖြေကြားခဲ့သည်။

 

မော်တော်ယာဉ် အမည်ပေါက် ပြောင်းလဲရန် ယာဉ်ဈေးနှုန်းသတ်မှတ်မှုနှင့် ပတ်သက်ပြီး မြို့နယ်၊ တိုင်းနှင့် ပြည်နယ် အခွန်ဦးစီးဌာန၏ စည်းကြပ်မှု အပေါ် မကျေနပ်ပါက ပြည်တွင်းအခွန်ဦးစီးဌာန ရုံးချုပ်အထိ တင်ပြနိုင်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က ဖြေကြားခဲ့သည်။

 

ဒုဝန်ကြီး ဦးမောင်မောင်ဝင်းက ယင်းသို့ စံနှုန်းသတ်မှတ်ချက်ထက် လျော့နည်းနေသည့်ကိစ္စကို   သက်ဆိုင်ရာ စည်းကြပ်သည့် မြို့နယ်မှ ပြည်နယ်၊ တိုင်းအခွန်ဦးစီး ဌာနရုံးသို့ တင်ပြနိုင်ကြောင်း၊ ပြည်နယ်နှင့်တိုင်း အခွန်ဦးစီးဌာန မှူးရုံးအနေဖြင့် စံတန်ဖိုးထက် လျှော့သင့်သည်ဟု ယူဆပါက လျှော့ချပြီး အခွန်စည်းကြပ်ပေး နိုင်ရန် လုပ်ပိုင်ခွင့်ပေးထားကြောင်း ပြောသည်။

 

‘‘တိုင်း၊ ပြည်နယ်အနေနဲ့ လုပ်တဲ့ကိုင်တဲ့ဟာကို ထပ်ပြီး ကျေနပ်မှုမရှိရင် ပြည်တွင်းအခွန် များဦးစီးဌာနရုံးချုပ်ကို ဆက်ပြီး တော့ တင်ပြနိုင်ပါတယ်။ တင်ပြ တဲ့အခါ ရုံးချုပ်အနေနဲ့ လိုအပ်သလို သုံးသပ်ပြီးတော့ အမှန်နဲ့နီးစပ်တဲ့ တန်ဖိုးကို စည်းကြပ်မှာဖြစ်တဲ့အကြောင်း ပြန်လည်ရှင်းလင်းဖြေကြားအပ်ပါတယ်’’ဟု ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောသည်။

 

ကုန်းလမ်းပို့ဆောင်မှုညွှန်ကြားမှုဦးစီးဌာနက ထပ်မံထုတ်ပြန်သည့် ညွှန်ကြားချက်အရ ယာဉ်ပိုင်ရှင်များသည် မိမိ၏ ယာဉ်များကို အမည်ပေါက် ပြောင်းလဲမှသာ ယာဉ်သက်တမ်း တိုးခွင့်ရှိမည်ဖြစ်သည်။

 

‘‘ယာဉ်တွေကို အမည်ပေါက် ပြောင်းလဲတဲ့အခါ ဘာပြဿနာ သွားတွေ့လဲဆို တော့ အမည်ပေါက်ပြောင်းလဲနိုင်ဖို့ အရောင်းအဝယ်စာချုပ်ကို ကိုင်ပြီးသွားတော့ အခွန်ရုံးကို သွားရတယ်။ အခွန်ရုံးကို သွားရ တဲ့အချိန်မှာ အခွန်ရာဖြတ်ဌာနက သတ်မှတ်ပေးထားသော မော် တော်ယာဉ်ရဲ့ စံဈေးနှုန်းသည် တစ်မျိုး၊ ကိုယ့်လက်ထဲမှာ ကိုင် ထားသော မော်တော်ယာဉ်ကို အမှန်တကယ် ဝယ်ယူထားတဲ့ ဈေးနှုန်းသည် တစ်မျိုး ဒါမျိုးဖြစ် လာပြီဆိုတဲ့အခါ ဘယ်ဈေးနှုန်းကို အတည်ယူမှာလဲဆိုတဲ့ ပြဿနာ က မော်တော်ယာဉ်အမည်ပေါက် ပြောင်းလဲသူတွေရဲ့ အခက်အခဲ   တစ်ခုအနေနဲ့ စတွေ့ရပါတယ်’’ ဟု ဦးဖြိုးဇေယျာသော်က ပြော သည်။

 

အခြားနိုင်ငံများတွင် မော် တော်ယာဉ်နှင့် ပတ်သက်သည့် အခွန်များကို ကောက်ခံရာ၌ ထုတ် လုပ်သည့် ကုမ္ပဏီ၊ မော်ဒယ်၊မော်တော်ယာဉ် အမျိုးအစားအပေါ်မူတည်ပြီး အခွန်ကောက်ခံ ခြင်းကို တွေ့ရကြောင်း ၎င်းကဆိုသည်။

 

မြန်မာနိုင်ငံတွင်မူ ရန်ကုန်လိုင်စင်နှင့် နယ်လိုင်စင်မော်တော်ယာဉ်များ၏   ဈေးနှုန်းကွာခြားခြင်း၊ မော်တော်ယာဉ်အက္ခရာ နံပါတ်အပေါ်မူတည်ပြီး ဈေးနှုန်းကွာခြားခြင်း၊ အင်ဂျင်မိုင်းလစ် အနည်း၊ အများကွာခြားမှုအပေါ် ဈေးနှုန်းကွာခြားခြင်း၊ အင်ဂျင်ပါဝါအနည်း၊ အများအပေါ် မူတည်ပြီး ဈေးနှုန်းကွာခြားခြင်း စသည့် အခြားသော နိုင်ငံများနှင့်မတူညီသည့် ဈေးနှုန်းစံသတ်မှုများ ပါ လာကြောင်း၊ ထို့ကြောင့် ရာဖြတ် ဌာနက စံနှုန်းအဖြစ် သတ်မှတ် ပေးသည့်ဈေးများနှင့် ပြင်ပကာလပေါက်ဈေးများ ကွာခြားနေသည်ဟု ၎င်းက ဆွေးနွေးခဲ့သည်။

 


Read times
Rate this item
(1 Vote)