Local Industry
အချိန်ကာလ ကြာမြင့်စွာ ညအိပ်၊လအိပ်၊နှစ်အိပ် ရပ်နားထားသော ယာဉ်များအား သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပေါင်းစပ်ဖယ်ရှားသွားမည်
အချိန်ကာလ ကြာမြင့်စွာ ညအိပ်၊လအိပ်၊နှစ်အိပ် ရပ်နားထားသော ယာဉ်များအား သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပေါင်းစပ်ဖယ်ရှားသွားမည် google
အချိန်ကာလ ကြာမြင့်စွာ ညအိပ်၊လအိပ်၊နစ်အိပ် ရပ်နားထားသော ယာဉ်များအား သက်ဆိုင်ရာ အဖွဲ့အစည်းများနင့် ပေါင်းစပ်ဖယ်ရားသွားမည်
မင်္ဂလာဒုံမြို့နယ်၊ အမတ်(၃)လမ်းမကြီးဘေးတွင် အချိန်ကာလကြာမြင့်စွာ ညအိပ်၊ လအိပ်၊ နစ်အိပ် ရပ်နားထားသော ယာဉ်များအား သက်ဆိုင်ရာအဖွဲ့အစည်းများနင့် ပေါင်းစပ်ဖယ်ရား ရင်းလင်းသွားမာ ဖြစ်ကြောင်း လျပ်စစ်၊ စက်မုလက်မုနင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောသည်။
ယနေ့၊ နံနက်(၁၀)နာရီတွင် ကျင်းပသော လွတ်တော်အစည်းအဝေး၌ လွတ်တော်ကိုယ်စားလယ် ဒေါ်သန္တာမိုး၏ မင်္ဂလာဒုံမြို့နယ် အမတ်(၃)လမ်းမကြီးဘေးရိ နစ်အိပ်၊ လအိပ်၊ ညအိပ်ကားများနင့် ပတ်သက်၍ အမြန်ဆုံး မည်သို့အရေးယူဆောင်ရွက်မည်ကို သိလိုပါကြောင်း မေးခွန်းနင့်စပ်လျဉ်း၍ လျပ်စစ်၊ စက်မုလက်မုနင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
“မင်္ဂလာဒုံမြို့နယ်၊ အမတ်(၃)လမ်းမကြီးတစ်လျောက် လမ်းမကြီးဘေး ညအိပ်၊ လအိပ်၊ နစ်အိပ်ကားများ အနေဖြင့် ၂၀၁၅ခုနစ် မော်တော်ယာဉ်ဥပဒေနင့် ၁၉၈၉ခုနစ် မော်တော်ယာဉ် နည်းဥပဒေပါ ပြဌာန်းချက်များကို ဖောက်ဖျက်ကျူးလွန်နေကြောင်း စစ်ဆေးတွေ့ရိပါက အရေးယူဆောင်ရွက်သွားမာ ဖြစ်ပါကြောင်းနင့် အမတ်(၃)လမ်းမကြီးဘေးတွင် အချိန်ကာလကြာမြင့်စွာ ညအိပ်၊ လအိပ်၊ နစ်အိပ် ရပ်နားထားသော ယာဉ်များအား ဖယ်ရားရင်းလင်းနိုင်ရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများနင့် ပေါင်းစပ်ဖယ်ရား ရင်းလင်းသွားမာ ဖြစ်ပါတယ်။”ဟု ဝန်ကြီးဒေါ်နီလာကျော်က ပြောသည်။
ယာဉ်ရပ်နားခွင့်နင့်ပတ်သက်၍ ခွင့်ပြုသတ်မတ်ထားသည့်နေရာတွင် ရပ်နားနိုင်ပြီး သတ်မတ်စည်းကမ်းချက်အရ လမ်းနံဘေးနင့် ယဉ်လျက်သော်လည်းကောင်း၊ လမ်းနံဘေးနင့် တစောင်းအနေအထားသော်လည်းကောင်း၊ ရပ်နားရန်နင့် အခြားယာဉ်များသွားလာမုကို မပိတ်ဆို့စေရဟု မော်တော်ယာဉ် နည်းဥပဒေအပိုဒ်(၁၅၃) အပိုဒ်ခွဲ(ဃ)တွင် ပြဌာန်းထားရိပါကြောင်း၊ အထက်ပါ ပြဌာန်းချက်များအရ ယာဉ်တစ်စီးစီးသည် အများသူငာ သွားလာမုကို အနောက်အယက်မဖြစ်စေဘဲ လမ်းဘေးချ၍ စနစ်တကျရပ်ထားခြင်း၊ လမ်းပိတ်ဆို့မု မရိခြင်းနင့် အခြားသော သွားလာမုဆိုင်ရာ စည်းကမ်းများကို ဖောက်ဖျက်ကျူးလွန်ခြင်း မရိပါက