Local Industry



ကားဝပ်ရှော့လောကရဲ့ လူငယ်စာရေးဆရာ Lynn Za Nee (PTU) ဆိုတာ

ကားဝပ်ရှော့လောကရဲ့ လူငယ်စာရေးဆရာ Lynn Za Nee (PTU) ဆိုတာ Lynn Za Nee (Facebook)
လူငယ်တစ်ယောက်ဖြစ်သလို ကားလောကမှာ နာမည်ကြီးရေပန်းစားလာခဲ့တဲ့ Lynn Za Nee (PTU) နဲ့တွေ့ဆုံပြီး Myanmar Automobile & Equipment Directory (MAED) ကနေ Lynn Za Ne ရဲ့ဘဝအကြောင်းကို ပြန်လည်တင်ဆက်ပေးထားတာပဲဖြစ်ပါတယ်။ 
 
ဝပ်ရှော့ကို နည်းပညာဘွဲ့အရအဖြစ်သာမက နိုင်ငံခြားပြန်ဖြစ်အနေနဲ့ပါ ဝါသနာပါပုံ
 
ငွေကြေးနဲ့ ဝါသနာပါရာကိုဘယ်လိုရွေးခဲ့သလဲ
 
အောင်မြင်မှုမတိုင်ခင် ပလပ်ဆိုတာ ဒီဇယ်ကားမှာပါသလား၊ မပါသလားဆိုတာတောင် မသိခဲ့ပေမယ့် ဘယ်လိုဆက်လက်ကြိုးစားခဲ့သလဲ
 
ဘယ်လိုမျိုးတွေရှေ့ဆက်ဖို့ရှိနေသလဲ။
 
နည်းပညာတက္ကသိုလ်ကအခြေခံလို့ နိုင်ငံရပ်ခြားမှာတောင် ပညာသင်ယူခဲ့သူ
 
ကားလောကထဲကို စပြီးဝင်ဖြစ်တာကတော့ ၂၀၁၇ခုနှစ်ဝန်းကျင်လောက်ကလို့ ဆိုရမှာပါ။ ၃ နှစ်ကျော်ဝန်းကျင်လောက်ရှိပါပြီ။ ကျောင်းပြီးတာကတော့ ၂၀၁၂လောက်ကပါ။ PTU (ပြည်နည်းပညာ တက္ကသိုလ်) ကပါ။ BE petroleum နဲ့ပါ။
 
CNPC(China Petroleum Coporation)
ပထမဆုံးစအလုပ်ဝင်ဖြစ်တာကတော့ CNPC(China Petroleum Coporation) မှာပါ။ ကျောက်ဖြူနဲ့ကူမင်း သဘာဝဓာတ်ငွေ့ ပိုက်လိုင်းပေါ့။ တရုတ်ကို သင်တန်းတက်ဖို့လည်း သွားခဲ့ရပါတယ်။ ဒီအတွက် YUFL မှာ ဘာသာစ ကားနဲ့ပက်သတ်ပြီးလို့လည်း သင်ခဲ့ရပါသေးတယ်။ စီချွမ်းမှာ ၃ လ လောက်ကြာပါတယ်။ ပိုက်လိုင်းမစ သေးလု့ိ ဒီကနေတစ်ဆင့်မန္တလေးမှာတရုတ်နဲ့ အင်္ဂလိပ်စာထပ်သင်ရပါသေးတယ်။ ဒီနောက်မှာတော့ တရုတ်ပြည်ကိုထပ်ပို့ပြန်ပါတယ်။ 
 
ဒီတစ်ခါတော့ On Job Training (OJT) ဖြစ်ပါတယ်။ CMPC မှာ ၂ နှစ်လောက်လုပ်ပြီး ထွက်လိုက်ပါ တယ်။ အဓိက အနေနဲ့ကတော့ ကျွန်တော် တို့က operation ပိုင်းလောက်ပဲလုပ်ရပြီးလိုချင်တဲ့ နည်းပညာပိုင်း အရသင်ယူရတဲ့အခါမှာ ပေးနိုင်စွမ်းကနည်းနေသေးလို့ပါ။ Metering Station မှာထိုင်ပြီး Temperature ဘယ်လောက်တက်တယ်ဆိုတာကို report တင်ရတာလောက်ဆိုတော့ အားမရလို့ပါ။ အဓိကအနေနဲ့ ကတော့ကျွန်တော့်ပုံစံနဲ့ သိပ်မကိုက်ဘူးပေါ့။ 
 
စင်ကာပူရောက်ပြီ
တိုတိုပြောရရင်ထွက်ပြီးတော့ စင်ကာပူရောက်သွားတယ်ပေါ့။ Car Grooming ပိုင်းလုပ်တယ်လို့ ဆိုရမှာဖြစ်ပြီး ၁ နှစ်လောက်ကြာခဲ့ပါတယ်။ အတွင်းခန်းသန့်ရှင်းရေး၊ အရောင်တင် polish ပိုင်းပေါ့။ နောက်ပြီး ရေချိုးရေကွက်တွေကို ဖျောက်ပေးရပါတယ်။ အဓိကအနေနဲ့ကတော့ ဇီးရိုးကီလိုတွေနဲ့ European brand တွေကိုပေါ့။ ဇီးရိုးကီလိုတွေက ဆေးသားချောတယ်လို့ထင်ရပေမယ့် ကြမ်းပါတယ်။ ထိမိခိုက်မိမှာစိုးလို့ အပေါ်ကစတစ်ကာတစ်ခု အုပ်ထားပါတယ်။ ဒါကိုခွာလိုက်ရင် ခပ်ကြမ်းကြမ်းကြီးပါ။ ဒါတွေကိုသန်ရှင်းရေးလုပ်ရတဲ့အပိုင်း claber ဆိုတာကို ကျွန်တော်တို့က အဓိကလုပ်ရပါတယ်။ အညစ်အကြေးနဲ့ အတွင်းခန်းလေသန့်ရှင်း ရေးပေါ့။ 
 
