Local Industry



ရန်ကုန်မိုးပျံအမြန်လမ်း စီမံကိန်းအပိုင်း(၁)၏ စီမံကိန်းအဆိုပြုလွှာ ခေါ်ယူစာ

ရန်ကုန်မိုးပျံအမြန်လမ်း စီမံကိန်းအပိုင်း(၁)၏ စီမံကိန်းအဆိုပြုလွှာ ခေါ်ယူစာ google

ရန်ကုန်မိုးပျံအမြန်လမ်း စီမံကိန်းအပိုင်း(၁)၏ စီမံကိန်းအဆိုပြုလွာ ခေါ်ယူစာ

 

ဆောက်လုပ်ရေးဝန်ကြီးဌာနသည် အစိုးရပုဂ္ဂလိကမိတ်ဖက်စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန် နင့် အခြေခံအဆောက်အအုံကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် အစိုးရပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မု Public Private Partnership (PPP) အစီအစဉ်ဖြင့် ဆောင်ရွက်မည့် ရန်ကုန်မိုးပျံအမြန်လမ်း Yangon Elevated Expressway ၏ စီမံကိန်းအဆိုပြုလွာခေါ်ယူစာ Request For Proposal (RFP)ကို ၂၀၂၀ ပြည့်နစ် ဇန်နဝါရီလ (၁၃)ရက်နေ့တွင် ထုတ်ပြန်ပေးခဲ့ပြီး ဖြစ်ပါသည်။ အကြိုအရည်အချင်းစစ် Request For Qualification (RFQ) အောင်မြင်ထားသည့် ကုမ္ပဏီများ (Prequalified Bidders)အနေဖြင့် ၂၀၂၀ ပြည့်နစ် မတ်လ (၃၁)ရက်နေ့ နောက်ဆုံးထား၍ စီမံကိန်း အဆိုပြုလွာကို တင်သွင်းရမည် ဖြစ်ပါသည်။

 

စီမံကိန်းအဆိုပြုလွာ တင်သွင်းသူများအနေဖြင့် အဆိုပြုလွာနင့်အတူ နည်းပညာပိုင်းဆိုင်ရာ နင့် ဘဏ္ဍာရေးဆိုင်ရာ အဆိုတင်သွင်းလွာများ (Technical and Financial Proplsal) ကို နိုင်ငံတကာလုပ်ထုံးလုပ်နည်းများနင့်အညီ တစ်ပြိုင်နက်တည်း အိတ်ပိတ် တင်သွင်းရမည် ဖြစ်ပါသည်။ နည်းပညာပိုင်းဆိုင်ရာ အဆိုတင်သွင်းလွာများကို ကနဦး စစ်ဆေးမည်ဖြစ်ပြီး ဘဏ္ဍာရေးဆိုင်ရာ အဆိုတင်သွင်းလွာများကိုမူ ချိတ်ပိတ်ထားမည် ဖြစ်ပါသည်။ နည်းပညာ ပိုင်းဆိုင်ရာ အဆိုတင်သွင်းလွာများကို နည်းပညာအဆိုပြုလွာ သတ်မတ်ချက်များနင့်အညီ စစ်ဆေးပြီး အောင်မြင်သူများကိုသာ ဘဏ္ဍာရေးဆိုင်ရာ အဆိုပြုလွာများ ဖွင့်ဖောက်စစ်ဆေးခြင်း အတွက် ဖိတ်ကြားသွားမည် ဖြစ်ပါသည်။ နည်းပညာပိုင်းဆိုင်ရာ အဆိုပြုလွာ မအောင်မြင်သူများ အား ဘဏ္ဍာရေးဆိုင်ရာ အဆိုပြုလွာများကို ဖွင့်ဖောက်စစ်ဆေးခြင်း မပြုဘဲ လျောက်ထားသူထံ ပြန်လည်ပေးအပ်သွားမည် ဖြစ်ပါသည်။ အဆိုပြုလွာများအား စိစစ်အမတ်ပေးရွေးချယ်ခြင်းကို ၂၀၂၀ ပြည့်နစ် ဧပြီလ ပထမပတ်တွင် ဆောင်ရွက်ရန်လျာထားပြီး စီမံကိန်းတည်ဆောက်ရေး ကာလကို (၃ နစ် ၆ လ) လျာထား သတ်မတ်ထားပါသည်။

