Local Industry



မိုးမကျခင်အပြီးခင်းမယ့် ရန်ကုန်-ပုသိမ်လမ်း

မိုးမကျခင်အပြီးခင်းမယ့် ရန်ကုန်-ပုသိမ်လမ်း google

ရန်ကုန်-ပုသိမ်လမ်း (ရန်ကုန်တိုင်းဒေသကြီးအတွင်း) အရည် ၇ မိုင် ၄ ဖာလုံတွင် ၅ မိုင် ၄ ဖာလုံကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက လုပ်ဆောင်နေပြီး ကျန်ရိနေသည့် ၁၂ မိုင်ကို Oriental Highway Company က လုပ်ဆောင်လျက်ရိကြောင်း သိရသည်။

 

ပြည်ထောင်စု ဘတ်ဂျက် ကျပ်ငွေ ၂၉ ဘီလီယံဖြင့် တည်ဆောက်နေသည့် ရန်ကုန်-ပုသိမ်လမ်းမကြီးကို အကြီးစားပြုပြင်ခြင်းလုပ်ငန်းများအား မိုးမကျမီ ပြီးစီးမည် ဖြစ်ကြောင်း သတင်းရရိသည်။

 

''လမ်းခင်းနေစဉ် ယာဉ်ကျပ်တည်းမု မဖြစ်အောင် ဟိုဘက်ထိပ် ဒီဘက်ထိပ်တွင် ကရိန်းကားတွေ ထားရိပြီးတော့ ပိတ်နေရင်ဆွဲထုတ်လို့ရအောင် စီစဉ်ထားပါတယ်။ လမ်းကို မိုးမကျခင် အပြီးဆောင်ရွက်မာ ဖြစ်ပါတယ်။ လမ်းပြီးရင် ယာဉ်ကြောလမ်းမာ အန္တရာယ်မရိအောင် မျဉ်းကြောင်းလိုင်းဆွဲတာတွေကို စနစ်တကျလုပ်မာ ဖြစ်ပါတယ် ''ဟု ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မ လျပ်စစ်၊ စွမ်းအင်၊ စက်မုလက်မုနင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ပြောသည်။

 

အဆိုပါလမ်း၏ လက်ရိအကျယ်မာ ၂၄ ပေရိပြီး ၎င်းကို ပေ ၃၀ အကျယ်ချဲ့နေခြင်းဖြစ်ကြောင်း၊ လက်ရိလမ်းတာဘောင်မာ ပျမ်းမျ ၃၅ ပေခန့်သာရိသည့်အတွက် အနည်ဆုံးထိပ်ဝအကျယ် ၄၆ ပေ အဖြစ်တိုးချဲ့ဆောက်လုပ်နေခြင်း ဖြစ်ကြောင်း သိရသည်။

 

လက်ရိဧရာဝတီတိုင်းဒေသကြီးအပိုင်း လမ်းလုပ်ငန်းများကို လုပ်ဆောင်နေစဉ် လမ်းအထူးအဖွဲ့ ၃ ဖွဲ့၊ ခရိုင်အဖွဲ့ ၂ ဖွဲ့ စုစုပေါင်း ၅ ဖွဲ့ဖြင့် ဆောင်ရွက်နေခြင်းဖြစ်သည်။

 

ယာဉ်ကြော ကြပ်တည်းမုနည်းပါးအောင် အစီအစဉ်ဆွဲထားမုများရိသော်လည်း ကုန်တင်ယာဉ်ကြီးများမောင်းနင်ပါက ယာဉ်ကြောပိတ်ဆို့မု အနည်းငယ်ရိနေကြောင်း သိရသည်။

 

Zawgyi

 


 

ရန်ကုန်-ပုသိမ်လမ်း (ရန်ကုန်တိုင်းဒေသကြီးအတွင်း) အရှည် ၇ မိုင် ၄ ဖာလုံတွင် ၅ မိုင် ၄ ဖာလုံကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက လုပ်ဆောင်နေပြီး ကျန်ရှိနေသည့် ၁၂ မိုင်ကို Oriental Highway Company က လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

 

ပြည်ထောင်စု ဘတ်ဂျက် ကျပ်ငွေ ၂၉ ဘီလီယံဖြင့် တည်ဆောက်နေသည့် ရန်ကုန်-ပုသိမ်လမ်းမကြီးကို အကြီးစားပြုပြင်ခြင်းလုပ်ငန်းများအား မိုးမကျမီ ပြီးစီးမည် ဖြစ်ကြောင်း သတင်းရရှိသည်။

 

''လမ်းခင်းနေစဉ် ယာဉ်ကျပ်တည်းမှု မဖြစ်အောင် ဟိုဘက်ထိပ် ဒီဘက်ထိပ်တွင် ကရိန်းကားတွေ ထားရှိပြီးတော့ ပိတ်နေရင်ဆွဲထုတ်လို့ရအောင် စီစဉ်ထားပါတယ်။ လမ်းကို မိုးမကျခင် အပြီးဆောင်ရွက်မှာ ဖြစ်ပါတယ်။ လမ်းပြီးရင် ယာဉ်ကြောလမ်းမှာ အန္တရာယ်မရှိအောင် မျဉ်းကြောင်းလိုင်းဆွဲတာတွေကို စနစ်တကျလုပ်မှာ ဖြစ်ပါတယ် ''ဟု ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ပြောသည်။

 

အဆိုပါလမ်း၏ လက်ရှိအကျယ်မှာ ၂၄ ပေရှိပြီး ၎င်းကို ပေ ၃၀ အကျယ်ချဲ့နေခြင်းဖြစ်ကြောင်း၊ လက်ရှိလမ်းတာဘောင်မှာ ပျမ်းမျှ ၃၅ ပေခန့်သာရှိသည့်အတွက် အနည်ဆုံးထိပ်ဝအကျယ် ၄၆ ပေ အဖြစ်တိုးချဲ့ဆောက်လုပ်နေခြင်း ဖြစ်ကြောင်း သိရသည်။

 

လက်ရှိဧရာဝတီတိုင်းဒေသကြီးအပိုင်း လမ်းလုပ်ငန်းများကို လုပ်ဆောင်နေစဉ် လမ်းအထူးအဖွဲ့ ၃ ဖွဲ့၊ ခရိုင်အဖွဲ့ ၂ ဖွဲ့ စုစုပေါင်း ၅ ဖွဲ့ဖြင့် ဆောင်ရွက်နေခြင်းဖြစ်သည်။

 

ယာဉ်ကြော ကြပ်တည်းမှုနည်းပါးအောင် အစီအစဉ်ဆွဲထားမှုများရှိသော်လည်း ကုန်တင်ယာဉ်ကြီးများမောင်းနှင်ပါက ယာဉ်ကြောပိတ်ဆို့မှု အနည်းငယ်ရှိနေကြောင်း သိရသည်။

 

 

Myanmar Builders Guide

Read times
Rate this item
(1 Vote)