Polish နဲ့ Rubbing တိုက်တာ တူရဲ့လား
စက်ပေါ်လစ် Rubbing တိုက်တာကတော့ ကွန်ပေါင်းတွေပါလို့ အပေါ်ယံအလွှာကို စားပါတယ်။ မသိရင်တော့ ဆေးပျက်နေလို့ rubbing တိုက်လိုက်တယ်၊ ပြောင်သွားတယ်၊ ပျော်တယ်ပေါ့။ ဒါပေမယ့် အပေါ်က coating တွေကိုစားသွားတာမသိဘူးပေါ့။ BMW လိုကားမျိုးဆိုရင် အနက် ရောင်ကိုစားသွားတဲ့အခါ ၂ လလောက်ကြာရင် အကွက်တွေထလာတာကို တွေ့ရတတ်ပါတယ်။ ဂျပန်ကားရော ဥရောပကားတွေပါ Rubbing ခဏခဏတိုက်ရင် တော့ဆေးသားပါသွားတတ်ပါတယ်။ 
 
Polish ကတော့ကားဆေးသားကို ပျက်စီးစေတာမျိုးမဟုတ်ပဲ တန်ဖိုးကြီးရင်ကြီးသလို ပိုကောင်းပါ တယ်။ အပေါ်ယံလေးပဲ coating တင်တဲ့သဘောမျိုးပါ။ ရေမတင်အောင် glass coating တင်တဲ့သ ဘောမျိုးပေါ့။ 
 
ကားရေဆေးတာကရော ဘယ်လိုအန္တာရာယ်ရှိနိုင်လဲ
အဓိကအနေနဲ့ကတော့ ကားဘယ်လောက်အထိ ညစ်ပတ်တယ်ဆိုတာပေါ်မှာမူတည်ပါတယ်။ Polish ပိုင်းမှာတော့ သာမန်ဆိုရင်ရေဆေးပါတယ်။ ရေဆေးတာနဲ့ပက်သတ်ပြီး ဖြတ်ပြောရရင်တော့ ပြည်တွင်းမှာက အရမ်းဆေးတာပါ။ ဆပ်ပြာမှုန့်ကလည်း အဆင်ပြေတာနဲ့သုံးတာပါ။ ကားရေဆေးတဲ့ ဆပ်ပြာမှုန့် သီးသန့်လေးသုံးသင့်ပါတယ်။ တန်ဖိုးမြင့်ကားတွေမဟုတ်ရင် သိပ်မသိသာပေမယ် တန်ဖိုးမြင့်ကားတွေဆိုရင်သိသာပါတယ်။ တန်ဖိုးမြင့်ကားတွေကတော့ ရိုးရိုးဆပ်ပြာနဲ့ဆိုရင် ပျက်စီးတတ်ပါတယ်။ 
 
ရေနံလုပ်ငန်းကိုစိတ်မကုန်သေးဘူး လက်ယက်တွင်းလောက်တော့မျှော်လင့်မလား
မြန်မာပြည်ကို ပြန်ရောက်တောက ၂၀၁၅ မှပါ။ စင်ကာပူကနေ ၁ နှစ်လောက်ကြာပြီး ပြန်လာတယ်ပေါ့။ ကျွန်တော်ကတော့ ရေနံကိုစိတ်မကုန်သေးပါ ဘူး။ ဒါပေမယ့် ကျွန်တော်တို့ ပြည်တွင်းမှာကတော့ ရေနံနဲ့ပက်သတ်လို့အလုပ်က နည်းနည်းရှားပါတယ်။ လစာကောင်းတယ်။ ဒါပေမယ့် ရေနံဈေးကွက်ပျက်တာမျိုးဖြစ်ရင် လျော်ကြေးနဲ့ ထုတ်ပစ်ခံရတာမျိုးရှိပါတယ်။ ဒီအချိန်မှာ ဒါနဲ့ပတ်သက်ပြီး ကိုယ်ပိုင်လုပ်ငန်းလုပ်ဖို့ကလည်းမဖြစ် လောက်ဘူးလေ။ ကိုယ်ပိုင်ကတော့ လက်ယက် တွင်းလောက်ပဲ မျှော်လင့်လို့ရပါတယ်။ ဒါပေမယ့် ရေနံနဲ့ပက်သတ်ပြီး safety supervisor လုပ်ဖြစ်ပါသေးတယ်။ ဒါပေမယ့် လမ်းကြောင်း တစ်ခုချဖို့ တော့အဆင်မပြေပါဘူး။ 
 
ကားလောကကို ရောက်ပြီ
ဒါနဲ့အဖေ့သဘောကို နည်းနည်းလိုက်ရတယ်ပေါ့။ အဖေကတော့ နယ်မှာ ဆေး၊ဘော်ဒီလုပ်ပါတယ်။ အဖေကမင်းဘာကိုအားသန်လဲ၊ ပိုက်ဆံများများရတာကို ချက်ခြင်းလိုက်မလား ဒါမှမဟုတ် ဘယ်လို လုပ်ငန်းမှာဆိုရင် ပျော်မွေ့နိုင်မလဲပေါ့။ ကျွန်တော်ကတော့ ကားပိုင်းစိတ်ဝင်စားတယ်ပေ့ါ။ စင်ကာပူ မှာကတည်းက လုပ်ဖူးတာဆိုတာလည်း ပါတာပေါ့။ ကျောင်းမှာတုန်းကလည်း petrol ဆိုပေမယ့် Mechanical ကို minor အနေနဲ့ သင်ဖူးပါတယ်။ ဒါပေမယ့် လက်တွေ့တော့ အရမ်းမရှိဘူးပေါ့။ ကားပိုင်းစိတ်ဝင်စားတော့ ကားပိုင်းဘယ်နှစ်မျိုးလောက်ရှိမလဲ လိုက်လေ့တယ်ပေါ့။ နယ်ကဆိုတော့ အင်ဂျင်နဲ့ အောက်ပိုင်းအားသန်တယ်ပေါ့။ ကိုယ့်ဆိုင်မှာလည်း ပြန်လုပ်လို့ရတယ်ပေါ့။  
 
