Local Industry



အမြန်လမ်း ကတ္တရာကွန်ကရစ်ခင်းခြင်း အပါအဝင် လုပ်ငန်းသုံးခုအတွက် ကျပ်သုံးဘီလီယံကျော်သုံးစွဲမည်

အမြန်လမ်း ကတ္တရာကွန်ကရစ်ခင်းခြင်း အပါအဝင် လုပ်ငန်းသုံးခုအတွက် ကျပ်သုံးဘီလီယံကျော်သုံးစွဲမည် google

ရန်ကုန်-မန္တလေး အမြန် လမ်း ကတ္တရာကွန်ကရစ်(AC)ခင်းခြင်းအပါအဝင် လုပ်ငန်းသုံးခု အတွက် ကျပ်သုံးဘီလီယံကျော် သုံးစွဲမည်ဟု အမြန်လမ်းမကြီး ပြုပြင်ထိန်းသိမ်းရေး အင်ဂျင် နီယာအဖွဲ့ တာဝန်ရွိသူတစ်ဦးက ပြောသည်။

 

၂၀၁၉-၂၀၂၀ ဘဏ္ဍာနစ် အတွက် အမြန်လမ်းပြုပြင်ထိန်း သိမ်းရေးနင့် အဆင့်မြင့်တင်ခြင်း ကို ဆောက်လုပ်ရေးဝန်ကြီးဌာန ငွေလုံးငွေရင်းအသုံးစရိတ်မ ကျပ် ၃ ဒသမ ၆၅ ဘီလီယံရရိပြီး AC ခင်းခြင်း၊ လမ်းလယ်ကျွန်းနိမ့် ချခြင်းနင့် ကျေးရွာကုန်ထုတ်လမ်း ဖောက်လုပ်ခြင်းများ ဆောင်ရွက် မည်ဖြစ်သည်။

 

အမြန်လမ်း AC ခင်းခြင်း လုပ်ငန်းကို ပဲခူးတိုင်းနယ်မြေ (၆၃) မိုင်- (၆၉) မိုင်အကြားနင့်(၁၈၃) မိုင်၊ နေပြည်တော်နယ်မြေ တွင် (၁၈၅) မိုင်- (၁၈၆) မိုင်ကြားနင့် (၁၈၈) မိုင်အပါအဝင် မန္တလေးအပိုင်း (၂၄၄)မိုင်-(၂၄၆) မိုင်ကြားရိ စုစုပေါင်း ခုနစ်မိုင်ဝန်း ကျင်ရိ လမ်းပိုင်းများကို ဆောင် ရွက်မည်ဟု တာဝန်ရိသူက ပြောသည်။

 

‘‘ယာဉ်တိုက်မုတွေနဲ့ ပတ် သက်တဲ့ လမ်းလယ်ကျွန်းတွေမြင့် နေတာကို နိမ့်ချဖို့ ဒီနစ်ဘတ်ဂျက် မာ ဆောင်ရွက်မယ်’’ဟု ၎င်းက ပြောသည်။

 

ယာဉ်ကြောနင့် တစ်ပြေးညီ ပြန်လည်ပြင်ဆင်မည်ဖြစ်ပြီး မိုင်တိုင် (၁၄၀) ဝန်းကျင်တွင် လမ်းလယ်ကျွန်းများ နိမ့်ချခြင်း လုပ်ငန်းဆောင်ရွက်မည်ဖြစ်ကာ စုစုပေါင်းအရည် ၁၁ မိုင်ရိမည်ဖြစ်သည်။ ယင်းအပြင် အမြန်လမ်းဘေးရိ ကျေးရွာများအတွက် ၁၀ မိုင်ခန့်ရိ ကုန်ထုတ်လမ်းဖောက်လုပ်ခြင်း ကို အမြန်လမ်းမကြီးပြုပြင်ထိန်း သိမ်းရေးအင်ဂျင်နီယာအဖွဲ့က ဘတ်ဂျက်အတွင်းထည့်သွင်းသုံး စွဲမည်ဖြစ်သည်။

 

စံချိန်စံညွန်းမမီသည့် ရန် ကုန်-မန္တလေးအမြန်လမ်း ပြန် လည် အဆင့်မြင့်တင်ရေးစီမံကိန်း အတွက် အာရဖွံ့ဖြိုးရေးဘဏ်(ADB)က မြေပြင်တိုင်းတာရေး စီမံကိန်း စတင်ဆောင်ရွက်နေပြီ ဖြစ်သည်။

 

အမြန်လမ်း၌ ငါးရက်ဆက်တိုက် ယာဉ်တိုက်မုမဖြစ်ပွား၍ မင်္ဂလာရိသောနေ့ရက် များအဖြစ် မတ်တမ်းတင်ကြောင်း အမြန် လမ်းမကြီးရဲတပ်ဖွဲ့က ယမန်နေ့တွင် ထုတ်ပြန် သည်။

 

