Local Industry
YUPTကုပ္မဏီအနေဖြင့် စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းကြောင့် အရှုံးပေါ်နေခြင်းဟု ရှယ်ယာရှင်များဆို
YUPTကုပ္မဏီအနေဖြင့် စီမံခန့်ခွဲမု ညံ့ဖျင်းခြင်းကြောင့် အရုံးပေါ်နေခြင်းဟု ရယ်ယာရင်များဆို
YUPTကုပ္မဏီအနေဖြင့် စီမံခန့်ခွဲမု ညံ့ဖျင်းခြင်းကြောင့် အရုံးပေါ်နေရခြင်းဖြစ်ပြီး လုပ်ငန်းပိုင်း ဆိုင်ရာကို တက်ကျွမ်းခြင်းမရိသည့် သူများက ဦးစီးလုပ်ကိုင်နေခြင်းဖြစ်ကြောင်း ရယ်ယာရင်များက ဆိုသည်။
လက်ရိအချိန်တွင် YUPTကုပ္မဏီအနေဖြင့် အရင်းကြေကာလငါးနစ်သတ်မတ်ထားပြီး အစုရယ်ယာ ရင်များကို အမြတ်ငွေ ခွဲဝေပေးခြင်းမရိခြင်းကြောင့် ရယ်ယာရင် ၂၂၉ ဦးက ၎င်းတို့၏ ရယ်ယာများကို ပြန်လည် ထုတ်ယူရန်တောင်းဆိုထားသော်လည်း ဝန်ကြီးချုပ်နင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်တို့က လစ်လျူရုထားခြင်းနင့် ခံနေရကြောင်း ရယ်ယာရင် ကိုယ်စားလယ် ဦးထိန်ဝင်း ကပြောသည်။
“ ကျွန်တော်တို့ စလုပ်မယ်ဆိုတုန်းက ဝန်ကြီးချုပ်က တစ်လတစ်ခါ အမြတ်ပေးပါမယ်။အရွေ့တစ်ခုကို လိုက်ပါဖို့တောင်းဆိုခဲ့တာကြောင့် ကျွန်တော်တို့ အနေနဲ့ ပြည်သူတွေအဆင်ပြေဖို့နဲ့ အစိုးရကို ကူညီထောက်ပံ့ပေးနိုင်ဖို့အတွက် ရည်ရွယ်ပြီး ပြောင်းလဲခဲ့တာပါ။အခုလက်ရိအချိန်ထိ အမြတ်ငွေ တစ်ပြားမ ပြန်မရသေးဘူး။ကျွန်တော်တို့ အနေနဲ့ အမြတ်ငွေကို ငါးနစ်အရင်းကြေပြီးမ ရမယ်ဆိုရင်တော့ ဘယ်လိုမ အဆင်မပြေနိုင်တဲ့အတွက် အခုလိုတွေ တောင်းဆိုနေရတာပါ”ဟု ဦးထိန်ဝင်းကပြောသည်။
မထသယာဉ်လိုင်းမ YBSသို့ ကူးပြောင်းရာတွင် ယာဉ်ပိုင်ရင်များအနေဖြင့် ယာဉ်အို၊ယာဉ်ဟောင်း များကို အပ်နံရာတွင် စတင်အရုံးပြခဲ့ပြီး လက်ရိအချိန်ထိ အမြတ်ငွေ ပြန်လည် ရရိခြင်းမရိသည့် အတွက် ရယ်ယာရင်များက ဆက်လက်လုပ်ကိုင်လိုခြင်းမရိတော့ခြင်းကြောင့် ရယ်ယာများကို ပြန်လည် ထုတ်ယူနိုင်ရန် ဝန်ကြီး ဒေါ်နီလာကျော်နင့် တွေ့ဆုံကာ ရယ်ယာများ ပြန်လည်ထုတ်ပေးရန် တောင်းဆိုခဲ့သော်လည်း တိကျသည့် အဖြေမပေးနိုင်ခဲ့ကြောင်း၊ထို့အပြင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နင့် နိုင်င့တော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ထံ တင်ပြခဲ့သော်လည်း လစ်လျူရုခြင်းခံခဲ့ရသည့်အတွက် ဆန္ဒထုတ်ဖော်ပွဲပြုလုပ်ရန် စီစဉ်ထားကြောင်း ရယ်ယာရင် ဦးထွန်းဦးကပြောသည်။