အင်ဂျင်ကိုကျွန်တော်က ပိုစိတ်ဝင်စားတယ် ဝပ်ရှော့ပေါ။ Engine overall ကိုပိုအားသန်ပါတယ်။ ဒါနဲ့ ရန်ကုန်ကိုတက် အင်ဂျင်ဟတ်ဆိုင်မှာ ပညာသင်ချင်တယ်ဆိုပြီး စခဲ့ပါတယ်။ ဂျီးဆေး၊ ဟတ်ဖြုတ် ကနေစရတယ်ဗျာ။ ၁ လ၊ ၂ လလောက်ကြာလာတော့ ဒါကတွင်ခုံပိုင်းဆိုတာကို နားလည်လာပါပြီ။ ကျွန်တော်လိုချင်တာက အင်ဂျင်အလုံးလိုက်ပိုင်းပါ။ ဒါနဲ့ဆရာ့ကိုပြန်တိုင်ပင်ပါတယ်။ ကျွန်တော်က ဝပ်ရှော့လုပ်ချင်တာပေါ့။ ဒါနဲ့ဆရာက တစ်ဆင့်ပြန်ချိတ်ပေးပါတယ်။ 
 
ဒီဇယ်ကားမှာ ပလက်ဖြုတ်ခဲ့တဲ့ကျွန်တော်
ဆရာ့အသိတော်တော်များများက မခေါ်ချင်ကြပါဘူး။ ဘာလို့လဲဆိုတော့ BE နဲ့ကျောင်းပြီးတယ်။ ချေးပေခံနိုင်မှာမဟုတ်ဘူးပေါ့။ အမေကတောင်မှ ပညာသင်ပေးထားတာ ဒါမျိုးလုပ်ဖို့မဟုတ်ဘူး ဆိုပြီးသိပ်သဘောမတူပါဘူး။ ကံကောင်းချင်တော့ အရင်အင်ဂျင်ဟတ်ရုံနားကပဲ ဆရာတစ်ယောက် ကခေါ်ပါတယ်။ 
 
လမ်းဘေးဝပ်ရှော့ပေါ့။ အင်ဂျင်နဲ့အောက်ပိုင်းကို စလုပ်ဖြစ်ပါတယ်။ စစချင်းတုန်းကတော့ စာပြန်ဖတ်ရပါတယ်။ စာတွေနဲ့ လက်တွေ့ကိုပြန်ချိတ်ရတာပေါ့။ ဘီးဖြုတ်၊ ချိုုင့်ထောက်ကနေစရ ပါတယ်။ ဓာတ်ဆီနဲ့ ဒီဇယ်အင်ဂျင်က ဘယ်လိုမျိုးကွာခြားချက်တွေရှိသလဲကအစ စာပြန်ဖတ်ရပါ တယ်။ ဝပ်ရှော့ထဲမှာဆိုရင်လည်း အစအနောက်ခံရပါတယ်။ ဒီဇယ်ကားလာတာကို plug ဖြုတ်ဖို့ ကျွန်တော့်ကိုခိုင်းပါတယ်။ မတွေ့ဘူးပေါ့။ နောက်မှဒီဇယ်ကားက ဘယ်လိုလုပ် plug ပါမလဲဆိုပြီး ဝိုင်းရယ်ကြတာပေါ့။ ဘာကြောင့် ဒီဇယ်ကားက plug မပါရသလဲပေ့ါဆိုပြီး လေ့လာဖြစ်တယ်ပေါ့။ ဒီဇယ်ဆိုရင် compression နဲ့သွားတယ်ပေါ့။ Spark plug နဲ့မီးလောင်ပြီးပေါက်ကွဲတဲ့ အင်ဂျင်မဟုတ် ဘူးပေါ့။ 
 
စာစရေးပြီ
အဲ့မှာကတည်းက စာစရေးဖြစ်တာပါ။ စရေးဖြစ်တဲ့စာကလည်း မှတ်မှတ်ရရပါပဲ။ ဓာတ်ဆီ အင်ဂျင်နဲ့ ဒီဇယ်အင်ဂျင်ဘာကွာလဲဆိုတာပါ။ အဲ့ဝပ်ရှော့မှာ ၂ နှစ်လောက်ကြာပါတယ်။ လေတံခါးနဲ့ Throttle ဘယ်လိုကွာလဲ အခေါ်အဝေါ်ပဲလားဆိုတာကအစ စာတွေ့ရောလက်တွေ့ပါ ပေါင်းပြီးလေ့ လာခဲ့ရတာပါ။ အပြင်အသုံးအနှုန်းနဲ့ စာအသုံးအနှုန်းကွာကြပါတယ်။ ဥပမာ ဒိုင်နမိုဆိုရင် အကုန်သိ ကြပါတယ်။ Alternater ဆိုရင် ဘယ်သူသိကြမှာလဲ ။ ဒိုင်နမိုမော်တာ ပြုပြင်ရေးပဲ လူသိကြပါတယ်။ Alternater ပြုပြင်ရေးဆိုရင် ဘယ်သူသိကြမှာလဲ။
 