ဇန်နဝါရီ ၁၀ ရက်နံနက် ၆ နာရီမ ဇန်န ဝါရီ ၁၄ ရက်ညနေ ၆ နာရီအထိ အမြန်လမ်း မကြီးတွင် သွားလာနေသည့် ခရီးသွားပြည်သူ များ ယာဉ်မတော်တဆမု မဖြစ်ပွား၍ ထိခိုက် ဒဏ်ရာရရိမုကင်းစင်ရက် ငါးရက်အဖြစ် မတ် တမ်းတင်ခြင်းဖြစ်သည်။

 

 Zawgyi

 


 


 

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အတွက် အမြန်လမ်းပြုပြင်ထိန်း သိမ်းရေးနှင့် အဆင့်မြှင့်တင်ခြင်း ကို ဆောက်လုပ်ရေးဝန်ကြီးဌာန ငွေလုံးငွေရင်းအသုံးစရိတ်မှ ကျပ် ၃ ဒသမ ၆၅ ဘီလီယံရရှိပြီး AC ခင်းခြင်း၊ လမ်းလယ်ကျွန်းနှိမ့် ချခြင်းနှင့် ကျေးရွာကုန်ထုတ်လမ်း ဖောက်လုပ်ခြင်းများ ဆောင်ရွက် မည်ဖြစ်သည်။

 

အမြန်လမ်း AC ခင်းခြင်း လုပ်ငန်းကို ပဲခူးတိုင်းနယ်မြေ (၆၃) မိုင်- (၆၉) မိုင်အကြားနှင့်(၁၈၃) မိုင်၊ နေပြည်တော်နယ်မြေ တွင် (၁၈၅) မိုင်- (၁၈၆) မိုင်ကြားနှင့် (၁၈၈) မိုင်အပါအဝင် မန္တလေးအပိုင်း (၂၄၄)မိုင်-(၂၄၆) မိုင်ကြားရှိ စုစုပေါင်း ခုနစ်မိုင်ဝန်း ကျင်ရှိ လမ်းပိုင်းများကို ဆောင် ရွက်မည်ဟု တာဝန်ရှိသူက ပြောသည်။

 

‘‘ယာဉ်တိုက်မှုတွေနဲ့ ပတ် သက်တဲ့ လမ်းလယ်ကျွန်းတွေမြင့် နေတာကို နှိမ့်ချဖို့ ဒီနှစ်ဘတ်ဂျက် မှာ ဆောင်ရွက်မယ်’’ဟု ၎င်းက ပြောသည်။

 

ယာဉ်ကြောနှင့် တစ်ပြေးညီ ပြန်လည်ပြင်ဆင်မည်ဖြစ်ပြီး မိုင်တိုင် (၁၄၀) ဝန်းကျင်တွင် လမ်းလယ်ကျွန်းများ နှိမ့်ချခြင်း လုပ်ငန်းဆောင်ရွက်မည်ဖြစ်ကာ စုစုပေါင်းအရှည် ၁၁ မိုင်ရှိမည်ဖြစ်သည်။ ယင်းအပြင် အမြန်လမ်းဘေးရှိ ကျေးရွာများအတွက် ၁၀ မိုင်ခန့်ရှိ ကုန်ထုတ်လမ်းဖောက်လုပ်ခြင်း ကို အမြန်လမ်းမကြီးပြုပြင်ထိန်း သိမ်းရေးအင်ဂျင်နီယာအဖွဲ့က ဘတ်ဂျက်အတွင်းထည့်သွင်းသုံး စွဲမည်ဖြစ်သည်။

 

စံချိန်စံညွှန်းမမီသည့် ရန် ကုန်-မန္တလေးအမြန်လမ်း ပြန် လည် အဆင့်မြှင့်တင်ရေးစီမံကိန်း အတွက် အာရှဖွံ့ဖြိုးရေးဘဏ်(ADB)က မြေပြင်တိုင်းတာရေး စီမံကိန်း စတင်ဆောင်ရွက်နေပြီ ဖြစ်သည်။

 

အမြန်လမ်း၌ ငါးရက်ဆက်တိုက် ယာဉ်တိုက်မှုမဖြစ်ပွား၍ မင်္ဂလာရှိသောနေ့ရက် များအဖြစ် မှတ်တမ်းတင်ကြောင်း အမြန် လမ်းမကြီးရဲတပ်ဖွဲ့က ယမန်နေ့တွင် ထုတ်ပြန် သည်။

 

ဇန်နဝါရီ ၁၀ ရက်နံနက် ၆ နာရီမှ ဇန်န ဝါရီ ၁၄ ရက်ညနေ ၆ နာရီအထိ အမြန်လမ်း မကြီးတွင် သွားလာနေသည့် ခရီးသွားပြည်သူ များ ယာဉ်မတော်တဆမှု မဖြစ်ပွား၍  ထိခိုက် ဒဏ်ရာရရှိမှုကင်းစင်ရက် ငါးရက်အဖြစ် မှတ် တမ်းတင်ခြင်းဖြစ်သည်။

 

 

 

Source; Myanmar Builder Guide

Read times
Rate this item
(0 votes)