ယာဉ်ထိန်းရဲတပ်ဖွဲ့အနေဖြင့် အရေးယူဆောင်ရွက်နိုင်ခြင်း မရိဘဲ ယာဉ်သွားလမ်းပေါ် အကြောင်းမဲ့ ရပ်တန့်ခြင်း၊ ဖြူ၊နီကြား အမတ်အသား၊ ဝါ၊နက်ကြား အမတ်အသားများတွင် ရပ်တန့်ရပ်နားထားခြင်းအပါအဝင် ၂၀၁၈ခုနစ်၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဥပဒေအရ ယာဉ်မရပ်ရလမ်းအဖြစ် သတ်မတ်ထားသောလမ်းတွင် ရပ်နားခြင်းများတွေ့ရိပါက ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမာဖြစ်ကြောင်း ဝန်ကြီးက ဆက်လက်ပြောကြားသည်။
Zawgyi
မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၃)လမ်းမကြီးဘေးတွင် အချိန်ကာလကြာမြင့်စွာ ညအိပ်၊ လအိပ်၊ နှစ်အိပ် ရပ်နားထားသော ယာဉ်များအား သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပေါင်းစပ်ဖယ်ရှား ရှင်းလင်းသွားမှာ ဖြစ်ကြောင်း လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောသည်။
ယနေ့၊ နံနက်(၁၀)နာရီတွင် ကျင်းပသော လွှတ်တော်အစည်းအဝေး၌ လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန္တာမိုး၏ မင်္ဂလာဒုံမြို့နယ် အမှတ်(၃)လမ်းမကြီးဘေးရှိ နှစ်အိပ်၊ လအိပ်၊ ညအိပ်ကားများနှင့် ပတ်သက်၍ အမြန်ဆုံး မည်သို့အရေးယူဆောင်ရွက်မည်ကို သိလိုပါကြောင်း မေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
ယာဉ်ရပ်နားခွင့်နှင့်ပတ်သက်၍ ခွင့်ပြုသတ်မှတ်ထားသည့်နေရာတွင် ရပ်နားနိုင်ပြီး သတ်မှတ်စည်းကမ်းချက်အရ လမ်းနံဘေးနှင့် ယှဉ်လျက်သော်လည်းကောင်း၊ လမ်းနံဘေးနှင့် တစောင်းအနေအထားသော်လည်းကောင်း၊ ရပ်နားရန်နှင့် အခြားယာဉ်များသွားလာမှုကို မပိတ်ဆို့စေရဟု မော်တော်ယာဉ် နည်းဥပဒေအပိုဒ်(၁၅၃) အပိုဒ်ခွဲ(ဃ)တွင် ပြဌာန်းထားရှိပါကြောင်း၊ အထက်ပါ ပြဌာန်းချက်များအရ ယာဉ်တစ်စီးစီးသည် အများသူငှာ သွားလာမှုကို အနှောက်အယှက်မဖြစ်စေဘဲ လမ်းဘေးချ၍ စနစ်တကျရပ်ထားခြင်း၊ လမ်းပိတ်ဆို့မှု မရှိခြင်းနှင့် အခြားသော သွားလာမှုဆိုင်ရာ စည်းကမ်းများကို ဖောက်ဖျက်ကျူးလွန်ခြင်း မရှိပါက ယာဉ်ထိန်းရဲတပ်ဖွဲ့အနေဖြင့် အရေးယူဆောင်ရွက်နိုင်ခြင်း မရှိဘဲ ယာဉ်သွားလမ်းပေါ် အကြောင်းမဲ့ ရပ်တန့်ခြင်း၊ ဖြူ၊နီကြား အမှတ်အသား၊ ဝါ၊နက်ကြား အမှတ်အသားများတွင် ရပ်တန့်ရပ်နားထားခြင်းအပါအဝင် ၂၀၁၈ခုနှစ်၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဥပဒေအရ ယာဉ်မရပ်ရလမ်းအဖြစ် သတ်မှတ်ထားသောလမ်းတွင် ရပ်နားခြင်းများတွေ့ရှိပါက ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမှာဖြစ်ကြောင်း ဝန်ကြီးက ဆက်လက်ပြောကြားသည်။
Myanmar Automobile Equipment Directory
Read times
Rate this item
(1 Vote)