ကျွန်တော်စာရေးတဲ့အခါမှာ ပညာရှင်ကလာပြီးလည်း မထောက်ပြရအောင်၊ အရပ်အခေါ်နဲ့ ပညာရှင် အခေါ်တွဲရေးရတဲ့အခါလည်းရှိပါတယ် (ရယ်လျှက်)။ အဲ့မှာလုပ်ရင်းနဲ့ Electronic သင်တန်းတက်ဖြစ် ပါတယ်။ ဒီကနေ ကားဖွဲ့စည်းပုံတွေဖြစ်တဲ့ ECU နဲ့ EFI တွေကိုသိလာပါတယ်။ မနက်ပိုင်း အလုပ်လုပ် ညနေပိုင်းသင်တန်းတက်ပေါ့။ Electronic ကိုအလုပ်လုပ်ရင်း ၁နှစ်ခွဲလောက်တက်ဖြစ်ပါတယ်။ တစ်ဆင့်ချင်းတစ်ဆင့်ပေါ့။ ဆရာကျော်ကိုကျော်တို့ရဲ့ တပည့်တွေပါတော့ သူသိတာနဲ့ကိုယ်သိတာ မျှဝေဖြစ်ကြတာပေါ့။ အခေါ်အဝေါ်တွေကအစ လေ့လာရတာဖြစ်ပါတယ်။ ဒီကနေတစ်ဆင့်နားလည် လာတာကတော့ ကျွန်တော့်အလုပ်ကို တစ်ဆင့်မြှင့်တော့မှဖြစ်တယ်ပေါ့။ နည်းပညာကျကျလုပ်ချင် ရင်တော့နောက်တစ်ဆင့်ကို သွားရတော့မှာဖြစ်ပါတယ်။ Diagonistics ၊ Scan Tool နဲ့ Trouble Shoot တွေလုပ်ချင်လာပါပြီ။ 
 
စင်ကာပူပြန်သွားပြန်ပြီ
ဒီကနေပြီးတော့ စင်ကာပူကိုပြန်သွားပါသေးတယ်။ စင်ကာပူက ဝပ်ရှော့ဆိုရင် ကားအကောင်းတွေ ကိုင်ရမယ်၊ အတွေ့အကြုံတွေပိုရမယ်ပေါ့ဆိုတဲ့ အတွေးနဲ့ပါ။ စင်ကာပူရောက်သွားတော့ ကိုယ်က ဘာမှမသိသေးဘူးဆိုတာ သိလာပြန်ပါတယ်။ အလုပ်ရှာ၊ အင်တာဗျူးပေါ့။ ၂ လကြာတယ်။ အလုပ် မရဘူးပေါ့။ မကိုက်ဘူးပေါ့။ စင်ကာပူမှာက အဲယားကွန်းကပိုပြီးခေတ်စားပါတယ်။ ဒါတတ်လားဆိုပြီး မေးတဲ့အလုပ်အများကြီးပါ။ ဒါနဲ့ကျွန်တော် မြန်မာပြည်ပြန်လာတယ်ပေါ့။ 
လက်တွေ့လုပ်ဖို့ လိုပါတယ်။ Electronic နဲ့ပက်သတ်ပြီးပေါ့။ ကစားသမားတစ်ယောက်လိုဆိုရင် ကွင်း လိုတယ်ပေါ့။ စာတွေနဲ့လက်တွေ့က ကွာပါတယ်။ စာတွေ့ချည်းပဲ တတ်ထားလို့မဖြစ်ပါဘူး။ အတွေ့အကြုံ တော်တော်များများကလည်း စာထဲမှာမပါ,ပါဘူး။ ဒါကြောင့် လက်တွေ့ရှိဖို့တော့မဖြစ်မ နေလိုပါတယ်။ 
 
Tokyo Auto Service ရောက်ပြီ။
အောက်ပိုင်းနဲ့ အင်ဂျင်ပိုင်း ခွဲခြားထားပါတယ်။ ကျွန်တော်လုပ်ဖူးတာက အောက်ပိုင်းနဲ့ အဂျင်ပိုင်းဆိုတော့ အင်ဂျင်ပိုင်းကိုချိတ်ပါတယ်။ ကျွန်တော်လုပ်ချင်တာက electronic ပိုင်းနဲ့ ဝါယာရိန်းပိုင်းပါ။ မန်နေဂျာကောင်းလို့နဲ့ ကျွန်တော့်အနေ နဲ့ကလည်း လစာကိုမကြည့်တာကြောင့် လို့လည်းဆိုနိုင်ပါတယ်။ ကျွန်တော်လိုချင်တဲ့ ဝါယာရိန်းပိုင်းကို ရခဲ့ပါတယ်။ မှတ်မှတ်ရရဆိုရင်တော့ ၂၀၁၈ ၁၀ လပိုင်းလောက်ကပေါ့။ စာရေးဖြစ်တာကတော့ ကားတစ်စီးမှာဖြစ်တတ်တဲ့ အခြေခံ အကြောင်းအရာ နည်းလမ်းလေးတွေကို စာဖတ်ပရိတ်သက်တွေသိဖို့ပါ။ အခေါ်အဝေါ် ကလည်း လိုပါသေးတယ်။
 
စာအုပ်လည်း ၂၀၂၀ ဇန်နဝါရီအကုန်လောက်မှာ ထုတ်ဖြစ်ပါမယ်
 
Zawgyi
 
ကား၀ပ္ေရွာ့ေလာကရဲ႕ လူငယ္စာေရးဆရာ Lynn Za Ne (PTU) ဆိုတာ
 
လူငယ္တစ္ေယာက္ျဖစ္သလို ကားေလာကမွာ နာမည္ႀကီးေရပန္းစားလာခဲ့တဲ့ Lynn Za Nee (PTU) နဲ႔ေတြ႕ဆံုၿပီး Myanmar Automobile & Equipment Directory (MAED) ကေန Lynn Za Nee ရဲ႕ဘ၀အေၾကာင္းကို ျပန္လည္တင္ဆက္ေပးထားတာပဲျဖစ္ပါတယ္။ 
 