 

အရည် (၂၇.၅)ကီလိုမီတာခန့်ရိသော ရန်ကုန်မိုးပျံအမြန်လမ်း စီမံကိန်းအပိုင်း(၁) သည် နိုင်ငံတော်အစိုးရ၏ ဦးစားပေးစီမံကိန်း တစ်ခုအဖြစ်ပါဝင်ပြီး စီမံကိန်း၏ အဓိကရည်ရွယ်ချက်မာ မြန်မာနိုင်ငံ၏ စီးပွားရေးဗဟိုချက်ဖြစ်သော ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မုများကို လျော့ချနိုင် စေရန်အပြင် ပြည်သူလူထု၏ လူမုစီးပွား ဖွံ့ဖြိုးလာစေရန်၊ လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန် လာစေရန်နင့် အခြေခံအဆောက်အအုံကဏ္ဍတွင် နိုင်ငံတကာရင်းနီးမြုပ်နံမု Foreign Direct Investment (FDI) ပိုမိုတိုးတက်လာစေရန် ဖြစ်ပါသည်။ ယခုစီမံကိန်းသည် (PPP)အစီအစဉ်ဖြင့် ဆောင်ရွက်သည့် လမ်းပန်းဆက်သွယ်ရေးဆိုင်ရာ ပထမဆုံးစီမံကိန်းဖြစ်ပြီး နိုင်ငံတကာမ ရင်းနီး မြုပ်နံသူများအနေဖြင့် စံနမူနာ စီမံကိန်းတစ်ခုအဖြစ် သတ်မတ်စောင့်ကြည့်နိုင်မည် ဖြစ်ပါသည်။ ရန်ကုန်မိုးပျံအမြန်လမ်း စီမံကိန်းအပိုင်း(၂)အတွက် စိတ်ဝင်စားမုအဆိုပြုလွာ Request for Expression of Interest REOI ကို ၂၀၂၀ ပြည့်နစ် နစ်ကုန်ပိုင်းတွင် ခေါ်ယူနိုင်ရန် မျော်မန်းထား ပါသည်။

 

Zawgyi

 


 

ဆောက်လုပ်ရေးဝန်ကြီးဌာနသည် အစိုးရပုဂ္ဂလိကမိတ်ဖက်စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန် နှင့် အခြေခံအဆောက်အအုံကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် အစိုးရပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု Public Private Partnership (PPP) အစီအစဉ်ဖြင့် ဆောင်ရွက်မည့် ရန်ကုန်မိုးပျံအမြန်လမ်း Yangon Elevated Expressway ၏ စီမံကိန်းအဆိုပြုလွှာခေါ်ယူစာ Request For Proposal (RFP)ကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ (၁၃)ရက်နေ့တွင် ထုတ်ပြန်ပေးခဲ့ပြီး ဖြစ်ပါသည်။ အကြိုအရည်အချင်းစစ် Request For Qualification (RFQ) အောင်မြင်ထားသည့် ကုမ္ပဏီများ (Prequalified Bidders)အနေဖြင့် ၂၀၂၀ ပြည့်နှစ် မတ်လ (၃၁)ရက်နေ့ နောက်ဆုံးထား၍ စီမံကိန်း အဆိုပြုလွှာကို တင်သွင်းရမည် ဖြစ်ပါသည်။

 