“ကျွန်တော်တို့ အနေနဲ့ သမ္မတနဲ့ဒေါ်အောင်ဆန်းစုကြည်ထံ တင်ပြခဲ့ပေမယ့် လစ်လျူရုခံခဲ့ရတယ်။ ကျွန်တော်တို့မာလည်း ကျွန်တော်တို့မိသားစုတွေရိနေတာကြောင့် စားဝတ်နေရေးအတွက် အခက်အခဲတွေရိလာတယ်။ဒါ့ကြောင့် ကျွန်တော်တို့ရယ်ယာရင်တွေ ဆန္ဒထုတ်ဖော်ပွဲလုပ်ပြီး တောင်းဆိုသွားမယ်”ဟု YUPTကုမ္ပဏီတွင် ကျပ်သိန်း ၉ဝဝ ထည့်ဝင်ထားသည့် ရယ်ယာရင် ဦးထွန်းဦးကပြောသည်။
လက်ရိ YUPTကုမ္ပဏီတွင် ဥက္ကဌအဖြစ် တာဝန်ယူထားသည့် ဦးဇော်ထွန်းအနေဖြင့် လုပ်ငန်းပိုင်းဆိုင်ရာ၌ တက်ကျွမ်းနားလည်မုမရိခြင်းကြောင့် ယာဉ်အစီးရေအပြည့်အဝ မပြေးဆွဲနိုင်ကြောင်း၊ယာဉ်မောင်းများပျက်ကွက်ခြင်းကြောင့် ယာဉ် အစီးရေ ၄ဝခန့် ရပ်နားထားရပြီး အုပ်ချုပ်မုဒါရိုက်တာအဖွဲ့ဝင်များအကြားတွင်လည်း သဘောထားကွဲလွဲမုများ ရိနေကြောင်း ၎င်းကဆိုသည်။
ကျပ်ငွေ ဘီလီယံ ၇၀ ကျော်အထိ ထည့်ဝင်ထားသည့် YBS ကားများ၏ အရင်းကြေကာလကို မူလက ရစ်နစ်သတ်မတ်ထားသော်လည်း ငါးနစ်ပြောင်းလဲ သတ်မတ်ခဲ့ကာ ယင်းငါးနစ်ပြည့်ပြီးမသာ အမြတ်ငွေထုတ်ပေးနိုင်မည်ဖြစ်သည်။
YBS ယာဉ်လိုင်းများကို ကြီးကြပ်မုပြုလုပ်နေသည့် YRTAသည် နေ့စဉ် ပြေးဆွဲနေသည့် ယာဉ်အစီးရေ ခြောက်ထောင်ခန့်ကို နေ့စဉ် ကျပ်၄ဝဝဝနုန်းဖြင့် ကောက်ခံထားသည့် ငွေမာ ကျပ်သန်းပေါင်း ၉ဝဝဝကျော်ရိနေခြင်းကြောင့် ယင်းငွေများဖြင့် ရယ်ယာရင်များ၏ ရယ်ယာများကို ပြန်လည်ဝယ်ယူ ပေးစေလိုကြောင်း ရယ်ယာရင်များကဆိုသည်။
Zawgyi
YUPTကုပ္မဏီအနေဖြင့် စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းကြောင့် အရှုံးပေါ်နေရခြင်းဖြစ်ပြီး လုပ်ငန်းပိုင်း ဆိုင်ရာကို တက်ကျွမ်းခြင်းမရှိသည့် သူများက ဦးစီးလုပ်ကိုင်နေခြင်းဖြစ်ကြောင်း ရှယ်ယာရှင်များက ဆိုသည်။
လက်ရှိအချိန်တွင် YUPTကုပ္မဏီအနေဖြင့် အရင်းကြေကာလငါးနှစ်သတ်မှတ်ထားပြီး အစုရှယ်ယာ ရှင်များကို အမြတ်ငွေ ခွဲဝေပေးခြင်းမရှိခြင်းကြောင့် ရှယ်ယာရှင် ၂၂၉ ဦးက ၎င်းတို့၏ ရှယ်ယာများကို ပြန်လည် ထုတ်ယူရန်တောင်းဆိုထားသော်လည်း ဝန်ကြီးချုပ်နှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်တို့က လစ်လျူရှုထားခြင်းနှင့် ခံနေရကြောင်း ရှယ်ယာရှင် ကိုယ်စားလှယ် ဦးထိန်ဝင်း ကပြောသည်။