၀ပ္ေရွာ့ကို နည္းပညာဘဲြ႕အရအျဖစ္သာမက ႏိုင္ငံျခားျပန္ျဖစ္အေနနဲ႔ပါ ဝါသနာပါပံု
 
ေငြေၾကးနဲ႔ ဝါသနာပါရာကိုဘယ္လိုေရြးခဲ့သလဲ
 
ေအာင္ျမင္မႈမတိုင္ခင္ ပလပ္ဆိုတာ ဒီဇယ္ကားမွာပါသလား၊ မပါသလားဆိုတာေတာင္ မသိခဲ့ေပမယ့္ ဘယ္လိုဆက္လက္ႀကိဳးစားခဲ့သလဲ
 
ဘယ္လိုမ်ိဳးေတြေရွ႕ဆက္ဖို႔ရွိေနသလဲ။
 
နည္းပညာတကၠသိုလ္ကအေျခခံလုိ႔ ႏုိင္ငံရပ္ျခားမွာေတာင္ ပညာသင္ယူခဲ့သူ
 
ကားေလာကထဲကို စၿပီး၀င္ျဖစ္တာကေတာ့ ၂၀၁၇ခုႏွစ္၀န္းက်င္ေလာက္ကလုိ႔ ဆုိရမွာပါ။ ၃ ႏွစ္ေက်ာ္၀န္းက်င္ေလာက္ရိွပါၿပီ။ ေက်ာင္းၿပီးတာကေတာ့ ၂၀၁၂ေလာက္ကပါ။ PTU (ျပည္နည္းပညာ တကၠသိုလ္) ကပါ။ BE petroleum နဲဲ႔ပါ။
 
CNPC(China Petroleum Coporation)
ပထမဆံုးစအလုပ္၀င္ျဖစ္တာကေတာ့ CNPC(China Petroleum Coporation) မွာပါ။ ေက်ာက္ျဖဴနဲ႔ကူမင္း သဘာ၀ဓာတ္ေငြ႕ ပုိက္လုိင္းေပါ့။ တရုတ္ကို သင္တန္းတက္ဖုိ႔လည္း သြားခဲ့ရပါတယ္။ ဒီအတြက္ YUFL မွာ ဘာသာစ ကားနဲ႔ပက္သတ္ၿပီးလုိ႔လည္း သင္ခဲ့ရပါေသးတယ္။ စီခၽြမ္းမွာ ၃ လ ေလာက္ၾကာပါတယ္။ ပိုက္လုိင္းမစ ေသးလု႔ိ ဒီကေနတစ္ဆင့္မႏၱေလးမွာတရုတ္နဲ႔ အဂၤလိပ္စာထပ္သင္ရပါေသးတယ္။ ဒီေနာက္မွာေတာ့ တရုတ္ျပည္ကုိထပ္ပို႔ျပန္ပါတယ္။ 
 
ဒီတစ္ခါေတာ့ On Job Training (OJT) ျဖစ္ပါတယ္။ CNPC မွာ ၂ ႏွစ္ေလာက္လုပ္ၿပီး ထြက္လုိက္ပါ တယ္။ အဓိက အေနနဲ႔ကေတာ့ ကၽြန္ေတာ္ တုိ႔က operation ပိုင္းေလာက္ပဲလုပ္ရၿပီးလုိခ်င္တဲ့ နည္းပညာပုိင္း အရသင္ယူရတဲ့အခါမွာ ေပးႏုိင္စြမ္းကနည္းေနေသးလုိ႔ပါ။ Metering Station မွာထုိင္ၿပီး Temperature ဘယ္ေလာက္တက္တယ္ဆုိတာကို report တင္ရတာေလာက္ဆုိေတာ့ အားမရလုိ႔ပါ။ အဓိကအေနနဲ႔ ကေတာ့ကၽြန္ေတာ့္ပံုစံနဲ႔ သိပ္မကိုက္ဘူးေပါ့။ 
 
စင္ကာပူေရာက္ၿပီ
တုိတုိေျပာရရင္ထြက္ၿပီးေတာ့ စင္ကာပူေရာက္သြားတယ္ေပါ့။ Car Grooming ပိုင္းလုပ္တယ္လုိ႔ ဆုိရမွာျဖစ္ၿပီး ၁ ႏွစ္ေလာက္ၾကာခဲ့ပါတယ္။ အတြင္းခန္းသန္႔ရွင္းေရး၊ အေရာင္တင္ polish ပုိင္းေပါ့။ ေနာက္ၿပီး ေရခ်ိဳးေရကြက္ေတြကို ေဖ်ာက္ေပးရပါတယ္။ အဓိကအေနနဲ႔ကေတာ့ ဇီးရုိးကီလုိေတြနဲ႔ European brand ေတြကိုေပါ့။ ဇီးရုိးကီလုိေတြက ေဆးသားေခ်ာတယ္လုိ႔ထင္ရေပမယ့္ ၾကမ္းပါတယ္။ ထိမိခုိက္မိမွာစိုးလုိ႔ အေပၚကစတစ္ကာတစ္ခု အုပ္ထားပါတယ္။ ဒါကိုခြာလုိက္ရင္ ခပ္ၾကမ္းၾကမ္းႀကီးပါ။ ဒါေတြကိုသန္ရွင္းေရးလုပ္ရတဲ့အပိုင္း claber ဆုိတာကို ကၽြန္ေတာ္တုိ႔က အဓိကလုပ္ရပါတယ္။ အညစ္အေၾကးနဲ႔ အတြင္းခန္းေလသန္႔ရွင္း ေရးေပါ့။ 
 
Polish နဲ႔ Rubbing တုိက္တာ တူရဲ႕လား
စက္ေပၚလစ္ Rubbing တုိက္တာကေတာ့ ကြန္ေပါင္းေတြပါလုိ႔ အေပၚယံအလႊာကို စားပါတယ္။ မသိရင္ေတာ့ ေဆးပ်က္ေနလုိ႔ rubbing တုိက္လုိက္တယ္၊ ေျပာင္သြားတယ္၊ ေပ်ာ္တယ္ေပါ့။ ဒါေပမယ့္ အေပၚက coating ေတြကိုစားသြားတာမသိဘူးေပါ့။ BMW လုိကားမ်ိဳးဆုိရင္ အနက္ ေရာင္ကိုစားသြားတဲ့အခါ ၂ လေလာက္ၾကာရင္ အကြက္ေတြထလာတာကို ေတြ႕ရတတ္ပါတယ္။ ဂ်ပန္ကားေရာ ဥေရာပကားေတြပါ Rubbing ခဏခဏတုိက္ရင္ ေတာ့ေဆးသားပါသြားတတ္ပါတယ္။ 
 