စီမံကိန်းအဆိုပြုလွှာ တင်သွင်းသူများအနေဖြင့် အဆိုပြုလွှာနှင့်အတူ နည်းပညာပိုင်းဆိုင်ရာ နှင့် ဘဏ္ဍာရေးဆိုင်ရာ အဆိုတင်သွင်းလွှာများ (Technical and Financial Proplsal) ကို နိုင်ငံတကာလုပ်ထုံးလုပ်နည်းများနှင့်အညီ တစ်ပြိုင်နက်တည်း အိတ်ပိတ် တင်သွင်းရမည် ဖြစ်ပါသည်။ နည်းပညာပိုင်းဆိုင်ရာ အဆိုတင်သွင်းလွှာများကို ကနဦး စစ်ဆေးမည်ဖြစ်ပြီး ဘဏ္ဍာရေးဆိုင်ရာ အဆိုတင်သွင်းလွှာများကိုမူ ချိတ်ပိတ်ထားမည် ဖြစ်ပါသည်။ နည်းပညာ ပိုင်းဆိုင်ရာ အဆိုတင်သွင်းလွှာများကို နည်းပညာအဆိုပြုလွှာ သတ်မှတ်ချက်များနှင့်အညီ စစ်ဆေးပြီး အောင်မြင်သူများကိုသာ ဘဏ္ဍာရေးဆိုင်ရာ အဆိုပြုလွှာများ ဖွင့်ဖောက်စစ်ဆေးခြင်း အတွက် ဖိတ်ကြားသွားမည် ဖြစ်ပါသည်။ နည်းပညာပိုင်းဆိုင်ရာ အဆိုပြုလွှာ မအောင်မြင်သူများ အား ဘဏ္ဍာရေးဆိုင်ရာ အဆိုပြုလွှာများကို ဖွင့်ဖောက်စစ်ဆေးခြင်း မပြုဘဲ လျှောက်ထားသူထံ ပြန်လည်ပေးအပ်သွားမည် ဖြစ်ပါသည်။ အဆိုပြုလွှာများအား စိစစ်အမှတ်ပေးရွေးချယ်ခြင်းကို ၂၀၂၀ ပြည့်နှစ် ဧပြီလ ပထမပတ်တွင် ဆောင်ရွက်ရန်လျာထားပြီး စီမံကိန်းတည်ဆောက်ရေး ကာလကို (၃ နှစ် ၆ လ) လျာထား သတ်မှတ်ထားပါသည်။

 

အရှည် (၂၇.၅)ကီလိုမီတာခန့်ရှိသော ရန်ကုန်မိုးပျံအမြန်လမ်း စီမံကိန်းအပိုင်း(၁) သည် နိုင်ငံတော်အစိုးရ၏ ဦးစားပေးစီမံကိန်း တစ်ခုအဖြစ်ပါဝင်ပြီး စီမံကိန်း၏ အဓိကရည်ရွယ်ချက်မှာ မြန်မာနိုင်ငံ၏ စီးပွားရေးဗဟိုချက်ဖြစ်သော ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှုများကို လျော့ချနိုင် စေရန်အပြင် ပြည်သူလူထု၏ လူမှုစီးပွား ဖွံ့ဖြိုးလာစေရန်၊ လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန် လာစေရန်နှင့် အခြေခံအဆောက်အအုံကဏ္ဍတွင် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှု Foreign Direct Investment (FDI) ပိုမိုတိုးတက်လာစေရန် ဖြစ်ပါသည်။ ယခုစီမံကိန်းသည် (PPP)အစီအစဉ်ဖြင့် ဆောင်ရွက်သည့် လမ်းပန်းဆက်သွယ်ရေးဆိုင်ရာ ပထမဆုံးစီမံကိန်းဖြစ်ပြီး နိုင်ငံတကာမှ ရင်းနှီး မြုပ်နှံသူများအနေဖြင့် စံနမူနာ စီမံကိန်းတစ်ခုအဖြစ် သတ်မှတ်စောင့်ကြည့်နိုင်မည် ဖြစ်ပါသည်။ ရန်ကုန်မိုးပျံအမြန်လမ်း စီမံကိန်းအပိုင်း(၂)အတွက် စိတ်ဝင်စားမှုအဆိုပြုလွှာ Request for Expression of Interest REOI ကို ၂၀၂၀ ပြည့်နှစ် နှစ်ကုန်ပိုင်းတွင် ခေါ်ယူနိုင်ရန် မျှော်မှန်းထား ပါသည်။

 

Myanmar Automobile Equipment Directory

 

skyroad.jpg

 

skyroad1.jpg

 

 

Read times
Rate this item
(0 votes)