Local Industry



အစိုးရဝန်ထမ်းကားပါမစ်ကို နှုတ်မိန့်ဖြင့် ဆိုင်းငံ့ခိုင်းထား

အစိုးရဝန်ထမ်းကားပါမစ်ကို နှုတ်မိန့်ဖြင့် ဆိုင်းငံ့ခိုင်းထား google

အစိုးရဝန်ထမ်းများကို မော်တော်ယာဉ်တင်သွင်းခွင့် ပါမစ်များ ချထားပေးသည့်ကိစ္စအား သမ္မတရုံးဝန်ကြီးဌာနက စီးပွားရေးနင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကို နုတ်မိန့်ဖြင့် ဆိုင်းငံ့ခိုင်းထားကြောင်း မြန်မာနိုင်ငံသမ္မတရုံး ဝန်ကြီးဌာန ညွန်မူး ဦးဇော်ဌေးကပြောသည်။

 

ပြည်သူ့ဝန်ထမ်းများနင့် နိုင်ငံ့ဝန်ထမ်းများကို မော်တော်ယာဉ် ရောင်းချပေးသွားမည်ဖြစ်ပြီး စီးပွားရေးနင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမစ်စဉ် ထုတ်ပြန်သည့် ပြည်ပမ တင်သွင်းသော မော်တော်ယာဉ်များ၏ ထုတ်လုပ်သည့် ခုနစ် အမိန့်ကြော်ငြာစာပါသတ်မတ်ချက်အတိုင်း မော်တော်ယာဉ်များကို တင်သွင်းခွင့်ပြု သွားမည်ဟု စီးပွားရေးနင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ယခုနစ် ဇန်နဝါရီ ၂ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

 

နိုင်ငံတော်အကြီးအကဲများက နစ်စဉ် ပင်စင်ယူနေသည့် နိုင်ငံ့ဝန်ထမ်း ၄သောင်းကျော်အတွက် ဂုဏ်ပြုသည့် အနေဖြင့် ပါမစ်များ ချထားပေးမည်ဖြစ်သော်လည်း ယင်းပင်စင်ယူသည့် ဝန်ထမ်းများအနက်မင်နီမရိသည့် ဝန်ထမ်းများ၊ လုပ်ရည်ကိုင်ရည်ကောင်းမွန်သည့် ဝန်ထမ်းကောင်းများအတွက် ရည်ရွယ်ကာ ပေးမည်ဖြစ်သော်လည်း လက်ရိတွင် ဆိုင်ငံ့ထားကြောင်း ဦးဇော်ဌေးဆိုသည်။

 

နိုင်ငံတော်အကြီးအကဲများက ပါမစ်ချပေးရာတွင် ပြည်တွင်းပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရင်များ၊အခွန်နုန်း ထားများ၊ထိခိုက်မု အနည်းဖြစ်သည့် နည်းလမ်းကို ရွေးချယ်ရမည်ဖြစ်ခြင်းကြောင့် လက်ရိတွင် စီးပွားရေးနင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကို နုတ်မိန့်ဖြင့် ဆိုင်းငံ့ခိုင်းထားခြင်းဖြစ်သည်။

 

စီးပွားရေးနင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက မူလထုတ်ပြန်ချက်တွင် ပထမအဆင့်အနေဖြင့် ညွန်ကြားရေးမူးချုပ်နင့် အထက်အဆင့် ပြည်သူ့ဝန်ထမ်းနင့် နိုင်ငံ့ဝန်ထမ်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ဒုတိယအဆင့်အနေဖြင့် ဒုတိယညွန်ကြားရေးမူးချုပ်နင့် လုပ်သက် ၂၅ နစ် ပြည့်ပြီး နိုင်ငံ့ဝန်ထမ်းကောင်းတံဆိပ်ရရိသူဝန်ထမ်းများကိုဆောင်ရွက်ပေးမည်ဖြစ်သည်။

 

Zawgyi

 


 

အစိုးရဝန်ထမ်းများကို မော်တော်ယာဉ်တင်သွင်းခွင့် ပါမစ်များ ချထားပေးသည့်ကိစ္စအား သမ္မတရုံးဝန်ကြီးဌာနက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကို နှုတ်မိန့်ဖြင့် ဆိုင်းငံ့ခိုင်းထားကြောင်း မြန်မာနိုင်ငံသမ္မတရုံး ဝန်ကြီးဌာန ညွှန်မှူး ဦးဇော်ဌေးကပြောသည်။

 

ပြည်သူ့ဝန်ထမ်းများနှင့် နိုင်ငံ့ဝန်ထမ်းများကို မော်တော်ယာဉ် ရောင်းချပေးသွားမည်ဖြစ်ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ နှစ်စဉ် ထုတ်ပြန်သည့် ပြည်ပမှ တင်သွင်းသော မော်တော်ယာဉ်များ၏ ထုတ်လုပ်သည့် ခုနှစ် အမိန့်ကြော်ငြာစာပါသတ်မှတ်ချက်အတိုင်း မော်တော်ယာဉ်များကို တင်သွင်းခွင့်ပြု သွားမည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ယခုနှစ် ဇန်နဝါရီ ၂ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

 

နိုင်ငံတော်အကြီးအကဲများက နှစ်စဉ် ပင်စင်ယူနေသည့် နိုင်ငံ့ဝန်ထမ်း ၄သောင်းကျော်အတွက် ဂုဏ်ပြုသည့် အနေဖြင့် ပါမစ်များ ချထားပေးမည်ဖြစ်သော်လည်း ယင်းပင်စင်ယူသည့် ဝန်ထမ်းများအနက်မှ မှင်နီမရှိသည့် ဝန်ထမ်းများ၊ လုပ်ရည်ကိုင်ရည်ကောင်းမွန်သည့် ဝန်ထမ်းကောင်းများအတွက် ရည်ရွယ်ကာ ပေးမည်ဖြစ်သော်လည်း လက်ရှိတွင် ဆိုင်ငံ့ထားကြောင်း ဦးဇော်ဌေးဆိုသည်။

 

နိုင်ငံတော်အကြီးအကဲများက ပါမစ်ချပေးရာတွင် ပြည်တွင်းပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်များ၊အခွန်နှုန်း ထားများ၊ထိခိုက်မှု အနည်းဖြစ်သည့် နည်းလမ်းကို ရွေးချယ်ရမည်ဖြစ်ခြင်းကြောင့် လက်ရှိတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကို နှုတ်မိန့်ဖြင့် ဆိုင်းငံ့ခိုင်းထားခြင်းဖြစ်သည်။

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက မူလထုတ်ပြန်ချက်တွင် ပထမအဆင့်အနေဖြင့် ညွှန်ကြားရေးမှူးချုပ်နှင့် အထက်အဆင့် ပြည်သူ့ဝန်ထမ်းနှင့် နိုင်ငံ့ဝန်ထမ်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ဒုတိယအဆင့်အနေဖြင့် ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် လုပ်သက် ၂၅ နှစ် ပြည့်ပြီး နိုင်ငံ့ဝန်ထမ်းကောင်းတံဆိပ်ရရှိသူဝန်ထမ်းများကိုဆောင်ရွက်ပေးမည်ဖြစ်သည်။

 

 

Myanmar Automobile Equipment Directory

Read times
Rate this item
(1 Vote)