Polish ကေတာ့ကားေဆးသားကို ပ်က္စီးေစတာမ်ိဳးမဟုတ္ပဲ တန္ဖုိးႀကီးရင္ႀကီးသလုိ ပိုေကာင္းပါ တယ္။ အေပၚယံေလးပဲ coating တင္တဲ့သေဘာမ်ိဳးပါ။ ေရမတင္ေအာင္ glass coating တင္တဲ့သ ေဘာမ်ိဳးေပါ့။ 
 
ကားေရေဆးတာကေရာ ဘယ္လိုအႏၲာရာယ္ရွိႏိုင္လဲ
အဓိကအေနနဲ႔ကေတာ့ ကားဘယ္ေလာက္အထိ ညစ္ပတ္တယ္ဆုိတာေပၚမွာမူတည္ပါတယ္။ Polish ပုိင္းမွာေတာ့ သာမန္ဆုိရင္ေရေဆးပါတယ္။ ေရေဆးတာနဲ႔ပက္သတ္ၿပီး ျဖတ္ေျပာရရင္ေတာ့ ျပည္တြင္းမွာက အရမ္းေဆးတာပါ။ ဆပ္ျပာမႈန္႔ကလည္း အဆင္ေျပတာနဲ႔သံုးတာပါ။ ကားေရေဆးတဲ့ ဆပ္ျပာမႈန္႔ သီးသန္႔ေလးသံုးသင့္ပါတယ္။ တန္ဖုိးျမင့္ကားေတြမဟုတ္ရင္ သိပ္မသိသာေပမယ္ တန္ဖုိးျမင့္ကားေတြဆုိရင္သိသာပါတယ္။ တန္ဖုိးျမင့္ကားေတြကေတာ့ ရုိးရိုးဆပ္ျပာနဲ႔ဆုိရင္ ပ်က္စီးတတ္ပါတယ္။ 
 
ေရနံလုပ္ငန္းကိုစိတ္မကုန္ေသးဘူး လက္ယက္တြင္းေလာက္ေတာ့ေမွ်ာ္လင့္မလား
ျမန္မာျပည္ကို ျပန္ေရာက္ေတာက ၂၀၁၅ မွပါ။ စင္ကာပူကေန ၁ ႏွစ္ေလာက္ၾကာၿပီး ျပန္လာတယ္ေပါ့။ ကၽြန္ေတာ္ကေတာ့ ေရနံကိုစိတ္မကုန္ေသးပါ ဘူး။ ဒါေပမယ့္ ကၽြန္ေတာ္တုိ႔ ျပည္တြင္းမွာကေတာ့ ေရနံနဲ႔ပက္သတ္လုိ႔အလုပ္က နည္းနည္းရွားပါတယ္။ လစာေကာင္းတယ္။ ဒါေပမယ့္ ေရနံေစ်းကြက္ပ်က္တာမ်ိဳးျဖစ္ရင္ ေလ်ာ္ေၾကးနဲ႔ ထုတ္ပစ္ခံရတာမ်ိဳးရိွပါတယ္။ ဒီအခ်ိန္မွာ ဒါနဲ႔ပတ္သက္ၿပီး ကိုယ္ပိုင္လုပ္ငန္းလုပ္ဖုိ႔ကလည္းမျဖစ္ ေလာက္ဘူးေလ။ ကိုယ္ပိုင္ကေတာ့ လက္ယက္ တြင္းေလာက္ပဲ ေမွ်ာ္လင့္လုိ႔ရပါတယ္။ ဒါေပမယ့္ ေရနံနဲ႔ပက္သတ္ၿပီး safety supervisor လုပ္ျဖစ္ပါေသးတယ္။ ဒါေပမယ့္ လမ္းေၾကာင္း တစ္ခုခ်ဖုိ႔ ေတာ့အဆင္မေျပပါဘူး။ 
 
ကားေလာကကို ေရာက္ၿပီ
ဒါနဲဲ႔အေဖ့သေဘာကို နည္းနည္းလုိက္ရတယ္ေပါ့။ အေဖကေတာ့ နယ္မွာ ေဆး၊ေဘာ္ဒီလုပ္ပါတယ္။ အေဖကမင္းဘာကိုအားသန္လဲ၊ ပိုက္ဆံမ်ားမ်ားရတာကို ခ်က္ျခင္းလုိက္မလား ဒါမွမဟုတ္ ဘယ္လုိ လုပ္ငန္းမွာဆုိရင္ ေပ်ာ္ေမြ႕ႏိုင္မလဲေပါ့။ ကၽြန္ေတာ္ကေတာ့ ကားပိုင္းစိတ္၀င္စားတယ္ေပ့ါ။ စင္ကာပူ မွာကတည္းက လုပ္ဖူးတာဆုိတာလည္း ပါတာေပါ့။ ေက်ာင္းမွာတုန္းကလည္း petrol ဆုိေပမယ့္ Mechanical ကို minor အေနနဲ႔ သင္ဖူးပါတယ္။ ဒါေပမယ့္ လက္ေတြ႕ေတာ့ အရမ္းမရိွဘူးေပါ့။ ကားပုိင္းစိတ္၀င္စားေတာ့ ကားပိုင္းဘယ္ႏွစ္မ်ိဳးေလာက္ရိွမလဲ လုိက္ေလ့တယ္ေပါ့။ နယ္ကဆုိေတာ့ အင္ဂ်င္နဲ႔ ေအာက္ပိုင္းအားသန္တယ္ေပါ့။ ကိုယ့္ဆုိင္မွာလည္း ျပန္လုပ္လုိ႔ရတယ္ေပါ့။ 
 
