Local Industry



အချိန်ကြာမြင့်စွာ ရပ်နားထားသော ယာဉ်အို ယာဉ်ဟောင်းများကို အမှိုက်ပုံ၌စွန့်ပစ်မည်ဟု မြို့တော်ဝန်ပြော

အချိန်ကြာမြင့်စွာ ရပ်နားထားသော ယာဉ်အို ယာဉ်ဟောင်းများကို အမှိုက်ပုံ၌စွန့်ပစ်မည်ဟု မြို့တော်ဝန်ပြော google

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရိ အဓိက လမ်းမကြီးများပေါ်တွင် ဖယ်ရား ရင်းလင်းခြင်းမရိဘဲ အချိန်ကြာမြင့်စွာ ရပ်နားထားသော ယာဉ်အို ယာဉ်ဟောင်းများနင့် စုပုံထားသည့်ယာဉ်နင့် ဆက်စပ်ပစ္စည်း များကို ကာယကံရင်များက လာရောက်ရင်းလင်းခြင်းမရိပါက အမိုက်အဖြစ် သတ်မတ်ဖယ်ရား ရင်းလင်းမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးကပြောသည်။

 

"ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေနဲ့လိုအပ်တဲ့ ပစ္စည်းသယ်ယာဉ်၊ စက်ယန္တရား (ကရိန်းကား၊ ဖော့ကလစ်ကား၊ ဘတ်ဟိုးယာဉ်)တွေအသုံးပြုပြီး နောက်ဆုံးစွန့်ပစ်အမိုက်ပုံကို သွားရောက်စွန့်ပစ်ရမာ ဖြစ်ပါတယ်"ဟု၎င်းကပြောသည်။

 

လောလောဆယ်တွင် ယင်းသို့ဆောင်ရွက်ပါက မလိုလား အပ်သော ကုန်ကျစရိတ်များ သုံးစွဲမည်ဖြစ်သဖြင့် အဆိုပါ စွန့်ပစ်ပစ္စည်းများကို ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ (၂၀)ရပ်ကွက်၊ ဖူးကြီးလမ်းရိ လမ်း၊ တံတားဆိုင်ရာလုပ်ငန်းတာဝန်ခံ အဖွဲ့ပိုင် (၇၀၀ပေx ၃၅၀ပေ)ဧရိယာ ရိသော ဝင်းအတွင်းသို့ ဖယ်ရားပြောင်းရွေ့သွားမည်ဖြစ်ကြောင်းသိရသည်။

 

ဇန်နဝါရီ လ ၁၄ ရက်ကရန်ကုန်တိုင်းဒေသကြီးလွတ်တော် (၁၁)ကြိမ်မြောက်ပုံမန်အစည်းအဝေး တွင် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ် မဲဆန္ဒနယ်အမတ်(၁) ရန်ကုန်တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလယ် ဦးညီညီက “ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် လမ်းမကြီးများပေါ်တွင်ရိသော ယာဉ်အိုယာဉ်ဟောင်းများအား မြို့အင်္ဂါရပ် လမ်းအင်္ဂါရပ်နင့်ညီအောင် ဖယ်ရားရင်းလင်းဆောင်ရွက်ပေးနိုင်ရန် အစီအစဉ်ရိ/မရိ”မေးမြန်းရာထိုသို့‌ ဖြေကြားခြင်းဖြစ်သည်။

 

Zawgyi

 


 

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ အဓိက လမ်းမကြီးများပေါ်တွင် ဖယ်ရှား ရှင်းလင်းခြင်းမရှိဘဲ အချိန်ကြာမြင့်စွာ ရပ်နားထားသော ယာဉ်အို ယာဉ်ဟောင်းများနှင့် စုပုံထားသည့်ယာဉ်နှင့် ဆက်စပ်ပစ္စည်း များကို ကာယကံရှင်များက လာရောက်ရှင်းလင်းခြင်းမရှိပါက အမှိုက်အဖြစ် သတ်မှတ်ဖယ်ရှား ရှင်းလင်းမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးကပြောသည်။

 

"ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေနဲ့လိုအပ်တဲ့ ပစ္စည်းသယ်ယာဉ်၊ စက်ယန္တရား (ကရိန်းကား၊ ဖော့ကလစ်ကား၊ ဘတ်ဟိုးယာဉ်)တွေအသုံးပြုပြီး နောက်ဆုံးစွန့်ပစ်အမှိုက်ပုံကို သွားရောက်စွန့်ပစ်ရမှာ ဖြစ်ပါတယ်"ဟု၎င်းကပြောသည်။

 

လောလောဆယ်တွင် ယင်းသို့ဆောင်ရွက်ပါက မလိုလား အပ်သော ကုန်ကျစရိတ်များ သုံးစွဲမည်ဖြစ်သဖြင့် အဆိုပါ စွန့်ပစ်ပစ္စည်းများကို ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ (၂၀)ရပ်ကွက်၊ ဖူးကြီးလမ်းရှိ လမ်း၊ တံတားဆိုင်ရာလုပ်ငန်းတာဝန်ခံ အဖွဲ့ပိုင် (၇၀၀ပေx ၃၅၀ပေ)ဧရိယာ ရှိသော ဝင်းအတွင်းသို့ ဖယ်ရှားပြောင်းရွေ့သွားမည်ဖြစ်ကြောင်းသိရသည်။

 

ဇန်နဝါရီ လ ၁၄ ရက်ကရန်ကုန်တိုင်းဒေသကြီးလွှတ်တော် (၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး တွင် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညီညီက “ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် လမ်းမကြီးများပေါ်တွင်ရှိသော ယာဉ်အိုယာဉ်ဟောင်းများအား မြို့အင်္ဂါရပ် လမ်းအင်္ဂါရပ်နှင့်ညီအောင် ဖယ်ရှားရှင်းလင်းဆောင်ရွက်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိ”မေးမြန်းရာထိုသို့‌ ဖြေကြားခြင်းဖြစ်သည်။

 

 

Source; Original Uploader

Read times
Rate this item
(0 votes)