မထသယာဉ်လိုင်းမှ YBSသို့ ကူးပြောင်းရာတွင် ယာဉ်ပိုင်ရှင်များအနေဖြင့် ယာဉ်အို၊ယာဉ်ဟောင်း များကို အပ်နှံရာတွင် စတင်အရှုံးပြခဲ့ပြီး လက်ရှိအချိန်ထိ အမြတ်ငွေ ပြန်လည် ရရှိခြင်းမရှိသည့် အတွက် ရှယ်ယာရှင်များက ဆက်လက်လုပ်ကိုင်လိုခြင်းမရှိတော့ခြင်းကြောင့် ရှယ်ယာများကို ပြန်လည် ထုတ်ယူနိုင်ရန် ဝန်ကြီး ဒေါ်နီလာကျော်နှင့် တွေ့ဆုံကာ ရှယ်ယာများ ပြန်လည်ထုတ်ပေးရန် တောင်းဆိုခဲ့သော်လည်း တိကျသည့် အဖြေမပေးနိုင်ခဲ့ကြောင်း၊ထို့အပြင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်င့တော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ထံ တင်ပြခဲ့သော်လည်း လစ်လျူရှုခြင်းခံခဲ့ရသည့်အတွက် ဆန္ဒထုတ်ဖော်ပွဲပြုလုပ်ရန် စီစဉ်ထားကြောင်း ရှယ်ယာရှင် ဦးထွန်းဦးကပြောသည်။
“ကျွန်တော်တို့ အနေနဲ့ သမ္မတနဲ့ဒေါ်အောင်ဆန်းစုကြည်ထံ တင်ပြခဲ့ပေမယ့် လစ်လျူရှုခံခဲ့ရတယ်။ ကျွန်တော်တို့မှာလည်း ကျွန်တော်တို့မိသားစုတွေရှိနေတာကြောင့် စားဝတ်နေရေးအတွက် အခက်အခဲတွေရှိလာတယ်။ဒါ့ကြောင့် ကျွန်တော်တို့ရှယ်ယာရှင်တွေ ဆန္ဒထုတ်ဖော်ပွဲလုပ်ပြီး တောင်းဆိုသွားမယ်”ဟု YUPTကုမ္ပဏီတွင် ကျပ်သိန်း ၉ဝဝ ထည့်ဝင်ထားသည့် ရှယ်ယာရှင် ဦးထွန်းဦးကပြောသည်။
လက်ရှိ YUPTကုမ္ပဏီတွင် ဥက္ကဌအဖြစ် တာဝန်ယူထားသည့် ဦးဇော်ထွန်းအနေဖြင့် လုပ်ငန်းပိုင်းဆိုင်ရာ၌ တက်ကျွမ်းနားလည်မှုမရှိခြင်းကြောင့် ယာဉ်အစီးရေအပြည့်အဝ မပြေးဆွဲနိုင်ကြောင်း၊ယာဉ်မောင်းများပျက်ကွက်ခြင်းကြောင့် ယာဉ် အစီးရေ ၄ဝခန့် ရပ်နားထားရပြီး အုပ်ချုပ်မှုဒါရိုက်တာအဖွဲ့ဝင်များအကြားတွင်လည်း သဘောထားကွဲလွဲမှုများ ရှိနေကြောင်း ၎င်းကဆိုသည်။
ကျပ်ငွေ ဘီလီယံ ၇၀ ကျော်အထိ ထည့်ဝင်ထားသည့် YBS ကားများ၏ အရင်းကြေကာလကို မူလက ရှစ်နှစ်သတ်မှတ်ထားသော်လည်း ငါးနှစ်ပြောင်းလဲ သတ်မှတ်ခဲ့ကာ ယင်းငါးနှစ်ပြည့်ပြီးမှသာ အမြတ်ငွေထုတ်ပေးနိုင်မည်ဖြစ်သည်။
YBS ယာဉ်လိုင်းများကို ကြီးကြပ်မှုပြုလုပ်နေသည့် YRTAသည် နေ့စဉ် ပြေးဆွဲနေသည့် ယာဉ်အစီးရေ ခြောက်ထောင်ခန့်ကို နေ့စဉ် ကျပ်၎ဝဝဝနှုန်းဖြင့် ကောက်ခံထားသည့် ငွေမှာ ကျပ်သန်းပေါင်း ၉ဝဝဝကျော်ရှိနေခြင်းကြောင့် ယင်းငွေများဖြင့် ရှယ်ယာရှင်များ၏ ရှယ်ယာများကို ပြန်လည်ဝယ်ယူ ပေးစေလိုကြောင်း ရှယ်ယာရှင်များကဆိုသည်။
Myanmar Automobile Equipment Directory
Read times
Rate this item
(1 Vote)