အင္ဂ်င္ကိုကၽြန္ေတာ္က ပိုစိတ္၀င္စားတယ္ ၀ပ္ေရွာ့ေပါ။ Engine overall ကိုပိုအားသန္ပါတယ္။ ဒါနဲ႔ ရန္ကုန္ကိုတက္ အင္ဂ်င္ဟတ္ဆုိင္မွာ ပညာသင္ခ်င္တယ္ဆုိၿပီး စခဲ့ပါတယ္။ ဂ်ီးေဆး၊ ဟတ္ျဖဳတ္ ကေနစရတယ္ဗ်ာ။ ၁ လ၊ ၂ လေလာက္ၾကာလာေတာ့ ဒါကတြင္ခံုပိုင္းဆုိတာကို နားလည္လာပါၿပီ။ ကၽြန္ေတာ္လုိခ်င္တာက အင္ဂ်င္အလံုးလုိက္ပိုင္းပါ။ ဒါနဲ႔ဆရာ့ကိုျပန္တုိင္ပင္ပါတယ္။ ကၽြန္ေတာ္က ၀ပ္ေရွာ့လုပ္ခ်င္တာေပါ့။ ဒါနဲ႔ဆရာက တစ္ဆင့္ျပန္ခ်ိတ္ေပးပါတယ္။ 
 
ဒီဇယ္ကားမွာ ပလက္ျဖဳတ္ခဲ့တဲ့ကၽြန္ေတာ္
ဆရာ့အသိေတာ္ေတာ္မ်ားမ်ားက မေခၚခ်င္ၾကပါဘူး။ ဘာလုိ႔လဲဆုိေတာ့ BE နဲ႔ေက်ာင္းၿပီးတယ္။ ေခ်းေပခံႏုိင္မွာမဟုတ္ဘူးေပါ့။ အေမကေတာင္မွ ပညာသင္ေပးထားတာ ဒါမ်ိဳးလုပ္ဖုိ႔မဟုတ္ဘူး ဆုိၿပီးသိပ္သေဘာမတူပါဘူး။ ကံေကာင္းခ်င္ေတာ့ အရင္အင္ဂ်င္ဟတ္ရံုနားကပဲ ဆရာတစ္ေယာက္ ကေခၚပါတယ္။ 
 
လမ္းေဘး၀ပ္ေရွာ့ေပါ့။ အင္ဂ်င္နဲ႔ေအာက္ပိုင္းကို စလုပ္ျဖစ္ပါတယ္။ စစခ်င္းတုန္းကေတာ့ စာျပန္ဖတ္ရပါတယ္။ စာေတြနဲ႔ လက္ေတြ႕ကိုျပန္ခ်ိတ္ရတာေပါ့။ ဘီးျဖဳတ္၊ ခ်ိုဳင့္ေထာက္ကေနစရ ပါတယ္။ ဓာတ္ဆီနဲ႔ ဒီဇယ္အင္ဂ်င္က ဘယ္လုိမ်ိဳးကြာျခားခ်က္္ေတြရိွသလဲကအစ စာျပန္ဖတ္ရပါ တယ္။ ၀ပ္ေရွာ့ထဲမွာဆုိရင္လည္း အစအေနာက္ခံရပါတယ္။ ဒီဇယ္ကားလာတာကို plug ျဖဳတ္ဖုိ႔ ကၽြန္ေတာ့္ကိုခိုင္းပါတယ္။ မေတြ႕ဘူးေပါ့။ ေနာက္မွဒီဇယ္ကားက ဘယ္လုိလုပ္ plug ပါမလဲဆုိၿပီး ၀ုိင္းရယ္ၾကတာေပါ့။ ဘာေၾကာင့္ ဒီဇယ္ကားက plug မပါရသလဲေပ့ါဆုိၿပီး ေလ့လာျဖစ္တယ္ေပါ့။ ဒီဇယ္ဆုိရင္ compression နဲ႔သြားတယ္ေပါ့။ Spark plug နဲ႔မီးေလာင္ၿပီးေပါက္ကဲြတဲ့ အင္ဂ်င္မဟုတ္ ဘူးေပါ့။ 
 
စာစေရးၿပီ
အဲ့မွာကတည္းက စာစေရးျဖစ္တာပါ။ စေရးျဖစ္တဲ့စာကလည္း မွတ္မွတ္ရရပါပဲ။ ဓာတ္ဆီ အင္ဂ်င္နဲ႔ ဒီဇယ္အင္ဂ်င္ဘာကြာလဲဆုိတာပါ။ အဲ့၀ပ္ေရွာ့မွာ ၂ ႏွစ္ေလာက္ၾကာပါတယ္။ ေလတံခါးနဲ႔ Throttle ဘယ္လုိကြာလဲ အေခၚအေ၀ၚပဲလားဆိုတာကအစ စာေတြ႕ေရာလက္ေတြ႕ပါ ေပါင္းၿပီးေလ့ လာခဲ့ရတာပါ။ အျပင္အသံုးအႏႈန္းနဲ႔ စာအသံုးအႏႈန္းကြာၾကပါတယ္။ ဥပမာ ဒုိင္နမုိဆုိရင္ အကုန္သိ ၾကပါတယ္။ Alternater ဆုိရင္ ဘယ္သူသိၾကမွာလဲ ။ ဒုိင္နမုိေမာ္တာ ျပဳျပင္ေရးပဲ လူသိၾကပါတယ္။ Alternater ျပဳျပင္ေရးဆုိရင္ ဘယ္သူသိၾကမွာလဲ။
 
ကၽြန္ေတာ္စာေရးတဲ့အခါမွာ ပညာရွင္ကလာၿပီးလည္း မေထာက္ျပရေအာင္၊ အရပ္အေခၚနဲ႔ ပညာရွင္ အေခၚတဲြေရးရတဲ့အခါလည္းရိွပါတယ္ (ရယ္လွ်က္)။ အဲ့မွာလုပ္ရင္းနဲ႔ Electronic သင္တန္းတက္ျဖစ္ ပါတယ္။ ဒီကေန ကားဖဲြ႕စည္းပံုေတြျဖစ္တဲ့ ECU နဲ႔ EFI ေတြကိုသိလာပါတယ္။ မနက္ပိုင္း အလုပ္လုပ္ ညေနပုိင္းသင္တန္းတက္ေပါ့။ Electronic ကိုအလုပ္လုပ္ရင္း ၁ႏွစ္ခဲြေလာက္တက္ျဖစ္ပါတယ္။ တစ္ဆင့္ခ်င္းတစ္ဆင့္ေပါ့။ ဆရာေက်ာ္ကိုေက်ာ္တုိ႔ရဲ႕ တပည့္ေတြပါေတာ့ သူသိတာနဲ႔ကိုယ္သိတာ မွ်ေ၀ျဖစ္ၾကတာေပါ့။ အေခၚအေ၀ၚေတြကအစ ေလ့လာရတာျဖစ္ပါတယ္။ ဒီကေနတစ္ဆင့္နားလည္ လာတာကေတာ့ ကၽြန္ေတာ့္အလုပ္ကို တစ္ဆင့္ျမွင့္ေတာ့မွျဖစ္တယ္ေပါ့။ နည္းပညာက်က်လုပ္ခ်င္ ရင္ေတာ့ေနာက္တစ္ဆင့္ကုိ သြားရေတာ့မွာျဖစ္ပါတယ္။ Diagonistics ၊ Scan Tool နဲ႔ Trouble Shoot ေတြလုပ္ခ်င္လာပါၿပီ။ 
 
စင္ကာပူျပန္သြားျပန္ၿပီ
ဒီကေနၿပီးေတာ့ စင္ကာပူကုိျပန္သြားပါေသးတယ္။ စင္ကာပူက ၀ပ္ေရွာ့ဆုိရင္ ကားအေကာင္းေတြ ကိုင္ရမယ္၊ အေတြ႕အႀကံဳေတြပိုရမယ္ေပါ့ဆုိတဲ့ အေတြးနဲ႔ပါ။ စင္ကာပူေရာက္သြားေတာ့ ကိုယ္က ဘာမွမသိေသးဘူးဆုိတာ သိလာျပန္ပါတယ္။ အလုပ္ရွာ၊ အင္တာဗ်ဴးေပါ့။ ၂ လၾကာတယ္။ အလုပ္ မရဘူးေပါ့။ မကိုက္ဘူးေပါ့။ စင္ကာပူမွာက အဲယားကြန္းကပိုၿပီးေခတ္စားပါတယ္။ ဒါတတ္လားဆိုၿပီး ေမးတဲ့အလုပ္အမ်ားႀကီးပါ။ ဒါနဲ႔ကၽြန္ေတာ္ ျမန္မာျပည္ျပန္လာတယ္ေပါ့။ 
လက္ေတြ႕လုပ္ဖုိ႔ လုိပါတယ္။ Electronic န႔ဲပက္သတ္ၿပီးေပါ့။ ကစားသမားတစ္ေယာက္လိုဆိုရင္ ကြင္း လိုတယ္ေပါ့။ စာေတြနဲ႔လက္ေတြ႕က ကြာပါတယ္။ စာေတြ႕ခ်ည္းပဲ တတ္ထားလို႔မျဖစ္ပါဘူး။ အေတြ႕အၾကံဳ ေတာ္ေတာ္မ်ားမ်ားကလည္း စာထဲမွာမပါ,ပါဘူး။ ဒါေၾကာင့္ လက္ေတြ႕ရွိဖို႔ေတာ့မျဖစ္မ ေနလိုပါတယ္။ 
 
Tokyo Auto Service ေရာက္ၿပီ။
ေအာက္ပိုင္းနဲ႔ အင္ဂ်င္ပိုင္း ခဲြျခားထားပါတယ္။ ကၽြန္ေတာ္လုပ္ဖူးတာက ေအာက္ပိုင္းနဲ႔ အဂ်င္ပိုင္းဆိုေတာ့ အင္ဂ်င္ပိုင္းကိုခ်ိတ္ပါတယ္။ ကၽြန္ေတာ္လုပ္ခ်င္တာက electronic ပိုင္းနဲ႔ ဝါယာရိန္းပိုင္းပါ။ မန္ေနဂ်ာေကာင္းလို႔နဲ႔ ကၽြန္ေတာ့္အေန နဲ႔ကလည္း လစာကိုမၾကည့္တာေၾကာင့္ လို႔လည္းဆိုႏိုင္ပါတယ္။ ကၽြန္ေတာ္လိုခ်င္တဲ့ ဝါယာရိန္းပိုင္းကို ရခဲ့ပါတယ္။ မွတ္မွတ္ရရဆိုရင္ေတာ့ ၂၀၁၈ ၁၀ လပိုင္းေလာက္ကေပါ့။ စာေရးျဖစ္တာကေတာ့ ကားတစ္စီးမွာျဖစ္တတ္တဲ့ အေျခခံ အေၾကာင္းအရာ နည္းလမ္းေလးေတြကို စာဖတ္ပရိတ္သက္ေတြသိဖို႔ပါ။ အေခၚအေ၀ၚ ကလည္း လိုပါေသးတယ္။
 
စာအုပ္လည္း ၂၀၂၀ ဇန္နဝါရီအကုန္ေလာက္မွာ ထုတ္ျဖစ္ပါမယ္
 
 
 
Read times
Rate this item
(1 Vote)